News @ M-Media

Tag: Nigeria

  • နိုက်ဂျီးရီးယား ရေနံမင်းသမီး လန်ဒန်တွင် အဖမ်းခံရ

    နိုက်ဂျီးရီးယား ရေနံမင်းသမီး လန်ဒန်တွင် အဖမ်းခံရ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    nigeria

    – ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုက်ဂျီးရီးယား ရေနံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်ပိုင် ငွေကြေး ကန်ဒေါ်လာ ဘီလီယံများစွာ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံထားရသူ အမျိုးသမီး ဒီဇာနီ အလီဆန်-မာဒူကီကို လန်ဒန်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ပြီဟု နိုက်ဂျီးရီးယား သမ္မတအသိုင်းအ၀ိုင်းနှင့် မာဒူကီ၏ မိသားစုရင်းမြစ်များက ပြောကြားခဲ့သည်။

    သမ္မတဟောင်း ဂွဒ်လက်ဂျိုနသန်က ဘူဟာရီအား ယခုနှစ်ဆန်းပိုင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မာဒူကီမှာ ပြန်လည်ရွေးချယ်ခြင်း မခံရတော့ပေ။ ဘူဟာရီကမူ နိုင်ငံအတွင်း ခြစားမှုများကို အမြစ်ဖြတ် တိုက်ထုတ်သွားမည်ဟု ကတိပေးထားသည်။

    ယူကေ အမျိုးသားရာဇ၀တ်မှုအေဂျင်စီမှ ထုတ်ပြန်သော ကြေငြာချက်တွင် နိုင်ငံတကာ ခြစားမှုတိုက်ဖျက်ရေးတပ်ဖွဲ့များမှာ လာဘ်စားမှုနှင့် ခြစားမှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသူ ၅ ဦးကို လန်ဒန်တစ်ဝိုက်တွင် ဖမ်းဆီးခဲ့သည်ဟု ရေးသားထားပြီး အမည်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

    နိုက်ဂျီးရီးယား မီဒီယာများကမူ မာဒူကီမှာ နာရီအနည်းငယ်အကြာတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera

  • ပိုလီယိုဖြစ်ပွားသည့် နိုင်ငံစာရင်းမှ နိုက်ဂျီးရီးယားကို ပယ်ဖျက်

    ပိုလီယိုဖြစ်ပွားသည့် နိုင်ငံစာရင်းမှ နိုက်ဂျီးရီးယားကို ပယ်ဖျက်

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    nig

    – နိုက်ဂျီးရီးယားနိုင်ငံအား ပိုလီယိုဖြစ်လေ့ရှိသော နိုင်ငံများစာရင်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယမန်နေ့တွင် ဖယ်ရှားလိုက်ပြီး ထိုသမိုင်းဝင်အောင်မြင်မှုအတွက်လည်း ချီးကျူးပြောဆိုခဲ့သည်။

    အာဖရိက၏ လူဦးရေအများဆုံး နိုက်ဂျီးရီးယားတွင် လွန်ခဲ့သည့်တစ်နှစ်ကျော်က ပိုလီယိုရောဂါဖြစ်ပွားမှုတစ်ကြိမ် ရှိခဲ့ပြီး နောက်ပိုင်း နောက်ထပ် ဖြစ်ပွားခြင်း မရှိတော့ပေ။

    နယူးယောက်မြို့၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုရောဂါ အမြတ်ဖြတ်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးတွင် WHO က ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ပိုလီယိုဖြစ်ပွားသော နိုင်ငံများစာရင်းတွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သာ ကျန်ရှိတော့သည်။

    “ပိုလီယိုဗိုင်းရပ်စ် ပြန့်နှံ့ခြင်းကို နိုက်ဂျီးရီးယားက ရပ်တန့်နိုင်တာ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။ ဒါက နိုက်ဂျီးရီးယားနဲ့ အာဖရိကဒေသကို ပိုလီယိုကင်းစင်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ပိုပြီး နီးကပ်လာတာ ဖြစ်ပါတယ်” ဟု WHO မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    နိုက်ဂျီးရီးယား၌ နောက်ဆုံးဖြစ်ပွားခဲ့သည့် ပိုလီယိုရောဂါမှာ နိုင်ငံမြောက်ပိုင်း ကာနိုပြည်နယ်ရှိ ဆူမိုင်လာခရိုင်တွင် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ပိုလီယိုဖြစ်လေ့ဖြစ်ထရှိသော နိုင်ငံများစာရင်းမှ ပယ်ဖျက်ရန်အတွက် နိုင်ငံတစ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုမှ ၁၂ လကြာ ကင်းစင်ရမည်ဖြစ်ပြီး၊ ၃ နှစ်တာ ပိုလီယိုရောဂါ ဖြစ်ပွားခြင်း မရှိပါက ရောဂါကင်းစင်နယ်မြေအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

    WHO က နိုက်ဂျီးရီးယားနိုင်ငံအတွင်းရှိ ဓာတ်ခွဲခန်းအားလုံး၏ အချက်အလက်များအရ နိုင်ငံအတွင်း လွန်ခဲ့သည့် ၁၂ လတာကာလ၌ ပိုလီယိုရောဂါဖြစ်ပွားမှု မရှိသည်မှာ သေချာသည်ဟု ဆိုသည်။

    ယခုကဲ့သို့ ကြေငြာမှုမှာ ကမ္ဘာ့တစ်ဝှမ်း ပိုလီယိုရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုအတွက် နောက်ဆုံး ထွက်ပေါ်လာသည့် သတင်းကောင်းဖြစ်သည်။ ပိုလီယိုရောဂါမှာ ညံ့ဖျင်းသည့် မိလ္လာစနစ်နှင့် ရေဆိုးများကြောင့် ပြန့်နှံ့ခြင်းဖြစ်ပြီး ကုသ၍မရသည့် မသန်စွမ်းအခြေအနေမျိုး ဖြစ်ပွားနိုင်သည်။ ၅ နှစ်အောက် ကလေးငယ်များတွင် ပိုလီယိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသည်။

    ဆိုမာလီယာတွင် ပိုလီယိုရောဂါဖြစ်ပွားမှု မရှိခြင်းမှာ သြဂုတ်လ ၁၂ ရက်နေ့က တစ်နှစ်ပြည့်သွားခဲ့ပြီး အာဖရိကတိုက်အတွင်း ပိုလီယိုရောဂါ အဆုံးသတ်ရေး မျှော်လင့်ချက်မှာ မြင့်တက်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ကွာဟချက်များလည်း ရှိနေပြီး အထူးသဖြင့် သွားရောက်ရန်ခက်ခဲသည့် နေရာများတွင် ဖြစ်သည်။ ထို့ကြောင့် အာဖရိကတိုက်အတွင်း ပိုလီယိုရောဂါ လုံးဝ ကင်းစင်ရေးမှာ နှောင့်နှေးနိုင်ဖွယ် ရှိနေသည်။

    ၂၀၁၅ ခုနှစ်အတွင်း ပိုလီယိုရောဂါကူးစက်မှု ၄၁ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ခုမှာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် ဖြစ်သည်။

    Ref: Channelnewsasia

  • ရေနံသူခိုးများကို ဒရုန်းလေယာဉ်ဖြင့် နိုက်ဂျီးယား စောင့်ကြည့်သွားမည်

    ရေနံသူခိုးများကို ဒရုန်းလေယာဉ်ဖြင့် နိုက်ဂျီးယား စောင့်ကြည့်သွားမည်

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    nig

    – ရေနံခိုးယူမှုကို တိုက်ဖျက်ရန် ဆောင်ရွက်ချက်အဖြစ် နိုင်ငံ၏ရေလမ်းကြောင်းများတွင် သင်္ဘောများ လှုပ်ရှားသွားလာမှုကို ဒရုန်းများဖြင့် စောင့်ကြည့်သွားမည်ဟု နိုက်ဂျီးရီးယား နိုင်ငံပိုင် ရေနံကုမ္ပဏီ NNPC က ပြောကြားလိုက်သည်။

    ဂီနီပင်လယ်ကွေ့ လုံခြုံရေးနှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်ခဲ့သော အထူးညီလာခံတစ်ခုတွင် နိုက်ဂျီးရီးယား ရေနံကော်ပိုရေးရှင်း NNPC မှ မန်းနေးဂျင်းဒါရိုက်တာ အီဘေး ကာချစ်ဝူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ရေပိုင်နက်အတွင်းမှာ သင်္ဘောတွေ လှုပ်ရှားမှုကို စစ်ဆေးဖို့ စစ်သင်္ဘောအုပ်စုတွေနဲ့ စောင့်ကြည့်တဲ့နည်းလမ်းကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီမှာ ဒရုန်းလေယာဉ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်မှာပါ” ဟု NNPC က တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ပတ္တယောင်လှည့်ရန်အတွက် နိုက်ဂျီးရီးယားရေတပ်တွင် ပစ္စည်းကိရိယာ မပြည့်စုံမှုကို ကူညီသွားရန်လည်း ကြိုးစားနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထိုဆောင်ရွက်ချက်ဖြင့် လာမည့် ၈ လအတွင်း ရေနံခိုးယူသူများကို အဆုံးသတ်သွားရန် မျှော်လင့်သည်ဟု NNPC ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ကာချစ်ဝူကမူ ရေနံသူခိုးများကို စစ်ဆေးမှု မရှိပါက နိုင်ငံ၏ ရေနံသန့်စင်စက်ရုံ ၄ ခုကို လည်ပတ်ရန်မှာ NNPC အတွက် မဖြစ်နိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယား နိုင်ငံတစ်ဝှမ်းရှိ ရေနံပိုက်လိုင်းများတွင် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၄ ခုနှစ် ဇွန်လအထိ တိုက်ခိုက်မှုပေါင်း ၄၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး၊ လွန်ခဲ့သည့် ၃ နှစ်အတွင်း NNPC အလုပ်သမား၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ စုစုပေါင်း ၃၅၀ ခန့်မှာ ရေနံသူခိုးများ၏ သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသည်။

    ထိုကဲသို့ ရေနံခိုးယူသူများကို နှိမ်နှင်းရန် အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီကိုလည်း နိုက်ဂျီးရီးယားက ရယူသွားမည်ဖြစ်ပြီး အထူးသဖြင့် ခိုးယူထားသော ရေနံများ ပို့ဆောင်သည့် ကုန်တင်သင်္ဘောများကို လက်ခံသည့် နိုင်ငံများဖြစ်သည်။ နိုက်ဂျီးရီးယား နိုင်ငံခြားငွေရရှိမှု၏ ၉၀ ရာခိုင်နှုန်းမှာ ရေနံလုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဘိုကိုဟရမ်လက်မှ လူ ၇၀ ကျော်ကို နိုက်ဂျီးရီးယားစစ်တပ် ကယ်တင်နိုင်ခဲ့

    ဘိုကိုဟရမ်လက်မှ လူ ၇၀ ကျော်ကို နိုက်ဂျီးရီးယားစစ်တပ် ကယ်တင်နိုင်ခဲ့

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    boko

    – နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟရမ်များအား နိုက်ဂျီးရီးယားစစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့် မိန်းကလေးများအပါအ၀င် ၇၁ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ကာနယ်လ် အိုတီ ဂူဆောင်းကမူ နိုင်ငံအရှေ့မြောက်ပိုင်း အကြီးဆုံးမြို့ဖြစ်သော မိုင်ဒူဂူရီမြို့မှ ကီလိုမီတာ ၄၀ အကွာတွင် ရှိသည့် ရွာများမှ ၁၂ ဦးကို ဗုဒ္ဓဟူးနေ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၅၉ ဦးကိုမူ ယမန်နေ့က ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “စစ်ဆင်ရေးအတွင်းမှာ အကြမ်းဖက်သမား တော်တော်များများကို သုတ်သင်နိုင်ခဲ့ပါတယ်” ဟု ဂူဆောင်းက ဆိုပြီး အမျိုးသမီး ၂၉ ဦး ကလေးငယ် ၁၂ ဦးနှင့် သက်ကြီးအမျိုးသား ၅ ဦးတို့ ပါဝင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လွတ်မြောက်လာသူများမှ အချို့ကမူ ၎င်းတို့မှာ တစ်နှစ်ခန့် ဖမ်းဆီးခံထားရသော အုပ်စုမှ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယာဂါနာ ကျာရီဟု အမည်ရသည့် အမျိုးသမီးငယ်တစ်ဦးကမူ ဘိုကိုဟရမ်အဖွဲ့က သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေခြင်းကြောင့် မိမိအနေဖြင့် သေခြင်းတရားကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘိုဟိုဟရမ်က သိမ်းပိုက်ထားသည့် ရွာများအားလုံးကို ပြန်လည် ရယူနိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ကြေညာခဲ့သော မတ်လအတွင်းက ရာပေါင်းများစွာသော အဖမ်းဆီးခံများ လွတ်မြောက်ခဲ့သည်။

    သို့သော်လည်း ဘိုကိုဟရမ်မှာ အသေခံဗုံးခွဲမှုများ၊ ဝေးလံခေါင်သီသောဒေသများရှိ ရွာများ၌ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယခုတစ်ပတ်အစောပိုင်းကလည်း ကလေးငယ် ၂၁ ဦးအပါအ၀င် ဖမ်းဆီးခံ ၃၀ ခန့်ကို လွတ်မြောက်စေခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ကြေညာခဲ့သည်။

    Ref: Aljazeera

  • နိုက်ဂျီးရီးယားရှိ ဗလီများသို့ ဘိုကိုဟရမ် ၀င်ရောက်ပစ်ခတ်၊ လူ ၈၀ ကျော်သေဆုံး

    နိုက်ဂျီးရီးယားရှိ ဗလီများသို့ ဘိုကိုဟရမ် ၀င်ရောက်ပစ်ခတ်၊ လူ ၈၀ ကျော်သေဆုံး

    ဇူလိုင် ၃၊ ၂၀၁၅
    M-Media

    nig

    – နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော်များအား ရမ်ဇာန်ဥပုသ်လအတွင်း ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈၀ သေဆုံးခဲ့သည်ဟု ပြည်သူ့စစ်အဖွဲ့ဝင်များက ပြောကြားခဲ့သည်။

    ဝေးလံခေါင်သီသည့် ကူကာဝါမြို့တွင် အသတ်ခံရသူအများစုမှာ အမျိုးသားများဖြစ်ကြပြီး သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ် ရှိနေသည်။

    ဘိုကိုဟရမ်ဖွဲ့များမှာ ကား ၇ စီးနှင့် ဆိုင်ကယ် ၉ စီးတို့ဖြင့် ကူကာဝါမြို့သို့ ၀င်ရောက်လာကာ ဗလီဝတ်ကျောင်းတော်များသို့ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုမြို့နှင့် ၁၁ ကီလိုမီတာ အကွာအဝေးတွင် နိုက်ဂျီးရီးယားစစ်သား ၁၀၀၀ ခန့် ရှိနေသော်လည်း
    လာရောက်ကယ်ဆယ်ခဲ့ခြင်းမရှိဟု ဒေသခံများက ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုမှာ ဗုဒ္ဓဟူးနေ့ ညပိုင်းက ဖြစ်ပွားခဲ့သော်လည်း ကြာသာပတေးနေ့မနက်မှ သိရှိခဲ့ရသည်။ ကူကာဝါမြို့မှ ပြည်သူများမှာ ၀ါဖြေချိန်မတိုင်မီ ဗလီဝတ်ကျောင်းတော်အတွင်း၌ ၀တ်ပြုဆုတောင်းနေကြစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    တိုက်ခိုက်ရေးသမားအချို့မှာ လူနေအိမ်များသို့ ၀င်ရောက်ကာ ၀ါဖြေရန်အတွက် ပြင်ဆင်နေသော အမျိုးသမီးများနှင့် ကလေးငယ်များကို သတ်ဖြတ်ခဲ့သည်ဟု ကူကာဝါရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အင်္ဂါနေ့ကလည်း ကူကာဝါမြို့နှင့် ၃၅ ကီလိုမီတာကွာဝေးသည့် ရွာတစ်ရွာတွင် ဘိုကိုဟရမ်များ ၀င်ရောက်ပစ်ခတ်မှုကြောင့် အမျိုသားနှင့် ယောင်္ကျားလေးစုစုပေါင်း ၄၈ ဦး သေဆုံးခဲ့သည်။

    ကာကူဝါမြို့မှာ နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ အကြီးဆုံးဖြစ်သော မိုင်ဒူဂူရီမြို့မှ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၈၀ အကွာတွင်ရှိသည့် မြို့တစ်ခုဖြစ်ပြီး ဘိုကိုဟရမ်အဖွဲ့ စတင်ရာ နေရာလည်းဖြစ်သည်။

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုမှာ IS အဖွဲ့က ရမ်ဇာန်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားချက်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဘိုကိုဟရမ်မှာ ယခုနှစ်အတွင်း IS အဖွဲ့အား သစ္စာခံခဲ့သည်။

    Ref: Aljazeera