News @ M-Media

Tag: Myanmar Military

  • မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်နေဟု ကုလ အထူးကိုယ်စားလှယ်ပြော

    မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်နေဟု ကုလ အထူးကိုယ်စားလှယ်ပြော

    မတ် ၂၈၊ ၂၀၂၁
    M-Media


    (ဓာတ်ပုံ – သန်လျင်မြို့တွင် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည့် အသက် ၄၃ နှစ်အရွယ် ကိုတင်လှ၏ ဈာပနအခမ်းအနား)

    -အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အန်ဒရူးသောမတ်စ်က ပြောကြားလိုက်ပါတယ်။

    ၇၆ နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်တဲ့ မနေ့က မြန်မာနိုင်ငံတစ်ဝှမ်း အာဏာသိမ်းစစ်ကောင်စီ လက်ချက်နဲ့ အနည်းဆုံး ၁၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတ်ဖြတ်ခြင်းကို ခံရသူ ၄၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။

    သောမတ်စ်အန်ဒရူးက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စကားလုံးတွေနဲ့ ရှုတ်ချနေတာ တော်လောက်ပြီလို့ ဆိုပါတယ်။

    “စိုးရိမ်ရှုတ်ချတယ်ဆိုတာတွေဟာ မြန်မာပြည်သူတွေအတွက်တော့ ဘာမှ အရာမရောက်တဲ့ စကားလုံးတွေပါပဲ။ စစ်အာဏာရှင်ကတော့ ပြည်သူတွေအပေါ် အစုလိုအပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေဆဲပါ။ မြန်မာပြည်သူတွေဟာ ကမ္ဘာကြီးရဲ့ ကူညီပံ့ပိုးမှုကို လိုအပ်နေပါတယ”

    Ref: CNN

  • စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနားကို ၈ နိုင်ငံ တက်ရောက်

    စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနားကို ၈ နိုင်ငံ တက်ရောက်

    မတ် ၂၇၊ ၂၀၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ကျင်းပတဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နိုင်ငံ ၈ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပြီး စစ်သံမှုးတွေ စေလွှတ်ခဲ့တာပါ။ ရုရှားနိုင်ငံကတော့ ဒုတိယ ကာကွယ်ရေးဝန်ကြီးကိုပါ စေလွှတ်ခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့ပြီး၊ နောက်ပိုင်းမှာ ပြည်သူလူထုအပေါ်ကို အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် စစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနား ဖိတ်ကြားမှုကို နိုင်ငံခြားတိုင်းပြည် တော်တော်များများက ငြင်းဆိုခဲ့ပါတယ်။

    NCA လက်မှတ်ရေးထိုးထားတဲ့ ပြည်တွင်းက လက်နက်ကိုင်တွေကိုလည်း စစ်ကောင်စီက ဖိတ်ကြားခဲ့ပြီး အချို့သာ တက်ရောက်ခဲ့ကြပါတယ်။

    Ref: Nikkei Asia

  • ၇၆ နှစ်မြောက် တပ်မတော်နေ့မှာ အကြမ်းဖက်နေ့အဖြစ် သမိုင်းတွင်ပြီဟု ဥရောသမဂ္ဂ ထုတ်ပြန်

    ၇၆ နှစ်မြောက် တပ်မတော်နေ့မှာ အကြမ်းဖက်နေ့အဖြစ် သမိုင်းတွင်ပြီဟု ဥရောသမဂ္ဂ ထုတ်ပြန်

    မတ် ၂၇၊ ၂၀၂၁
    M-Media

    -ဒီကနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ဟာ အကြမ်းဖက်တဲ့နေ့၊ ဂုဏ်သိက္ခာညှိုးနွမ်းတဲ့နေ့အဖြစ် သမိုင်းတွင်ခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက သူတို့ရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဥရောပသမဂ္ဂအနေနဲ့ သတ္တိဗျတ္တိပြည့်စုံတဲ့ မြန်မာပြည်သူတွေဖက်မှာ ရပ်တည်နေပြီး၊ အကြမ်းဖက်မှုတွေအားလုံး အကြွင်းမဲ့ရပ်တန့်ကာ ဒီမိုကရေစီ ဖော်ဆောင်ပေးဖို့ တိုက်တွန်းတယ်လို့လည်း ထည့်သွင်းရေးသားခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်းကတည်းက နိုင်ငံတစ်ဝှမ်းမှာ ပြည်သူတွေကို တွေ့မြင်ရာ အကြမ်းဖက်သတ်ဖြတ်နေတာပြီဖြစ်ပြီး ညနေ ၅ နာရီအချိန်အထိ သေဆုံးသူ ၉၁ ဦး ရှိနေပြီလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ဆယ်ကျော်သက်လူငယ်တွေ အများအပြား ပါဝင်နေပါတယ်။

    Ref: FB page of European Union In Myanmar

  • ပြည်သူများအားသတ်ဖြတ်နေမှုကို တိုင်းရင်းသား လက်နက်ကိုင်များ ရပ်ကြည့်မနေတော့ဟု ရှမ်းလက်နက်ကိုင်အဖွဲ့ ပြော

    ပြည်သူများအားသတ်ဖြတ်နေမှုကို တိုင်းရင်းသား လက်နက်ကိုင်များ ရပ်ကြည့်မနေတော့ဟု ရှမ်းလက်နက်ကိုင်အဖွဲ့ ပြော

    မတ် ၂၇၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီတပ်တွေက အရပ်သားတွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆိုရင် မိမိတို့ တိုင်းရင်းသားတပ်ဖွဲ့တွေ ရပ်ကြည့်နေမှာ မဟုတ်ဘူးလို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ရွက်စစ်က ​ပြောကြားလိုက်ပါတယ်။

    ဖက်စစ်တော်လှန်ရေးနေ့ဖြစ်တဲ့ ဒီနေ့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် မနက်ပိုင်းမှာပဲ နိုင်ငံတစ်ဝှမ်း အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

    “တပ်မတော်နေ့ဆိုတာ အမှန်တကယ်မှာ တပ်မတော်နေ့နဲ့ မတူဘဲ လူသတ်တဲ့နေနဲ့ ပိုတူနေပါတယ်။ စစ်တပ်ဟာ ဒီမိုကရေစီကို ကာကွယ်နေတာမဟုတ်ဘဲ ဖျက်စီးနေတာသာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေ၊ ပြည်သူတွေကို ပစ်ခတ်တာ၊ နှိပ်စက်တာတွေ ဆက်လုပ်နေမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့တွေကလည်း ဘာမှမလုပ်ဘဲ ရပ်ကြည့်နေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”

    ဒီနေ့မနက် တပ်မတော်နေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့စစ်တပ်ရဲ့အလုပ်ဟာ ပြည်သူတွေနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ဖြစ်ပြီး၊ တစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေက ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းရေး တိုက်တွန်းမှုတွေ ရှိနေပြီး ဗိုလ်ချုပ်ရွက်စစ်က ဒါကို ထောက်ခံတယ်လို့ ဆိုပါတယ်။

    “စစ်တပ်ဟာ တိုင်းရင်သားလက်နက်ကိုတွေရဲ့ ဘုံရန်သူဖြစ်တဲ့အတွက် ပြည်သူကို သတ်နေတဲ့သူတို့ကို တိုက်ခိုက်ရေးမှာ ကျွန်တော်တို့အားလုံး လက်တွဲပြီး၊ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

  • အခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

    အခုနှစ် မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

    မတ် ၂၆၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခုနှစ် စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်စီးပွားရေးဟာ ၅.၉ ရာခိုင်နှုန်း ကျဆင်းမယ်လို့ အရင်က ခန့်မှန်းထားတာပါ။

    “လတ်တလောဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ အလုပ်သမားသပိတ်တွေ၊ စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေ၊ သွားလာလှုပ်ရှားမှု ကျဆင်းသွားတာ၊ ဘဏ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ အင်တာနက်အပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာ စတဲ့ ဒဏ်တွေကို မြန်မာနိုင်ငံက အကြီးအကျယ် ခံစားနေရပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters