News @ M-Media

Tag: NewZealand

  • အာဏာသိမ်းအစိုးရနှင့် ဆက်ဆံရေးဖြတ်ကြောင်း နယူးဇီလန် ကြေငြာ

    အာဏာသိမ်းအစိုးရနှင့် ဆက်ဆံရေးဖြတ်ကြောင်း နယူးဇီလန် ကြေငြာ

    ဖေဖော်ဝါရီ ၉၊ ၂၀၂၁
    M-Media

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အားဒန်

    -အာဏာသိမ်းအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

    နယူးဇီလန်ကပေးတဲ့ အကူအညီတွေမှာ စစ်တပ်က အကျိုးဖြစ်ထွန်းတာ၊ စစ်တပ်နဲ့နွယ်ပြီး ပေးရတာမျိုး မဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း သူမက ဆိုပါတယ်။

    “နယူးဇီလန်က လုပ်နိုင်သမျှအားလုံး လုပ်သွားမယ်ဆိုတဲ့ သတင်းစကားပေးချင်တယ်။ ကျွန်မတို့လုပ်မယ့် ကိစ္စတွေထဲကတစ်ခုက အဆင့်မြင့်အရာရှိအဆင့် ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းတာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံကို ပေးတဲ့အကူအညီတွေ တစ်နည်းနည်းနဲ့ စစ်အစိုးရကို အထောက်အပံ့ဖြစ်စေတာမျိုး မဖြစ်ဖို့လည်း ကျွန်မတို့ သေသေချာချာ ဆောင်ရွက်သွားမှာပါ”

    ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အတွင်း နယူးဇီလန်က မြန်မာနိုင်ငံကို အကူအညီပေးအပ်တဲ့ ပမာဏဟာ ကန်ဒေါ်လာ သန်း ၃၀ လောက်ရှိတယ်လို့ အာဒန်က ပြောပါတယ်။

    နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး နာနာအီယာ မာဟူတာ ထုတ်ပြန်တဲ့ကြေငြာချက်မှာ အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုဘူးလို့ ပြောကြားထားပြီး၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ခရီးသွားလွာခွင့် ပိတ်ပင်​ရေး အစိုးရက သဘောတူထားပြီး လာမယ့်တစ်ပတ်မှာ တရားဝင်ထုတ်ပြန်သွားမယ်လို့လည်း မာဟူတာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Retuers

  • ခရိုက်ချက်ဗလီအကြမ်းဖက်ခံရမှုတွင် အစိုးရကလစ်ဟင်းခဲ့သည်ဟု နယူးဇီလန်ဝန်ကြီးချုပ် နိုင်ငံကိုပြန်တောင်းပန် (မြန်မာစာတမ်းထိုး)

    ခရိုက်ချက်ဗလီအကြမ်းဖက်ခံရမှုတွင် အစိုးရကလစ်ဟင်းခဲ့သည်ဟု နယူးဇီလန်ဝန်ကြီးချုပ် နိုင်ငံကိုပြန်တောင်းပန် (မြန်မာစာတမ်းထိုး)

    ဒီဇင်ဘာ ၁၀၊ ၂၀၂၀

    M-Media

    ခရိုက်ချက်ဗလီအကြမ်းဖက်ခံရမှုတွင် အစိုးရကလစ်ဟင်းခဲ့သည်ဟု နယူးဇီလန်ဝန်ကြီးချုပ် နိုင်ငံကိုပြန်တောင်းပန် (မြန်မာစာတမ်းထိုး) Video Source – Aljazeera

  • ခရိုက်ချက်ဗလီများကို အကြမ်းဖက်ခဲ့သည့် လူဖြူအစွန်းရောက်ကို နယူးဇီလန်က အမိန့်ချမည်

    ခရိုက်ချက်ဗလီများကို အကြမ်းဖက်ခဲ့သည့် လူဖြူအစွန်းရောက်ကို နယူးဇီလန်က အမိန့်ချမည်

    ဩဂုတ် ၂၄၊ ၂၀၂၀
    M-Media

    တိုက်ခိုက်ခံရပြီးနောက် ဗလီရှေ့မြင်ကွင်း

    -၂၀၁၉ ခုနှစ် မတ်လက နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအစွန်းရောက်ဟာ အစ္စလာမ်ဘာသာ၀င်တွေကို တတ်နိုင်သမျှသတ်ဖြတ်ဖို့ စီစဥ်ခဲ့တာ ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက တရားရုံးမှာ ပြောကြားခဲ့ကြပါတယ်။

    အဲဒီလူဖြူအစွန်းရောက် သြစတေးလျနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ဘရန်တန် တားရန့်ဆိုသူဟာ လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြိုးစားမှု ၄၀ မှုနဲ့ တရားစွဲဆိုခံထားရပြီး အမိန့်ချမယ့် နောက်ဆုံးကြားနာမှုတွေကို ဒီနေ့မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

    အစိုးရရှေ့နေ ဘာရ်နာဘီ ဟာ၀ီစ်က တားရန့်ဟာ တိုက်ခိုက်မှု ပြုလုပ်ဖို့အတွက် နှစ်နဲ့ချီစီစဥ်ခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာ၀င်တွေကို တတ်နိုင်သမျှ များများသတ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မယ့် ဗလီတွေအကြောင်း သတင်းအချက်လက်တွေ စုဆောင်းခဲ့သလို ဒရုန်းနဲ့ ပျံသန်းကာ ပစ်မှတ်အနေအထားတွေကိုလည်း တားရန့်က ကြည့်ရှုခဲ့ပါတယ်။

    ခရိုက်ချက်မြို့က အလ်-နူရ်ဗလီနဲ့ လင်၀ုဒ်ဗလီတို့ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အက်ရှ်ဘာတန်ဆိုတဲ့ နောက်ထပ်ဗလီတစ်လုံးကို သွားရောက်တိုက်ခိုက်ဖို့လည်း တားရန့်က စီစဥ်ထားပြီး တိုက်ခိုက်မှုပြီးရင် ဗလီတွေကိုး မီးရှို့ဖို့အထိပါ ရည်ရွယ်ထားတာပါ။

    တားရန့်ရဲ့ ဗလီနှစ်လုံးကို တိုက်ခိုက်မှုအတွင်း ကလေးနဲ့ အမျိုးသမီးတွေ အပါအ၀င် ၅၁ ဦးသေဆုံးပြီး ၆၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။

    တရားရုံးက တားရန့်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ထားပြီး ၃ ရက်ကြာမြင့်မယ့် ဒီတစ်ပတ် ကြားနာမှုမှာ အမိန့်ချမှတ်မှာပါ။

    နယူးဇီလန်မှာ အမြင့်ဆုံး ထောင်ဒဏ် ၁၇ နှစ်သာ သတ်မှတ်ထားပေမယ့် တရားသူကြီးတွေမှာ တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ အခွင့်အာဏာ ရှိနေပါတယ်။

    လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ဟာ လွတ်ငြိမ်းချမ်းသာခွင့်မရတဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ဗလီကိုတိုက်ခိုက်သည့် လူဖြူအကြမ်းဖက်သမားကို နယူးဇီလန်က ဩဂုတ်လတွင် အမိန့်ချမည်

    ဗလီကိုတိုက်ခိုက်သည့် လူဖြူအကြမ်းဖက်သမားကို နယူးဇီလန်က ဩဂုတ်လတွင် အမိန့်ချမည်

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -နယူးဇီလန်က ဗလီနှစ်လုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ကို လာမယ့်ဩဂုတ်လမှာ အမိန့်ချတော့မယ်လို့ တရားရုံးက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် မတ်လ ခရိုက်ချက်မြို့က ဗလီနှစ်လုံးကို တားရန့်က ဝင်ရောက်ပစ်ခတ်ရာမှာ ၅၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    နယူးဇီလန်အစိုးရက ဒီလုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ခဲ့ပြီး တားရန့်ကို လူသတ်မှုစွဲချက် ၅၁ ခု၊ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် ၄၀ နဲ့ တရားစွဲကာ ခရိုက်ချက်တရားရုံးမှာ စစ်ဆေးနေတာပါ။ တားရန့်ကလည်း အပြစ်ရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

    တရားသူကြီး ကင်မရွန်းမန်ဒါက ဩဂုတ်လ ၂၄ ရက်နေ့မှာ တားရန့်ကို အမိန့်ချသွားမှာဖြစ်ပြီး အနည်းဆုံး ၃ ရက် သတ်မှတ်ထားပေမယ့် ပိုကြာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေထဲမှာ တစ်ချို့ဟာ နိုင်ငံရပ်ခြားရောက်နေပြီး အမိန့်ချမှုကို အွန်လိုင်းကနေတစ်ဆင့် ဒီလူတွေ ကြည့်ရှုနားထောင်နိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း မန်ဒါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ကမ္ဘာ့အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းတွေက ဘာတွေလဲ

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    -ကမ္ဘာပေါ်က အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၀ ခုကို AirlineRatings.com က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ရာမှာ ဩစတေးလျ နိုင်ငံပိုင်လေကြောင်းလိုင်း Qantas က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

    AirlineRatings.com ဟာ ကမ္ဘာတစ်ဝှမ်းက ‌လေကြောင်းလိုင်းပေါင်း ၄၀၅ ခုလောက်ကို စောင့်ကြည့်နေတာဖြစ်ပြီး အန္တရာယ်အကင်းဆုံးလို့ ယူဆရတဲ့ လေကြောင်းလိုင်းတွေစာရင်းကို နှစ်စဉ် ထုတ်ပြန်လေ့ ရှိပါတယ်။

    Qantas လေကြောင်းလိုင်းဟာ ၂၀၁၄ ခုနှစ် ၂၀၁၇ ခုနှစ်အထိ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ လေကြောင်းလိုင်းပေါင်း ၂၀ လောက် အန္တရာယ်အကင်းဆုံးအဖြစ် ပူးတွဲရပ်တည်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်မှာ Qantas လေကြောင်းလိုင်းက အဆင့် ၁၊ နယူးဇီလန်ရဲ့ Air New Zealand လေ‌ကြောင်းလိုင်းက အဆင့် ၂၊ ထိုင်ဝမ်ရဲ့ EVA Air လေကြောင်းလိုင်းက အဆင့် ၃၊ ယူအေအီးအခြေစိုက် Etihad Airways လေကြောင်းလိုင်းက အဆင့် ၄၊ ကာတာရဲ့ Qatar Airways လေကြောင်းလိုင်းက အဆင့် ၅ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

    အရပ်ဖက်လေကြောင်းအဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ သုံးသပ်မှုတွေ၊ မတော်တဆဖြစ်မှု မှတ်တမ်း၊ လေယာဉ်တွေရဲ့ သက်တမ်း၊ ဘဏ္ဍာရေးအခြေအနေ၊ လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးမှုတွေကို သုံးသပ်ကာ ဒီစာရင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ထိပ်တန်းနေရာမှာ ရှိခဲ့တဲ့ British Airways၊ ANA, American Airlines နဲ့ United လေကြောင်းလိုင်းတွေကတော့ အခုနှစ် အန္တရာယ်အကင်းဆုံးစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

    ကမ္ဘာ့ အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၄ ခု

    Ref: CNN