News @ M-Media

Tag: National Team

  • ရော်နယ်ဒိုကဲ့သို့ ကြော်ငြာ မရိုက်၍ ကမ္ဘာ့အကောင်းဆုံး ဆု မိမိ မရနိုင်ဟု ဂျာမန်ဂိုးသမား နျူအာပြော

    ရော်နယ်ဒိုကဲ့သို့ ကြော်ငြာ မရိုက်၍ ကမ္ဘာ့အကောင်းဆုံး ဆု မိမိ မရနိုင်ဟု ဂျာမန်ဂိုးသမား နျူအာပြော

    နိုဝင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    233032B400000578-0-image-46_1416256544364
    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ ဇကာတင် စာရင်းတွင် ပါဝင်နေသည့် ဂျာမနီဂိုးသမား နျူအာက မိမိမှာ ရော်နယ်ဒို ကဲ့သို့ အောက်ခံဘောင်းဘီဖြင့် ကြော်ငြာ မရိုက်သည့် အတွက် ထိုဆုအား မရနိုင်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်ဒိုမှာ ကွင်းအတွင်း ကျော်ကြားမှုများအပြင် ကွင်းပြင်ပင်၌လည်း ကြော်ငြာရိုက်ခြင်း၊ ကုန်ပစ္စည်းများအတွက် မော်ဒယ်လုပ်ပေးခြင်း စသည့် ကျော်ကြားမှုများလည်း ရှိနေသည်။

    “ကျွန်တော်ဟာ အားကစားသမားတစ်ယောက်ပါ။ Adidas ရဲ့ပထမဂိုးသမားဖြစ်ပေမယ့် ကုန်ပစ္စည်းတစ်ခုရဲ့ သံအမတ်မဟုတ်ပါဘူး။ ပြီးတော့ အောက်ခံဘောင်းဘီဝတ်တဲ့ ပုံကို တင်တဲ့ လူလည်းမဟုတ်ပါဘူး။ ကျွန်တော်ဟာ ကော်ဇောနီကို မကြိုက်ပါဘူး။ မြက်ခင်းစိမ်းပဲကြိုက်ပါတယ်။ ကွင်းထဲမှာ ကျွန်တော်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရတာကိုပဲ ကျွန်တော် ပိုကြိုက်ပါတယ်” ဟု နျူအာက ပြောကြားခဲ့သည်။

    အဆိုပါဆု၏ ဇကာတင်စာရင်းတွင် ရော်နယ်ဒို၊ မက်ဆီ၊ မူလာ၊ ဂေါ့ဇီ စသည့်ကစားသမားများ ပါဝင်နေပြီး နျူအာကမူ ဂိုးသားသမားများမှာ တိုက်စစ်မှူးများထက် အဆိုပါဆုအား ရရှိရန် အလားအလာနည်းသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    “ပွဲပြီးရင် သူတို့ပြတာက ဂိုးတွေ၊ အခွင့်အရေးတွေ၊ ဖန်တီးပေးမှုတွေပါပဲ။ ဘောလုံးပွဲကြည့်သူတွေက အန္တရာယ်ကြီးတွေကို ရင်ဆိုင်ပြီး ခက်ခဲတဲ့ဘောလုံးတွေကို ဂိုးသမားက ကာကွယ်ခဲ့တာ ဒါမှမဟုတ် ကစားပွဲကို အနောက်ကနေ ဂိုးသမားက ဘယ်လိုစီမံလဲဆိုတာ သတိတောင် မရပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ballon d’Or ဆုကို ၁၉၆၃ နှစ်မှစ၍ ဂိုးသမားများ ရရှိခြင်း မရှိတော့ဘဲ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း နောက်ခံလူ ၂ ဦးသာလျှင် ရရှိထားသည်။

    ref_ Daily Mail

  • ပရိတ်သတ်များ သောင်းကျန်းမှု မိမိတို့အား အရှက်ရစေသည်ဟု ခရိုအေးရှား နောက်ခံလူဆို

    ပရိတ်သတ်များ သောင်းကျန်းမှု မိမိတို့အား အရှက်ရစေသည်ဟု ခရိုအေးရှား နောက်ခံလူဆို

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    608211_heroa
    – ယမန်နေ့က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ အီတလီနှင့်ပွဲတွင် ပရိတ်သတ်များ၏ လုပ်ရပ်က မိမိတို့အား အရှက်ရစေခဲ့သည်ဟု ခရိုအေးရှားနောက်ခံလူ ကိုဗက်က ပြောကြားလိုက်သည်။

    ၁ ဂိုးစီ သရေကျခဲ့သည့် ထိုပွဲ၏ ပွဲချိန် ၇၅ မိနစ်တွင် ခရိုအေးရှား ပရိတ်သတ်များမှာ ကွင်းအတွင်းသို့ မီးကျည်များ၊ မီးရှူးမီးပန်းများ ပစ်ထည့်ခဲ့ကြပြီး ဒိုင်လူကြီးက ပွဲအား ၁၀ မိနစ်ခန့် ရပ်နားခဲ့ရသည်။ ထို့ကဲ့သို့ ပစ်ထည့်မှုကြောင့် ကွင်းအတွင်း မီးများလောင်ခဲ့ပြီး မီးသတ်သမားများက လာရောက် ငြှိမ်းသက်ခဲ့ရကာ ရဲတပ်ဖွဲ့ဝင်များကလည်း ပရိတ်သတ်များ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ရသည်။

    ကိုဗက်ကမူ ထိုလုပ်ရပ်များအား ရှုတ်ချခဲ့သည်။

    “ကျွန်တော်ရှက်ပါတယ်။ အီတလီနိုင်ငံသားတွေကိုလည်း ကျွန်တော် တောင်းပန်ပြီးပါပြီ။ ခရိုအက်တွေဟာ ဒီလိုလူမျိုးတွေ မဟုတ်ကြပါဘူး။ ဘောလုံးလူရမ်းကား တစ်သိုက်ကြောင့် ကျွန်တော်တို့ဟာ လေးစားမှုကို ဆုံးရှုံးခဲ့ရပါပြီ။ တစ်ယောက်ယောက်ဟာ တစ်ခုခုကို ဆန္ဒပြချင်ရင် ဒီလိုလုပ်ဖို့ နေရာတွေရှိပါတယ်။ ဒါပေမယ့် ကစားကွင်းထဲမှာတော့ မဟုတ်ပါဘူး။ ဒီမှာ မိသားစုတွေ၊ ကလေးတွေ လာကြည့်တာကြောင့် သူတို့အတွက် စိတ်ပူရပါတယ်” ဟု ကိုဗက်က ပွဲအပြီးတွင် HTV သို့ ပြောကြားခဲ့သည်။

    ယူအီးအက်ဖ်အေကမူ ထိုအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး ပြစ်မှုထင်ရှားပါက ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်မှာ အရေးယူခံရဖွယ် ရှိနေသည်။

    ခရိုအေးရှားမှာ ယခုလက်ရှိတွင် အုပ်စု H ၏ ထိပ်ဆုံးနေရာတွင် အီတလီအသင်းအား ဂိုးကွာခြားချက် အသာရက ဦးဆောင်နေသည်။

  • စကော့တလန်-အိုင်ယာလန်ပွဲတွင် ပရိတ်သတ်တစ်ဦး ပွဲကြည့်စင်မှ ပြုတ်ကျ

    စကော့တလန်-အိုင်ယာလန်ပွဲတွင် ပရိတ်သတ်တစ်ဦး ပွဲကြည့်စင်မှ ပြုတ်ကျ

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    1416012739182_wps_43_Aiden_McGeady_of_Ireland_
    – ယမန်နေ့က ကစားခဲ့သော စကော့တလန်အသင်းနှင့် အိုင်ယာလန်အသင်းတို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ပရိတ်သတ်တစ်ဦးမှာ ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲ့သည်ဟု သိရသည်။

    ဆဲလ်တစ်ပ့ါခ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၌ စကော့တလန်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲအပြီး ခဏအကြာတွင် ပရိတ်သတ်တစ်ဦးမှာ ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲ့သောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

    “ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲအဖြစ် ဒီနေ့ညနေ ကစားခဲ့တဲ့ပွဲအတွင်း အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲကြည့်စင်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရသွားတယ်ဆိုတာ စကော့တလန် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ သူဟာ အခုလောလောဆယ် ဂလက်စ်ဂိုက ဆေးရုံမှာပါ” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အိမ်ရှင်စကော့တလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲပြီးကာနီး ၁၅ မိနစ်အလိုတွင် ၀ီဂန်ကွင်းလယ်လူ ရှောင် မယ်လိုနီက သွင်းပေးခဲ့ခြင်းဖြစ်ပြီး ထိုပွဲအနိုင်ကြောင့် စကော့တလန်မှာ ၄ ပွဲကစား ၇ မှတ်ဖြင့် အုပ်စု D ၏ စတုတ္ထနေရာတွင်ရှိနေကာ ဇယားအား ဦးဆောင်နေသည့် ပိုလန်နှင့် ၃ မှတ် ကွာဟနေသည်။

    ref_ Daily Mail

  • ၂၀၀၆ ကမ္ဘာ့ဖလားတွင် မိမိကလည်း ရော်နယ်ဒို ထွက်အောင် ကြိုးစားခဲ့သည်ဟု ရူနီဝန်ခံ

    ၂၀၀၆ ကမ္ဘာ့ဖလားတွင် မိမိကလည်း ရော်နယ်ဒို ထွက်အောင် ကြိုးစားခဲ့သည်ဟု ရူနီဝန်ခံ

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    1416013831364_wps_182_Football_referee_Horacio_
    – ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပေါ်တူဂီနှင့် ပွဲတွင် မိမိအား အနီကဒ်ပြရန် ရော်နယ်ဒိုက ဒိုင်လူကြီးအား ဖိအားပေးမှုကို နားလည်ပြီး မိမိကလည်း ထွက်သွားရအောင်ကြိုးစားခဲ့ကြောင်း အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ၀န်ခံပြောကြားလိုက်သည်။

    ထိုပွဲတွင် ရူနီမှာ ပေါ်တူဂီနောက်ခံလူ ရီကာဒို ကာဗယ်ဟိုအား တက်နင်းခဲ့သည့်အတွက်ကြောင့် တိုက်ရိုက်အနီကဒ်အဖြင့် အထုတ်ခံခဲ့ရပြီး ရော်နယ်ဒိုမှာ ရူနီအထုတ်ခံရရန် ဒိုင်လူကြီးအား ဖိအားပေးခဲ့သည်။

    ရူနီ ကွင်းအတွင်းမှ ထွက်ခွာခဲ့ပြီးနောက် ရော်နယ်ဒိုမှာ ရူနီအား အနီကဒ်ပြခံရရေး တမင်တကာ ဒိုင်လူကြီးအား ဖိအားပေးခဲ့ကြောင်း သိသာစေရန် အရန်ခုံဘက်သို့ မျက်လုံး မှိတ်အချက်ပြခဲ့ကာ ရော်နယ်ဒို၏ ထိုလုပ်ရပ်မှာ ကမ္ဘာကျော်ခဲ့သည်။

    ရူနီကမူ ရော်နယ်ဒိုမှာ နိုင်ငံအသင်းအတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို နားလည်ကြောင်း၊ ရော်နယ်ဒို၏နေရာတွင် မိမိဖြစ်ပါက ထိုကဲ့သို့ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “သူဘာလို့ ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ သူဟာ ပေါ်တူဂီအနိုင်ရဖို့အတွက် ကြိုးစားခဲ့တာပါ။ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်ဆိုရင်လည်း အဲဒီနေရာမှာ အဲဒီလို လုပ်ကောင်း လုပ်ပါလိမ့်မယ်။ ကျွန်တော်လည်း အင်္ဂလန်အသင်းအတွက် နိုင်ချင်တာပါပဲ” ဟု ရူနီက ပြောကြားခဲ့သည်။

    ပြိုင်ပွဲအတွင်း ၁ ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီဖြင့် ပေါ်တူဂီက နိုင်ခဲ့သည့် အဆိုပါပွဲတွင် မိမိကလည်း ရော်နယ်ဒိုထွက်ရအောင် ကြိုးစားခဲ့ကြောင်း ရူနီက ၀န်ခံခဲ့သည်။

    “ပထမပိုင်းမှာ သူ့ကို အ၀ါကဒ်ထိအောင် ကျွန်တော်ဟာ ဒိုင်လူကြီးဆီသွားပြီး သူဒိုင်ဗင်ထိုးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဘောလုံးလောကမှာ ဖြစ်နေကြပါ” ဟု ၎င်းက ပြုံးစစဖြင့် ထပ်လောင်းပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ယနေ့ညတွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် စလိုဗေးနီးယားနှင့် ကစားမည်ဖြစ်ပြီး ထိုပွဲမှာ ရူနီအတွက် အင်္ဂလန်အသင်း၏ ပွဲ ၁၀၀ မြောက် ဖြစ်မည်ဖြစ်သည်။

    ref_ Daily Mail

  • အီဗရာဟီမိုဗစ် ဆွီဒင် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၉ ကြိမ်မြောက် ဆွတ်ခူး

    အီဗရာဟီမိုဗစ် ဆွီဒင် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၉ ကြိမ်မြောက် ဆွတ်ခူး

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    1415668142882_wps_97_dmvidpics_2014_11_11_at_0
    – အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်သော်လည်း ခြေစွမ်းကောင်းများ ပြသနေဆဲဖြစ်သည့် ဆွီဒင် တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ ဆွီဒင်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၉ ကြိမ်မြောက် ရရှိသွားခဲ့သည်ဟု သိရသည်။

    ဆွီဒင်ဘောလုံးအဖွဲ့ချုပ်နှင့် Aftonbladet စာစောင်တို့မှ ကြီးမှူး၍ ပေးအပ်ချီးမြှင့်သည့် အဆိုပါ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့သော ဆွီဒင် ကစားသမားဟောင်း ကလက်စ် အင်ဂက်ဆန်နှင့် ပွန်တက်စ် ဆီဂါစရောမ်တို့အတွက် ၀မ်းနည်းခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့သည်။

    အီဗရာဟီမိုဗစ်၏ ကျေးဇူးတင်စကားတွင် ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့သည့် ၎င်း၏ ညီဖြစ်သူအတွက် ၀မ်းနည်းကြောင်းလည်း ပြောကြားခဲ့သည်။

    “ကျွန်တော်ရရှိခဲ့တဲ့ ဆုတွေအားလုံးဟာ ကျွန်တော် အောင်မြင်မှုရတာ၊ ပြီးတော့ ကျွန်တော် လုပ်နေတဲ့အလုပ်မှာ ကောင်မွန်းစွာလုပ်နိုင်တာကို ပြသနေသလို ကလက်စ် အင်ဂက်ဆန်နဲ့ ပွန်တက်စ် ဆီဂါစရောမ်တို့ရဲ့ အဖြစ်အပျက်တွေကလည်း လွှမ်းမိုးနေပါတယ်။ ကျွန်တော့် ညီတစ်ယောက်လည်း ဒီလိုကင်ဆာရောဂါကြောင့်ပဲ ပြီးခဲ့သည့် လနည်းငယ်က ကွယ်လွန်ခဲ့ပါတယ်။ ဒါဟာ ဘောလုံးလောက အပြင်က အရေးကြီးတဲ့ ဘ၀တစ်ခုပါပဲ။ သူတို့အားလုံး ကောင်းရာမွန်ရာ ရောက်ကြပါစေ” ဟု  မိုဗစ်က ၀မ်းနည်းကြေကွဲစွာဖြင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    မိုဗစ်၏ ကျေးဇူးတင်စကားပြောကြားပြီးနောက် ပရိတ်သတ်များက တစ်ခဲနက်သြဘာပေးခဲ့ကြပြီး မိုဗစ်၏ ချစ်သူ ဟဲလ်ီနာ ဆီဂါမှာ မျက်ရည်များပင် ကျခဲ့သည်။

    ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် ဘာစီလိုနာတို့တွင် ကစားခဲ့သည့် အီဗရာဟီမိုဗစ်မှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဆွီဒင်အကောင်းဆုံး ဘောလုံးသမားဆုအား ၉ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အာဆင်နယ် ကစားသမားဟောင်း လွန်းဘတ်က တစ်ကြိမ် ရရှိခဲ့သည်။

    ref_Daily Mail