News @ M-Media

Tag: Nigeria

  • စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို နိုက်ဂျီးရီးယား ဖမ်းဆီး

    စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို နိုက်ဂျီးရီးယား ဖမ်းဆီး

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    nigeria 1

    – အနောက်နိုင်ငံသားများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်မှုအတွက် နာမည်ကြီးပြီး အလ်-ကိုင်းဒါးနှင့် ချိတ်ဆက်မှုရှိသည့် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု နိုက်ဂျီးရီးယားနိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။

    ခါလစ် အလ်-ဘာရ်နာဝီဆိုသူဖြစ်ပြီး နိုက်ဂျီးယားရီးယား၏ အလိုရှိသော အကြမ်းဖက်သမားစာရင်းတွင် ထိပ်ဆုံး၌ ရှိနေသည့် ၎င်းအား နိုင်ငံအလယ်ပိုင်း ကိုဂီပြည်နယ် မြို့တော် လိုကိုဂျာတွင် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကလည်း ၎င်း၏ဦးခေါင်းအတွက် ကန်ဒေါ်လာ ၅ သန်း ဆုငွေထုတ်ထားသည်။

    အလ်-ဘာရ်နာဝီမှာ ဘိုကိုဟရမ်နှင့် ဆက်ဆံရေးရှိပြီး အလ်ကိုင်းဒါးနှင့်လည်း ချိတ်ဆက်မှုရှိသည်ဟု အမေရိကန်အစိုးရ၏ မှတ်တမ်းအရ သိရသည်။

    နိုက်ဂျီးရီးယားစစ်တပ်ကမူ ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်းမှာ ကြီးမားသောအောင်ပွဲဖြစ်ပြီး နိုက်ဂျီးရီးယားနှင့် ဒေသအတွင်း အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများ လုပ်ဆောင်ရာတွင် ထိရောက်မှုများ ရှိလာလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Press TV

  • ဘိုကိုဟရမ်လက်မှ ဓားစားခံ ၈၀၀ ကျော်ကို နိုက်ဂျီးရီးယား ကယ်ထုတ်နိုင်ခဲ့

    ဘိုကိုဟရမ်လက်မှ ဓားစားခံ ၈၀၀ ကျော်ကို နိုက်ဂျီးရီးယား ကယ်ထုတ်နိုင်ခဲ့

    မတ် ၂၅၊ ၂၀၁၆
    M-Media

    nigeria

    – ဘိုကိုဟရမ်အခြေစိုက်ရာ နိုင်ငံအရှေ့မြောက်ပိုင်းဒေသမှ ဓားစာခံပေါင်း ၈၀၀ ကျော်ကို မိမိတို့တပ်ဖွဲ့က ယခုတစ်တပ်အတွင်း လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။

    အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် လူပေါင်း ၅၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဘိုကိုဟရမ် တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့ကာ တစ်ဦးကို အရှင်ဖမ်းဆီး ရမိခဲ့သည်ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆာနီ ကူကာရှီကာ အူစမန်က ပြောကြားခဲ့သည်။

    ယမန်နေ့က စစ်တပ်၏ ၀ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ ဒေသတွင်း အခြား ၁၁ ရွာမှ ၃၀၉ ဦးကို ထပ်မံ ကယ်တင်နိုင်ခဲ့ပြီး ထိုစစ်ဆင်ရေးတွင် အကြမ်းဖက်သမား အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

    နိုက်ဂျီးရီးယားအစိုးရမှာ ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့ကို တောက်လျှောက် ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ပြန်ကြားရေးဝန်ကြီး လာအီ မိုဟာမက်ကမူ ဘိုကိုဟရမ်မှာ ကြီးမားသည့် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သည့် စွမ်းအား မရှိတော့လောက်အောင် အားနည်းသွားခဲ့သည်ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • IS ကို စစ်ရေးဖြင့်ရင်ဆိုင်ခြင်းထက် ၎င်းတို့၏ အတွေးအခေါ်ဆိုးကို တွန်းလှန်ခြင်းမှာ ပိုအရေးကြီးသည်ဟု နိုက်ဂျီးရီးယားပြော

    IS ကို စစ်ရေးဖြင့်ရင်ဆိုင်ခြင်းထက် ၎င်းတို့၏ အတွေးအခေါ်ဆိုးကို တွန်းလှန်ခြင်းမှာ ပိုအရေးကြီးသည်ဟု နိုက်ဂျီးရီးယားပြော

    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media

    Nigeria
    နိုက်ဂျီးရီးယား ဒုတိယသမ္မ ယဲမီ အိုဆင်ဘာဂျို

    – IS အကြမ်းဖက်အဖွဲ့အား စစ်ရေးအရ တိုက်ခိုက်ခြင်းထက် ၎င်းတို့၏ ဆိုးရွားသော အတွေးအခေါ်အပိုင်းဆိုင်ရာကို တွန်းလှန်ခြင်းမှာ ပိုအရေးကြီးသည်ဟု မွတ်စလင်အများစုရှိရာ နိုက်ဂျီးရီးယားနိုင်ငံသမ္မတ ဘူဟာရီက ပြောကြားလိုက်သည်။

    ဒုတိယသမ္မ ယဲမီ အိုဆင်ဘာဂျိုမှာ ဆွဇ်စ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင်ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌  ယမန်နေ့က CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတဘူဟာရီ၏ ထိုမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ကမ္ဘာအနေဖြင့် IS အား ရှုတ်ချရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်တော့ ကျွန်တော်တို့ဟာ သူတို့ကို စစ်ရေးအရ မဖြစ်မနေရင်ဆိုင်ရမှာပါ။ သူတို့ဟာ စစ်တပ်ဖြစ်နေတဲ့အတွက် ဒါဟာ လုံးဝအရေးပါပါတယ်။ ဒါပေမယ့် ပိုအရေးကြီးပြီး ရှေ့ဆက် တိုးမြှင့်လုပ်ဆောင်ရမှာက အယူဝါဒပိုင်းဆိုင်ရာကိစ္စပါ။ ကျွန်တော်တို့ဟာ အဲဒီအယူဝါဒပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းရပါမယ်။ ပြီးတော့ သမ္မတဘူဟာရီက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်ခေါင်းဆောင်တွေအနေနဲ့ IS အဖွဲ့ကို ဆန့်ကျင်ပြောဆိုဖို့၊ သူတို့ရဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်ကို အခြေခံကျကျ တိုက်ထုတ်သွားဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု အိုဆင်ဘာဂျိုက ပြောကြားခဲ့သည်။

    နိုက်ဂျီရီးယားနိုင်ငံမှာ IS အား သစ္စာခံသော ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့၏ ထကြွသောင်းကျန်းမှုကို ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်ပြီး အစ္စလာမ်ဘာသာဝင်သမ္မတ ဘူဟာရီကမူ မိမိအနေဖြင့် အဆိုပါအဖွဲ့အား အမြစ်ဖြုတ်သွားမည်ဟု ပြောကြားထားဖူးသည်။

    အစ္စလာမ်သာသနာကို ခုတုံးလုပ်၍ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အသင်းအဖွဲ့များ၊ ဘာသာရေခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့ပြီး၊ ၎င်းတို့၏ လုပ်ရပ်နှင့် အတွေးအခေါ်များမှာ အစ္စလာမ်နှင့် လုံးဝ ဆန့်ကျင်နေကြောင်း၊ ၎င်းတို့အဖွဲ့မှာ အစ္စလာမ်သာသနာ၏ ရန်သူသာဖြစ်ကြောင်း ဓမ္မသတ်များ ထုတ်ပြန်ခဲ့ကြသည်။

    IS အကြမ်းဖက်အဖွဲ့ကြောင့် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသူ အများစုမှာလည်း အစ္စလာမ်ဘာသာဝင်များပင် ဖြစ်သည်။

    Ref: CNBC

  • နိုက်ဂျီးရီးယားသမ္မတ အစိုးရအဖွဲ့ကို ကြေငြာ

    နိုက်ဂျီးရီးယားသမ္မတ အစိုးရအဖွဲ့ကို ကြေငြာ

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    nigiria

    – မတ်လက ရွေးကောက်ပွဲတွင် အနိုင်ရပြီး မေလ ၂၉ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နိုက်ဂျီးရီးယားသမ္မတ ဘူဟာရီမှာ ၀န်ကြီး ၃၆ ဦးပါဝင်သော ကတ်ဘိနတ်အဖွဲ့ကို ယမန်နေ့က ကြေငြာခဲ့သည်ဟု သိရသည်။

    ဘူဟာရီ၏ အစိုးရအဖွဲ့မှာ သမ္မတဟောင်း ဂွဒ်လက် ဂျိုနသန်လက်ထက် ခန့်အပ်ခဲ့သည့် ၀န်ကြီးအရေအတွက် ၄၂ ဦးထက် ပိုနည်းပြီး၊ သက်ဆိုင်ရာနယ်ပယ်များတွင် အောင်မြင်နေသူများကိုလည်း နေရာပေးခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ ရေနံဝန်ကြီးဌာန တစ်ခုလုံးကို ဘူဟာရီကသာ ထိန်းချုပ်သွားမည်ဖြစ်သည်။

    ကတ်ဘိနတ်အဖွဲ့ကို ကြေငြာပြီးနာက် ဘူဟာရီက နိုက်ဂျီးရီးယား၏ လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ရေး အာရုံစိုက်ရန် ၀န်ကြီးများကို တိုက်တွန်းပြောကြားခဲ့သည်။ ၀န်ကြီးအများစုမှာ နိုင်ငံရေးသမားဟောင်းများဖြစ်ပြီး ဘူဟာရီ၏ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် အဓိကကျသူများ ဖြစ်ခဲ့သည်။

    Ref: Aljazeera

  • နိုက်ဂျီးရီးယားရှိ ဗလီတွင် အသေခံဖောက်ခွဲမှုဖြစ်၊ ၁၃ ဦး သေဆုံး

    နိုက်ဂျီးရီးယားရှိ ဗလီတွင် အသေခံဖောက်ခွဲမှုဖြစ်၊ ၁၃ ဦး သေဆုံး

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    nigeria

    – နိုက်ဂျီးရီးယားမြောက်ပိုင်း ဘော်နိုပြည်နယ် မူလိုင်ဒေသရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ယမန်နေ့ညပိုင်းက အသေခံဗုံးဖောက်ခွဲမှုနှစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ညပိုင်း ၀တ်ပြုဆုတောင်းနေစဉ် ဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိနေသည်။ ဖောက်ခွဲမှုအတွက် မည်သူမှ တာဝန်မယူသေးဘဲ သံသယရှိသည့် အဖွဲ့များတွင် ဒေသအတွင်း ထိုကဲ့သို့ အသေခံဗုံးဖောက်ခွဲမှုများ ပြုလုပ်လေ့ရှိသည့် ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ထိပ်ဆုံးတွင်ရှိနေသည်။

    ပြီးခဲ့သည့် တနင်္လာနေ့ညကလည်း ဘော်နိုပြည်နယ်မြို့တော် မိုင်ဒွဂ်ရီတွင် ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သား ၅ ဦးနှင့် အသေခံဗုံးခွဲသမား ၃ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera