News @ M-Media
Tag: obama
  • အမေရိကန်သမ္မတ အိုဘားမား ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့  လာရောက်မည်
    အမေရိကန်သမ္မတ အိုဘားမား ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်မည်
    သြဂုတ် ၂၉၊ ၂၀၁၄
    M-Media
    barack-obama-to-travel-to-china-myanmar-and-australia-in-november
    – အာရှပစိဖိတ် ချိန်ခွင်လျှာညီမျှရေး မဟာဗျူဟာအား အကောင်အထည်ဖော်ရန်နှင့် အရေးပါသည့် အစည်းအဝေးပွဲများသို့ ရောက်ရန် အတွက် အမေရိကန် သမ္မတဘာရက် အိုဘားမားမှာ ယခုနှစ်နိုဝင်ဘာလတွင် တရုတ်၊ သြစတေးလျနှင့် မြန်မာနိုင်ငံများသို့ လာရောက်မည်ဟု သိရသည်။
    အိုဘားမားမှာ နိုဝင်ဘာ ၁၀၊ ၁၁ ရက်နေ့တွင် ဘေဂျင်း၌ ပြုလုပ်မည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးသို့ တက်ရောက် မည်ဖြစ်ပြီး၊ နိုဝင်ဘာ ၁၂ ရက်နေ့တွင် နေပြည်တော်တွင်ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
    ထို့နောက် သြစတေးလျနိုင်ငံ ဘရစ္စဘိန်းတွင် ပြုလုပ်မည့် G-20 ထိပ်သီး အစည်းအဝေးအား တက်ရောက်ရန်အတွက် နိုဝင်ဘာ ၁၅ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကာ ၁၆ ရက်နေ့အထိ နေထိုင်မည်ဖြစ်သည်။
    တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အစည်းဝေးမှာ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု အာရှပစိဖိတ် စီးပွာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူ ရောဘတ်ဝမ်က ပြေကြားခဲ့သည်။
    သမ္မတအိုဘားမားမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။
    ထို့ပြင် ရန်ကုန်တက္ကသိုလ်တွင် အိုဘားမားက ဒီမိုကရေစီ၏ အခြေခံ အချက်အလက်များနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို မိန့်ခွန်းပြောကြားခဲ့သည်။
    ref_The Economic Times
  • အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်နှင့် တိုက်စစ်မှူး ဒမ်ဆီတို့အား အိုဘားမားချီးကျူး
    ဇူလိုင် ၄၊ ၂၀၁၄
    M-Media
    431058_heroa
    – ၁၆ သင်း ရှုံးထွက် ဘယ်လ်ဂျီယံအသင်းအား ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် လက်စွမ်းပြခဲ့သည့် ၀ါရင့်ဂိုးသမား တင်ဟောင်းဝပ်နှင့် အုပ်စုအဆင့်မှ ကျော်အောင် ကူညီပေးခဲ့သည့် တိုက်စစ်မှူး ဒမ်ဆီတို့အား အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးကျူုးခဲ့သည်ဟု သိရသည်။
    ဘယ်လ်ဂျီယံအသင်းမှာ ထိုပွဲတွင် အမေရိကန်အား တောက်လျှောက်ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်အများ အပြားရခဲ့သော်လည်း တင်ဟောင်းဝပ်က အပိုင်ဂိုးသွင်းမှု ၁၆ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး အများဆုံး ကာကွယ်နိုင်သည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဒမ့်ဆီမှာလည်း အုပ်စုအတွင်းပြိုင်ပွဲများတွင် ၂ ဂိုးသွင်းယူပေးကာ အမေရိကန်အသင်းအား ၁၆ သင်းအဆင့်ရောက်အောင် ကူညီပေးနိုင်ခဲ့သည်။
    “နှစ်ယောက်လုံးက ကျွန်တော်တို့ ဂုဏ်တက်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘောလုံးအားကစားကို ကျွန်တော်ဒီလောက်မကြိုက်ပေမယ့် ဒါကို ကြိုက်နှစ်သက်ကြတဲ့သူတွေရဲ့ နှလုံးသားနဲ့ ပြည်သူတွေရဲ့ စိတ်အာရုံကို ညှို့ယူဖမ်းစားခဲ့တာကို မြင်ရတာဟာ မယုံကြည်နိုင်စရာပါပဲ” ဟု အိုဘားမားက အမေရိကန်ဘောလုံးသမားများနှင့် ဖုန်းပြောဆိုမှုအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် အမေရိကန်အသင်း နိုင်ငံသို့ပြန်လာသည့်အခါ ပြည်သူများ ချက်ချင်းမမှတ်မိစေရန် မျက်နှားပေါ်ရှိအမွှေးများအား ရိတ်ပစ်ထားရမည်ဟု တင်ဟောင်းဝပ်အား အိုဘားမားက အရွှန်းဖောက်ပြောဆိုခဲ့သည်။
    ဂျာမနီ၊ ပေါ်တူဂီ၊ ဂါနာတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည့် အမေရိကန်အသင်းမှာ အုပ်စုဒုတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဘယ်လ်ဂျီယံအား အချိန်ပိုတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
  • သမ္မတ အိုဘားမား၏ ရမ်ဿွာန်လ နှုတ်ခွန်းဆက်စကားကို အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့
    သမ္မတ အိုဘားမား၏ ရမ်ဿွာန်လ နှုတ်ခွန်းဆက်စကားကို အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့
    ဇူလိုင် ၂ ၊ ၂၀၁၄
    M-Media
    ObamaCongratulates-Muslims-on-Ramadan
    အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားသည် ရမ်ဿွာန်ဥပုသ်လအ၀င်၌ အမေရိကန် မွတ်စ်လင်များနှင့် ကမ္ဘာ့မွတ်စ်လင်မ်တို့အား နှုတ်ခွန်းဆက်ကြိုဆိုသည့် သတင်းစကားကို ဇွန်လ ၂၇ ရက်၊ သောကြာနေ့တွင် အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ ဤလမြတ်သည် ဆင်းရဲသူများ၊ ဒုက္ခသည်များကို သတိရစေကြောင်းနှင့် ထိုသူတို့အပေါ် လူတိုင်း တာဝန်ရှိကြောင်း အောက်ပါ အတိုင်း ပြောဆိုသွားသည်။
    “ အမေရိကန်ပြည်သူများကိုယ်စား မစ်ရှဲလ်နှင့် ကျွန်ုပ်(အိုဘားမား)သည် အမေရိကန်ပြည်ထောင်စု အတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းပေါ်သို့ ကောင်းခြင်း မင်္ဂလာသက်ရောက် ပါစေကြောင်း မြင့်မြတ်သော ရမ်ဿွာန်လ အဖွင့်တွင် ဆန္ဒပြုလိုက်ပါ၏။
    ထပ်လောင်း အတည်ပြုမည့် အခါသမယလည်း ဖြစ်ပေသည်။ မိမိတို့၏ဒါနပြုခြင်းအားဖြင့်သာမက ပညာရေး၊ နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကျောင်းသား၊ လုပ်သား၊ မိသားစုတို့ကို စွမ်းရည်တိုးမြှင့်စေလိုသော စွမ်းဆောင်ချက်များအားဖြင့်လည်း ဆင်းရဲမွဲတေမှု၊ ၀င်ငွေ မမျှတမှုကို လျှော့ချနိုင်အောင် ဆောင်ရွက်ရးအခွင့်အလမ်းအား နစ်မြုပ်ဖန်တီးကြသူ အမေရိကန်ပြည်ထောင်စုအတွင်းရှိ အမေရိကန်မွတ်စ်လင်မ်အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများ၊ လုပ်ငန်းရှင်များ များစွာတို့အပေါ် ကျွန်ုပ်တို့မှ ကျေးဇူးဥပကာရတင်ရှိပါသည်။
    ထို့အတူ ကျွန်ုပ်တို့အပေါ်ဆက်ဆံစေလိုသည့်ပုံအတိုင်း သူတစ်ပါးအပေါ်ဆက်ဆံကြရန် (နှင့်) ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူအခွင့်အရေးအား မျှော်လင့်တမ်းတနေကြသည့် ဘာသာတရားအသီးသီးရှိ လူတို့ကို ပေါင်းစည်းစေသော အခြေခံစည်းမျဉ်းများအတွက် လူတိုင်းတွင် တာဝန် ကိုယ်စီရှိကြောင်း ကျွန်ုပ်တို့အား သတိပေးလျက် ရှိနေပါသည်။ ကမ္ဘာတစ်ခွင် လူသားများစွာတို့မှာ အသိတရားမဲ့ အကြမ်းဖက်မှုနှင့် ပဋိပက္ခဒဏ်များကို ခံစားနေရသောအချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့မှာ တရားမျှတမှုဖော်ဆောင်ရန်၊ လူတိုင်း၏ဂုဏ်သိက္ခာကို တန်ဖိုးထားရန်
    ကျွန်ုပ်တို့ အားလုံး တာဝန်ရှိကြောင်း ဤလမြတ်ချိန်ခါက နှိုးဆော်နေပေသည်။
    ကျွန်ုပ်၏သမ္မတသက်တမ်းအတွင်း အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းမှ အမေရိကန်မွတ်စ်လင်မ်တို့အား ဖိတ်ကြားပြီး စုပေါင်းဝါဖြေညစာစားပွဲ ကျင်းပပေးလေ့ရှိပါသည်။ ယင်းသို့ပြုလုပ်ခြင်းက ကျွန်ုပ်တို့တိုင်းပြည် အတွက် အမေရိကန်မွတ်စ်လင်မ်တို့၏ ပေးဆပ်စွမ်းဆောင်ကြမှုကို အမေရိကန်ပြည်ထောင်စုမှ အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ကမ္ဘာ့မွတ်စ်လင်မ်ထုတစ်ရပ်လုံး မိသားစု၊ အသိုင်းအ၀ိုင်း၊ ငြိမ်းချမ်းရေးနှင့် နားလည်မှုဆိုင်ရာ ပျော်ရွှင်မှုရသတို့ကို ဤလမြတ်အားဖြင့် ရရှိခံစားနိုင်ပါစေကြောင်း ဆန္ဒပြုပြောကြားရန် ကျွန်ုပ်အဖို့ နောက်ထပ်အခွင့်အရေးတစ်ရပ် ရရှိသွားစေပါသည်။ သန့်စင်မြင့်မြတ် မင်္ဂလာရှိသော ရမ်ဿွာန်လပါခင်ဗျား ”။
    အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးသောလ “ရမဿွာန်”ကို နက္ခတ္တဗေဒတွက်ချက်နည်း အရ မြောက်အမေရိက တိုက်တွင် ဇွန်လ ၂၈ ရက်၊ စနေနေ့က စတင်ခဲ့သည်။ နာမကျန်းသူနှင့် ခရီးသည်တို့မှအပ အရွယ်ရောက်ပြီးသူများသည် ရမ်ဿွာန်လတွင် နံနက်အရုဏ်ချိန်မှ ညနေနေ၀င်ချိန်အထိ အစားအစာ၊ ရေ၊ ဆေးလိပ်၊ ကာမဆက်ဆံရေး တို့အား စွန့်လွှတ်ရှောင်ကြဉ်ကြရသည်။ အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်တို့သည် ၀တ်ပြုခြင်းများ၊ မိမိကိုယ်ကို ထိန်းချုပ်စောင့်စည်းခြင်းများ၊ ကောင်းမှု လုပ်ရပ်များအားဖြင့် တစ်လတာ အချိန်ကုန်လွန်စေလေ့ရှိကြသည်။
    အမေရိကန်ပြည်ထောင်စု၌ မွတ်စ်လင်မ်လူဦးရေ ပမာဏ ၆ သန်းမှ ၇ သန်းအထိ ရှိနေပါသည်။
    Ref : The Press Office of White House, OnIslam
  • မြန်မာနိုင်ငံတွင် မွတ်စလင်များကို ဖိနှိပ်ထားမှု အိုဘားမား သတိပေး၊ နိုင်ငံ့အခြေအနေ ဆိုးရွားသွားစေနိုင်သည်ဟုပြော
    ဧပြီ ၂၇၊ ၂၀၁၄
    M-Media
    – လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများက မြန်မာနိုင်ငံအား ဆိုးရွားသောလမ်းကြောင်းသို့ ရောက်သွားစေနိုင်သည်ဟု မလေးရှားသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
    obama_web_3
    “မွတ်စလင်လူ့အဖွဲ့အစည်းကို ဖိနှိပ်ထားမယ်ဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး”
    ယခင် စစ်အာဏာရှင်စနစ်မှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ရဲရင့်စွာ ဆောင်ရွက်နေခြင်းအား အိုဘားမားက ချီးကျူးခဲ့သော်လည်း နှစ်ပေါင်းများစွာကြာ ဖိနှိပ်ချုပ်ချယ်ခဲ့ပြီးနောက် ဒီမိုကရေစီ စနစ်ပြောင်းလဲခြင်းတွင် အန္တရာယ်များလည်း ရှိနေခဲ့သည်ဟု သတိပေးခဲ့သည်။
    “မွတ်စလင်လူ့အဖွဲ့အစည်းကို ဖိနှိပ်ထားမယ်ဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ကွာလာလမ်ပူ မြို့တော်ခန်းမတွင် ပြုလုပ်သည့် အစည်းအဝေး၌ အိုဘားမားက ပြောကြားခဲ့သည်။ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ၏ လက်ထဲတွင် ညှင်းပန်း နှိပ်စက်ခြင်းခံနေရသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်လူနည်းစုများကို ရည်ညွှန်း၍ အိုဘာမားက ပြောဆိုခဲ့ခြင်းဖြစ်သည်။
    “ဒီမိုကရေစီကို ပြောင်းလဲနေတဲ့နေရာမှာ အခုရှိနေတဲ့ အန္တရာယ်က ကွဲပြားတဲ့ လူမျိုးစုတွေနဲ့ မတူညီတဲ့ ဘာသာတရားတွေပါပဲ။ တကယ်လို့ ပြည်သူတွေဟာ ဘာသာရေးနဲ့ လူမျိုးရေး သတ်မှတ်ချက်တွေမှာ နိုင်ငံရေးဆိုင်ရာ အဖွဲ့ ဖွဲ့တာတွေစလာမယ်ဆိုရင်တော့… ပဋိပက္ခတွေကို သေချာပေါက် စတွေ့လာရမှာပါ…. အဲဒီလို ပဋိပက္ခတွေဟာ မြန်မာနိုင်ငံကို သိပ်ကိုဆိုးရွာတဲ့လမ်းကြောင်းထဲ ရောက်သွားစေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ မွတ်စလင်လူနည်းစုတွေရှိတယ်။ သူတို့ တော်တော်များများဟာ သမိုင်းကြောင်းနဲ့ချီ အနှိမ်ခံရပြီး၊ သူတို့ရဲ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ကာကွယ်ပေးခြင်းလည်း မခံရပါဘူး” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။
    AFP
  • မြောက်ကိုရီယားမှာ အင်းအားချိနဲ့နေသည့် အပယ်ခံနိုင်ငံဟု အိုဘားမားဆို
    ဧပြီ ၂၆၊ ၂၀၁၄
    M-Media
    – မြောက်ကိုယားမှာ အင်အားချိနဲ့သည့် အပယ်ခံနိုင်ငံဖြစ်ပြီး၊ တောင်ကိုရီးယား နယ်စပ်တွင် စစ်အင်အား အလုံးအရင်းနှင့် ချထားမှုက “လွတ်လပ်မှု၏ အဆုံးစွန်” ဖြစ်သည်ဟု အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ပြောကြားလိုက်သည်။
    201442625859372734_20
    တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် အိုဘားမားမှာ အမေရိကန် ကြည်းတပ်၊ လေတပ်များမှ စစ်သားများအား ယနေ့တွင် မိန့်ခွန်းပြောကြား ခဲ့ပြီး တောင်နှင့် မြောက်ကိုရီးယား ၂ နိုင်ငံနယ်ခြားမှာ “တိုးတက်သေည့် ဒီမိုကရေစီ ၀ါဒနှင့် မိမိတို့၏ မျှော်လင့်ချက် အိပ်မက်များအတွက် ပြည်သူအား ငတ်မွတ်စေသည့် အပယ်ခံနိုင်ငံတို့ကို ခွဲခြားခြင်း” ဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
    ပြုံးယမ်၏ နျူကလီးယား လက်နက် ဆက်လက်ဆောင်ရွက်မှုကိုလည်း အိုဘားမားက ပယ်ချခဲ့ပြီး ထိုလုပ်ရပ်မှာ “ပိုမို အပယ်ခံရမည့်လုပ်ရပ်” ဟု မှတ်ချက်ပေးခဲ့သည်။ ထို့ပြင် အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဖြစ်မှုမှာ ယခင်ကထက် ပိုမိုခိုင်မာနေပြီဟု ဆိုသည်။
    “ကျွန်တော်တို့ရဲ့မဟာမိတ်နဲ့ ကျွန်တော်တို့ရဲ့ လမ်းစဉ်ကို ကာကွယ်ဖို့ ကျွန်တော်တို့ စစ်တပ်ကို သုံးရမယ်ဆိုရင်လည်း ရှက်ရွံနေမှာပါဟုတ်ပါဘူး” ဟု အိုဘာမားက ဆိုသည်။
    အိုဘားမားမှာ တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟီးနှင့် ယမန်နေ့က ဆိုးလ်မြို့တွင် တွေ့ဆုံခဲ့စဉ်အတွင်း မိမိတို့ ၂ နှစ်နိုင်ငံမှာ မည်သည့် ကျူးကျော် ရန်စမှုမျိုးကိုမဆို ကြံြ့ကံ့ခံ တုန့်ပြန်သွားမည်ဟု သတိပေး ပြောကြားခဲ့သည်။
    နျူကလီးယား စမ်းသပ်မှု အသစ်တစ်မျိုး ပြုလုပ်နေသည်ဆိုသည့် သတင်းအား မိမိတို့ ငြင်းဆိုမည်မဟုတ်ဘဲ နျူကလီးယား ကာကွယ်ရေး လုပ်ငန်းကို မြှင့်တင်ရန် အတွက်ဟု  မြောက်ကိုရီးယားက ပြီးခဲ့သည့် မတ်လအတွင်း ပြောကြားထားသည်။
    Al Jazeera And AFP