News @ M-Media

မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်နေဟု ကုလ အထူးကိုယ်စားလှယ်ပြော

မတ် ၂၈၊ ၂၀၂၁
M-Media


(ဓာတ်ပုံ – သန်လျင်မြို့တွင် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည့် အသက် ၄၃ နှစ်အရွယ် ကိုတင်လှ၏ ဈာပနအခမ်းအနား)

-အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အန်ဒရူးသောမတ်စ်က ပြောကြားလိုက်ပါတယ်။

၇၆ နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်တဲ့ မနေ့က မြန်မာနိုင်ငံတစ်ဝှမ်း အာဏာသိမ်းစစ်ကောင်စီ လက်ချက်နဲ့ အနည်းဆုံး ၁၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတ်ဖြတ်ခြင်းကို ခံရသူ ၄၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။

သောမတ်စ်အန်ဒရူးက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စကားလုံးတွေနဲ့ ရှုတ်ချနေတာ တော်လောက်ပြီလို့ ဆိုပါတယ်။

“စိုးရိမ်ရှုတ်ချတယ်ဆိုတာတွေဟာ မြန်မာပြည်သူတွေအတွက်တော့ ဘာမှ အရာမရောက်တဲ့ စကားလုံးတွေပါပဲ။ စစ်အာဏာရှင်ကတော့ ပြည်သူတွေအပေါ် အစုလိုအပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေဆဲပါ။ မြန်မာပြည်သူတွေဟာ ကမ္ဘာကြီးရဲ့ ကူညီပံ့ပိုးမှုကို လိုအပ်နေပါတယ”

Ref: CNN