News @ M-Media

Tag: National Team

  • နှစ်နိုင်ငံ တင်းမာမှုများ လျော့ကျစေရန် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများ ဆောင်ရွက်

    နှစ်နိုင်ငံ တင်းမာမှုများ လျော့ကျစေရန် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများ ဆောင်ရွက်

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    1413570054941_wps_3_Together_Cana_Djordjevic_
    – မိမိတို့ နှစ်နိုင်ငံ နိုင်ငံရေးအရ တင်းမာမှုများကို လျော့ကျစေရန်နှင့် ဘောလုံး အားကစားမှာ နိုင်ငံရေးပြဿနာများကို ကျော်လွှားနိုင်သည်ကို ပြသရန်တို့ အတွက် လာဇီယိုရှိ ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများက ကြိုးပမ်းမှု တစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ယခုတစ်ပတ်အတွင်း ကစားခဲ့သည့် ဆားဘီးယားနှင့် အလ်ဘေးနီးယား တို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အလ်ဘေးနီးယား အလံ တပ်ဆင်ထားသည့် ဒရုန်းလေယာဉ်တစ်စီးမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာခဲ့ပြီးနောက် နှစ်ဘက်ကစားသမားများနှင့် ပရိတ်သတ်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွာခဲ့ကာ နှစ်နိုင်ငံအကြား တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် အဆိုပါ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် သတင်းစကားများကို ပေးပို့ရန် ရည်ရွယ်၍ လာဇီယိုရှိ အလ်ဘေးနီးယား ကစားသမားများဖြစ်ကြသော လိုရစ် ကာနာ၊ အီထရစ် ဘာရီရှာ၊ သောမတ်စ် စတရာကိုရှာနှင့် ဆားဘီးယား ကစားသမားဖြစ်ကြသည့် ဖိလစ် ဂျော်ဒီဗစ်၊ ဒူဆန် ဘတ်စ်တာတို့မှာ အ၀တ်လဲခန်းအတွင်း လက်ချင်းယှက်၍ ဓာတ်ပုံများ ရိုက်ကာ Twitter စာမျက်နှာပေါ်သို့ လွှင့်တင်ခဲ့သည်။

    “ဆားဘီးယားနဲ့ အလ်ဘေးနီးယားကြားထဲမှာ သည်းမခံနိုင်မှုဆိုတာမရှိပါဘူး။ ဘဲလ်ဂရိတ်မှာ ဖြစ်ခဲ့တာတွေအတွက် ကာနာ၊ ဘာရီရှာတိုနဲ့အတူ ကျွန်တော်တို့ အနည်းအကျဉ်းလောက်ပဲ ပြောခဲ့ပြီး ရင်းရင်းနှီးနှီးလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အရင်တုန်းကအတိုင်းရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဆားဘီးယား ကစားသမား ဂျော်ဒီဗစ်က လာဇီယိုအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    လာဇီယိုဥက္ကဌ ကလော်ဒီယို လိုတီတိုက မိမိတို့ အသင်းတွင် ဆားဘီးယားနှင့် အလ်ဘေးနီးယား ကစားသမားများမှာ ညီရင်းအစ်ကိုများကဲ့သို့ ချစ်ခင်ကြကြောင်ပြောကြား ခဲ့ပြီး၊ အသင်း၏ ဒါရိုက်တာဖြစ်သူ အလ်ဘေးနီးယား လက်ရွေးစင်ကစားသမားဟောင်း အစ်ဂ်လီ တာရီကလည်း လိုတီတို၏ ပြောကြားမှုကို ထောက်ခံခဲ့သည်။

    ref_ Daily Mail

  • ဆားဘီးယား-အလ်ဘေးနီးယားပွဲ အဖြစ်အပျက် ခွင့် မလွှတ်နိုင်ဟု ပလာတီနီဆို

    ဆားဘီးယား-အလ်ဘေးနီးယားပွဲ အဖြစ်အပျက် ခွင့် မလွှတ်နိုင်ဟု ပလာတီနီဆို

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    1413392720675_wps_2_epa04446846_A_brawl_betwe
    – ဆားဘီးယားနှင့် အဲလ်ဗေးနီးယားတို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဖြစ်ပွားခဲ့သည့် ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြင်းထန်သော အပြစ်ပေးမှုများ ပြုလုပ်သွားနိုင်သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။

    ဆားဘီးယား မြို့တော် ဘဲလ်ဂရိတ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၏ မိနစ် ၄၀ ခန့်တွင် “ကြီးမြတ်သော အလ်ဘေးနီးယား” စာတမ်းပါ အလံတစ်ခုမှာ အဝေးထိန်း ဒရုန်းလေယာဉ်ဖြင့် ကွင်းအတွင်းသို့ ရောက်လာခဲ့ပြီး ဆားဘီးယား နောက်ခံလူ မီထရိုဗစ်က ထိုအလံအား ခုန်၍ ဆွဲယူခဲ့ရာမှ နှစ်ဘက်ကစားသမားများ၊ ပရိတ်သတ်များနှင့် ကွင်းလုံခြုံရေးများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    ထို့ပြင် ဆားဘီးယား ပရိတ်သတ်များမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အလ်ဘေးနီးယား ကစားသမားများမှာ အ၀တ်အလဲခန်းအတွင်းသို့ ထွက်ပြေးခဲ့ရသည်။

    ထိုကိစ္စနှင့် ပတ်သက်၍ UEFA က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး ဆားဘီးယားဘောလုံးအသင်းအား မီးရှူးမီးပန်းများပစ်ဖောက်မှု၊ ပရိတ်သတ်များက နှောက်ယှက်မှုနှင့် ပြိုင်ပွဲအစီအစဉ် ညံ့ဖျင်းမှုတို့ အပါအ၀င် စွဲချက် ၅ ခုတင်ထားပြီး၊ အလ်ဘေးနီးယားအသင်းအား ပွဲအား ဆက်လက်ကစားရန် ငြင်းဆန်မှု၊ ဥပဒေနှင့် မညီသော စာတမ်း ကိုင်ဆောင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။

    UEFA ဥက္ကဌ ပလာစီနီကမူ ထိုအဖြစ်အပျက်မှာ အလွန်ဝမ်းနည်းစရာကောင်းသည့် အဖြစ်အပျက်ဖြစ်ပြီး၊ ခွင့်မလွှတ်နိုင်သော အဖြစ်အပျက်ဟု ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဆားဘီးယားနှင့် အလ်ဘေးနီးယား ၂ သင်းစလုံးမှာ ဥရောပ ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရသည်အထိ အပြစ်ပေးခြင်း ခံရနိုင်သည်။

  • နေးမာမှာ ဘရာဇီးလ်အသင်း ခေါင်းဆောင်အသစ် ဖြစ်ကြောင်း နည်းပြ ဒွန်ဂါပြော

    နေးမာမှာ ဘရာဇီးလ်အသင်း ခေါင်းဆောင်အသစ် ဖြစ်ကြောင်း နည်းပြ ဒွန်ဂါပြော

    အောက်တိုဘာ ၁၆ ၊ ၂၀၁၄
    M-Media
    469170_heroa
    – တိုက်စစ်မှူးနေးမာမှာ ဘရာဇီးလ်အသင်း၏ ခေါင်းဆောင်သစ်ဖြစ်ပြီး အသင်း၏ အနာဂတ်အား လမ်းညွှန်ပေးမည်ဟု ဘရာဇီးလ်လက်ရွေးစင်အသင်း နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ယနေ့နံနက်တွင် ကစားခဲ့သည့် ဂျပန်အသင်းနှင့် ခြေစမ်းပွဲတွင် နေးမာမှာ အသင်းအတွက် အနိုင်ဂိုး ၄ ဂိုး စလုံးကို သွင်းယူပေးခဲ့ပြီး ဒွန်ဂါလက်ထက် ၄ ပွဲဆက်နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး နည်းပြဟောင်း စကိုလာရီ၏ နေရာကို ဆက်ခံခဲ့သည့် ဒွန်ဂါမှာ သီယာဂို ဆေးလ်ဗား ဒဏ်ရာရသွားခဲ့ပြီးနောက် ပြီးခဲ့သည့်လမှစ၍ အသက် ၂၂ နှစ်အရွယ် နေးမာအား အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပြီး ထိုအချိန်က အမြဲတမ်းခန့်အပ်ခြင်း ဟုတ်မဟုတ် မသေချာခဲ့ပေ။

    သို့သော်လည်း ဂျပန်နှင့်ပွဲအပြီးတွင် ဒွန်ဂါက

    “နေးမာဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် အသစ်ပါ။ လက်ရွေးစင်အသင်းအတွက် သူရဲ့ ရာထူးအသစ်လည်းဖြစ်ပါတယ်။ သူဟာ ဘောလုံးကစားရတာကို နှစ်သက်ပြီး ကွင်းထဲမှာလည်း ပျော်ရွှင်အောင် လုပ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဂျပန်နှင့် မကစားမီ အာဂျင်တီးနားနှင့် ကစားခဲ့သည့်ပွဲတွင်လည်း ဘရာဇီးလ်မှာ ၂ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒွန်ဂါကမူ အာရှ တစ်ခွင်ခြေစမ်းပွဲများ၌ အသင်း၏ ခြေစွမ်းကောင်းမွန်မှုများအား ကျေနပ်မိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  • ပွဲပယ်ခံရပြီး ပထမဆုံးပြန် ကစားသည့် နိုင်ငံတကာပွဲ၌ ဒိုင်ကိုခွင့်တောင်းပြီး အိမ်သာ သွားတက်တဲ့ ဆွာရက်ဇ်

    ပွဲပယ်ခံရပြီး ပထမဆုံးပြန် ကစားသည့် နိုင်ငံတကာပွဲ၌ ဒိုင်ကိုခွင့်တောင်းပြီး အိမ်သာ သွားတက်တဲ့ ဆွာရက်ဇ်

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    1412968712274_wps_15_Uruguay_s_Luis_Suarez_run
    – ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံး ၀င်ရောက်ကစား ခွင့်ရခဲ့သည့် နိုင်ငံတကာပွဲတွင် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်မှာ အသင်းအတွက် ဂိုးရရှိအောင် ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့ဖလားတွင် ချီလီနီအား ကိုက်ခဲ့မှုကြောင့် ဘောလုံးကစားခွင့် ၄ လနှင့် နိုင်ငံတကာ ပြိုင်ပွဲ ၉ ပွဲ ပိတ်ပင်ခံခဲ့ရသည့် ဆွာရက်ဇ်မှာ ပြစ်ဒဏ်လျော့ပေါ့မှုကြောင့် ယမန်နေ့က ကစားခဲ့သည့် ဆော်ဒီနှင့်ခြေစမ်းပွဲတွင် ပါဝင်ခွင့်ရခဲ့ပြီး ဒုတိယပိုင်းအစတွင် ၎င်း၏ ကန်သွင်းချက်မှတစ်ဆင့် ဆော်ဒီကစားသမားနှင့် ထိကာ ဥရုဂွေးတို့ ဦးဆောင်ဂိုးရခဲ့သည်။

    “ကြည်နူးမှုတွေဖြစ်စေတဲ့ လက်ရွေးစင်အသင်းအင်္ကျီကို ၀တ်ရတာကို ကျွန်တော်ပျော်ပါတယ်။ ဒီအင်္ကျီကို ချစ်မြတ်နိုးမှုဟာ ဘယ်တော့မှ လျော့သွားမှာ မဟုတ်ပါဘူး။ ဥရုဂွေးပါပဲ” ဟု ဆွာရက်ဇ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ၁ ဂိုးစီသရေကျခဲ့သည့် ထိုပွဲတွင် ဆွာရက်ဇ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယပိုင်း မိနစ် ၆၀ ကျော်တွင် ဆွာရက်ဇ်မှာ ဒိုင်လူကြီးများထံမှ ခွင့်တောင်း၍ အိမ်သာတက်ရန် ကွင်းအတွင်းမှ မိနစ်အနည်းငယ်အကြာ ထွက်သွားခဲ့သည်။

    ref_ Daily Mail

  • ဆန်မာရီနိုနှင့် ပွဲတွင် အင်္ဂလန်မှာ ဂိုးပို ရသင့်သည်ဟု နည်းပြပြော

    ဆန်မာရီနိုနှင့် ပွဲတွင် အင်္ဂလန်မှာ ဂိုးပို ရသင့်သည်ဟု နည်းပြပြော

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    466858_heroa
    – ယမန်နေ့ညက ကစားခဲ့သော ယူရို ၂၀၁၈ ခြေစစ်ပွဲတွင် ဆန်မာရီနိုအား အနိုင်ရရှိခြင်းအား ကျနပ်မိသော်လည်း မိမိတို့အနေဖြင့် ယခုထက်ပို၍ ဂိုးရသင့်သည်ဟု အင်္ဂလန်နည်းပြ ရွိုင် ဟဒ်ဆန်က ပြောကြားလိုက်သည်။

    တစ်ပွဲလုံး ခြေအသာဖြင့် ကစားနိုင်ခဲ့သည့် အင်္ဂလန်မှာ ထိုပွဲတွင် ကမ္ဘာ့အဆင့် ၂၀၈ မှ ဆန်မာရီနိုအား ရူနီ၊ ၀ဲလ်ဘတ်၊ တောင်ဆန်နှင့် ဖီလ် ဂျာဂျီလ်ကာတို့၏ ဂိုးများဖြင့် ၅ ဂိုး ပြတ်အနိုင်ရခဲ့သည်။

    နည်းပြ ဟဒ်ဆန်ကမူ ကစားသမားများ၏ ကြိုးစားမှုကို ကျေနပ်နေသည်။

    “ကျွန်တော်အထင်အကြီးဆုံးအရာတစ်ခုကတော့ ဘောလုံးဆုံးရှုံးသွားတဲ့အခါ ကျွန်တော်တို့အသင်းက ၃၊ ၄ ယောက်လောက် ဘောလုံးပြန်ရအောင် ကြိုးစားကြတာပါပဲ။ သိပ်ကောင်းတဲ့ပွဲပါပဲ။ ပရိတ်သတ်တွေကလည်း သိပ်ကို အံ့သြစရာပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့ ညတစ်ညကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ပြီးတော့ တိုက်စစ်အားပြု ကစားဟန်ကိုလည်း တွေ့ခဲ့ရပါတယ်။ ဂိုးပိုရနိုင်ပေမယ့် ကစားသမားတွေကိုတော့ ကျွန်တော် အပြစ်မတင်ချင်ပါဘူး” ဟု ဟဒ်ဆန်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ဟဒ်ဆန်မှာ အင်္ဂလန်အသင်းသို့ စတင်ရောက်ရှိလာပြီးနောက် အင်္ဂလန်အား လူငယ်သွေးသစ်များဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်းမရှိဘဲ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။