News @ M-Media

Tag: obama

  • မလေးရှားသို့ အလည်လာမည့် အိုဘားမားအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ တစ်ခု ကွာလာလမ်ပူတွင်ပြုလုပ်

    ဧပြီ ၁၉၊ ၂၀၁၄
    M-Media

    – မလေရှားသို့ မကြာခင် လာရောက် လည်ပတ်မည့် အမေရိကန်သမ္မတ အိုဘားမားအား ဆန့်ကျင့်သည့် ဆန္ဒပြပွဲ တစ်ခုကို မြို့တော် ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    359167_Malaysia-protesters

    Hizb ut-Tahrir အဖွဲ့မှ ယမန်နေ့က ကွာလာလမ်ပူရှိ မလေးရှားသံရုံးရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “အမေရိကန်သည် မိစ္ဆာဝင်ရိုးတန်းနိုင်ငံ” “ကမ္ဘာ့နံပါတ် ၁ အကြမ်းဖက်သမား အိုဘားမားအား ဆန့်ကျင်ကြ” စသည့် နဖူးစီးများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် အိုဘာမားအား ဆန့်ကျင်သည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    အိုဘားမားမှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များ၊ အထူးသဖြင့် အီရတ်နှင့် အာဖဂန်ရှိ မွတ်စလင်များကို သတ်ဖြတ်သည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။ အိုဘာမားမှာ အရှေ့တောင်အာရှနိုင်ငံများသို့ ဧပြီလနှောင်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားသည်။

    တစ်ပတ်တာ ကြာမြင့်မည့် အဆိုပါခရီးစဉ်မှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အမေရိကန်၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ မလေးရှားနိုင်ငံသို့ ဧပြီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး ရာစုနှစ်ဝက်အတွင်း မလေးရှားသို့ ပထမဆုံးလာရောက်သည့် အမေရိကန်သမ္မတလည်း ဖြစ်လာမည်ဖြစ်သည်။

    လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အမေရိကန်၏ ပေါ်လစီများနှင့်ပတ်သက်ပြီး မလေးရှားမှ ဝေဖန်မှုများရှိခဲ့ပြီး အထူးသဖြင့် ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်အာဏာရှိစဉ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်းတွင် ဖြစ်သည်။

    MSM/MHB/MAM

  • အလုပ်ခွင်တွင် အမျိုးသမီးများကို ခွဲခြား ဆက်ဆံမှုများ ရှက်စရာဖြစ်ကြောင်း အိုဘားမားဝန်ခံ

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    အလုပ်ခွင်တွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုများအတွက် ရှက်စရာဖြစ်ကြောင်း ကန်သမ္မတ အိုဘားမားဝန်ခံ

    10264946_688200531222420_3840552237327040265_n

    အလုပ်ခွင်တွင် အမျိုးသမီးများအား ခွဲခြားကာ အမျိုးသားများနှင့်တန်းတူ လုပ်ခလစာများ မပေးဘဲရှိနေသဖြင့် သမ္မတအိုဘားမားက ဤသည်မှာ ရှက်စရာဖြစ်ကြောင်း၊ အမျိုးသားများနှင့် အမျိုးသမီးများသည် ပညာရေးတွင် လည်းကောင်း၊ လုပ်ငန်းကျွမ်းကျင်မှုတွင် လည်းကောင်း တန်းတူဖြစ်နေ သော်လည်း အမျိုးသမီးများကမူ လုပ်ခလစာ လျော့၍ ရနေကြောင်းဖြင့် စနေနေ့က ရေဒီယိုနှင့် အင်တာနက် တို့မှ တဆင့် ပြောဆိုလိုက်ကြောင်း သိရသည်။

    ထို့သို့ပြောဆိုခြင်းမှာ ရီပတ်ဘလီကန်ကွန်ဂရက်အမတ် ကသေးမက်မောရစ်က အိုဘားမားအစိုးရလက်အောက်တွင် အမျိုးသမီးများ ထိခိုက်နေ ရကြောင်း ဝေဖန်အမျိုး ထွက်ပေါ်လာခြင်းဖြစ်သည်။

    ကသေးမက်မောရစ်၏ ဝေဖန်ချက်တွင် အမေရိကန်၌ လုပ်ခလစာ နည်းပါးစွာရရှိနေသူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း၊ ထိုသည်ကို တိုက်ဖျက်ပြီး အမျိုးသမီးများအားလည်း အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးပေးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

    Ref: huffpost

  • ယခုနှစ်အတွင်း မြန်မာပြည်ကို အိုဘားမားလာဦးမည်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    44FFF098-F1F3-4EDA-A46B-615658DDF2D0_w640_r1_s
    မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် သမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံ။ (နိုဝင်ဘာ ၁၉၊ ၂၀၁၄။) VOA

    ယခုနှစ်အတွင်း အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်ဦးမည်ဖြစ်သည်ဟု မြန်မာတိုင်းမ်စ် သတင်းတစ်ရပ်က
    ဖော်ပြသည်။

    အိုဘားမား လာဦးမည့်အကြောင်းကို အမေရိကန်၏ ဒုတိယ တိုင်းပြည်အထွေထွေတာဝန်ခံ (Deputy Secretary of State) ၊ ဘီလ်ဘားန်စ်က အင်္ဂါနေ့က ပြောကြားခြင်းဖြစ်ကြောင်း၊ အိုဘားမားသည် ယခုဆောင်းဦးရာသီအလွန်တွင် မြန်မာ၊ တရုတ်၊ သြစတြေးလျနိုင်ငံများသို့ လာရောက် မည့်အကြောင်း၊ အာရှပစိဖိတ်ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုနှင့် လူသားဂုဏ်ရည် စသည်များအတွက် ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။

    အိုဘားမား၏ မြန်မာပြည်ခရီးစဉ်နေ့စွဲအတိအကျကိုမူ အိမ်ဖြူတော်မှ ထုတ်ပြန်ခြင်းမရှိသေးပေ။

  • ရုရှားမှာ အိမ်နီးချင်းနိုင်ငံများအား ဗိုလ်ကျသည်ဟု အိုဘာမားမှတ်ချက်ပေး

    မတ် ၂၆၊ ၂၀၁၄
    M-Media

    – ယူကရိန်း၏ ခရိုင်းမီးယားဒေသအား ရုရှားမှ သိမ်းပိုက်ခြင်းမှာ ပြီးဆုံးသွားသည့် အပေးအယူတစ်ခု မဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံအနေဖြင့် အားနည်းသော အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်နေသည့် ဗိုလ်ကျသောနိုင်ငံအဖြစ် မှတ်ချက်ပေးခဲ့သည်ဟု သိရသည်။

    obama2

    နယ်သာလန်နိုင်ငံ ဟော့ဂ်မြို့တွင်ပြုလုပ်ခဲ့သည့် နျူးကလီးယားလုံခြုံရေး အစည်းအဝေးအပြီး ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ၀င်ရောက်ရမည်ဟု ရုရှားကထင်နေခြင်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းက ရုရှားအနေဖြင့် အိမ်နီးချင်းနိုင်ငံများအား သြဇာလွှမ်းမိုးမှုမရှိကြောင်း ဖော်ပြသကဲ့သို့ဖြစ်နေသည်ဟု သူကဆိုသည်။

    “ကျွန်တော်တို့ (အမေရိကန်) အနေနဲ့ အိမ်နီးချင်းတွေပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုရှိပါတယ်။ သူတို့နဲ့ ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ဆက်ဆံရေးရဖို့ ကျွန်တော်တို့ ကျူးကျော်စရာမလိုပါဘူး” ဟု အိုဘာမားက ဆိုသည်။

    ထို့ပြင် ခရိုင်းမီးယားနှင့် ယူကရိန်းရှိ ရုရှားစကားပြောသူများမှာ ခြိမ်းခြောက်ခံနေရပြီး၊ ခရိုင်းမီးယားသိမ်းပိုက်မှုကို ကိုဆိုဗိုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည့် ရုရှာသမ္မတပူတင်၏ မှတ်ချက်ကိုလည်း ငြင်းပယ်ခဲ့ကာ၊ ထိုနှိုင်းယှဉ်မှုမှာ အဓိပ္ပါယ်မရှိကြောင်း၊ သို့သော်လည်း ခရိုင်းမီးယားဒေသအား ယူကရိန်းလက်သို့ပြန်ရောက်ရေးအတွက် စစ်အင်အားကို အသုံးပြုမည်မဟုတ်ကြောင်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ခရိုင်းမီးယားအား ရုရှားမှ ၀င်ရောက်ကျူးကျော်မှုကို ဆန့်ကျင်သောအားဖြင့် အမေရိကန်နှင့် အခြားသောအင်အားကြီးနိုင်ငံများက ရုရှားအစိုးရထိပ်ပိုင်းအရာရှိများကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ကန့်သတ်ခြင်း စသည့် ပိတ်ဆို့မှုများကိုပြုလုပ်ထားသည်။ ထို့ပြင် စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ဖြစ်သည့် G8 အဖွဲ့မှ ရုရှားကိုထုတ်ပယ်လိုက်ပြီး၊ အရေးယူမှုများကို ထပ်မံ၍ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

    Agencies

  • ခရစ်ယာနှ်နှင့် မွတ်စလင်တွေ အခွင့်အရေး လေးစားမှ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာ ပြန်ဝင်နိုင်မည် ဟု အိုဘာမားပြော

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media

    နိုင်ငံတကာအသိုင်းအဝိုင်းမှာမြန်မာနိုင်ငံ ပြန်လည် ပါဝင်လာရေးမှာ ခရစ်ယာန်နှင့် မွတ်စလင်တွေရဲ့ အခွင့်အရေး လေးစားမှုပေါ် မူတည်ဟု အိုဘားမားပြော (သတင်းကောက်နှုတ်ချက်)

    7028A50C-5921-4ED8-8DD6-E14B1494C105_w640_r1_s

    ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ပါဝင်လာနိုင်ရေးအတွက် အခရာ ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အိုဘားမားက ၀ါရှင်တန်မြို့တော် မှာကျင်းပတဲ့ အမေရိကန် ရိုးရာ National Prayer Breakfast ခေါ် နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

    နှစ်ပေါင်းများစွာ အမှောင်ဖုံးခဲ့တဲ့ခေတ်ကနေ လူထုကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေး ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံက သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်၊ မြန်မာနိုင်ငံ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပြန်လည် ပါဝင်လာနိုင်ရေးဟာ ခရစ်ယာန်နဲ့ မူဆလင်တွေရဲ့ အခွင့်အရေးတွေ အပါအ၀င် အခြေခံ လွတ်လပ်ခွင့်တွေကို ဘယ်လောက် လေးစားတယ်ဆိုတဲ့ အပေါ် မူတည်တဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတအိုဘားမား ပြောဆို သွားတာပါ။

    VOA မြန်မာပိုင်းတွင် ဖော်ပြပါရှိသော “မြန်မာနဲ့ နိုင်ငံတကာမှာ ဘာသာရေး လွတ်လပ်ခွင့် အရေးကြီးကြောင်း အိုဘားမားပြော ” သတင်းမှ ကောက်နှုတ်ဖော်ပြ ပါသည်။

    ဓါတ်ပုံ အညွန်း -အမေရိကန်သမ္မတ Barack Obama ၀ါရှင်တန် ဒီစီ၊ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ ဆုတောင်းပွဲ အခမ်းအနား တက်ရောက် မိန့်ခွန်းပြော (ဖေဖော်ဝါရီ ၆၊ ၂၀၁၄)

    Link =>http://burmese.voanews.com/content/obama-at-national-prayer-breakfast/1845808.html