News @ M-Media

Tag: National Team

  • ဝေဖန်မှုများအား တုံ့ပြန်သွားမည် မဟုတ်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေး ပြောကြား

    ဝေဖန်မှုများအား တုံ့ပြန်သွားမည် မဟုတ်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေး ပြောကြား

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    425760_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲအလွန် မိမိတို့အသင်းမှာ တိုးတက်မှုများရှိနေပြီး မိမိအား ဝေဖန်နေမှုများကို တုံ့ပြန်သွားမည်မဟုတ်ဟု စပိန်အသင်းနည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှာ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် ခြေစွမ်းမပြနိုင်ခဲ့ဘဲ အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီး ပြီးခဲ့သည့် တစ်ပတ်က ပြင်သစ်အသင်းနှင့် ခြေစမ်းပွဲတွင်လည်း ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့သည်။

    ထို့ကြောင့် အဓိကကစားသမားနှစ်ဦး အနားယူသွားပြီးနောက် အသင်းအား ပြန်လည်တည်ဆောက်နေရသည့် နည်းပြဒဲလ်ဘော့စကေးအပေါ် ဝေဖန်မှုများ ရှိလာခဲ့သည်။

    “စပိန်အသင်းရဲ့ စွမ်းဆောင်ရည်ကို သံသယရှိနေတဲ့သူတွေနဲ့ဖက်ပြီး ကျွန်တော် ရန်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုပဲ ဝေဖန်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ချို့ယွင်းချက်တွေနဲ့ ပတ်သက်ပြီးပြောတာကို ကျွန်တော် မကြိုက်ပါဘူး။ ကောင်းတာတွေကို အလေးထားရတာပဲကျွန်တော်ပိုနှစ်သက်ပြီး အားနည်းချက်တွေကိုတော့ အသင်းရဲ့ ၀တ်လဲခန်းထဲမှာပဲ ပြောပါတယ်” ဟု ဒဲလ်ဘော့စကေးက Radio Marca သို့ပြောကြားခဲ့သည်။

    စပိန်အသင်းမှာ လာမည့်အောက်တိုဘာလတွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် စလိုဗက်ကီးယား၊ လူဇင်ဘတ်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

  • လက်ရွေးစင်နည်းပြ ခေါ်ယူမှု ငြင်းဆန်လျှင် ရီဘာရီ အပြစ်ပေးခံရမည်ဟု UEFA ဥက္ကဌဆို

    လက်ရွေးစင်နည်းပြ ခေါ်ယူမှု ငြင်းဆန်လျှင် ရီဘာရီ အပြစ်ပေးခံရမည်ဟု UEFA ဥက္ကဌဆို

    စက်တင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    444775_heroa
    – ရီဘာရီအနေဖြင့် နိုင်ငံတကာ ဘောလုံးကစားသမားဘ၀မှ အနားယူခဲ့ခြင်းကိုနားမလည်နိုင်ဘဲ လက်ရွေးစင်အသင်း၌ ပါဝင်ကစားရန် ခေါ်ယူမှုကို ငြင်းဆန်ပါက အပြစ်ပေးခံရနိုင်သည်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။

    ရီဘာရီမှာ ကိစ္စတစ်ခုအတွက် စုံးစမ်းစစ်ဆေးမှုကို ခံရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ပြင်သစ်လူစာရင်းမှ ယခုနှစ်အစောပိုင်းတွင် နှုတ်ထွက်ခဲ့ပြီး၊ နောက်ပိုင်းတွင် နိုင်ငံတကာ ဘောလုံးကစားသမားဘ၀မှ အနားယူပြီဟု ကြေညာခဲ့သည်။

    ပလာတီနီကမူ ရီဘာရီ၏ ဆုံးဖြတ်ချက်အတွက် စိတ်ရှုပ်ရပြီး၊ နည်းပြ ဒက်ချမ့်စ်၏ ခေါ်ယူမှုကို ငြင်းဆန်ပါက အပြစ်ပေးခံရနိုင်သည်ဟု ပြောကြားခဲ့သည်။

    “လက်ရွေးစင်အသင်းမှာ ကစားမလား၊ မကစားဘူးလားဆိုတာဟာ ကစားသမားရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ နည်းပြရဲ့ဆုံးဖြတ်ချက်ပါပဲ။ နည်းပြက သူ့(ရီဘာရီ)ကို ဖိတ်ခေါ်ရင် သူဟာ လက်ရွေးစင်အသင်းကို လာကို လာရပါမယ်။ ဒါကို ဖီဖာရဲ့ စည်းကမ်းချက်တွေထဲမှာ သတ်မှတ်ထားပါတယ်။ တစ်ကယ်လို့ သူမလာဘူးဆိုရင် ဘိုင်ယန်မြူးနစ်နဲ့ ကစားခွင့် ၃ ပွဲ ပိတ်ပင်ခံရမှာပါ” ဟု ပလာတီနီကဆိုသည်။

    ထို့ပြင် ပြင်သစ်မြေပေါ်တွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်လူမျိုး တစ်ယောက်က ပါဝင်မကစားသည့်အတွက် ရီဘာရီအား နားမလည်နိုင်ကြောင်း ပလာတီနီက ထပ်လောင်းပြောကြားခဲ့သည်။

  • အီတလီအသင်းမှာ အနာဂတ်တွင် အောင်မြင်မှုရမည်ဟု နည်းပြသစ် ကွန်တီဆို

    အီတလီအသင်းမှာ အနာဂတ်တွင် အောင်မြင်မှုရမည်ဟု နည်းပြသစ် ကွန်တီဆို

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    452467_heroa
    – ထူးခြားသည့် ကစားသမားများရှိနေသည့် မိမိတို့အသင်းမှာ အနာဂတ်တွင် အောင်မြင်မှု အသီးအပွင့်ကို ခံစားရလိမ့်မည်ဟု အီတလီနည်းပြသစ် ကွန်တီက ပြောကြားလိုက်သည်။

    နည်းပြအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံးကစားခဲ့သည့် ယမန်နေ့ ခြေစမ်းပွဲတွင် အီတလီအသင်းမှာ ဟော်လန်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး၊ ကွန်တီကမူ ကစားသမားများ၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကာ၊ အနိုင်ရလိုသည့် စိတ်ဓာတ် ပိုမိုပြသနိုင်ပါက အောင်မြင်နိုင်မည်ဟု မှတ်ချက်ပေးခဲ့သည်။

    “ရလဒ်ထက် အသင်းကစားသားမားတွေရဲ့ တုံ့ပြန့်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ကြိုးစားအားထုတ်မှုပိုင်း၊ အနိုင်ရလိုမှုနဲ့ ရှေ့ဆက်သွားချင်တဲ့ အယူအဆပိုင်းတွေမှာ တကယ့်ကို တိုးတက်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေက ကျွန်တော်တို့ကို ယုံကြည်မှု၊ စိတ်အားထက်သန်မှုနဲ့  အများက ယုံကြည်လက်ခံနိုင်မှုတွေကို ပေးပါတယ်” ဟု ကွန်တီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ထူးခြားသည့်ကစားသမားများ ပါဝင်သော ထူးခြားသည့်အသင်းဖြစ်ပြီး ရှေ့ဆက်ကြိုစားသွားပါက အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အီတလီအသင်းမှာ လာမည့်အင်္ဂါနေ့တွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် နော်ဝေအသင်းနှင့် ကစားရမည်ဖြစ်သည်။

  • ဆွီဒင်လက်ရွေးစင် အသင်းအတွက်  အီဗရာဟီမိုဗစ် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ

    ဆွီဒင်လက်ရွေးစင် အသင်းအတွက် အီဗရာဟီမိုဗစ် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ

    စက်တင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    452396_heroa
    – ယမန်နေ့က ကစားခဲ့သော အက်စတိုးနီးယားနှင့်ပွဲတွင်  ဂိုးသွင်းယူနိုင်ခဲ့သည့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ နိုင်ငံတကာသွင်းဂိုး စံချိန်တင်နိုင်ခဲ့သည်ဟု သိရသည်။

    ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ထိုပွဲတွင် အီဗရာဟီမိုဗစ်မှာ  ၎င်း၏ နိုင်ငံတကာဂိုး ၄၉ ဂိုးနှင့် ၅၀ မြောက်အဖြစ် အနိုင်ဂိုး ၂ ဂိုး စလုံးကို သွင်းယူပေးနိုင်ခဲ့ပြီး ဆွီဒင်တိုက်စစ်မှူးဟောင်း ဆဗင်ရိုင်ဒဲလ်၏ ၄၉ ဂိုး စံချိန်ကို ချိုးဖျက်ကာ စံချိန်သစ် တင်နိုင်ခဲ့သည်။

    ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက် အီဗရာဟီမိုဗစ်မှာ ဂျာစီချွတ်ကာ အောင်ပွဲခံခဲ့ပြီး ၎င်း၏ အောက်ခံအင်္ကျီမှ “ဂိုး ၅၀ပြည့်ပါပြီ။ ဒါကို သင်တို့ကပဲ စွမ်းဆောင်ပေးခဲ့တာပါ” ဟု ရေးသားထားသည့် စာတန်းကို ပရိတ်သတ်များအား ပြသခဲ့သည်။

    ထိုပွဲမှာ အီဗရာဟီမိုဗစ်၏ ၉၉ ပွဲမြောက် နိုင်ငံတကာပွဲဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း သြစတြီးယားနှင့်ကစားမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ပွဲ ၁၀၀ ပြည့်မည်ဖြစ်သည်။

    ယခင်စံချိန်ရှင် ရိုင်ဒဲလ်မှာ ၁၉၂၀ ခုနှစ်မှ ၁၉၃၄ ခုနှစ်အထိ လက်ရွေးစင်အသင်းအတွက် ၄၃ ပွဲ ကစားခဲ့ကာ ၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။