News @ M-Media

Tag: MyanmarCoup2021

  • စစ်ကောင်စီဝန်ကြီးနှင့် တွေ့ဆုံမှု စစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်ဟု မလေးရှား ထုတ်ပြန်

    စစ်ကောင်စီဝန်ကြီးနှင့် တွေ့ဆုံမှု စစ်ကောင်စီကို အသိအမှတ်ပြုခြင်းမဟုတ်ဟု မလေးရှား ထုတ်ပြန်

    ဧပြီ ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက မလေးရှားသံအမတ် စစ်ကောင်စီဝန်ကြီးနဲ့ တွေ့ဆုံတာဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုတာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    မလေးရှားသံအမတ် ဇာဟိုင်ရီ ဘာရာဟင်နဲ့ အဖွဲ့ဟာ ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီက ခန့်အပ်ထားတဲ့ စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီကိစ္စကို စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်သံတွေမှာ ထည့်သွင်း ထုတ်ပြန်ခဲ့တာပါ။

    အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးရအဖြင့် ကမ္ဘာ့နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက အသိအမှတ် မပြုသေးဘဲ အခု ဒီသတင်းကြောင့် မလေးရှားအပေါ် နိုင်ငံတကာက​ ဝေဖန်မှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့​ ဒီနေ့ကြေငြာချက်မှာ သံအမတ် ဘရာဟင်ဟာ မလေးရှား စွမ်းအင်လုပ်ငန်း PETRONAS ရဲ့ လက်ခွဲဖြစ်တဲ့ PETRONAS Carigali Myanmar (Hong Kong) Limited (PCML) က ရဲတံခွန် ဓာတ်ငွေ့တူးဖော်မှု စီမံကိန်းကို ဆက်မလုပ်တော့ဘူးဆိုတာ တွေ့ဆုံပြောကြားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    “ဒီအစည်းအဝေးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်ပါဘူး”

    မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မလေးရှားရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းပြီး တစ်သမတ်တည်းရှိတယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    “အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ လက်ရှိပြဿနာကို မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေရဲ့ အကျိူးစီးပွားကို ရှေ့ရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာရေး သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတစ်ခု စတင်ဖို့ ထပ်လောင်းတိုက်တွန်းလိုက်ပါတယ်”

    Ref: မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန

    mmMyanmarNews

  • မြန်မာအရေး အာဆီယံ၏ ဖြေရှင်းမှုကို ယူကေထောက်ခံမည်

    မြန်မာအရေး အာဆီယံ၏ ဖြေရှင်းမှုကို ယူကေထောက်ခံမည်

    ဧပြီ ၇၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာအတွက် အာဆီယံနိုင်ငံတွေက ပူးပေါင်းဖြေရှင်းတာကို ထောက်ခံမယ်လို့ ယူကေက ပြောကြားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ဖွင့်ဟလိုက်ပါတယ်။

    ဖေဖောဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မငြိမ်သက်မှုတွေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအတွက် အာဆီယံက သိပ်မကြာခင်မှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပဖို့ ရှိပါတယ်။ အဲဒီ ကိစ္စအတွက် အင်ဒိုနီးရှားက ဦးဆောင်လှုံဆော်နေတာပါ။

    “မြန်မာနိုင်ငံက အခြေအနေကို ဖြေရှင်းရေးမှာ ယူကေအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက အာဆီယံကို ဘယ်လို ကူညီနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မတို့ ဆွေးနွေးခဲ့ပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရာအဘ်နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် မာဆူဒီက ထုတ်ပြန်ခဲ့ပါတယ်။

    ဗြိတိန်ဟာ အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ပိတ်ဆို့မှုတွေလည်း လုပ်ဆောင်ထားပါတယ်။

    ​တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး မူဝါဒကြောင့် အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံနေရတာပါ။

    မာဆူဒီနဲ့ ရာအဘ်တို့ တွေဆုံမှုအတွင်း အာဆီယံနိုင်ငံတွေ တရုတ်နဲ့ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စ၊ တရုတ်ရဲ့ စစ်ရေးကိစ္စ​တွေကို ဆွေးနွေးခဲ့ကြပါတယ်။

    Ref : Reuters

  • တရုတ်အထည်ချုပ်စက်ရုံ မီးရှို့ခံရဟု တရုတ်နိုင်ငံပိုင် သတင်းဌာန ဖော်ပြ

    တရုတ်အထည်ချုပ်စက်ရုံ မီးရှို့ခံရဟု တရုတ်နိုင်ငံပိုင် သတင်းဌာန ဖော်ပြ

    ဧပြီ ၇၊ ၂၀၂၁
    M-Media

    မတ်လအတွင်းက လှိုင်သာယာတွင် မီးလောင်မှု

    -ရန်ကုန်မြို့က တရုတ်အထည်ချုပ်စက်ရုံတစ်ခု ဒီနေ့မနက်ပိုင်းမှာ မီးလောင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CGTN က ဖော်ပြပါတယ်။

    စက်ရုံတာဝန်ရှိသူက မီးဟာ ဝင်ပေါက်ကနေ စလောင်ခဲ့တာဖြစ်ပြီး ဓာတ်ဆီအနံ့တွေလည်း ရတဲ့အတွက် ရှို့မီးဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်းလည်း CGTN က ထည့်သွင်း ဖော်ပြထားပါတယ်။

    မီးဟာ ဒီနေ့မနက် ၅ နာရီ ၃၅ မိနစ်ကနေ ၆ နာရီ ၅၅ မိနစ်အထိ လောင်ခဲ့တာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ယွမ် ၈ သန်းခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ အရပ်သားအရေအတွက်ဟာ ၆၀၀ နား ကပ်နေပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က တရုတ်စက်ရုံတစ်ချို့ မီးလောင်ခဲ့ပြီး အဲဒီအချိန်တုန်းက ဆန္ဒပြ ပြည်သူတွေက ရှို့တာဖြစ်ကြောင်း၊ ကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ဆုံးရှုံးမှုကို ပြန်လည်ပေးလျော်ဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်း တရုတ်အစိုးရက ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    စစ်ကောင်စီက လူတစ်ချို့ကို ဒီမီးရှို့မှုမှာ ပါဝင်တယ်လို့စွပ်စွဲကာ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူလူထု သေဆုံးမှုကိုတော့ တရုတ်အစိုးရရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။

    Ref: CGTN

  • စစ်ကောင်စီကို ပိတ်ဆို့လျှင် ပြည်တွင်းစစ်ဖြစ်နိုင်သည်ဟု ရုရှားက ခြိမ်းခြောက်

    စစ်ကောင်စီကို ပိတ်ဆို့လျှင် ပြည်တွင်းစစ်ဖြစ်နိုင်သည်ဟု ရုရှားက ခြိမ်းခြောက်

    ဧပြီ ၆၊ ၂၀၂၁
    M-Media

    တပ်မတော်နေ့တွင် တွေ့ရသည့် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး

    -အာဏာသိမ်းစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူတာကို မိမိတို့ လက်မခံဘဲ ဒီလိုလုပ်နေရင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်နိုင်တယ်လို့ ရုရှားက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

    ရုရှားဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေပြီး မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားကိုလည်း ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့ကာ ရုရှားတင့်ကား၊ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တစ်ချို့ စစ်ရေးပြပွဲမှာ ပါဝင်ခဲ့ပါတယ်။

    အဲဒီနေ့က စစ်ကောင်စီ တပ်ဖွဲ့တွေ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    “လက်ရှိ မြန်မာအာဏာပိုင်တွေအပေါ် ပိတ်ဆို့အရေးယူမှုအပါအဝင် ခြိမ်းခြောက် ဖိအားပေးတဲ့ လမ်းကြောင်းကို သွားနေတာဟာ အလားအလာမကောင်းဘဲ အရမ်းကို အန္တရာယ်ရှိပါတယ်။ ဒီလိုမူဝါဒမျိုးက မြန်မာနိုင်ငံကို အကြီးစား ပြည်တွင်း ပဋိပက္ခဆီ တွန်းပို့သလိုပါပဲ” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Interfax သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: AFP

    (ဓာတ်ပုံ – အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံစဉ်)

  • ​မြန်မာပြဿနာအတွက် အာဆီယံက အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်

    ​မြန်မာပြဿနာအတွက် အာဆီယံက အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်

    ဧပြီ ၆၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေအတွက် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ အာဆီယံ အထူးအစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့ ဘရူးနိုင်းနဲ့ မလေးရှားတို့က မနေ့မှာ ထုတ်ပြန်ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်နဲ့ အာဆီယံ ဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ဘုရင် ဟာဆန်နယ် ဘိုကိုင်းယားတို့ ​တွေ့ဆုံပြီး မြန်မာကိစ္စအတွက် အာဆီယံနိုင်ငံတွေ အစည်းအဝေးတစ်ရပ်ကျင်းပဖို့၊ ဒီအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အစိုးရ တာဝန်ရှိသူတွေ လိုအပ်တာတွေ ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

    အစည်းအဝေးကို အာဆီယံ အတွင်းရေးမှူးရုံးရှိရာ အင်ဒိုနီးရှားမှာ ပြုလုပ်မှာဖြစ်တယ်လို့ ခေါင်းဆောင်နှစ်ဦးရဲ့ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျင်းပမယ့် ရက်အတိအကျကို ​မထုတ်ပြန်ပါဘူး။

    မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းဖို့နဲ့ တည်ငြိမ်မှုရဖို့ဟာ အာဆီယံဒေသရဲ့ ကြီးမားတဲ့ အကျိုးစီးပွား​ ဖြစ်တယ်လို့ မိမိတို့ရှုမြင်ပြီး နိုင်ငံအတွင်း အခြေအနေ ဆိုးရွားလာတဲ့အတွက်လည်း စိုးရိမ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်လာပြီးတဲ့နောက် ဒေသတွင်း သံတမန်ရေးရာမှာ အဓိကနေရာကနေ ပါဝင်နေတယ်ဆိုတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်မှုတွေလည်း မြင့်တက်လာပါတယ်။

    ဖေဖော်ဝါရီလအတွင်း အင်ဒိုနီးရှားဦးဆောင်ပြီး အာဆီယံက မြန်မာကိစ္စမှာ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက လက်ခံခဲ့ခြင်း မရှိပါဘူး။

    Ref: The Diplomat