ဦးကိုနီ လုပ်ကြံခံရမှု့ နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၏ ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။
Tag: NLD
-
စစ်အာဏာရှင်အောက် ပြန်ရောက်လိုသူတွေ မြန်မာနိုင်ငံမှာ ရှိနေလား
ဒီဇင်ဘာ ၁၉၊ ၂၀၁၆
M-Mediaသူရဦးရွှေမန်း၊ ဦးသိန်းစိန် အပါအ၀င် စစ်အစိုးရဟောင်း၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များကို ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော် တပ်မတော်နေ့အခမ်းအနား၌ တွေ့မြင်ရစဉ် – ဖွဲ့စည်းပုံဥပဒေအရ အရေးပေါ်အခြေအနေကို ကိုင်တွယ်စီမံနိုင်ခွင့်ရှိသည့် စစ်တပ်အသိုင်းအ၀ိုင်းကြီးနှင့် တွေ့ဆုံစည်းဝေးနိုင်ရန် အာဏာရပါတီဟောင်းနှင့် မိတ်ဖက်ပါတီ ၁၂ ခုမှ ကြိုးပမ်းနေမှုမှာ အငြင်းပွားစရာ ဖြစ်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ၎င်းအငြင်းပွားဖွယ်ရာဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခြင်းမှာ အလားအလာမကောင်းလှ။ အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီ ၁၂ ခုမှ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အကျဉ်းအကြပ်များကို ဆွေးနွေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ – NDSC နှင့် တွေ့ဆုံ၍ အစည်းအဝေးတစ်ရပ်ကျင်းပနိုင်ရန် တောင်းဆိုခဲ့ကြသည်။
နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော အဆိုပါတောင်းဆိုချက်တွင် အကျဉ်းအကြပ်ပြဿနာများက အချုပ်အခြာအာဏာကို ထိပါးလာနေပြီဖြစ်သဖြင့် NDSC ကို လိုအပ်နေပြီဟု ဆိုထားသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းသူပြည်သားအများစုက၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မနှစ်မြို့ကြ။ ယင်းဖွဲ့စည်းပုံမှာ စစ်တပ်အား လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းအထိ နေရာပေးထားခြင်းနှင့် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် NDSC ၌ အဓိကနေရာယူထားစေခြင်းတို့ကြောင့်ဖြစ်သည်။
ဖွဲ့စည်းအုပ်ချု့ပ်ပုံအခြေခံဥပဒေ၏ပုဒ်မ ၄၁၇ အရ တိုင်းပြည်ပြိုကွဲနိုင်သည့်အရေးကို ရင်ဆိုင်ကြုံတွေ့ရလျှင် သို့တည်းမဟုတ် အကြမ်းဖက်မှုကြောင့် အချုပ်အခြာအာဏာထိပါးသည့် အန္တရာယ်ရှိလာလျှင် နိုင်ငံတော်သမ္မတသည် NDSC အား ဆင့်ဆိုခေါ်ယူ၍ နိုင်ငံတော်၏အရေးပေါ်အခြေအနေအတွက် တာဝန်ပေးအပ်နိုင်ကြောင်း ဖော်ပြထားသည်။ NDSC တွင် ထိပ်တန်းစစ်တပ်အရာရှိ ငါးဦး၊ သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရပ်သားပြည်သူ ခြောက်ဦးကို ထည့်သွင်းဖွဲ့စည်းထား၏။
အရပ်သားအစုအဖွဲ့အတွင်း ဒုတိယသမ္မတများလည်း ပါဝင်သော်လည်း ဒုသမ္မတတစ်ဦးမှာ စစ်တပ်မှ တင်သွင်းထောက်ခံသူဖြစ်နေရသည်။ ၎င်းက လက်နက်ကိုင်အင်အားစုများကို ထိပ်တန်းတင်ထားရာရောက်နေပါသည်။ နိုင်ငံတော်၏အရေးပေါ်ကာလအတွင်း NDSC အား တရားဝင် လုပ်ပိုင်ခွင့်ရ အာဏာပိုင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
ပါတီ ၁၃ ခုက NDSC အစည်းအဝေးခေါ်ယူရန်အတွက် အဘယ်ကြောင့် ထုတ်ပြန်ကြေငြာရပါသနည်း ? NLD အစိုးရမှ ပြဿနာများကို မကျော်လွှားနိုင်တော့ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်နေပါသလော ? တပ်မတော်က နိုင်ငံရေးစင်မြင့်ပေါ် တဖန် ဦးလှည့်ြ့ပန်တက်လာမည်ဟု ဆိုလိုခြင်းလော ? ဤသည်မှာ ယခုရက်သတ္တပတ်အတွက် အဓိကဆွေးနွေးလိုသည့် မေးခွန်းများဖြစ်ပါသည်။
ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအခြေအနေနှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်း တိုက်ပွဲများကြောင့် တိုင်းပြည်သည် အကြပ်အတည်းဆိုက်ရောက်နေရသဖြင့် NDSC အစည်းအဝေးပြုလုပ်ရန် လိုအပ်နေပြီဟု ၁၃ ပါတီက ဆို၏။ ရခိုင်ပြည်နယ်အခြေအနေကြောင့် နိုင်ငံ၏ ပိုင်နက်နယ်မြေဆိုင်ရာအနေအထား၌ အန္တရာယ်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုထားသည်။ ကချင်လွတ်မြောက်ရေးတပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု၊ ရခိုင်တပ်မတော်တို့နှင့် မြန်မာတပ်မတော်အကြား ဖြစ်ပွားသော ရှမ်းပြည်တိုက်ပွဲမှာ သေကြေပျက်စီးခြင်း များစွာ ဖြစ်ပေါ်စေပြီး၊ တရုတ်ပြည်နှင့်ကုန်သွယ်ရေးကဏ္ဍကို အဟန့်အတားဖြစ် ပြိုကွဲစေသည်။
အောက်တိုဘာလဆန်းပိုင်းတွင် မွတ်စ်လင်မ်စစ်သွေးကြွများက နယ်စပ်တပ်ဖွဲ့နှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ အရာရှိကိုးဦးသေဆုံးပြီး ခဲယမ်းမီးကျောက်နှင့် လက်နက်များကို ရယူသွားကြသည်။ ၎င်းနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး စတင်လာခဲ့သည်။ သို့သော် တိုက်ခိုက်သူများမှာ ဓားရှည်၊ တုတ်ချောင်းများသာ စွဲကိုင်ထားကြပြီး ခေတ်မီလက်နက်များ တပ်ဆင်ထားသည်ကို မတွေ့ရချေ။
ရခိုင်ပြည်နယ် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်၏တုန့်ပြန်မှုမှာ ချီးကျူးစရာ ကောင်းသည်။ ၎င်းက မြန်မာ့ပြည်တွင်းရေးကို ၀င်လျှိုစွက်ဖက်ခြင်း မပြုဘဲ အိမ်နီးချင်းကောင်း၏ကျင့်ဝတ်အရ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်သွေးကြွများကို (ဖမ်းဆီး၍) လက်လွှဲအပ်နှံသည့်အပြင် မိမိပိုင်နက်အား မြန်မာနိုင်ငံကိုတိုက်ခိုက်သည့် အခြေစိုက်စခန်းအဖြစ် အလျဉ်းခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း အခိုင်အမာ ကတိပြုပြောကြားခဲ့သည်။
ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ KIA နှင့် ၎င်း၏ မြောက်ပိုင်းသွေးချင်းမဟာမိတ်များက မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း မိမိတို့၏တိုက်ခိုက်မှုများမှာ တပ်မတော်ဖက်မှ လက်ရှိဖိအားပေးနေမှုအပေါ် လူအများသိရှိလာအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်မတော်ဖက်မှ အကျအဆုံးအထိအခိုက် များပြားနေလင့်ကစား မြောက်ပိုင်းသွေးချင်းညီနောင်များအဖွဲ့တို့မှ မြို့ သို့မဟုတ် ရွာများကို သိမ်းပိုက်ခြင်းမျိုး မတွေ့ရပါ။
တိုက်ခိုက်မှုများ၏ အဓိကဦးတည်ချက်သည် နယ်စပ်ကုန်သွယ်ရေးနှင့် လူထု၏ရွှေ့ပြောင်းမှုတို့ကို ဟန့်တားထိခိုက်စေရန်ဖြစ်သည်။ တပ်မတော်အဖို့ အဆိုပါ ဘေးသင့်ဒေသများတွင် တရားဥပဒေစိုးမိုးရေးကို ပြန်လည်တာဝန်ယူသွားနိုင်ရန်သာ လိုအပ်ပေသည်။ မြန်မာနိုင်ငံသည် အန္တရာယ်တွင်းနက်ထဲသို့ ကျရောက်နေခြင်း မရှိ၊ ချောက်ကမ်းပါးစွန်း၌လည်း တွဲလွဲခိုနေခြင်းလည်း မရှိပေ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် အခါအားလျော်စွာ လိုအပ်သလို တွေ့ဆုံဆွေးနွေးနေလေ့ရှိပါသည်။ ကက်ဘိနက်အစည်းအဝေးတွင်လည်း စစ်တပ်အရာရှိများနှင့် NDSC အဖွဲ့ဝင်များဖြစ်နေကြသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးများအား ခေါ်ယူတိုင်ပင်လျက်သာဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(က)အရ မြန်မာနိုင်ငံသည် အေးချမ်းတည်ငြိမ်မှု ပျက်ပြားလာလျှင် သမ္မတသည် NDSC နှင့်ပူးပေါင်းလက်တွဲကာ စစ်အာဏာသိမ်းစေနိုင်သော အခွင့်အရေးရှိသည်။
NDSC အား အစည်းအဝေးခေါ်ယူရန်မှာ သမ္မတ၏လုပ်ပိုင်ခွင့်ဘောင်အတွင်း၌သာ ရှိသည်။ မည်သို့ဆိုစေ လက်ရှိအခြေအနေအရ ယင်းသို့ပြုရန် မလိုအပ်ပါ။ မြန်မာနိုင်ငံသည် နယ်ချဲ့ကျူးကျော်ခံနေရခြင်း မဟုတ်၊ NDSC အဖွဲ့ဝင်များဖြစ်သည့် အစိုးရ၀န်ကြီးများသာမက တပ်မတော်အကြီးအကဲများမှာလည်း နိုင်ငံတော်အနေအထားကို အနီးကပ်စောင့်ကြည့်ဆွေးနွေးလျက်ရှိနေကြ၏။
USDP ပါတီမှာ စစ်အာဏာရှင်များ၏ ဖန်တီးထုတ်လုပ်မှုတစ်ရပ်ဖြစ်သည်။ ၎င်းကို စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည်၊ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တီထွင်၍ သမ္မတဟောင်းဦးသိန်းစိန်က ဦးဆောင်ခဲ့သည်။ စစ်တပ်အကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့ခြေဥအရ ၂၀၁၁ ခုနှစ်တွင် USDP အာဏာရခဲ့သည်။
၂၀၁၅ ခုနှစ်တွင် NLD ၏ သောင်ပြိုကမ်းပြို အနိုင်ရရှိမှုက အဆိုပါထုတ်ပြန်ချက်၌ လက်မှတ်ထိုးထားကြသည့် USDP နှင့်တစ်ကွ အခြားပါတီ ၁၂ ခုအတွက် အရှက်တကွဲရှုံးနိမ့်မှု ဖြစ်စေခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ ဘေးကြပ်နံကြပ်အခြေအနေများအပေါ် NLD အစိုးရ၏ ကိုင်တွယ်မှုအား ဝေဖန်ခံရယုံမျှနှင့် USDP ဦးဆောင်အုပ်စုက ဂငယ်ကွေ့စစ်အစိုးရတစ်ရပ်ကို မျှော်လင့်နေပြီလော၊ သူတို့သည် သမိုင်းကို နောက်ကြောင်းပြန်၍ မြန်မာနိုင်ငံအား အာဏာရှင်လက်အောက်သို့ ပြန်လည်တွန်းပို့ချင်ကြပြီလော ….
(Ref : FRONTIER MYANMAR, Do they want a return to military dictatorship?)
(Original Writer : SITHU AUNG MYINT)
(Translated by MYINTMO MAUNG MAUNG) -
“မန္တလေးက အားလုံး မျက်စိကျနိုင်တဲ့နေရာ”
မကြာသေးမီက နေပြည်တော်တွင် တွေ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာဇော်မြင့်မောင် (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now) သင်းလဲ့ဝင်း/ Myanmar Now
နေပြည်တော် (Myanmar Now) – ပညာရေးအလေးပေးသော၊ မောင်နှမ များပြားသောမိသားစုတွင်ကြီးပြင်း လာရသူ ဒေါက်တာဇော်မြင့်မောင်သည် ငယ်စဉ်ကပင် နိုင်ငံရေးစိတ်ဝင်စားသော်လည်း မိဘ ၂ပါး၊ မောင်နှမ ၈ ဦးတို့ ဒုက္ခရောက်မည်ကို ထောက်ထားပြီး နိုင်ငံရေးတွင် ပါဝင်ခြင်းမပြုခဲ့ဟုဆိုသည်။ ဦးနေဝင်းအစိုးရလက်ထက် မန္တလေးဆေးတက္ကသိုလ် ဆရာဖြစ်သူ ဖခင်မှာ ကျောင်းသားအဆောင်မှူးလည်း ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားသော သူငယ်ချင်းများ ကျောင်းထုတ် ခံရသည်ကို တွေ့မြင်ခဲ့ရသည်။
၁၉၈၈ လူထုလှုပ်ရှားမှု ဖြစ်လာချိန်တွင်တော့ နိုင်ငံရေးလောကထဲ ခြေစုံပစ် ဝင်လိုက်တော့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမရပူရမဲဆန္ဒနယ်မှ ရွေးကောက်ခံရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ဖြစ်လာသော်လည်း လွှတ်တော်သို့မရောက်ဘဲ နိုင်ငံအတွင်း ဆိုးရွားပါပေ့ဆိုသောထောင်များတွင် ၁၉ နှစ် နေခဲ့ရသည်။ ၂ဝဝ၉ တွင် လွတ်မြောက်လာပြီးနောက် ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဖြစ်လာသော ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည် ဘေးတွင် ပုံမှန်မြင်တွေ့ခဲ့ရသည်။
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်သောကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်ဖြစ်လာပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်မူ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမရပူရ မဲဆန္ဒနယ်အမှတ် ၁ တွင် ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်မည်ဟု အများက ခန့်မှန်းနေကြသော ဒေါက်တာဇော်မြင့်မောင်သည် သူ့ကို ပါတီက မည်သည့်နေရာတွင် ချထားမည်ဖြစ်ကြောင်းမသိသေးဟု ဆိုသည်။ Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် သင်းလဲ့ဝင်းကို ပါတီအကြောင်း၊ မန္တလေးတွင်ရှိသော စိန်ခေါ်မှုများအကြောင်း ပြောပြထားသည်။
မေး။ ။ ၂ဝ၁၂ မှာ နိုင်တာနဲ့ ၂ဝ၁၅ နိုင်တာ ဘယ်လိုကွာခြားလဲ။
ဖြေ။ ။ ၂ဝ၁၂ နိုင်တုန်းက P to P (prison to parliament – အကျဉ်းထောင်မှ လွှတ်တော်သို့) ဆိုပြီး ကျွန်တော်ပြောတယ်။ ၉ဝ ခုနှစ်က အိပ်မတ်မက်ခဲ့တဲ့ ပါလီမန်ကိုသွားဖို့၊ ဒီမိုကရေစီရရှိဖို့ကို လုပ်နိုင်တော့မယ် ဆိုပြီးတော့ ဝမ်းသာတယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာ ကျွန်တော်တို့က လေးဆယ်ကျော်၊ သူတို့ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က သုံးရာကျော်လောက် ရှိတယ်ပေါ့လေ။ အခု ကျွန်တော်တို့က လေးရာနီးပါးရှိတယ်၊ သူတို့က လေးဆယ်ကျော်။ ပြည်သူ တာဝန်ပေးပြီ၊ ကျွန်တော်တို့ လုပ်ဖို့ပဲကျန်တော့တယ်၊ ဒီတာဝန်ကို ကျွန်တော်တို့ ဘယ်လို ကျေပွန်အောင် ထမ်းဆောင်နိုင်မလဲဆိုတဲ့ စိုးရိမ်စိတ်တော့ရှိတယ်။
မေး။ ။ ထောင်နဲ့လွှတ်တော် ခရီးလမ်းက ဘယ်လိုလဲ။ လွှတ်တော်ထဲ လွယ်လွယ်ကူကူ ရောက်လာမယ်လို့ ထင်ထားသလား။
ဖြေ။ ။ ထောင်ထဲမှာနေရတုန်းက တအားကြပ်တယ်။ စာဖတ်ခွင့်မရှိဘူး။ ပုံစံကြီးထိုင်ရတယ်။ မဝရေစာစားရတာ၊ အိမ်က မထောက်ပံ့ဘူးဆိုရင် ရပ်တည်ဖို့ခဲယဉ်းတယ်။ အတိတ်ကိုမဖော်ချင်ပါဘူး။ ပြန်လွတ်လာတဲ့အချိန်မှာလည်း နိုင်ငံရေးအခင်းအကျင်းက တအားဆိုးတယ်။ NLD ဖျက်သိမ်းခံရတော့မယ်ဆိုတာ ပလူကိုပျံနေတယ်။ အဲဒီကြားထဲကနေ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာ လွယ်အိတ်တစ်လုံးနဲ့။ ရုံးတွေပိတ်ထားတယ်။ ၂ဝ၁ဝ မတိုင်ခင် အထက်ဗမာပြည် လှည့်တဲ့အချိန်မှာ တချို့ မြို့နယ်တွေက ကျွန်တော်တို့ကို ည လက်သင့်ခံရင် ည ၁ဝ နာရီ၊ ၁၁ နာရီလောက်မှ အစည်းအဝေး လုပ်ရတယ်၊ မှတ်မှတ်ရရ နေပြည်တော်မှာ လက်ခံမယ့်သူ တစ်ယောက်မှမရှိဘူး။ တည်းခိုခန်း သွားတည်းရတယ်။ တည်းပြီးတော့မှ စည်းရုံးရတယ်။ အဲဒီလို ဆိုတော့ နိုင်ငံရေးမျှော်လင့်ချက်က တော်တော်ကို နည်းပါးပါတယ်။ ရွေးကောက်ပွဲမဝင်ဘူး ၊ အဖျက်ခံရမယ်ဆိုရင်လည်း ဆက်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်တော့ရှိတယ်။ ဒီလို လျောလျောရှုရှု ပါလီမန်ထဲ ရောက်လာလိမ့်မယ်တော့ မထင်ဘူး။
၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာ တော်တော်ကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲက ဘယ်လိုမှ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မဝင်ဘူးပေါ့။ ကျွန်တော်တို့ နိုင်ငံရေးဆုံးဖြတ်ချက် မှန်တယ်လို့ထင်တယ်။ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်လိုက်တယ်။ အဲဒါကြောင့် လမ်းပွင့်သွားတယ်လို့ ထင်တယ်။
မေး။ ။ အာဏာလွှဲပြောင်းပေးတဲ့ယဉ်ကျေးမှုက မြန်မာပြည်မှာ မရှိတာကြာလှပြီ။ ဒီအတွက် ပြည်ခိုင်ဖြိုးအစိုးရကို ကျေးဇူးတင်သလား။
ဖြေ။ ။ နှစ်ပိုင်းပြောရလိမ့်မယ်။ လွှတ်တော် လွှဲပြောင်းရေး လုပ်နေတာ အင်မတန် အဆင်ပြေတယ်၊ အကုန်လုံးပြင်ဆင်ပေးတယ်။ လွှတ်တော်လွှဲပြောင်းရေးကို ဘယ်သူတွေတာဝန် ယူလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တယ်။ ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ) နဲ့ ကျွန်တော်နဲ့က လွှတ်တော်ပြောင်းရွှေ့ရေးဆိုင်ရာအဖွဲ့မှာ ပါတယ်။ ကျွန်တော်တို့က လွှတ်တော်ပြောင်းရွှေ့ရေးကို တာဝန်ယူကြတယ်။ စနစ်ကျတယ် ၊ စိတ်ကျေနပ်ဖို့ကောင်းတယ်။ ဗမာပြည်မှာ နှစ်ပေါင်း ငါးဆယ်လောက် ပျောက်နေတဲ့ ဥပဒေပြုတဲ့ ပါလီမန်လွှဲပြောင်းရေးကတော့ တအားကောင်းပါတယ်။
နောက်တစ်ပိုင်းကတော့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူတဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က ကျွန်တော်တို့လောက် မလွယ်ကူဘူးပေါ့နော်။
မေး။ ။ (ထွေအုပ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်ထဲရေးရဲ့ အောက်မှာ။ ပြည်ထဲရေးဝန်ကြီးကို တပ်မတော်က ရွေးချယ်တာ ဆိုတော့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ။
ဖြေ။ ။ ထွေအုပ်ကို ပြည်ထဲရေးအဖွဲ့ထဲမှာ ထည့်ထားတာက နည်းနည်းလုပ်ရခက်နေတာ။ ကျွန်တော်တို့ ကြားတာပေါ့နော်။ ထွေအုပ်ကို အရင်အစိုးရလက်ထက်မှာကတည်းက ခွဲထုတ်ချင်တယ်။ ဒါပေမယ့် မအောင်မြင်ဘူးပေါ့။
ဟိုတစ်နေ့က လူဝင်မှုကြီးကြပ်ရေး ဌာနကို ပြည်ထဲရေးအောက်ကို ထည့်ချင်တယ် (လို့ သမ္မတက ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာပို့တယ်)။ ကျွန်တော် လက်ရှိ အခြေအနေမှာတော့ ဒါကို လက်မခံနိုင်ဘူး။ တပ်မတော်က ကာကွယ်ရေးရယ်၊ ပြည်ထဲရေးရယ်၊ နယ်စပ်ရေးရာရယ် ယူထားပြီးတော့မှ အရပ်သားဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးကို သူတို့ထဲ ထည့်လိုက်မယ်ဆိုတော့ တပ်ပေါ်မှာ ပိုပြီး ပါဝါ ရသွားတာပေါ့။ အဲဒါလည်း တစ်ပိုင်းပါသလို ပြီးခါနီး လွှတ်တော်ကြီးပေါ်မှာ ကမန်းကတန်းနဲ့ သမ္မတက သဝဏ်လွှာပေးပို့တာ ကတော့… ကျွန်တော်တို့ကတော့ နောက်လွှတ်တော်မှာ ဆက်စဉ်းစားဖို့ ပြောလိုက်တယ်။မေး။ ။ ဘာဖြစ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အတွက် ဝင်မပြိုင်တာလဲ။
ဖြေ။ ။ တိုင်းဒေသကြီးမှာ အတွေ့အကြုံရှိတဲ့သူလိုတယ်။ တကယ့် ဖက်ဒရယ်ပြည်ထောင်စု ဆိုရင် တိုင်းဒေသကြီးလည်း အရေးကြီးလာပြီ။ အဲဒါကြောင့်ဆင်းတာ။ (နေပြည်တော်မှာ) နေချင်တယ်ဆိုရင်လည်း ရာထူးမက်တယ်ဖြစ်ဦးမယ်။ မနေချင်ဘူး ဆိုရင်လည်း ကြီးကျယ်တယ်ဖြစ်ဦးမယ်။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်)က တိုင်းဒေသကြီး ဆင်းရမယ်ဆိုတော့ ဟုတ်ကဲ့ဆိုပြီး တစ်ချက်လေးမှ မငြင်းပါဘူး။
မေး။ ။ မန္တလေးမှာ ဘာအခက်အခဲတွေ ရှိမလဲ။
ဖြေ။ ။ မန္တလေးက အားလုံးမျက်စိကျနိုင်တဲ့နေရာ။ တရုတ်နဲ့လည်းနီးတယ် ၊ အိန္ဒိယနဲ့လည်းနီးတယ်။ စီးပွားရေး အချက်အချာနေရာမြို့ ဖြစ်လာတယ်။ စက်မှုဇုန်တွေ ၊ ပြဿနာတွေ အများကြီးပဲ။ နောက်ပြီး မြို့ကြီးက တဖြည်းဖြည်း ညစ်ပတ်နေပြီ။ ရွေတချောင်း (ချောင်းရေ) က တအားပဲ ညစ်ပတ်နေပြီ။ အဓိကစိန်ခေါ်မှုကတော့ မြေသိမ်းထားတဲ့ကိစ္စတွေ။ အခုလောလောဆယ်ကို ထပ်ပြီးတော့ သိမ်းနေကြသေးတယ်။ ဒီမြေသိမ်းယာသိမ်း ပြဿနာတွေကိုတော့ ရှင်းရမယ်။ နေရာတိုင်းမှာ ပျံ့နှံ့နေတဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ချစားမှုကလည်း ရှိနေသေးတာပဲ။ အစိုးရအဖွဲ့ ဖွဲ့ပြီဆိုရင် NLD အနေနဲ့ စိန်ခေါ်မှုလည်းများ၊ အခွင့်အလမ်းလည်း ပိုများမယ် ထင်ပါတယ်။
မေး။ ။ နန်းတွင်းမှာ စစ်တပ်က အကြီးအကျယ် တပ်စွဲထားတယ်နော်။ အဲဒါကျတော့ ဘယ်လို ကိုင်တွယ်ရမလဲ။
ဖြေ။ ။ အဲဒါတော့ ခေါင်းထဲ ဘာမှ ထည့်မထားသေးဘူး။ အခုချိန်မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဆိုတာ တော်တော်များများ အလေးထားလာတဲ့အချိန်။ တန်ဖိုးထားသင့်တာပေါ့နော်။ ကျုံးကြီးဆိုရင် တော်တော် ပြင်လိုက်တာ ကြည့်ရတာဆိုးသွားပြီ။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ပြင်ရမှာ။ သပ်ရပ်သွားတယ်လို့ ထင်ပေမယ့် ယဉ်ကျေးမှုရှုထောင့်ကကြည့်လိုက်တဲ့အခါ တန်ဖိုးမဲ့သွားတယ်။ ကျွန်တော်တို့က စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး အဲဒီရှုထောင့်ကနေပဲ ကြည့်နေသေးတယ်ပေါ့နော်။ မန္တလေးမှာက နောင်တစ်ချိန်မှာ ခရီးသွားလုပ်ငန်း တိုးတက်လာမှာ။
မေး။ ။ စစ်တပ်နဲ့ NLD ညှိနှိုင်းတဲ့အခါမှာ ဝန်ကြီးချုပ်နေရာ တချို့ လိုချင်တယ်လို့ စစ်တပ်က တောင်းဆိုတယ်လို့ ပြောတဲ့သူ တချို့လည်း ရှိတယ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဘယ်သူ ဖြစ်လာမလဲ။
ဖြေ။ ။ ဘာမျှော်လင့်ချက်နဲ့မှ ကျွန်တော် အောက်ကို (မန္တလေးတိုင်းဒေသကြီးကို) ဆင်းတာ မဟုက်ပါဘူး။ အခုလည်း ကျွန်တော် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်မသိတဲ့အတွက် သူတို့တောင်းတဲ့ ဟာတွေ မသိပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်နဲ့) ကာချုပ်နဲ့တွေ့တုန်းက ကျွန်တော်ပါတယ်၊ ဒါတွေက (ထုတ်) ပြောလို့ မရဘူးလေ။
မေး။ ။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုတာတွေ အများကြီးရှိတဲ့ မန္တလေးမှာ အမျိုးသားရေးဝါဒီတွေလည်း တော်တော်များများ ထွက်လာတယ်။ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေးလုပ်တာတွေနဲ့ ပတ်သက်ပြီးတော့ရော စိတ်ပူမိလား။
ဖြေ။ ။ အမျိုးသားရေးဝါဒီတွေ ပေါ်လာကတည်းကတော့ စိုးရိမ်စရာရှိတယ်။ စာရွက်စာတမ်းတွေ ဖြန့်တာတွေက ကျွန်တော်တို့ ကြားနေရတယ်။ တော်တော် သတိထားပါတယ်။ စိုးရိမ်မှုရှိပေမယ့် မန္တလေးတိုင်းမှာတော့ သံဃာတွေက NLD တွေကို စောင့်ရှောက်တာတွေ ရှိပါတယ်။ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးလို့ရတယ်ပေါ့နော်။ အခုလောလောဆယ်ကတော့ ပြဿနာကြီးကြီးကျယ်ကျယ်မရှိပါဘူး။
မေး။ ။ နိုင်ငံရေးလုပ်ခဲ့တဲ့တစ်လျှောက်လုံး နောင်တ ရမိတာ ရှိသလား။
ဖြေ။ ။ ဒါက ကျွန်တော်ရွေးတဲ့လမ်းလေ။ ဒီ ရွေးတဲ့လမ်း ကျွန်တော်လျှောက်တဲ့အတွက် မိသားစုနစ်နာသွားတယ်။ ကျွန်တော့်သားတွေမှာ လိုချင်တာတွေ ရှိခဲ့ဖူးတယ်။ သူတို့လိုအပ်ချက်တွေကို ကျွန်တော့်အမျိုးသမီးတစ်ယောက်တည်း မဖြည့်နိုင်ဘူး။ ဒီမှာ အထူးပြောချင်တာကတော့ ကျွန်တော့်အမျိုးသမီး နှစ် ၂ဝ လုံးလုံး ကျွန်တော့်ကို မညီးမညူဘဲနဲ့ ထောင်ဝင်စာလာတွေ့တယ်။ ကျွန်တော့်သားတွေသမီးတွေကို လူဖြစ်အောင် လုပ်ပေးခဲ့တဲ့သူ။ ကျွန်တော့်ကို အင်တာဗျူးတိုင်း နောက်ဆုံးပိတ် ဘာနဲ့ပိတ်တတ်လဲ ဆိုတော့ ကျွန်တော့်အမျိုးသမီးကို ကျွန်တော် ကျေးဇူးတင်ပါတယ်လို့။ ။
-
NLD ဘယ်လို ပုဂ္ဂိုလ်တွေကိုရွေးချယ်မလဲ? (လူမှန်နေရာမှန်- အပိုင်း-၄)
ဇန်နဝါရီ ၂၄ ၊ ၂၀၁၆
M-Media
ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) ရေးသည်။(၁၈-၁၂-၂၀၁၅) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း များ စွမ်းရည်မြှင့် သင်တန်းအပတ်စဉ်(၁) ဆင်းပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ ဗိုလ်ချုပ်အောင်ဆန်းက ဦးဖေခင်ကို ပါဝင်စေခဲ့ကြောင်း ဥပမာ ပေးပြီး ပြောကြားခဲ့ပါတယ်။
အဲ့ဒီလိုပြောကြားချက်မှာအချက်(၂)ချက် ထူးခြားချက်ရှိပါတယ်။ပထမတစ်ချက်က ဗိုလ်ချုပ်အောင်ဆန်းသည် လူနည်းစုများမှ အရည်အချင်းရှိသော ပုဂ္ဂိုလ်များကိုလည်း ခွဲခြားခြင်း မရှိတာပေါ်လွင်သကဲ့သို့ ဦးဖေခင်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အထင်ကရ ပုဂ္ဂိုလ်အဖြစ် ကျော်ကြားသူဖြစ်ကြောင်း နောင်လာနောက်သားလူငယ်များ အနေနဲ့ သမိုင်းကြောင်းကို သိသင့်တယ်လို့ ယူဆပြီး၊ ဗိုလ်ချုပ်အောင်ဆန်း က ရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်များ လူမှန် နေရာမှန် (အပိုင်း-၁)၊ (အပိုင်း-၂)၊ (အပိုင်း-၃) များကို ရေးသားဖို့အကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက လူမှန်နေရာမှန်ရွေးချယ်ရာမှာလည်း အင်မတန်တော်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ပုဂ္ဂိုလ်များအဖြစ် ဆရာကြီး ဦးရာဇတ်၊ ၀န်ကြီးဦးရာရှစ်နှင့် ဦးဖေခင်(ပင်လုံ)တို့ အကြောင်းများကို အကျဉ်းဖော်ပြခဲ့ခြင်းဖြစ်ပါ တယ်။ အကျဉ်းချုပ်များကို ထပ်မံဖြော်ပလိုပါတယ်။
ဆရာကြီးဦးရာဇတ်အကြောင်းပြောရရင် “သူများကျောင်းက အိုင်စီအက်စ် တစ်ယောက် ထွက်ရင် ငါ့ကျောင်းက ဗြိတိသျှအစိုးရကို ပုန်ကန်မယ့်သူပုန် ဆယ်ယောက်ထွက်ရမယ် ”ကြုံးဝါးပြီး ဆရာကြီးရဲ့ မန္တလေးဗဟိုအမျိုးသားအထက်တန်းကျော င်းကမွေးထုတ်ေ ပးလိုက်တဲ့ သခင်ဗဟိန်း တို့လို နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံ့ ခေါင်းဆောင်များ ကိုလေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ဆရာကြီး၊ နယ်ချဲ့စနစ်ကို ဗွေဆော်ဦး ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ ၁၉၂၀ပထမကျောင်းသားသပိ တ်မှာ တက်တက်ကြွကြွပါဝင်ခဲ့၍၊ ဘီအေဘွဲ့ကို ပါဠိဘာသာဖြင့် အောင်မြင်ပြီး၊ မဟာဝိဇ္ဇာတန်းတက်မည့်ဆဲဆဲ၊ မန္တလေးဗဟို အမျိုးသား အထက်တန်းကျောင်းကြီးကို တည်ထောင်ခဲ့သူ၊ မိမိကျောင်းရဲ့ဆောင်ပုဒ်က “အတ္တာဟိ အတ္တာနော နာထော” ဖြစ်ပြီး အမျိုးသားသီချင်းမဆိုရင် ကြိမ်လုံးနဲ့ရိုက်ပြီး အမျိုးသားရေးစိတ် သွတ်သွင်း ပေး တဲ့ဆရာကြီး၊ နိုင်ငံအကျော်အမော်ခေါင်းဆောင်များ၊ ၀န်ထမ်းများကို မွေးထုတ်ပေးတဲ့ ဆရာကြီး၊ ကျားဘငြိမ်းကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့အားကစားသမားများကို ပျိုးထောင်ပေးခဲ့သူ၊လူထုဒေါ်အမာ၊အမ်အေဒေါ်အုန်းကဲ့သို့ထူးချွန်ထက်ြမက်တဲ့အမျိုးသမီးခေါင်း ဆောင်များကိုပြုစုပျိုးထောင်ပေးခဲ့သူ၊တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်ပြီးလွတ်လပ်ရေးယဇ်ပလ္လင် တွင်သွေးနှင့်စတေးခံရရှာသောအာဇာနည်ဆရာကြီးဦးရာဇ တ်အကြောင်းပြောလျှင်မကုန်ဆုံး နိုင်ဘွယ်ရာဖြစ်တော့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ သေပွဲဝင်ခဲ့တဲ့ အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကို ဗိုလ်ချုပ်က ရွေးခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းရွေးချယ်ခဲ့တဲ့နောက်ပုဂ္ဂိုလ်က ၀န်ကြီးဟောင်းဦးရာရှစ်၊ ၁၉၃၆ ခုနှစ် သပိတ်ကစပြီး ဗိုလ်ချုပ်အောင်ဆန်းသေသည့် တိုင်အောင် လက်တွဲချင်တဲ့ပုဂ္ဂိုလ်၊ စစ်ကြီး အတွင်း မှာ အိန္ဒိယကို ရောက်နေတဲ့ ဦးရာရှစ်ကို အိန္ဒိယ၀န်ကြီးချုပ် ဂျဝါဟလာနေရူးထံ စာရေး အကြောင်းကြားပြီး မြန်မာပြည်ကို ဗိုလ်ချုပ်အောင်ဆန်းက ပြန်ခေါ်ခဲ့တဲ့ ပုဂ္ဂိုလ်၊ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်ရဲ့ အသက်ဝိဥာဉ်လို့ ဒေါက်တာမောင်မောင်ရဲ့ ချီးကျူးခံရတဲ့ ပုဂ္ဂိုလ်၊ ၁၉၃၁ ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (RUSU) ရဲ့ ပထမဦးဆုံးသော အတွင်းရေးမှူးး ၁၉၃၆ ရ.က.သနဲ့၊ ဗ.က.သ ရဲ့ ပထမဆုံး တစ်ပြိုင်တည်း ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူ၊ ဒု-ကျောင်သားသပိတ်အပြီး၊ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီသို့ စေလွှတ်ခံရတဲ့ ပထမဦးဆုံးသော ကျောင်း သားကိုယ်စားလှယ်၊ ၁၉၃၉ ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်၏ လူငယ်များ ညီလာခံက တင်မြှောက်တဲ့ ဥက္ကဌ၊ လွတ်လပ်ရေးရယူစဉ်က ရခိုင်မြောက်ပိုင်းကို အရှေ့ပါကစ္စတန် နယ်ထဲပါမသွားအောင် မြန်မာနိုင်ငံ နယ်နိမိတ်ကို ကာကွယ်ခဲ့သူ၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီဝင်၊ လွတ်လပ်ရေးရယူစဉ်က အိန္ဒိယရဲ့ အကြွေးတွေ ကို ဖြေရှင်းပေးခဲ့တဲ့ ပုဂ္ဂိုလ်၊ (၁၉၅၂-၅၄) ပြည်သူ့အိုးအိမ်ပြန်လ ည်ထူထောင်ရေးနှင့် အလုပ်သမားဝန်ကြီး၊ (၁၉၅၄-၅၆) ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊ (၁၉၅၆-၅၈) အလုပ်သမားနှင့် သတ္ထုတွင်း ၀န်ကြီး၊ (၁၉၅၈-၆၀) သတ္တုတွင်းဌာန၀န်ကြီး၊ ၁၉၆၁ ၊ ဂျနီဗာ ၄၅ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားညီလာခံသဘာပတိ၊ ရန်ကုန်တက္ကသိုလ်တွင် ၁၅ နှစ်ခန့် ကောင်စီဝင်၊ မန္တလေး တက္ကသိုလ်ရဲ့ ပထမဦးဆုံး အဓိပတိ၊ ကုရ်အာန်မြန်မာဘာသာပြန်ကို ဦးဆောင်ကြိုးပမ်းခဲ့သူ စသည့် ဂုဏ်ပုဒ်များစွာနဲ့၊ နိုင်ငံ့အကျိုးကို သည်ပိုးထမ်းဆော င်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရွေးခဲ့တဲ့နောက်ပုဂ္ဂိုလ် တစ်ဦးကတော့ မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံ့ဂုဏ်ရည်ပထမဆင့်) နိုင်ငံတော်က ချီးကျူးးဂုဏ်ပြုခံရသူဖြစ်ပါတယ်။ ဖဆပလ အဖွဲ့ချုပ်၊ နယ်ခြားဒေသဌာနခွဲအတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ပေးအပ်ခဲ့ ပါတယ်။
“ကိုဖေခင်ဟာပျော်ဘွယ် ဇာတိဖြစ်တယ်။သူဟာရန်ကုန်တက္ကသိုလ်ဘွဲ့ရတဲ့ ကျောင်းသားတစ်ဦးဆိုတော့ သူ့နောက်မှာ ဘီအေ၊ ဘီအယ်လ်၊ ဘာညာဆိုတဲ့ ဘွဲ့နဲ့ပေါ့ဗျာ၊ ဒါပေမဲ့ ကျုပ်က ဒါတွေကို သိပ်အရေးကြီးတယ်လို့ မယူဆပါ ဘူး။ကျုပ်အသုံးချဖို့ရှိ လို့ရွေးထားတာပါ။ အဲဒါကတော့ အခြားမဟုတ်ပါဘူး ။ တောင်တန်းဒေသ ရှိလူမျိုးစု များကို ပြည်မနှင့် ပေါင်းဖို့စည်းလုံးညီညွတ်တဲ့ ဗမာနိုင်ငံကြီး ပေါ်ပေါက်လာေ ရးအတွ က် ဆောင်ရွက်ဖို့ပါပဲ။ ဒါကိုလည်း သူ့အနေနဲ့ အောင်အောင်မြင်မြင်ဆောင်ရွက်နေပါပြီ။ ” လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဘူးပါတယ်။
အမှန်တကယ်တော့ ၁၉၄၆ ခုနှစ်၊ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံကြီး သည် ပင်လုံစာချုပ်ရဲ့ အသဲနှလုံးဖြစ်သကဲ့သို့၊ အဲဒီညီလာခံကြီးမှာ ဦးဖေခင်တင်သွင်းတဲ့ အဆိုမှတ်-၇ (ပြည်နယ်/ပြည်မပူးပေါင်းရေးအဆို) မှာ ထိုညီလာခံကြီးရဲ့ အသဲနှလုံးဖြစ်လာခဲ့ပါ တယ်။ အဲ့ဒီအဆိုကို ဦးဖေခင်တင်သွင်းစဉ် “နယ်ခြားဒေသ” မပါသော လွတ်လပ်ရေးသည် အဆီ အနှစ်ကင်းမဲ့သည့် အောင်မြင်မှုသာဖြစ်သည်။ ဟူသော သဘောထားကို ထည့်သွင်းပြောကြားခဲ့ပါ တယ်။ ထိုသဘောထားမှာ ဖဆပလအဖွဲ့ချုပ်က တောင်တန်းသားများ (ထိုစဉ်က အသုံးအနှုန်း)အပေါ်ထားသော တရားဝင် သဘောထား အမြင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားအမြင်နဲ့ ထပ်တူထပ်မျှပါပဲ။ ဦးဖေခင်သည် ဗမာမွတ်စလင်ကွန်ဂရက် (ဗ.မ.က) ဒု-ဥက္ကဌဖြစ်ပြီး၊ အဲ့ဒီညီလာခံကြီးကို ဗ.မ.က ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။
ပင်လုံစာချုပ်ချုပ်ဆိုရာလည်း လွယ်လွယ်ကူကူမဟုတ်ပါ။ လိပ်ခဲတည်းလင်းဖြစ်နေတဲ့ အခြေအနေမှာ ဗိုလ်ချုပ် ရန်ကုန်သို့ ပြန်ရန် လေယာဉ်ပျံ စီစဉ်ခိုင်းတဲ့ အခြေအနေ အ ထိ ရောက်နေ ဆဲမှာ ဦးဖေခင်နဲ့ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့က ဗိုလ်ချုပ်ကိုဖြောင်းဖြခဲ့ကြပြီး၊ ပင်လုံ စာချုပ်ချုပ်ဖြစ်အောင် ရှမ်းခေါင်းဆောင်များ၊ အခြားတိုင်းရင်းသားများနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြ ပါတယ်။ အဲဒီတော့မှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) နေ့ နံနက် (၁၁)နာရီအချိန်မှာ သမိုင်းတွင်တဲ့ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုခဲ့ကြတာပါ။ အဲဒီ ပင်လုံစာချုပ်သည် အောင်ဆန်း-အက်တလီစာချုပ်ရဲ့ အသဲနှလုံးလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်ကို အခြေခံပြီး၊ မြန်မာ့လွတ်လပ်ရေးကို ရယူခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။
“ ဦးဖေခင်သည် ဖဆပလ အဖွဲ့ချုပ်နှင့် ကျွန်တော်တို့ ရှမ်းပြည်လွတ်လပ်ေ ရးအဖွဲ့ချုပ်ြ ကား တွင်အောင်သွယ်ကြီး သဖွယ်ဆောင်ရွက်ခဲ့ကြောင်း ”ရှမ်းခေါင်းဆောင် ဦးတင်ဧ (နောင်နိုင်ငံတော် ကောင်စီဝင်အငြိမ်းစား) က ချီးကျူးခဲ့သလို “ဦးဖေခင်သ ည် ရွှေတိဂုံအလယ် ပစ္စယံ ညီလာခံကြီးမှသည် ၁၂-၂-၄၇ နေ့ ပင်လုံစာချုပ်လ က်မှတ်ရေးထိုးချုပ်ဆိုပြီး သည်အထိ သူကိုယ်တိုင်တောက်လျှောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ရေး ကြိုးပမ်းမှု တွင် ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပါးတော်မြဲအတွင်းဝန်ဟောင်း ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)နိုင်ငံဂုဏ်ရည်ပထမဆင့်ကလည်းထောပနာပြုခဲ့ပါတယ်။ဗိုလ်ချုပ်အောင် ဆန်းရွေးခဲ့တဲ့ သံအမတ်ကြီး (အငြိမ်းစား) မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံဂုဏ်ရည်ပထမဆင့်) သည်ဂုဏ်ပုဒ်များနဲ့ထိုက်တန် သူအဖြစ်နိုင် ငံတာဝန် များကိုစွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အဲဒီပင်လုံစာချုပ်ဟာ ဘယ်လောက်အရေးပါသလဲဆိုရင် ပင်လုံစာချုပ် ကပေါ်ပေါက်လာ တဲ့ “ပင်လုံစိတ်ဓါတ်”ကိုအခြေခံပြီး၊ယ ခုပဉ္စမမြန် မာနိုင်ငံတော်စည်းလုံးညီညွတ်ေ ရးကိုတည်ဆောက် ကြရမှာဖြစ်ပါတယ်။
NLD ဘယ်လို ပုဂ္ဂိုလ်တွေကို ရွေးချယ်မလဲ ?
———————————–
အစိုးရတစ်ရပ်ဖွဲ့စည်းရတာမလွယ်ကူကြောင်းမကြာခင်ကNLDကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးတွင်စနစ်ဟောင်းတစ်ရပ်မှစနစ်သစ်တစ်ရပ်သို့အသွင်ကူးပြောင်း ရာတွင်စနစ်ဟောင်းကအမျှင်တန်း၍ ပါလာတတ်ပါတယ်။ ယတိပြတ် ပြောင်း လဲခြင်းမျိုးမဖြစ်နိုင်ပါ။ ဒီမိုကရေစီအသွင်ပြောင်းရာတွ င်စေ့စပ်ညှိနှိုင်းမှု များသ ည်အလွန် အရေးပါပါတယ်။ အာဏာရှင်စနစ်မှဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် အာဏာရှင်များနှင့်စေ့စပ်ညှိနှိုင်း မှုများပြုလုပ်ရန်လိုအပ်လာပါတယ် ။အတိုက်အခံ များဘက်ကသြဇာတိက္ကမနှင့်ပြည့်စုံသောခေါင်း ဆောင်ကောင်းများလိုအပ်ပါတယ်။အတိုက်အခံများဖက်မှလည်းတစ်သံတည်းထွက်ရန် အရေးကြီးပါတယ် ။အသွင်ကူးပြောင်းေ သာအာဏာရှင်နိုင်ငံများအနက်အင်ဒိုနီရှား၊တောင်အာ ဖရိက၊လက်တင်အမေရိက ၊တူရကီ၊ဆားဘီးယားနိုင်ငံများတွင်ထင်ရှားသောသာဓကများရှိပါတယ် အာဏာရှင်များအနေဖြင့်လည်းထိုသို့စေ့စပ်ညှိနှိုင်းဆွေးနွေးရ န်လိုအပ်ကြောင်း အသိအမှတ်ပြုကြရပါမယ်။ထိုနည်းလမ်းကို မရွေးချယ်လျှင် ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းသို့ရောက်ရှိ သွားမည်ဖြစ်ကြောင်းနှစ်ဖက်စလုံး ကသိရှိကြရပါမယ်။ စေ့စပ်ဆွေးနွေးရာတွင်တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပုံသေကားချပ် မတူညီနိုင်ပါ။ယခုမြန်မာနိုင်ငံတွင်တွေ့ကြုံနေရသောစိန်ခေါ်မှုများသည်ကမ္ဘာပေါ်တွင်အတိတ်က အာဏာရှင်နိုင်ငံများတွေ့ကြုံ ရင်ဆိုင်ခဲ့ရသည်များနှင့်ဆင်တူနေကြောင်းနိုင်ငံရေးသိပ္ပံပညာရှင် ဖရန်းစစ်ဖူကူးယားမားက ရေးသားခဲ့ပါတယ်။ယခင် ချီလီသမ္မတMr.Ricard Lagosမြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် ချီလီနိုင်ငံတွင်အာဏာရှင်စနစ် မှအရပ်သားအုပ်ချုပ်ရေး စနစ်သို့ပြောင်းလဲခဲ့ပုံအကြောင်းရှင်းပြခဲ့ပါတယ်။ ချီလီအာဏာရှင်ပီနိုချေးနှင့်လက်တွဲ၍ စစ်တပ်အုပ်ချုပ်ရေးစနစ်မှအရပ်သား ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ အသွင် ကူးပြောင်းခဲ့ကြောင်း ပြောပြခဲ့တယ်။
တပ်မတော်အတွက် သာမက ဒီမိုကရေစီ အင်အားစုများ အတွက်ပါကောင်းသော အသွင် ကူးပြောင်း ခြင်းဖြစ်ရန် အရေးကြီးကြောင်း Mr. RicardoLagosက ပြောကြားခဲ့ပါတယ်။
“ရန်သူတော်တစ်ဦးနှင့် ငြိမ်းချမ်းရေးရယူလိုသော်၊၄င်းနှင့် အတူ လက်တွဲလုပ်ကိုင်နို င်စွမ်း ရှိရမည်။ ယင်းသို့ လုပ်ကိုင်ခြင်းဖြင့် သင့်ရန်သူဟောင်းသည် သင်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်လာပေမည်။” လို့ နယ်လ်ဆင်မင်ဒဲလားက ပြောဘူးပါတယ်။
ယခုမြန်မာနိုင်ငံတွင်စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်မှဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုစနစ်သို့ကူးပြောင်းရာမှာလက်ရှိအာဏာရပုဂ္ဂိုလ်များအထူးသဖြင့်တပ်မတော်နဲ့ အသေအချာစေ့စပ်ဆွေးနွေးညှိနှိုင်းချက်အပေါ်အခြေခံ၍အစိုးရဖွဲ့စည်းရန်သင့်တော်သော ပုဂ္ဂိုလ်များကို ရွေးချယ်ရပါမယ်။ ဒါကပထမအချက်ပါ။
ဒုတိယအချက်ကအမျိုးသားပြန်လည်သင့်မြတ်ရေး၊ရင်ကြားစေ့ရေး၊ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တိုင်းရင်းသားများနဲ့ လက်တွဲဆောင်ရွက်ရမှာဖြစ်လို့ တိုင်းရင်းသားများကိုလည်း အစိုးရအဖွဲ့ထဲမှာ ထည့်သွင်းရန်လိုအပ်ပါတယ်။
တတိယအချက်ကNLDမှသင့်တော်သောပုဂ္ဂိုလ်များကိုအမာခံထားပြီးအစိုးရအဖွဲ့ထဲမှာ ထည့်သွင်းသင့်ပါတယ်။
စတုတ္ထအချက်ကတတ်/သိပညာရှင်များကိုသင့်တော်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများမှာ တာဝန်ပေးအပ်ခြင်းဖြင့် နိုင်ငံအနေနဲ့ ဘက်စုံက တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပညာရှင်များကို ဒု-၀န်ကြီးများကဲ့သို့ Technocrats များမဖြစ်စေချင်ပါ။
ပဉ္စမအချက်ကလူနည်းစုများကိုလည်းမခွဲခြားဘဲ၊ပါဝင်ဖွဲ့စည်းစေခြင်းဖြင့်ဘက်စုံ၊ ဒေါင့်စုံများအကြောင်းအရာများကိုထိတွေ့၊သိရှိခြင်းအားဖြင့်Unity in diversity မတူကွဲပြားမှုများဖြင့်စည်းလုံးခိုင်မာသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာဖြစ် ပါတယ်။အစိုးရ ဖွဲ့စည်းရန်ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်နဲ့ နိဂုံးချုပ်ဖော်ပြလိုပါတယ်။
“There are two sorts of things : Efficiency and Inefficiency, and two sorts of people: The efficient and the inefficient. (George Bernard Shaw)
“အရည်အချင်းရှိခြင်းနဲ့ အရည်အချင်းမရှိခြင်းဆိုတဲ့ အကြောင်းအရာ (၂) မျိုးရှိတယ်။ လူတွေမှာလည်း အရည်အချင်းရှိသူနဲ့ အရည်အချင်းမရှိသူဆိုပြီး (၂) မျိုးပဲရှိတယ်။”
ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီလိုပြောဘူးပါတယ်။ NLD စတင်ဖွဲ့စည်းစဉ်ကလောက် ဖြစ်မည်ထင်ပါတယ်။ယခုလည်း အရည်အချင်းပြည့်ဝသူများကို ဦးစားပေးဖို့ မူသဘောသတ်မှတ်သင့်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက အထက်ပါအတိုင်း သင့်တော်သောပုဂ္ဂိုလ်များကို လူမှန်၊ နေရာမှန် ရွေးချယ်ခဲ့ပါတယ်။ ယခု NLD က ဘယ်လို ပုဂ္ဂိုလ်တွေ ကို ရွေးချယ်မလဲ?
အားလုံးကို ကျေးဇူးတင်ပါတယ်။
ခင်မောင်ချို
လူမှန်နေရာမှန် (အပိုင်း – ၁)
http://www.m-mediagroup.com/news/50534လူမှန်နေရာမှန် (အပိုင်း -၂)
http://www.m-mediagroup.com/news/50599ဦးရာရှစ်- လူမှန်နေရာမှန် (အပိုင်း -၃)
http://www.m-mediagroup.com/news/51004 -
ဘာသာရေး အသုံးချ စည်းရှုံးလှုံ့ဆော်သူ လင်မယား အရေးယူခံရ
နိုဝင်ဘာ ၁၉ ၊ ၂၀၁၅
မေသန္တာမျိုး
.
မန္တလေး။ ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ် ခွင့်မပြုတော့သည့် နိုဝင်ဘာ(၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြိး ပျော်ဘွယ်မြို့နယ်၌ အစ္စလာမ်ဘာသာဝင် တို့၏ မြန်မာပြည်သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက်အား ကိုင်ဆောင်၍ စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲသူ လင်မယားအား နိုဝင်ဘာလ (၁၈) ရက်နေ့ ၊နေ့လည်(၁၂း၀၅) အချိန်တွင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံက သိရသည်။
.
ဖြစ်စဉ်မှာ နိုဝင်ဘာ(၇) ရက်နေ့ ညနေ(၅း၃၀) အချိန်က ပျော်ဘွယ်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု၊ စံပါယ်ကုန်းကျေးရွာ တွင် ဦးပေါ်မှင် (၆၀) နှစ် နှင့် ၄င်း၏ ဇနီး ဒေါ်နု(၆၁) နှစ် တို့သည် အစ္စလာမ် ဘာသာဝင်တို့၏ မြန်မာပြည် သိမ်းပိုက်ရေး စီမံချက်(စ/ဆုံး) ခေါင်းစဉ်ပါ တရားမဝင်စာရွက် နှစ်ရွက် (ထုတ်ဝေသူအမည်/ နေရပ်လိပ်စာ မပါ) အား ကိုင်ဆောင်၍ တစ်အိမ်ဝင် တစ်အိမ်ထွက်သွားရောက်ကာ NLD ပါတီအားမဲထည့်လျှင် အစ္စလာမ်ဘာသာဝင်တို့၏ စော်ကားခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ပြည်ခိုင်ဖြိုး ပါတီအား မဲထည့်ရန် စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
.
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အဆိုပါကျေးရွာနေ NLD ပါတီဝင် ၊ အမှတ်(၅) မဲရုံကိုယ်စားလှယ် ဦးစံလှ (၃၈)နှစ် က တိုင်တန်း၍ ဦးပေါ်မှင် ဒေါ်နု တို့အား ပျော်ဘွယ်မြို့မ ရဲစခန်းတွင် (ပ) ၃၆၅/ ၂၀၁၅ ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ) အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရသည်။
.
၂၀၊၁၁၊ ၂၀၁၅ ထုတ် မန္တလေးအလင်း နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။Image via-ko aung tun FB