News @ M-Media

Tag: MMediaTech

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ၂၅ ဒေါ်လာ တန် Firefox စမတ် ဖုန်း

    Firefox browser ကို ထုတ်လုပ်တဲ့ Mozilla ကရေးဆွဲခဲ့တဲ့ မိုဘိုင်းလ် OS ကိုအသုံးပြုထားတဲ့ ပထမဆုံး လက်ကိုင်ဖုန်းကို စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပတဲ့ မိုဘိုင်းလ် ကုန်စည်သစ် ပြပွဲမှာ ထုတ်ဖေါ်ပြသလိုက်ပါတယ်။ တရုပ်နိုင်ငံက ဖုန်းထုတ်လုပ်သူ Spreadtrum နဲ့ တွဲဖက် ထုတ်လုပ်တာ ဖြစ်ပြီး ၂၅ဒေါ်လာ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ZTE ။ Huawei ။ LG တို့ကလည်း Firefox OS အသုံးပြုတဲ့ ဖုန်းတွေကို ထုတ်လုပ်ပြသခဲ့ပါတယ်။

    mozzAP251717827600
    __________________________

    Cygnus capsule ထွက်ခွာပြီ

    နိုင်ငံတကာ အာကာသစခန်းမှာ စက်တင်ဘာ ၂၉ရက်က ချိတ်ဆက်ပြီး အာကာသယာဉ်မှုးများအတွက် ကုန်ပစ္စည်းတွေ ပို့ပေးခဲ့တဲ့ ပုဂ္ဂလိက အကာသလုပ်ငန်း Orbital Sciences ကော်ပိုရေးရှင်းရဲ့  Cygnus အာကာသယာဉ်လေးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြန်လည်ထွက်ခွာဖို့ စက်လက်တံက ဖြုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Cygnus capsule ထဲမှာ အာကာသစခန်းက အမှိုက်တွေ ထည့်ပေးလိုက်ပြီး လေထုထဲ အဝင်မှာ လောင်ကျွမ်းပျက်စီးသွားမှာပဲ ဖြစ်ပါတယ်။

    related news Click Here

    orbital-sciences-c--release
    __________________________

    Samsung Gear 2

    Samsung ဟာ လွန်ခဲ့တဲ့ ၅လက စတင်ထုတ်လုပ်ခဲ့တဲ့ လက်ပါတ်နာရီ Galaxy Gear ရဲ့  ဒုတိယ မျိုးဆက် Gear 2 ကို ထုတ်ဖေါ်ပြသ လိုက်ပါတယ်။ မော်ဒလ်နှစ်မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး တစ်မျိုးက ကင်မရာ မပါတဲ့  မော်ဒလ် ဖြစ်ပါတယ်။ Gear 2 ဟာ Samsung ဖုန်း အများစုနဲ့ တွဲဖက်နိုင်မှာ ဖြစ်ခြင်း၊ ကျန်းမာရေး တိုင်းတာပေးတဲ့ ကိရိယာများ ပါဝင်ခြင်း ၊ TV အဝေးထိန်းခလုပ်အဖြစ် သုံးနိုင်ခြင်း စတဲ့ အားသာချက်တွေ ရှိပါတယ်။ အရင်  Galaxy Gear မှာလို Android မသုံးတော့ပဲ Tizen ကိုသုံးထားပါတယ်။ ပါဝင်ပစ္စည်းများကတော့ − dual-core 1GHz processor  512MB of RAM    4GB of storage − ဖြစ်ပါတယ်။ ဧပြီလမှာ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်း မကြေငြာသေးပါဘူး။

    galaxy-gear-2-neo
    __________________________

    ကလေးများအတွက် KidiZoom SmartWatch

    နည်းပညာသုံး ကစားစရာတွေလုပ်တဲ့ ကုမ္ပဏီ VTech ဟာ ကလေးတွေအတွက် စမတ် လက်ပတ်နာရီ ထုတ်လုပ်လိုက်ပါတယ်။ လက်ရှိ အပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ စမတ် လက်ပတ်နာရီလို ဖုန်းနဲ့ ချိတ်ဆက်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနာရီလေးက screen  1.4 လက်မ ရှိပြီး (နာရီ ကြည့်တာအပြင်) ဓါတ်ပုံရိုက်တာ ဗွီဒီယိုရိုက်တာ ဂိမ်းကစားတာတွေ လုပ်နိုင်ပါတယ်။

    vtech_smartwatch_kids-5-1

    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Flappy Bird ရဲ့ အောင်မြင်မှု

    ဗီယက်နမ်နိုင်ငံကရေးသားသော   ပြီးခဲ့တဲ့လက ထူးထူးခြားခြား လက်ကိုင်ဖုန်း ဂိမ်းလောကမှာ ထိပ်ဆုံးကိုရောက်လာပြီး ရေးသားဖေါ်ပြကြတဲ့ Flappy Bird ကို ရေးသားသူ  Dong Nguyen ဟာ သတင်း မီဒီယာတွေရဲ့ အာရုံစိုက်မှုတွေ များလွန်းတာကြောင့်  ဖေဖေါ်ဝါရီ ၉ ရက်မှာတော့ App Store ကရော Google Playကရော ဂိမ်းကို ပြန်ပြီးဖြုတ်သွားပါတယ်။ Flappy Bird ဟာ အခမဲ့ ဖြစ်ပြီး ကြော်ငြာကနေ ဝင်ငွေရတဲ့ နည်းကိုသုံးထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်မှာ ထိပ်ဆုံးဂိမ်း ၁၀ စာရင်းကို ရောက်ရှိခဲ့ပြီး တစ်ရက် ဒေါ်လာ ငါးသောင်း ဝင်ငွေ ရရှိလာပါတယ်။ ဖေဖေါ်ဝါရီ ၈ရက်မှာတော့ Dong Nguyenက နောက် ၂၂ နာရီအကြာမှာ ဂိမ်းကို App Storeကရော Google Playကရော ဂိမ်းကို ပြန်ပြီးဖြုတ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ Flappy Birdကို ကမ္ဘာတစ်လွှားက သန်း၅၀ကျော် ဒေါင်းလုတ်ချခဲ့ကြတယ်လို့ သိရပါတယ်။

     3

    ————————–————————–——-
    Ivanpah နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား

    ဂူးဂဲလ် ကုမ္ပဏီဟာ စွမ်းအင် ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ NRG Energy Inc.နဲ့ BrightSource Energy တို့နဲ့ ပူးပေါင်းပြီး ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ငန်းကို ၁၅ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဒေါ်လာ သန်း၂၂၀၀ရင်းနှီး မြှုပ်နှံတည်ဆောက်ခဲ့တဲ့ ဒီဓါတ်အား စက်ရုံဟာ မှန်ချပ်များစွာကနေ အလင်းပြန်တဲ့ အလင်းကို ဘွိုင်လာရှိရာ အမြဲ ဦးတည်နေအောင် ကွန်ပြူတာနဲ့ ထိန်းချုပ်ပေးထားပါတယ်။ ဧရီယာစတုရန်းမိုင် ၅မိုင် ကျယ်ဝန်းတဲ့ မြေမှာ မှန်ချပ်ဘွိုင်လာ အဖွဲ့အစည်း သုံးခု တည်ဆောက်ထားပြီး မှန်ချပ်ပေါင်း သုံးသိန်းခွဲကျော် ပါဝင်ပါတယ်။ ဒီIvanpah နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းကို  Mojave ကန္တာရအတွင်း တည်နေရာ 35.5526438,-115.4725079 မှာရှိပြီး လျှပ်စစ် 400 megawatts ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    2

    ————————–————————–——-
    ခြကောင်စက်ရုပ်လေးများ

    အမေရိကန် တက္ကသိုလ်သုံးခုဖြစ်တဲ့University of Cambridge.၊ Wyss Institute နဲ့ Harvard School of Engineering တို့က သုတေသီတွေဟာ ခြကောင်လေးတွေရဲ့ အပြုအမူကို အတုယူထားတဲ့ စက်ရုပ်ငယ်လေးတွေကို ပြသခဲ့ပါတယ်။ ဒီစက်ရုပ်ငယ်လေးတွေကို အိမ်ငယ်လေးတစ်ခုကို လေးထောင့်တုံးလေးတွေဆင့်ပြီး တည်ဆောက်ခိုင်းတဲ့ အခါမှာ ဗဟိုထိန်းချု ညွှန်ကြားချက်လည်းမပါ စီစဉ်တကျ စက်ရုပ်များကြား ဆက်သွယ်ခြင်းလည်းမရှိပဲ သတ်မှတ်ထားတဲ့ လုပ်ငန်းများပြီးစီးအောင် စက်ရုပ်တစ်ခုချင်းက လိုအပ်သလို လွတ်လပ်စွာ လုပ်ဆောင်သွားတာ ဖြစ်တဲ့အတွက် အဖွဲ့ထဲက စက်ရုပ်တစ်ခုက သူ့တာဝန်ကို မလုပ်ဆောင်လိုက်နိုင်လို့ ကျန်လုပ်ငန်းစဉ်အားလုံး ရပ်တန့်သွားတယ်ဆိုတာမျိုးမရှိပဲ အားလုံးက လိုအပ်ချက်အရသာ လုပ်ဆောင်သွားတာ ဖြစ်ကြောင်း ဒီနည်းပညာကို စတင်ခဲ့တဲ့ Justin Werfel ကရှင်းပြခဲ့ပါတယ်။

    4 copy

    ————————–————————–——-
    sony ရဲ့ ပုလင်းသွင်းရောင်းချသော MP3 player

    New Zealandနိုင်ငံမှာ ဆိုနီကုမ္ပဏီဟာ ရေစိမ်ခံတဲ့ MP3 player တစ်မျိုးဖြစ်တဲ့ NWZ-W270 MP3 player ကို လူအများစိတ်ဝင်တစား ဖြစ်အောင် ကြော်ငြာတဲ့ အ​နေနဲ့ ရေဖြည့်ထားတဲ့ပုလင်းထဲမှာ ထည့်ပြီး ကိုလာအချိုရည်များ ကဲ့သို့ အရောင်းစက်ကနေ ​ရောင်းချခဲ့ပါတယ်။

    1

    ————————–————————–——-

    တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် ပြန်လည်နိုးထ

    ဖေဖေါဝါရီ ၁၂ ရက်နေဟာ လရဲ့ နေ့ဘက်ကာလ သုံးရက်မြောက်နေ့ဖြစ်ပြီး တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် Yutu ပြန်လည်နိုးထလာပြီဟု သိရသည်။

    တရုတ်ရဲ့ လသွားယာဉ်ငယ် ချွတ်ယွင်းမှု ဖြစ် ခဲ့တဲ့ သတင်းကို http://www.m-mediagroup.com/news/23514 မှာ ဖတ်ရှုနိုင်ပါတယ်။

    #MMediaTech #science #technology #tech

    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇန်နဝါရီ ၂၈၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဆိုနီက ထုတ်မယ့် Sirius အမည်နဲ့ Smartphone အသစ်

    Sony ရဲ့ အသစ်ထုတ်မယ့် Smartphone အသစ် မှာ 4K အဆင့် ပုံထွက် အရည်အသွေး အပြင် frame-rate ပိုများတဲ့ ဗီဒီယို ရိုက်ကူးနိုင်မယ့် ကင်မရာ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းကို Sirius လို့ သင်္ကေအမည် မှည့်ခေါ်ထားပြီး ဈေးကွက်ကို ဘယ်လိုနာမည်နဲ့ ရောင်းချမယ် ဆိုတာနဲ့ ဈေးနှုန်းကို ကြေငြာသေးပါဘူး။ ဒီဖုန်းမှာ နှစ်ချက်ပုတ်လိုက်ရုံနဲ့ sleep အနေအထားကနေ ပြန်ဖွင့်ပေးတာ အပြင် အခြား လုပ်ဆောင်ချက်အသစ်တွေ ပါဝင်သလို အသံပိုင်းအတွက် စတီရီယို စပီကာ တပ်ဆင်ထားတဲ့ အတွက် Xperia Z1 ထက် များစွာ သာလွန်ကောင်းမွန်မှာ ဖြစ်ပါတယ်။

    4
    ————————–————————–——-
    သကြားမှ ဘက်ထရီ ထုတ်လုပ်မှု အောင်မြင်

    Virginia Tech တက္ကသိုလ်က ပါမောက္ခ Percival Zhang ဦးဆောင်တဲ့ သုတေသန အဖွဲ့ဟာ သကြားနဲ့ ပြုလုပ်တဲ့ ဘက်ထရီကို ပြုလုပ်နိုင်ခဲ့တယ်လို့ Nature Communications ဂျာနယ်မှာ ဖေါ်ပြခဲ့ပါတယ်။ သကြားကနေ ဘက်ထရီ လုပ်ဖို့ အရင်ကလည်း ကြိုးစားခဲ့ကြပေမယ့် အခုလို စွမ်းအင်သိပ်သည်းဆ မြင့်မားတဲ့ ဘက်ထရီ မဖြစ်ခဲ့ပါဘူး။ သကြား နဲ့ maltodextrin လို့ခေါ်တဲ့ ကဆီဓါတ် တို့ကို အမ်ဇိုင်း ဓါတ်ကူ တစ်မျိုးနဲ့ ပေါင်းစပ်ခြင်းကနေ သကြားရဲ့ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ကာ လျှပ်စစ်ဓါတ်အား ကို ရရှိပြီး မှာဖြစ်ပါတယ်။ ဘေးထွက် ပစ္စည်းကတော့ ရေ ပဲဖြစ်ပါတယ်။ ဒီဘက်ထရီရဲ့ အားသာချက်ကတော့ ဈေးသက်သာခြင်း၊ ပြန်လည် ဖြည့်သွင်းနိုင်ခြင်း၊ ဇီဝသဘောအရ ပြိုကွဲနိုင်လို့ ပန်းဝန်းကျင် ညစ်ညမ်းမှု မရှိခြင်းတွေပဲ ဖြစ်ပါတယ်။ နောက်သုံးနှစ်လောက်အတွင်း ကုန်ပစ္စည်းတွေမှာ လက်တွေ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

    1
    ————————–————————–——-
    တောင်ကိုရီးယားမှာ 5G Mobile အင်တာနက် နောင် ၆ နှစ်အတွင်း သုံးနိုင်တော့မည်။

    တောင်ကိုးရီးယား နိုင်ငံမှာ ပေါင်စတာလင် သန်း 900 ခန့်ရင်းနှီးမြုပ်နှံပြီး 5G အဆင့် မိုဘိုင်းလ် အင်တာနက်ကို ခြောက်နှစ်အတွင်း သုံးနိုင်အောင် စတင် အကောင်အထည်ဖေါ်နေပြီ ဖြစ်ပါတယ်။ 5G နည်းပညာကတော့ 4Gထက် အဆ ၁၀၀၀ ပိုမြန်မှာ ဖြစ်ပါတယ်။ 4G နည်းပညာမှာ 800-megabyte ပမာဏကို ဒေါင်းလုပ်ချရန် စက္ကန့် ၄၀ ခန့် ကြာနိုင်ပြီး 5G ဆိုရင်တော့ 800-megabyte ကို တစ်စက္ကန့်ပဲ ကြာပါလိမ့်မယ်။ လက်ရှိ 4G ရဲ့ အားနည်းချက်ကတော့ 300 km/h ထက် ပိုမြန်တဲ့ ရထားပေါ်မှာ လိုင်းမမိပါဘူး။ 5G ဆိုရင်တော့ ၅၀၀ km/h အမြန်နှုန်းနဲ့ ရထားပေါ်ကတောင် ဖုန်းလိုင်း မိနိုင်မှာ ဖြစ်ပါတယ်။

    3
    ————————–————————–——-
    တရုတ်ရဲ့ လသွားယာဉ်ငယ် ချွတ်ယွင်းမှု ဖြစ်

    တရုတ်နိုင်ငံရဲ့ လပေါ်မှာ လွှတ်တင်ထားတဲ့ လသွား ခြောက်ဘီးတပ် ယာဉ်ငယ်လေးဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ကြုံနေရပေမယ့် အင်ဂျင်နီယာများက ပြုပြင်နိုင်ဖို့ ကြိုးစားနေတယ် လို့ဆိုပါတယ်။ Yutu လို့အမည်ပေးထားတဲ့ ဒီ ယာဉ်ငယ်လေးဟာ ပေါင် ၃၀၀ လေးပြီး တစ်နှစ်လောက် လပေါ်မှာ လှည့်လည် လေ့လာ ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ လရဲ့ နှစ်ပါတ်ကြာတဲ့ ညဖက်ကာလမှာ အပူချိန်ဟာ အနုတ် ၁၁၄ ဒီဂရီ ဆဲလ်ဆီးယစ် ရှိပြီး နေစွမ်းအင် မရရှိတဲ့ အခါမှာ စက်ပိတ်ပြီး ရပ်နားထားရာက နေ့ဖက် ရောက်ချိန်မှာ ပြန်လည် လည်ပါတ်ခြင်းမရှိတာပဲ ဖြစ်ပါတယ်။ ပထမတစ်ကြိမ် လရဲ့ ညတာကာလ အပြီးတုန်းကတော့ စက်ပြန်လည် လည်ပတ်နိုင်ခဲ့ပါသေးတယ်။

    2
    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇန်နဝါရီ ၇ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ATM စက်တွေမှ ဟက်ကာတွေ ငွေထုတ်ယူခဲ့

    ATM ငွေထုတ်စက်တွေမှာ ဟက်ကာတွေဟာ USB drives များနဲ့ ချိတ်ဆက်ကာ malware ပရိုဂရမ်များ ထည့်သွင်းပြီး ငွေထုတ်ယူနိုင်ခဲ့ကြကြောင်းကို ဂျာမဏီ သုတေသီတွေက ဟမ်းဘက် မြို့မှာ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပတဲ့ Chaos Computing Congress မှာ ဖေါ်ထုတ် တင်ပြခဲ့ကြခဲ့ပါတယ်။ ဒီပရိုဂရမ်ကို သုံးစွဲပြီး ငွေထုတ်ယူသူဟာ ပထမ ဂဏန်း၁၂လုံးပါ လျှို့ဝှက်နံပါတ်ကို ထည့်ကာ ထုတ်ယူမည့် ငွေပမာဏကို ရိုက်ပြီးနောက် ပရိုဂရမ်ရေးသူထံမှ နောက်ထပ် လျှို့ဝှက်နံပါတ်ကို ဖုန်းဆက် တောင်းယူရပြီးမှ ငွေထုတ်ယူရကြောင်း ရှင်းပြသွားပါတယ်။ မည့်သည့်နိုင်ငံမှ မည်သည့်ဘဏ်များကို ထိခိုက်စေခဲ့တယ်ဆိုတာတော့ ထုတ်ဖေါ်ပြောကြားခြင်းမရှိပါဘူး။

    1
    _________________________________
    ထိုင်းနိုင်ငံမှ AIS ၏ မြန်မာနိုင်ငံတွင်း data-roaming ဝန်ဆောင်မှု

    ထိုင်းနိုင်ငံမှ မိုဘိုင်လ်းဖုန်း ကုမ္ပဏီ Advanced Info Service Plc (AIS) ဟာ ၎င်းတို့ရဲ့ ဖုန်းသုံးစွဲသူတွေ မြန်မာနိုင်ငံတွင်းကို သွားရင် အင်တာနက်သုံးနိုင်ဖို့ data-roaming ဝန်ဆောင်မှုကို ဇန်နဝါရီ ၁၄ရက်ကစပြီး ပေးသွားမယ်လို့ သိရပါတယ်။ AIS ဟာ ဖုန်းခေါ်ဆိုမှုကို ၂၀၁၁ ခုနှစ်က လည်းကောင်း စာတိုပို့စံနစ်ကို အရင်လက လည်းကောင်း မြန်မာနိုင်ငံမှာ roaming ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ အခု data-roaming အတွက် ၁ megabyte ကို ၆ဘတ် နှုန်း ပေးရမှာ ဖြစ်ပြီး တစ်ရက် ၅၀ megabyte ကန့်သတ်ထားပါတယ်။

    91
    _________________________________
    ငလျင်လှုပ်ခါနီး လေထုထဲမှာ ရွေ့လျှားနေသော မီးလုံးများ

    နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ ငလျင်လှုပ်ခါနီးမှာ လေထုထဲမှာ မီးလုံးတွေ ပျံဝဲနေတတ်တာ မှန်ကန်တယ်လို့ ဆိုပါတယ်။ ငလျင် အားလုံးမှာ မဟုတ်ပေမယ့် ပြတ်ရွေ့ကြောင်းတစ်လျှောက်မှာ လျှပ်စစ်တွန်းအားစီးကြောင်း ဖြစ်ပေါ်ကာ ငလျင်လှုပ်ခဲ့ပါက ၎င်းပြတ်ရွေ့များ ကြားမှ ပွတ်အားများဟာ ပြင်းထန်လွန်းတဲ့အခါမှာ လျပ်စစ်ငြိမ် များဟာ လေထုထဲသို့ စီဆင်းကာ မီးအလင်းများ လင်းလက်သွားတတ်တယ်လို့ ဇန်နဝါရီ ၂ရက်ကထုတ်ဝေတဲ့ Seismological Research Letters ဂျာနယ်မှာ ဖေါ်ပြခဲ့ပါတယ်။

    3
    _________________________________
    အင်္ဂါဂြိုဟ်သို့ အခြေချနေထိုင်မည့်သူ (၁၀၅၈) ဦးရှိ

    လျှောက်ထားသူ ၂၀၀၀ ကျော်အနက်ကနေ ၁၀၅၈ဦးကို အင်္ဂါဂြိုဟ်ကို ၂၀၂၄ခုနှစ် မှာ သွားရောက် အခြေချ နေထိုင်ဖို့ Mars One အဖွဲ့အစည်းက ရွေးချယ်ခဲ့ပါတယ်။ ၁၀၅၈ဦး အနက် ၂၉၇ဦးဟာ အမေရိကန်နိုင်ငံသား၊ ကနေဒါမှ ၇၅ဦး၊ အန္ဒိယမှ ၆၂ဦး ရုရှမှ ၅၂ဦး ပါဝင်ပါတယ်။ Mars One အဖွဲ့အစည်းဟာ Lockheed Martin Space Systems နဲ့ Surrey Satellite Technology Ltd, တို့ရဲ့ အကူအညီနဲ့ ၂၀၁၈မှာ အင်္ဂါဂြိုဟ် ကို လူမဲ့အာကာသယာဉ် ပို့လွှတ်သွားမှာဖြစ်ပါတယ်။

    4
    _________________________________
    အသံလွန်လှိုင်းဖြင့် အရာဝထ္ထုလေးတွေ လေထဲမှာ ရပ်တန့်စေနိုင်

    ဂျပန်နိုင်ငံက သုတေသီ Yoichi Ochiai ။ Takayuki Hoshi နဲ့ Jun Rekimoto တို့ဟာ အသံလွန်လှိုင်းကို အသုံးပြုပြီး သေးငယ်တဲ့ အရာဝထ္ထုလေးတွေကို လေထဲမှာ ရပ်တန့်နိုင်အောင် နောက်ပြီး ရွေ့လျားနိုင်အောင် ပြုလုပ်ပြသခဲ့ပါတယ်။ စပီကာအသေးလေးတွေ အများကြီး စီပြီးတပ်ထားတဲ့ မျက်နှာပြင် လေးချပ်ကို ကို အောက်ခြေ ၊ အပေါ်နဲ့ ဘေးနှစ်ဘက်မှာ တပ်ဆင်ပြီး အသံလွန်ုလှိုင်းကို ချိန်ညှိပေးတဲ့အခါမှာ လှိုင်းရဲ့ အဆစ် နေရာလေးတွေမှာ အရာဝထ္ထုလေးတွေ တည်ငြိမ်ပျံဝဲနေတာ ဖြစ်ပါတယ်။ ဗွီဒီယိုကို https://www.youtube.com/watch?v=odJxJRAxdFUမှာ ကြည့်နိုင်ပါတယ်။
    2

    ———————————————————–

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ရုရှ အာကာသယာဉ်မှူးများအာကာသထဲကို ထွက်၍ ကင်မရာ တပ်ဆင်

    နိုင်ငံတကာ အာကာသစခန်း (ISS) ရဲ့ ရုရှနိုင်ငံအပိုင်းမှာ ကနေဒါက UrtheCast (earth cast) ကုမ္ပဏီအတွက် ကင်မရာနှစ်လုံး တပ်ဆင်ဖို့ ရုရှ အာကာသယာဉ်မှူးOleg Kotov နဲ့ Sergey Ryazanskiy တို့ဟာ ဒီဇင်ဘာ ၂၇ရက်က ၇ နာရီအကြာ အာကာသထဲကို ထွက်ပြီး တပ်ဆင်ခဲ့ကြပါတယ်။ တစ်လုံးကအရည်အသွေးမြင့် 4K ဓါတ်ပုံများရိုက်နိုင်ပြီး နောက်တစ်လုံးက သာမန် ဓါတ်ပုံရိုက်ဖို့ပါ။ ISS ဟာ တစ်ရက်မှာ ကမ္ဘာကို ၁၆ကြိမ် ပါတ်ပါတယ်။ နောက်လအနီးငယ်အကြာမှာ UrtheCast ဝဘ်ဆိုက်ကနေ အာကာသကနေမြင်ရတဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေ၊ ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ လစဉ်ကြေးပေးထားသူတွေအတွက့် ကိုယ်အိမ်ရှိရာကို ပြသတဲ့ 4K ဓါတ်ပုံများ ဘယ်အချိန် တွေ့ရနိုင်မလဲ အသိပေးတာမျိုး၊ အထူးကြေး ပေးဆောင်သူတွေအတွက် လိုအပ်တဲ့ နေရာကို ရိုက်ကူးပေးတာမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ သာမန်အဆင့် ကင်မရာက ပုံတွေကိုတော့ အခမဲ့ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

    photo.php
    ____________________________
    ရုရှနိုင်ငံ ဒုံးပျံ အသစ် လွှတ်တင်

    ရုရှနိုင်ငံဟာ ဒီဇင်ဘာ ၂၈ရက်က ဆိုယုဇ် 2.1v ဒုံးပျံ အသစ်ကို လွှတ်တင်ခဲ့ပါတယ်။ ဒီဒုံးပျံဟာ ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သွားပါတယ်။ အခု ဆိုယုဇ် 2.1v ဒုံးပျံ အသစ်ကို ပထမဆုံးအကြိမ် အဖြစ်လွှတ်တင်တာ ဖြစ်ပြီး အရင် ဆိုယုဇ် ဒုံးပျံ ကို အင်ဂျင်အသစ် ဒစ်ဂျစ်တယ် လမ်းညွှန်စံနစ်တို့ တပ်ဆင်ထားပါတယ်။

    23Soyuz_2_metop
    ____________________________
    Samsung ရဲ့ ၁၁၀ လက်မ ကမ္ဘာ့ အကြီးဆုံး ultra HD TV

    Samsung ဟာ အခု နှစ်သစ်မှာ ၁၁၀ လက်မ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ultra HD TV ကို ရောင်းချဖို့ ယခင် အပါတ်က ပြသခဲ့ပါတယ်။ဒီတီဗွီရဲ့ အမြင့်ကတော့ ၅.၉ ပေရှိပြီး အကျယ်ကတော့ ၈.၅ ပေရှိပါတယ်။ နောက်ထပ် ထူးခြားတဲ့ တီဗွီတစ်မျိုးကတော့ ၁၀၅ လက်မကြီးပြီး ကွေးညွတ်ထားတဲ့ မျက်နှာပြင် နဲ့ ဖြစ်ပါတယ်။ အာရှနဲ့ ဥရောပ နိုင်ငံတွေမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

    1
    ____________________________
    အမေရိကန်ရဲ့ လေဆာလက်နက်

    အမေရိကန် စစ်တပ်အတွက် Boeing ကုမ္ပဏီက မောင်းသူမဲ့ drones လေယာဉ်တွေကို ပစ်ခတ်ဖို့ လေဆာလက်နက်ကို သုတေသနပြု တည်ဆောက်နေပါတယ်။ အရင် အပါတ်က မော်တော်ယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ လက်နက်ကို နယူးမက္ကဆီကိုပြည်နယ်ရှိ အခြေစိုက်စခန်းမှာ စမ်းသပ်ခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ လေဆာလက်နက်နဲ့ ပစ်ခတ်ရာမှာ ကုန်ကျစရိတ် အထူးသက်သာတဲ့အတွက် နောင်တစ်ချိန်မှာ တိုက်သင်္ဘောတွေမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိစမ်းသပ်တဲ့ လေဆာ ပြင်းအားကတော့ ၁၀ကီလိုဝပ် ရှိပြီး ၁၀၀ ကီလိုဝပ်ကို ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

    1501868_10152107215313166_1347601956_n