နိုဝင်ဘာ ၁၂၊ ၂၀၁၅
M-Media
– မတ်လက ရွေးကောက်ပွဲတွင် အနိုင်ရပြီး မေလ ၂၉ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နိုက်ဂျီးရီးယားသမ္မတ ဘူဟာရီမှာ ၀န်ကြီး ၃၆ ဦးပါဝင်သော ကတ်ဘိနတ်အဖွဲ့ကို ယမန်နေ့က ကြေငြာခဲ့သည်ဟု သိရသည်။
ဘူဟာရီ၏ အစိုးရအဖွဲ့မှာ သမ္မတဟောင်း ဂွဒ်လက် ဂျိုနသန်လက်ထက် ခန့်အပ်ခဲ့သည့် ၀န်ကြီးအရေအတွက် ၄၂ ဦးထက် ပိုနည်းပြီး၊ သက်ဆိုင်ရာနယ်ပယ်များတွင် အောင်မြင်နေသူများကိုလည်း နေရာပေးခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ ရေနံဝန်ကြီးဌာန တစ်ခုလုံးကို ဘူဟာရီကသာ ထိန်းချုပ်သွားမည်ဖြစ်သည်။
ကတ်ဘိနတ်အဖွဲ့ကို ကြေငြာပြီးနာက် ဘူဟာရီက နိုက်ဂျီးရီးယား၏ လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ရေး အာရုံစိုက်ရန် ၀န်ကြီးများကို တိုက်တွန်းပြောကြားခဲ့သည်။ ၀န်ကြီးအများစုမှာ နိုင်ငံရေးသမားဟောင်းများဖြစ်ပြီး ဘူဟာရီ၏ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် အဓိကကျသူများ ဖြစ်ခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.