News @ M-Media

Tag: MMediaTech

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    အပိုလို ၈ ရဲ့ ၄၅ နှစ်မြောက် နှစ်ပါတ်လည် ဗွီဒီယို

    NASA ရဲ့ ပထမဆုံး လကိုသွားတဲ့ အပိုလို ၈ ၄၅ နှစ်မြောက် နှစ်ပါတ်လည်အဖြစ် ဗွီဒီယို တစ်ခု ဖန်တီးလိုက်ပါတယ်။ အာကာသယာဉ်မှူးတွေအဖို့ အထူးခြားဆုံး မြင်ကွင်းကတော့ ၁၉၆၈ ဒီဇင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခွဲ ကျော်ကျော် လောက်မှာ လရဲ့ မျက်နှာပြင် အစွန်းကနေ ကမ္ဘာကြီး ထွက်ပေါ်လာတောပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အပိုလို ၈ မှာ တပ်ဆင်ထားတဲ့ ကင်မရာက ရိုက်ကူးခဲ့တဲ့ ပုံတွေနဲ့ တည်နေရာ နဲ့ အာကာသယာဉ်မှူးတွေ ရိုက်ကူးခဲ့တဲ့ ပုံတွေ အသံတွေကို Lunar Reconnaissance Orbiter ကပေးတဲ့ အခက်အလက်တွေနဲ့ ပေါင်းစပ်ပြီး ဒီဗွီဒီယို ကို ဖန်တီးလိုက်တာဖြစ်ပါတယ်။ အာကာသယာဉ်မှုးတွေ မြင်ခဲ့ရသလို မြင်ကွင်းမျိုး ဒီဗွီဒီယို မှာ မြင်ရမှာ ဖြစ်ပါတယ်။

    ———————————————————–
    လူငယ်ကျောင်းသားများ ရဲ့ 3D printer

    လက်ရှိ ဈေးကွက်ထဲက 3D printer တွေဟာ ဈေးကြီးလွန်းတာကြောင့် ကောလိပ်ကျောင်းသား လေးဦး 3D printer တစ်ခုကို တီထွင် ထုပ်လုပ်လိုက်ပါတယ်။ deltaprintr ရဲ့ nozzleခေါင်း ရွေ့လျားမှုဟာ polar coordinate နဲ့ ရွေ့လျားတာကြောင့် ဈေးကွက်ထဲက 3D printer တွေ Cartesians coordinate နဲ့ ရွေ့လျားတာထက် ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။ အနုစိတ်မှုမှာလည်း 100 micron resolution ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ 680 $ လောက် သတ်မှတ်ထားပြီး ရံပုံငွေအတွက် ကိုယ်တိုင်တည်ဆောက်နိုင်တဲ့ kit များကိုလည်း ဝယ်ယူအားပေးနိုင်ပါတယ်။

    photo.php——————————————-

    အာကာသယာဉ်မှူးများ အာကာသထဲထွက် ပြင်ဆင်မှု အောင်မြင်

    နိုင်ငံတကာ အာကာသစခန်းISS မှာ ချွတ်ယွင်းနေတဲ့ အအေးပေးစံနစ်ကို ပြုပြင်ဖို့ ammonia pump ပြောင်းလဲ တပ်ဆင်တဲ့ အလုပ်ကို အာကာသယာဉ်မှူး Rick Mastracchio နဲ့ Mike Hopkins တို့ဟာ စုစုပေါင်းလိုက်ရင် ၅နာရီ ၂၈မိနစ်ကြာ အာကာသထဲမှာ ထွက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေက ဒီ လုပ်ဆောင်မှုဟာ အောင်မြင်စွာပြီးဆုံးခဲ့ပြီး ကျန်ရှိနေတဲ့ ပမ့်မော်တာ ပြောင်းလဲတပ်ဆင်တဲ့ အလုပ်ကိုတော့ အင်္ဂါနေ့မှာ လုပ်ဆောင်မှာ ဖြစ်ပါတာယ်။

    1527116_10152088175968166_1217315669_n

    ကြယ်ပေါင်း တစ်ဘီလီယံ ကို မြေပုံထုတ်မည့် Gaia ဂြိုဟ်တု

    ဥရောပ အာကာသအေဂျင်စီဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ကြယ်ပေါင်း တစ်ဘီလီယံ ကို သုံးဘက်မြင် တည်နေရာမြေပုံထုတ် နိုင်ဖို့ 1,000-megapixel ကင်မရာ ဒါဇင်ကျော် တပ်ဆင်ထားတဲ့ Gaia ဂြိုဟ်တု ကို ကြာသပတေးနေ့ (၁၈ ဒီဇင်ဘာ)က လွှတ်တင်လိုက်ပါတယ်။ ဒီဂြိုဟ်တုကို ၂၀၀၆ခုနှစ်က စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး နဂါးငွေ့တန်း ဂလက်ဆီရဲ့ အကြောင်းကို ပိုမို သိရှိနားလည်ဖို့နဲ့ အာကာသ အချိန် တည်နေရာ ကွေးညွတ်မှုကဲ့သို့ ရူပဗေဒ တွက်ချက်မှုများကို လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။

    1495503_10152088176813166_1689485550_n

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၁၆၊၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Google က Boston Dynamics ကို ဝယ်ယူ

    ဒီတစ်ပါတ်အတွင်း နည်းပညာလောကမှာ အပြော အများဆုံးသတင်းကတော့ Google က Boston Dynamics ကုမ္ပဏီကို ဝယ်ယူလိုက်ခြင်းပါပဲ။ Boston Dynamics ကထုတ်လုပ်တဲ့ စက်ရုပ်တွေအကြောင်းသတင်းကို ဒီ M-media သိပ္ပံ−နည်းပညာ သတင်းမှာ ဖေါ်ပြဖူးတာကို မှတ်မိကြမယ် ထင်ပါတယ်။ အမေရိကန် ပန်တာဂွန်ရဲ့ ထောက်ပံ့မှုနဲ့ စက်ရုပ်တွေ ထုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Google က Boston Dynamics ကို တန်ဘိုးဘယ်လောက်နဲ့ ဝယ်ယူတယ်ဆိုတာတော့ ထုတ်ဖေါ်ပြောကြားခြင်း မရှိပါဘူး။ အင်တာနက် ရှာဖွေရေး ကိုလုပ်ဆောင်တဲ့ Google ဟာ စက်ရုပ်ကားလို့ အလွယ်ခေါ်ကြတဲ့ မောင်းသူမဲ့ကားကို စမ်းသပ် တီတွင်ခဲ့သလို နောက်ပိုင်းမှာ စက်ရုပ်တီထွင်မှုတွေ ပိုပြီးလုပ်ဆောင်လာနိုင်ခြေ ရှိပါတယ်။

    992462_10152072082483166_99355664_n

    ——————————————

    NASA ရဲ့ အာကာသစခန်းအတွက် စက်ရုပ်

    NASA ရဲ့ Dexterous Robotics Lab ဟာ Valkyrie လို့ အမည်ပေးထားတဲ့ စက်ရုပ်ကို ပြီးခဲ့တဲ့ အပါတ်က ပြသခဲ့ပါတယ်။ ဒီစက်ရုပ်ကို အာကာသစခန်းမှာ အသုံးချနိုင်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အင်ဂျင်နီယာများက စက်ရုပ်ကို ရည်ညွှန်းရာမှာ သူမလို့ သုံးနှုံးကြပေမယ့် လူအများကတော့ Iron Man နဲ့ တူတယ်လို့ ပြောကြပါတယ်။ ဒီစက်ရုပ်ကို ဒေါ်လာနှစ်သန်း ဆုကြေး ပေးမယ့် အမေရိကန် ကာကွယ်ရေးဌာနက ပြုလုပ်တဲ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

    1479613_10152072083023166_630891689_n
    ————————————————-
    အာကာသမှ ကမ္ဘာမြေပြင်ကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်

    ကနေဒါက UrtheCast (earth cast) ကုမ္ပဏီကို ဟာ နိုင်ငံတကာ အာကာသစခန်း (ISS) ရဲ့ ရုရှနိုင်ငံအပိုင်းမှာ ကင်မရာနှစ်လုံး တပ်ဆင်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ တစ်လုံးက ဗွီဒီယိုရိုက်ဖို့ တစ်လုံးက ဓါတ်ပုံရိုက်ဖို့ပါ။ ISS ဟာ တစ်ရက်မှာ ကမ္ဘာကို ၁၆ကြိမ် ပါတ်ပါတယ်။ နောက်လအနီးငယ်အကြာမှာ UrtheCast ဝဘ်ဆိုက်ကနေ အာကာသကနေမြင်ရတဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ လစဉ်ကြေးပေးထားသူတွေအတွက့် ကိုယ်အိမ်ရှိရာကို ပြသတဲ့ ဗွီဒီယို ဘယ်အချိန် တွေ့ရနိုင်မလဲ အသိပေးတာမျိုး၊ အထူးကြေး ပေးဆောင်သူတွေအတွက် လိုအပ်တဲ့ နေရာကို ရိုက်ကူးပေးတာမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    1508295_10152072082748166_1500353896_n
    ————————————————-
    တရုတ်နိုင်ငံရဲ့Chang’e 3 လပေါ်ဆင်းပြီ

    ဒီဇင်ဘာ ၂ ရက်နေ့က Long March-3B ဒုံးပျံနဲ့ လွှတ်တင်လိုက်တဲ့ Chang’e 3 lander ဟာ လမျက်နှာပြင်ပေါ်ကို ယနေ့ (Dec 15 ရက်) ဆင်းသက်ခဲ့ပါတယ်။ Jade Rabbit လို့ခေါ်တဲ့ လပေါ်သွား ယဉ်ငယ်လေးဟာ လပေါ်မှာ သုံးလကြာ လှည့်ပါတ် လေ့လာမှာ ဖြစ်ပါတယ်။

    1477682_10152072082248166_1756558618_n
    ———————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]