News @ M-Media

Tag: NLD

  • NLD အစိုးရ ဖွဲ့နိုင်ပြီ။

    NLD အစိုးရ ဖွဲ့နိုင်ပြီ။

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၅
    M-Media
    .12112015_2100
    ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ ည ၉ နာရီတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ စာရင်း ကြေငြာ အပြီးမှာတော့ NLD ပါတီဟာ အစိုးရ ဖွဲ့ နိုင်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်အရေ အတွက် ရာနှုန်းပြည့် နီးပါးရရှိသွားပြီဖြစ်ပါတယ်

    သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၅ ဦး ၏ ထက်ဝက် ၃၂၇.၅ ယောက် လိုအပ်မှာ ဖြစ်ပါတယ်။ ယခု ပြည်သူ့လွှတ်တော် ၂၁၇ ဥိး နှင့် အမျိုးသား လွှတ်တော် ၁၁၀ ဦး ၊ ပေါင်း ၃၂၇ ဦး ရရှိနေပြီ ဖြစ်သဖြင့် NLD ပါတီ အနေဖြင့် မိမိတို့ ထောက်ခံ သမ္မတ ကို ရွေးချယ်နိုင်ပြီး ၊အစိုးရဖွဲ့ ဖို့ ရာနှုန်းပြည့် နီးပါး သေချာသွားပြီဖြစ်ပါတယ်။

    * အမျိုးသား လွှတ်တော် နှင့် ပြည်သူလွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦးရှိပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ် ၉ ခု ရှိသည့် အတွက် ပြည်ထောင်စုလွှတ်တော် အမတ် ၆၅၅ ဦးသာ ရှိမှာဖြစ်ပါတယ်။

    တပ်မတော်သား ကိုယ်စားလှယ်များမှာ လွှတ်တော်များတွင် ၂၅% အဖြစ် ပြည်သူလွှတ်တော် ၁၁၀ နေရာ နှင့် အမျိုးသားလွှတ်တော်တွင် ၅၆ နေရာ အလိုအလျောက် ပါဝင်ခွင့်ရရှိထားပါတယ်။

  • အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံလိုကြောင်း သမ္မတ၊ ကာချူပ်နှင့် လွှတ်တော် နာယကထံ ဒေါ်အောင်ဆန်းစုကြည် စာပို့

    အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံလိုကြောင်း သမ္မတ၊ ကာချူပ်နှင့် လွှတ်တော် နာယကထံ ဒေါ်အောင်ဆန်းစုကြည် စာပို့

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၅
    M-Media

    အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယကနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ အသီးသီးစာပေးပို့ခဲ့ကြောင်း NLD ပါတီရဲ့ တရားဝင် FB စာမျက်နှာမှာ ထုတ်ပြန်ချက်များအရသိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံ တောင်းဆိုချက်ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းမှ လက်ခံ ကြောင်း ချက်ခြင်း အကြောင်းပြန်ကြားတာလည်း တွေ့ရပါတယ်။

    သူရ ဦးရွှေမန်းက သူရဲ့ FB စာမျက်နှာမှာ အောက်ပါ အတိုင်းရေးသားဖော်ပြ ခဲ့တာ ကိုလည်း တွေ့ရှိရပါတယ်။

    ❧❧ ပြည်သူများသို့ ❧❧
    —————————
    ❖ အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထားကို အခြေခံ၍ ပြည်ထောင်စု လွှတ်တော် နာယကနှင့် တွေ့ဆုံဆွေးနွေးလိုပါကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်လက်မှတ်ရေးထိုးကာ ဖိတ်ကြားသည့် ၁၀-၁၁-၂၀၁၅ ရက်နေ့ ရက်စွဲပါ စာတစ်စောင်အား လက်ခံရရှိခဲ့ပါသည်။

    ❖ ယင်းကိစ္စနှင့်ပတ်သက်၍ လာမည့်အပတ်အတွင်း အဆင်ပြေမည့် အချိန်တွင် အမျိုးသားသင့်မြတ်ရေးကိုအခြေခံပြီး အခြားအရေး ကိစ္စများရှိပါကလည်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

    ❖ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်မှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။

    သူရဦးရွှေမန်း
    နာယက
    ပြည်ထောင်စုလွှတ်တော်

    အလားတူ သမ္မတ ဦးသိန်းစိန်ရဲ့ တာဝန်ပေးချက်အရ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ရဲ့ ပြန်ကြားချက်ကို NLD က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ကြေညာချက်မှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းများပြီးဆုံးတဲ့ အချိန် သမ္မတအနေနဲ့ တွေ့ဆုံမှုများ ပြုလုပ်သွားမယ့်အကြောင်း ဖော်ပြထားပါတယ်။

    အလားတူ ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်ကြီးမင်းအောင်လှိုင်မှ မကြာခင် ဒေါ်အောင်ဆန်းစုကြည် စာပို့တာကို အကြောင်းပြန်သွားမယ်ဆိုတဲ့ အကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    12240872_1248626535152745_695109118332100475_o

    12194527_1248626531819412_2847708895244281916_o 12219431_1248626495152749_8062835052186753961_n  12243447_1225236230825503_7753543577902229613_n

  • မသမာသူများ ပြဿနာ  ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    မသမာသူများ ပြဿနာ ဖန်တီးလာနိုင်သည့် အခြေအနေ NLD သတိပေးကြေညာချက် ထုတ်ပြန်

    NLD

  • မိတ္ထီလာမြို့ရှိ အစ္စလာမ် အများစုရွေးကောက်ပွဲတွင် အင်န်အယ်ဒီ ကိုမဲပေးရန် စိုးရိမ်မှုရှိနေ

    မိတ္ထီလာမြို့ရှိ အစ္စလာမ် အများစုရွေးကောက်ပွဲတွင် အင်န်အယ်ဒီ ကိုမဲပေးရန် စိုးရိမ်မှုရှိနေ

    မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြသည်။

    most-of-islamic-have-worries-to-vote-nld
    မိတ္ထီလာမြို့တွင်း NLD မှ မဲဆွယ်နေသည်ကိုတွေ့ရစဉ်။မောင်ဇော်/မြန်မာတိုင်း(မ်)

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင်အများစုမှာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါက ပဋိပက္ခထပ်မံဖြစ်မည်ကို ကြောက်သောကြောင့် မဲပေးရန်စိုးရိမ်မှုရှိနေသည်ဟု မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့စည်းများထံမှသိရသည်။

    “ရွေးကောက်ပွဲမှာ မိထ္တီလာမြို့ကနေယှဉ်ပြိုင်မယ့် ပါတီတွေအများကြီးပဲ။ အဲဒီထဲကမှ NLD ကိုမဲပေးရင် ဘာသာရေး ပဋိပက္ခတွေဖြစ်လာမှာကြောက်နေတယ်။ အစ္စလာမ်တွေထဲမှာစိုးရိမ်မှုတွေ ရှိနေတယ်” ဟုမိတ္တီလာခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ  တွဲဖက် အတွင်းရေးမှူး ဦးဆန်းဝင်းရှိန်က ယခုလ၄ရက်နေ့ကပြောသည်။

    ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန် အနိုင်ရရှိခဲ့သည်။ “၂၀၁၂မှာ NLD ကနေ အနိုင်ရလို့ ၂၀၁၃မှာ ဘာသာရေးပဋိပက္ခဖြစ်လာလို့ ကြောက်တာမဟုတ်ဘူး။
    ဘာကိုကြောက်တာလဲဆိုရင် ပဋိပက္ခဖြစ်တုန်းက အမည်မသိလူတွေက အစ္စလာမ်တွေကို သတ်တာတွေရှိတယ်။ အဲဒီအချိန်မှာ ပြောတဲ့ စကားတွေကို ကြောက်တာ။ မင်းလားကွ မွတ်ဒေါင်းဆိုတာ၊ မင်းလားကွ အားပေးသူဆိုတာဆိုတဲ့ စကားလုံးတွေကို ကြောက်တာ၊ ဒါကြောင့် အခုရွေးကောက် ပွဲမှာလည်း NLD အနိုင်ရရင် ဒါမျိုးတွေဖြစ်လာမှာလားဆိုတာ ကြောက်တာ” ဟုအစ္စလာမ်ဘာသာဝင် ဦးဘကြူးကပြောသည်။ မိတ္ထီလာမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် အစ္စလာမ်ဘာသာဝင် အရေအတွက်မှာ
    ၁၅,၀၀၀ ခန့်ရှိပြီး အဆိုပါအရေအတွက်ထဲမှ ၅,၀၀၀ခန့်မှာ NLD ကိုမဲပေးရမည်ကို  စိုးရိမ်နေသည်ဟု ဦးဆန်းဝင်းရှိန်ကပြောသည်။

    လက်ရှိအချိန်တွင် မိတ္ထီလာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်နေရာတွင် အစ္စလာမ်ဘာသာဝင်များ ပါဝင်ပါက ဘာသာဝင် အချင်းချင်း မေးမြန်းမှုများရှိကြောင်း သိရသည်။ “မဲဆွယ်တဲ့ထဲမှာသာ အစ္စလာမ်ဘာသာဝင် ပါတယ် ဆိုရင် တွေ့တဲ့လူက လူကိုယ်တိုင်လာပြောတာဖြစ်စေ၊ ကိုယ်စားပြောခိုင်းတာဖြစ်စေ လာပြောတယ်။ ဘာသာရေးပဋိပက္ခ ဖြစ်ချင်နေတာလားဆိုတဲ့စကားတွေ လာပြောတာ။  ဒါကဘာကိုပြနေတာလဲဆိုရင် အခုထိအကြောက်တရားက ရှိနေဆဲဆိုတာကိုပြနေတာ”ဟုဦးဆန်းဝင်းရှိန်ကပြောသည်။

    ပဋိက္ခဖြစ်စဉ်တွင်နေအိမ်များဖျက်ဆီးခံရမှု၌ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့် နေအိမ်အများအပြားပါဝင်ခဲ့ပြီး လက်ရှိအဆိုပါနေအိမ်များမှ အသက်ပြည့်ပြီး မဲပေးခွင့် ရှိသည့် အစ္စလာမ်လူများစုမှာ မည်သည့်ရပ်ကွက်တွင် မဲပေးရမည်မှန်းမသိကြဟုသိရသည်။

    “နေအိမ်တွေဖျက်ခံလိုက်ရတော့ အများစုက ကယ်ဆယ်ရေးစခန်းတွေမှာနေကြတယ်။ အခုကြတော့ အရင်နေခဲ့တဲ့ ရပ်ကွက်မှာ ပြန်နေထိုင် ခွင့်မပေးတော့ ပတ်သက်ရာ ပတ်သက်ကြောင်းရှိတဲ့ အမျိုးအိမ်တွေမှာနေကြရတယ်။ အဲဒီတော့ မဲစာရင်းက အရင်ရပ်ကွက်မှာ ပါမှာလား၊ အခုနေတဲ့ရပ်ကွက်မှာပါမှာလားဆိုတာကို မသိကြဘူး။

    အရင်ရပ်ကွက်ကို သွားကြည့်ဖို့ဆိုတော့လည်း စားဝတ်နေရေးအတွက် အလုပ်အပျက်ခံပြီး သွားမကြည့်တဲ့ လူတွေရှိတယ်” ဟုဦးဆန်းဝင်းရှိန်ကပြောသည်။ သို့သော်၂၀၁၅တွင် မည်သည့်ပါတီအနိုင်ရရှိသည်ဖြစ်စေ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ အတွက်  အာမခံချက်ရှိမည်ဟု ပြောကြားထားခြင်း မရှိသည့်အတွက် အနိုင်ရရှိသည့်ပါတီအပေါ်တွင် အစ္စလာမ်ဘာသာဝင် အများစုမှာ ယုံကြည်မှုမရှိကြောင်း အစ္စလာမ်အများစုကပြောသည်။

    “ရွေးကောက်ပွဲမှာ ဘယ်ပါတီအနိုင်ရရ အစ္စလာမ်အများစုမျှော်လင့်တာက နိုင်ငံသား တစ်ယောက်ဖြစ်နေမှတော့ နိုင်ငံသားအခွင့်အရေး အပြည့်အ၀လိုချင်တာပါ။ ကျန်တာ ဘာမှမလိုချင်ပါဘူး” ဟုရတနာမောင်ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်
    ဦးမင်းအောင် ကပြောသည်။ အစ္စလာမ် ဘာသာဝင် အများစုထဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုအားပေးသည့် အရေအတွက် များပြားကြောင်း၊ သို့သော်လည်းပြီးခဲ့သည့် လပိုင်းအတွင်းက NLD ပါတီမှ ဗဟိုကော်မတီဝင် ဦးဝင်းထိန်မှ ရွေးကောက်ပွဲတွင်
    အစ္စလာမ်ဘာသာဝင်များကို ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းမရှိသည့် အတွက် အစ္စလာမ်အများစုမှ NLD ကိုအားပေးရန် အခက်အခဲများဖြစ်ပေါ်ကြောင်း အစ္စလာမ်အများစုထံမှသိရသည်။ ထို့ပြင်ပြီးခဲ့သည့်ဘာသာရေးပဋိပက္ခဖြစ်ပြီးနောက်
    ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အစ္စလာမ်ဘာသာဝင်များကို ပါတီမှထုတ်ပယ်ခြင်းမရှိသော်လည်း လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ခြင်းမရှိကြောင်းသိရပြီး လက်ရှိအချိန်တွင် အဆိုပါပါတီဝင်များကို စည်းရုံးရေး တာဝန်များပေးအပ်ကာ
    အစ္စလာမ်ဘာသာဝင်များအပေါ် စည်းရုံးရန် တာဝန်ပေးမှုများ ရှိလာကြောင်း သိရသည်။

    “ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ မိတ္ထီလာမှာ လာပြိုင်တဲ့ပြည်ခိုင်ဖြိုး အမတ်တွေက လာပြီးစည်းရုံးခိုင်းတယ်။ ဗီနိုင်းတွေတော့ ယူထားလိုက်တယ်။ စည်းရုံးရေးတော့ မလုပ်ရသေးဘူး” ဟုသီရိမဂံလာရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးမှူးဖြစ်
    သည့် အစ္စလာမ် ဘာသာဝင် တစ်ဦးက ယခုလ၄ရက်နေ့ကပြောသည်။ မိတ္ထီလာမြို့နယ်တွင် မဲပေးနိုင်သည့်လူဦးရေမှာ သုံးသိန်းခန့် ရှိကြောင်း၊ မဲရုံပေါင်း ၂၉၃ရုံ ရှိကြောင်းနှင့် မိတ္ထီလာမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ် ခုနစ်ဦးရှိကြောင်း မိတ္ထီလာ ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

    http://myanmar.mmtimes.com/index.php/national-news/mandalay-upper-myanmar/16455-2015-11-06-05-24-57.html

  • ရခိုင်တောင်ပိုင်း အမျိုးသားရေးဝါဒီတို့ကို တန်ပြန်တိုက်စစ်ဆင်သော NLD

    ရခိုင်တောင်ပိုင်း အမျိုးသားရေးဝါဒီတို့ကို တန်ပြန်တိုက်စစ်ဆင်သော NLD

    ဆွေဝင်း/Myanmar Now

    12065776_1234923659856366_8247256981965881736_n
    တောင်ကုတ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ် (ဓါတ်ပုံ NLD)

    ရခိုင်ပြည်နယ်တွင် အင်အားကောင်းသည့် ရခိုင်အမျိုးသားပါတီက  ဒေသအတွင်း မဲအပြတ်အသတ်ဖြင့်အနိုင်ရရန်  အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွနေသော်လည်း ပြည်နယ်တောင်ပိုင်း မဲဆန္ဒနယ်များတွင်မူ NLD  နိုင်မည့် အလားအလာများ ရှိနေသည်။

    ဆင်ခေါင်း၊ ရခိုင်ပြည်နယ် (Myanmar Now) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းသည် လက်တစ်ဖက်က  ခပ်နွမ်းနွမ်းပင်နီတိုက်ပုံကို မြဲမြဲဆုပ်လျက်၊ ကျန်လက်တစ်ဖက်က စကားပြောမိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ရှေ့နောက်ယိမ်းထိုးကာ  ဆင်ခေါင်းကျေးရွာရှိ ရာဂဏန်းမျှသော ရခိုင်တိုင်းရင်းသားတစ်စုကို မေးခွန်းများ တရစပ် ပစ်ထုတ်လိုက်သည်။

    “၂ဝဝ၇ ခုနှစ်တုန်းက ဘုန်းကြီးတွေကို သတ်ဖို့ အမိန့်ပေးတာ ဒေါ်အောင်ဆန်းစုကြည်လား”

    “လက်ပံတောင်းတောင်မှာ မနက်စောစော ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ အာရုံဆွမ်းကပ်တာ ဘယ်သူလဲ၊ ဒေါ်အောင်ဆန်းစုကြည်လား” ဟု သူက ပါးစပ်မှအမြှုပ်ထွက်မတတ် မေးမြန်းလိုက်သည်။

    ပရိသတ်က  “မဟုတ်ဘူး၊ မဟုတ်ဘူး” ဟု ဆိုကာ လက်ခုပ်လက်ဝါးတီးပြီး သူ၏ မာန်ပါလှသည့် ဟောပြောမှုကို တုံ့ပြန်လိုက်ကြသည်။

    ရခိုင်၊ ဗုဒ္ဓဘာသာ ဖြစ်သူ ဦးစိုးဝင်း၏ ထိုဟောပြောပွဲကို ရခိုင်ပြည်နယ်တောင်ဘက်တွင် အကြီးဆုံးမြို့ဖြစ်သည့် သံတွဲမြို့အရှေ့ဘက်  တောကြိုအုံကြားရှိ ဆင်ခေါင်းကျေးရွာ၏ ဖုံထူသည့် ရွာလမ်းဆုံတစ်ခုတွင် ပြုလုပ်နေခြင်းဖြစ်သည်။
    800
    သံဃာတော်များ နှင့် ဗုဒ္ဓသာသာနာကို စော်ကားခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်၊ စစ်တပ်၊ လက်ရှိအစိုးရနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်နေရာယူထားသော ဗိုလ်ချုပ်ကြီးဟောင်းများသာဖြစ်သည်ဟု သူက မဲဆန္ဒရှင်များကို ရှင်းပြနေသည်။

    ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးဝါဒကို ၂ဝ၁၅ ရွေးကောက်ပွဲတွင် မည်သို့အသုံးချနေကြောင်း ဦးစိုးဝင်း၏ မဲဆွယ်စည်းရုံးရသည့် အခြေအနေက ဖော်ပြနေသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီအနိုင်ရပါက ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ လွှမ်းမိုးမည်ဖြစ်ကြောင်း  အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)မှ ဘုန်းတော်ကြီးများက ပြောကြားနေသည်။

    နိုင်ငံမဲ့ ရိုဟင်ဂျာ/ဘင်္ဂါလီမွတ်စလင် တစ်သန်းခန့်နေထိုင်သော ရခိုင်ပြည်နယ်တွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ထိုစွပ်စွဲပြောဆိုချက်များ အထူးပျံ့နှံ့လျက်ရှိသည်။

    3

    “ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကျောခိုင်းတာ မြင်စေချင်တဲ့သူတွေက၊ ရွေးကောက်ပွဲမှာ ရှုံးစေချင်တဲ့သူတွေက ဒီလို ကောလာဟလတွေကို  ဖြန့်နေတယ်။ ဒါတွေကို မယုံပါနဲ့။ ဒီကောလာဟလတွေကို ယုံမယ်ဆိုရင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာပဲ” ဟု ဦးစိုးဝင်းက ပရိတ်သတ်ကို ပြောနေသည်။

    ဟောပြောပွဲ၏ နောက်နားရှိ အုန်းပင်တစ်ပင်အောက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပိုစတာ တစ်ခုရှိနေပြီး၊ ထိုအရာနှင့်ပေ အနည်းငယ်အကွာတွင်  “မျိုးစောင့်ဥပဒေ ပညာပေးဟောပြောပွဲ” ဟု ရေးသားထားသော မဘသ၏ ပိုစတာတစ်ခု စိုက်ထူထားသည်ကိုလည်း တွေ့ရသည်။

    11

    မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မတည်ငြိမ်မှု အများဆုံး ဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် NLD  သည် အင်အားကောင်းသည့် ရခိုင်အမျိုးပါတီ (ANP) ကို အကြိတ်အနယ်ယှဉ်ပြိုင်နေရသည်။  ရခိုင်တိုင်းရင်းသားတို့၏ လူမျိုးရေးစိတ်ဓာတ်ဖြင့် ထောက်ခံမဲများရရန် မျှော်လင့်ထားသည့် ANP က  တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ထိုနေရာအများစုကို အနိုင်ရရန် မျှော်လင့်ထားသည်။

    တောင်ပိုင်းက စစ်မြေပြင်
    ————————-
    ရခိုင်ဘာသာနှင့်ယဉ်ကျေးမှုတို့ ပိုမိုအားကောင်းရာ ပြည်နယ်၏ အလယ်ပိုင်း၊ မြောက်ပိုင်း ဒေသတို့သည် ANP  ပါတီ အခိုင်အမာ  အားကောင်းသည့်နေရာများ ဖြစ်သော်လည်း ဗမာစကားကို ပြောသော  မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဆက်စပ်နေသည့် ပြည်နယ် တောင်ပိုင်းတွင်မူ ANP ၏ လူထုထောက်ခံမှုမှာ ပီပီပြင်ပြင် မရှိလှပေ။  ပြည်ခိုင်ဖြိုးပါတီကလည်း ဗုဒ္ဓဘာသာရခိုင်ပြည်သူများ၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့် ပါတီတစ်ခုအဖြစ် ဒေသခံလူထုလက်ခံလာစေရန် လုပ်ဆောင်လျက်ရှိသည်။

    ဒေသတွင်းဖြစ်ပွားသည့်လူမျိုးရေး ပဋိပက္ခများကြောင့် ဒေသခံများ ၂ဝ၁၂ ခုနှစ်မှစ၍ ထိခိုက်မှုများဖြစ်ခဲ့ကာ လူပေါင်း တစ်သိန်းခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသည်။ ရွှေ့ပြောင်းရသူ အများစုမှာ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုပြီး အစိုးရက ဘင်္ဂါလီဟု ခေါ်ဆိုသူများ ဖြစ်သည်။  သံတွဲတွင်  ၂ဝ၁၃ ခုနှစ် အောက်တိုဘာလအတွင်းကလည်း  မွတ်စလင်ကျေးရွာများကို ဗုဒ္ဓဘာသာ ရခိုင်တို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားရာ လူသေဆုံးမှုရှိခဲ့သည်။

    မွတ်စလင်တို့၏ ယာယီနိုင်ငံသားကဒ် (White Card) များကို အစိုးရက ဖေဖော်ဝါရီလအတွင်း ရုပ်သိမ်းပြီးနောက် ဘူးသီးတောင်၊ မောင်တောမြို့တို့မှ မွတ်စလင် တစ်သိန်းခန့် မဲပေးခွင့် ဆုံးရှုံးသွားခဲ့သည်။ ရိုဟင်ဂျာတို့ မဲပေးခွင့်ဆုံးရှုံးသွားသည့်အခါ ANP က ပြည်နယ်အတွင်း နိုင်ငံရေး အသာစီးရရေးအတွက် NLD ကို အနိုင်ရရန်  လိုအပ်လာပြီဖြစ်သည်။

    ANP ပါတီက ရခိုင်ပြည်နယ်၏ အမျိုးသားလုံခြုံရေးနှင့် သဘာဝရင်းမြစ်များကို ကာကွယ်စောင့်ရှောက်ပေးမည်ဟု  ကတိပေးထားသည်။

    “ရခိုင်တိုင်းရင်းသားတွေကသာ ရခိုင်ပါလီမန်ကို ထိန်းချုပ်နိုင်မှ မိမိတို့ရဲ့ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးနဲ့ အနာဂတ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်”  ဟု ANP  ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကျိတ်တလိမြို့တွင် နိုဝင်ဘာ ၁ ရက်ကနေ့က မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း   ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင်  သူ့ပါတီက  ၉ဝ ရာခိုင်နှုန်းကျော် အပြတ်အသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

    ထို့ပြင် ပြည်ခိုင်ဖြိုးပါတီကလည်း အနိုင်ရရန် ကြိုးပမ်းလျက်ရှိသည်။ သမ္မတဦးသိန်းစိန်သည် (အင်္ဂါနေ့) နိုဝင်ဘာ ၃ ရက်က စစ်တွေမြို့မှတစ်ဆင့်  ရခိုင်ရှေးဟောင်း မြောက်ဦးမြို့ရှိ စေတီတစ်ဆူတွင် ထီးတော်တင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

    အမျိုးသားရေးဝါဒီတို့၏ တိုက်ခိုက်မှုများ
    ——————————————
    သံတွဲမြို့နှင့်အနီးဝန်းကျင်ကျေးရွာများတွင် မဲပေးခွင့်ရှိသူ ၉ဝ,ဝဝဝ ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ သိရသည်။

    လူမျိုးရေးပြဿနာအပေါ် အခြေခံသည့် ထိုးနှက်မှုများနှင့် ပတ်သက်ပြီး NLD က  ရခိုင်လူထုကို ပြန်လည် ရှင်းလင်းနေရသည်။

    “ANP ကရော၊ ပြည်ခိုင်ဖြိုးရော ကျွန်တော်တို့ကို ရန်သူလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ပါတီကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်” ဟု ပြည်သူ့လွှတ်တော် အမတ်လောင်း သံတွဲမြို့နယ် NLD ဥက္ကဋ္ဌ  ဦးဝင်းနိုင်က ပြောကြားသည်။

    သံတွဲမြို့အနီး ညောင်ခြေထောက်ကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်စန်းလှိုင်က ANP နှင့် ပြည်ခိုင်ဖြိုးပါတီတို့ လွန်ခဲ့သည့်လအတွင်းက  ရွာဘုန်းကြီးကျောင်းသို့ လာရောက်ခဲ့ပြီး NLD သည် မွတ်စလင်တို့ဖြင့် ဖွဲ့ထားသည့်  ပါတီဖြစ်သောကြောင့် မဲမပေးရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ရခိုင်အမျိုးသားပါတီက ပြည်ခိုင်ဖြိုးထက် ပိုပြီး ကြမ်းတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

    အမှန်တကယ်တွင် NLD  ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ဝေဖန်မှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် မွတ်စလင်တစ်ဦးကိုမှ အမတ်လောင်းအဖြစ် ထည့်သွင်းထားခြင်းမရှိပေ။

    ရွေးကောက်ပွဲတွင် အခြားပါတီများအား ထိပါးပုတ်ခတ်သည့် မဲဆွယ်မှုများကို မလုပ်ဆောင်ခဲ့ကြောင်း ပြည်ခိုင်ဖြိုး၊ ANP တို့က  ငြင်းဆိုထားသည်။

    8

    “မဲဆွယ်စည်းရုံးရာမှာ NLD ပါတီကို မတိုက်ခိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ပါတီ အနိုင်ရရင်တော့ ခိုးဝင်လာတဲ့သူတွေကို  တားမြစ်သွားမှာပါ ” ဟု  သံတွဲမြို့မှ ANP အမတ်လောင်း ဦးမောင်မောင်ဖြူက ပြောကြားသည်။

    သံတွဲမြို့ မဘသ အတွင်းရေးမှုး သုခဝတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာက  မဘသအဖွဲ့ အဆိုပြုခဲ့သည့် မျိုးစောင့်ဥပဒေများကို မထောက်ခံသည့် NLD ကဲ့သို့သော ပါတီများကို မဲမပေးရန် သူ့ ဒကာ၊ ဒကာမများကို ညွှန်ကြားထားသည်ဟု ပြောသည်။

    “ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ဘူး။ ဦးဇင်းတို့ရခိုင်ပြည်က ယဉ်ကျေးမှု နဲ့ ထုံးတမ်းစဉ်လာတွေကို  တည်ဆောက်ထားတာ။ ဒါပေမယ့် သူက လူ့အခွင့်အရေးကို ဦးစားပေးလွန်းရာကျနေတယ်” ဟု ဘဒ္ဒန္တစန္ဒိမာက  ပြောသည်။

    ရခိုင်ပြည်မှာ ပြန်လည်ဦးမော့လာသည့် NLD
    ——————————————
    ၂ဝ၁၂ အစောပိုင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင် လူတစ်စုက ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို တိုက်ခိုက်ကာ မွတ်စလင် ၁ဝ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ‘လူများစုက လူနည်းစုကိုအနိုင်မကျင့်သင့်ဘူး’ ဟု ပြောခဲ့သည်။

    အဆိုပါ စကားကို ပြည်ခိုင်ဖြိုး၊ ANP တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို မွတ်စလင်လိုလားသူများအဖြစ်ပုံဖော်ကာ  မဲဆွယ်ရာတွင် အသုံးချလျက်ရှိနေသည်။

    သို့သော် မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့ခရီးစဉ်များကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် NLD ၏  ပုံရိပ်ကို ပြန်လည်မြင့်တက်လာစေကြောင်း အမတ်လောင်း ဦးဝင်းနိုင်က ပြောသည်။

    “ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ လတုန်းက လာပြီး ပြည်သူတွေနဲ့ တွေ့သွားပြီးနောက်ပိုင်း သူ့ကို ပိုမိုနားလည်လာတဲ့အတွက် ရွေးကောက်ပွဲမှာ  ကျွန်တော်တို့နိုင်ပါလိမ့်မယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် မွတ်စလင်များကို အခွင့်အရေးပေးခြင်း သို့မဟုတ် သူအာဏာရလာပါက ရိုဟင်ဂျာ/ဘင်္ဂါလီများ ရခိုင်ပြည်နယ်ကို  လွှမ်းမိုးသွားမည်ဆိုသည့် စွပ်စွဲချက်များအပေါ် ရှင်းလင်းရန်  ဖိအားပေးမှုများနှင့် ကြုံခဲ့ရသည်။

    “မေးတဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည်ပြန်ပြောတာက အဲဒီလိုအထောက်အထားမျိုးတွေရှိရင် သူ့ကိုတရားစွဲပါ တဲ့။ အဲဒီလိုပြောတဲ့သူတွေ ဘာမှ ပြန်မပြောနိုင်တော့ဘဲ လူထုကြီးက လက်ခုပ်ဝိုင်းတီးကြပါတော့တယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

    “ကျွန်တော်တို့ ပါတီက ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ခဲ့တယ်။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေမဖြစ်ခင်ကလိုပဲ လူထုရဲ့ ထောက်ခံမှုက ပြန်မြင့်တက်လာပါပြီ” ဟု ၎င်းက ပြောသည်။

    ဆင်ခေါင်းရွာမှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဇော်မင်းဦးက NLD အပေါ် လူမျိုးရေးအရ တိုက်ခိုက်သည့်  ဝါဒမှိုင်းများကို သူလည်းနားဝင်ခဲ့ကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သံတွဲမြို့တွင် ပြောသွားသည့်စကားများကို ကြားရပြီးနောက်  ယင်းအစွဲများ မရှိတော့ကြောင်း ပြောသည်။

    “အမေစုက ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး စည်းလုံး ညီညွှတ်စွာနဲ့ နေစေချင်တယ်။ အမေ့ကို အရမ်းချစ်သွားပြီ။ ကျွန်တော်တို့ ဒီဒေသမှာ ဟိုးအရင်ကတည်းက မွတ်စလင်တွေနဲ့ အကြာကြီးနေခဲ့ကြတာပဲ။ တစ်မြေတည်းနေကြသူအချင်းချင်း ဘာလို့ တိုက်ခိုက်ရမှာလဲ” ဟု သူက ဆိုသည်။    ။