News @ M-Media

Tag: Pakistan

  • ကမ္ဘာ့ရုပ်ရှင်ထူးချွန်ဆု Emmy Award ဇကာတင်စာရင်းတွင် ပါကစ္စတန်ရုပ်ရှင်နှစ်ကား ပါဝင်လာ

    ကမ္ဘာ့ရုပ်ရှင်ထူးချွန်ဆု Emmy Award ဇကာတင်စာရင်းတွင် ပါကစ္စတန်ရုပ်ရှင်နှစ်ကား ပါဝင်လာ

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ရုပ်ရှင်လောကမှာ ထိပ်တန်းဂုဏ်ပြုဆုဖြစ်တဲ့ Emmy Award အတွက် ယခုနှစ် ဇကာတင်စာရင်းမှာ ပါကစ္စတန် မှတ်တမ်းရုပ်ရှင် ၂ ခု ပါဝင်လာတယ်လို့ သိရပါတယ်။

    A Girl in River: The Price of Forgiveness နဲ့ Among the Believers တို့ဖြစ်ပြီး ဒါရိုက်တာ ရှာရ်မင်း အိုဘိုက် ချန်နွိုင်း ရိုက်ကူးထားတဲ့ A Girl in River: The Price of Forgiveness ဟာ ထူးခြားသော အသံဆု၊ ထူးခြားသော မှတ်တမ်းရုပ်ရှင်အတိုဆု နဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုတွေမှာ ဇကာတင်စာရင်း ၀င်ထားတာ ဖြစ်ပါတယ်။

    ရှာရ်မင်းဟာ Saving Face and Children of Taliban မှတ်တမ်းရုပ်ရှင်နဲ့လည်း Emmy ဆုကို အရင်က ရရှိဖူးပါတယ်။

    Among the Believers ကိုတော့ ဒါရိုက်တာ မိုဟာမက်အလီက ရိုက်ကူးတာဖြစ်ပြီး နိုင်ငံရေးနဲ့ အစိုးရဆိုင်ရာ ထူးခြားသော မှတ်တမ်းရုပ်ရှင်ဆု စာရင်းမှာ ဇကာတင်အဖြစ် အရွေးခံထားရတာပါ။

    A Girl in River: The Price of Forgiveness ဟာ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းဆိုတဲ့ ရိုးရာဓလေ့တစ်ခုကြောင့် ဖခင်နဲ့ ဦးလေးတို့ရဲ့ သတ်ဖြတ်မှုဘေးကနေ လွတ်မြောက်လာတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

    ပါကစ္စတန်နိုင်ငံမှာ တာလီဘန်လို အစွန်းရောက်အဖွဲ့တွေက အခြေခံဘာသာရေးကျောင်းတွေမှာ ခြေကုပ်ယူပြီး ကလေးငယ်တွေကို လမ်းလွဲစေတာ၊ အစွန်းရောက်တွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေအကြား လွန်ဆွဲပွဲတွေအကြောင်းကို Among the Believers မှတ်တမ်းရုပ်ရှင်မှာ မြင်ရမှာဖြစ်ပြီး နိုင်ငံအတွင်းမှာ ထောက်ခံမှုရရှိသလို၊ ဝေဖန်မှုတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။

    Ref: Nation.com

  • အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

    အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့နှင့် ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့တို့၌ ယနေ့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။

    ကဘူးလ်မြို့တွင် အစိုးရ ရေနံနှင့် သတ္ထုတွင်းဝန်ကြီးဌာနမှ လုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကားမှာ အသေခံ ကားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။ ယနေ့မနက် ၇ နာရီခန့်တွင် ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုအတွက် တာလီဘန်က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    တိုက်ခိုက်မှုကြောင့် ဘတ်စ်ကားအပါအ၀င် အခြားကားများ၊ ပတ်ဝန်းကျင်ရှိဆိုင်များ ပျက်ဆီးခဲ့ကြောင်း ဒဏ်ရာရသူများတွင် ကလေးများ ပါဝင်ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့အကြီးအကဲ ဘဆီရ် မူဂျာဟစ်က ပြောကြားခဲ့သည်။ သေဆုံးဒဏ်ရာမှုစာရင်းမှာ တိုးလာဖွယ်ရှိနေသည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့က ကဘူးလ်မြို့ရှိ ဟာဇရာရပ်ကွက်တွင် အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် ယနေ့တွင် ဆန္ဒပြရန် စီစဉ်နေစဉ် ထိုနေရာ၌ပင် တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    လာဟိုးရ် ပေါက်ကွဲမှု

    ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့ရှိ Lahore Technology Park အနီး ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံခဲ့ပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့သည်။

    ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အဆိုပါအဖြစ်အပျက်မှာ အသေခံဗုံးခွဲမှု ဖြစ်နိုင်ပြီး သေဆုံးသူများတွင် ရဲတပ်ဖွဲ့များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    ဧပြီလကလည်း လာဟိုးရ်မြို့တွင် သန်းခေါင်စာရင်းကောက်ယူသည့် ၀န်ထမ်းများကို တင်ဆောင်လာသော ကားတစ်စီး အသေခံဗုံးခွဲခံရမှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့သည်။

    လာဟိုးရ်မြို့လယ်ကောင်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သော ဆန္ဒပြမှုတွင် လုံခြုံရေးယူပေးထားသည့် ရဲတပ်ဖွဲ့ဂိတ်ကို ပစ်မှတ်ထားသော အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့သည်။

    Ref: Aljazeera

  • ပါကစ္စတန်က ပထမဆုံး စက်ရုပ်စားပွဲထိုး

    ပါကစ္စတန်က ပထမဆုံး စက်ရုပ်စားပွဲထိုး

    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်က အသက် ၂၃ နှစ်ရွယ် အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်ဟာ စားပွဲထိုးနိုင်တဲ့ စွမ်းရည်ရှိတဲ့ စက်ရုပ်တွေကို ထီထွင်ခဲ့ပြီး ပီဇာဆိုင်မှာ အသုံးချနေပါတယ်။

    နိုင်ငံရဲ့ ပထမဆုံးဆုံး စက်ရုပ်စားပွဲထိုးဖြစ်တဲ့ ဒီစက်ရုပ်တွေရဲ့ စွမ်းရည်က ဘယ်လိုရှိလဲ၊ တီထွင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ စားသုံးသူတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုလဲဆိုတာကို ဒီဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

    သတင်းအပြည့်အစုံကိုတော့ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

  • ပါကစ္စတန်တွင် စက်ရုပ်စားပွဲထိုးများကို စတင်အသုံးပြု

    ပါကစ္စတန်တွင် စက်ရုပ်စားပွဲထိုးများကို စတင်အသုံးပြု

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media

    စာပွဲထိုးနေသည့် စက်ရုပ်

     

    – မွတ်စလင်သူတော်စဉ်တွေရဲ့ ဂူဗိမာန်တွေ၊ သရက်သီးခြံတွေနဲ့ လက်မှုပညာတွေကြောင့် နာမည်ကျော်တဲ့ ပါကစ္စတန်က မူလ်တန်ဆိုတဲ့မြို့လေးမှာ နိုင်ငံရဲ့ ပထမဆုံး စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုနေပါတယ်။

    ရာဘီ၊ အန်နီနဲ့ ဂျန်နီလို့ အမည်ပေးထားတဲ့ အဲဒီ အမျိုးသမီး စက်ရုပ်စာပွဲထိုးတွေဟာ နာမည်ကြီး Pizza.com ပီဇာစားသောက်ဆိုင်တစ်ခုမှာ စာပွဲးထိုးနေတာပါ။ ဒီစက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ပီဇာဆိုင်ပိုင်ရှင် အိုစာမာ ဂျာဖာရီကတော့ စားသုံးသူတွေရဲ့ တုန့်ပြန်မှုတွေက အားရစရာကောင်းတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ ဆိုင်တွေအများကြီးကို သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့ ဦးလေးက ဒီဆိုင်မှာ စက်ရုပ်တွေ ၀န်ဆောင်မှုပေးနေတယ်လို့ ပြောတယ်။ စက်ရုပ်က ပီဇာလာပေးတော့ ကျွန်တော်တို့ အရမ်းပျော်ရွှင်မိပါတယ်” လို့ အသက် ၁၂ နှစ်အရွယ် စားသုံးသူ အိုစာမာ အဟ်မဒ်က ပြောကြားခဲ့ပါတယ်။

    နောက်ထပ် စားသုံးသူတစ်ယောက်ဖြစ်တဲ့ ဟာမစ် ဘရှီးရ်က “ဒါဟာ တီထွင်ဆန်းသစ်မှုတစ်ခုပါ။ ဒီလိုဝန်ဆောင်မှုပေးတဲ့အတွက် ကျေနပ်သလို ကလေးတွေအတွက်လည်း ဖျော်ဖြေမှုကောင်းတစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

    အသက် ၂၄ နှစ်အရွယ် ဂျာဖာရီက တရုတ်နိုင်ငံမှာ စက်ရုပ်စားပွဲထိုးတွေကို အသုံးပြုတဲ့ ဗီဒီယိုတွေဟာ သူ့ကို တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အစ္စလာမ်မာဘတ် အမျိုးသား သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိသားစုတွေရဲ့ အားပေးမှုနဲ့အတူ ဒီစက်ရုပ်တွေကို တီထွင်တာဖြစ်ပါတယ်။

    “တုန့်ပြန်မှုက တကယ့်ကို မယုံနိုင်စရာပဲဗျ။ လူတွေက ဒါကိုနှစ်သက်ကြတယ်။ ကျွန်တော့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ဒီဒေသကလူတွေလည်း နှစ်သက်ကြပါတယ်”

    ဒီစက်ရုပ်တွေဟာ ပြည်တွင်းဖြစ် ဖြစ်ပြီး တစ်ရုပ်ကို ရူပီး ၆ သိန်း (ကန်ဒေါ်လာ ၆၀၀၀) လောက် ကုန်ကျခဲ့တယ်လို့ ဂျာဖာရီက ဆိုပါတယ်။

    စွမ်းဆောင်ရည်ပိုမြင့်တဲ့ နောက်ထပ် စက်ရုပ်မျိုးဆက်တစ်ခုကို တီထွင်နေကြောင်း၊ အဲဒီစက်ရုပ်တွေက စားသုံးသူတွေရဲ့ မေးခွန်းကို တုန့်ပြန်နိုင်မှာဖြစ်ကြောင်း၊ ဒီစက်ရုပ်တွေကို သူတို့မိသားစုပိုင်တဲ့ ဟိုက်ဒရာဘတ်က အခြားစားသောက်ဆိုင်တွေမှာ အသုံးပြုသွားဖို့ မျှော်လင့်နေကြောင့် ဂျာဖာရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စက်ရုပ်များနှင့်အတူ တွေ့ရသည့် ဂျာဖာရီ

    Ref: Phys.org

  • နျူထိပ်ဖူးတပ်နိုင်သည့် တာတိုပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    နျူထိပ်ဖူးတပ်နိုင်သည့် တာတိုပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – နျူထိပ်ဖူးတပ်ဆင်ကာ ပစ်ခတ်နိုင်သည့် တာတို တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ပါကစ္စတန်က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    NASR အမည်ရှိ ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၇၀ အကွာအဝေးအထိ ရောက်ရှိနိုင်သည်ဟု စစ်တပ်မှထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အဆိုပါဒုံးကျည်မှာ လျင်မြန်စွာ တပ်ဖြန့်ချထားနိုင်ပြီး ပစ်မှတ်ကို တိတိကျကျပစ်နိုင်သည့် စနစ်လည်းပါဝင်ကာ နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို တိုးတက်စေမည်ဟုလည်း ကြေငြာချက်က ဆိုသည်။

    စမ်းသပ်ပစ်လွှတ်မှုကို ပါကစ္စတန် စစ်တပ်အကြီးအကဲ ကွာမာရ် ဂျာဗဒ် ဘဂ်ျဝါကိုယ်တိုင် ကြည့်ရှုခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပါကစ္စတန်က မည်သည့်အနေအထားမျိုးမဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ပွဲမှာ ရွေးချယ်စရာတစ်ခုမဟုတ်သည်ကို ဒုံးကျည်များက မီးမောင်းထိုးပြရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

    ပါကစ္စတန်၏ မဟာဗျူဟာမြောက် စစ်အင်အားမှာ စစ်တပ်ကို အလွန်အမင်းပြင်ဆင်လာကာ စစ်မက်လိုလားသည့် အိမ်နီးချင်းနိုင်ငံကြောင့် ငြိမ်းချမ်းရေးကို အာမခံနိုင်ရန် ဖြစ်သည်ဟုလည်း ဘဂ်ျဝါက ပြောကြားခဲ့ပြီး ပြိုင်ဘက် အိန္ဒိယကို ရည်ညွှန်းခြင်းဖြစ်သည်။

    ဒုံးကျည်ကို တီထွင်ခဲ့သည့် သိပ္ပံပညာရှင်များ၊ စမ်းသပ်ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သူ အားလုံးကို ကျေးဇူးတင်သည်ဟု ပါကစ္စတန်သမ္မတ မန်နွန်ဟူစိတ်နှင့် ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်တို့က ဂုဏ်ပြုခဲ့ကြသည်။

    နျူလက်နက်များကို ပိုင်ဆိုင်ထားသည့် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှာ ဒုံးကျည်များကို မကြာခဏ စမ်းသပ်လေ့ရှိပြီး နျူလက်နက်မပြန့်ပွားရေး မည်သည့်နိုင်ငံတကာစာချုပ်ကိုမှ လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

    Ref: Press TV