News @ M-Media

Tag: Pakistan

  • ပါကစ္စတန်ဝန်ကြီးချုပ် ခြစားမှုဖြင့် စစ်ဆေးခံရမည်

    ပါကစ္စတန်ဝန်ကြီးချုပ် ခြစားမှုဖြင့် စစ်ဆေးခံရမည်

    ဧပြီ ၂၀၊ ၂၀၁၇
    M-Media

    – ခြစားမှုပြဿနာနှင့်ပတ်သက်၍ ၀န်ကြီးချုပ် နာဝက်ဇ်ရှရစ်ဖ်အား ရာထူးမှ ထုတ်ပယ်ရန်အတွက် ခိုင်မာသည့် သက်သေအထောက်အထားမရှိဟု ပါကစ္စတန် တရားရုံးချုပ်က ယနေ့တွင် ဆုံးဖြတ်လိုက်ပြီး၊ ထိုကိစ္စအတွက် အဆင့်မြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း အမိန့်ပေးခဲ့သည်။

    ၂၀၁၆ ခုနှစ်က ပေါက်ကြားခဲ့သည့် Panama Papers အရ ရရှစ်ဖ်၊ ၎င်း၏ သားသမီး ၃ ဦးဖြစ်သော မရ်ယမ်၊ ဟာဆန်နှင့် ဟူစိန်တို့မှာ ဗြိတိသျှ ဗာဂျင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃ ခုထံမှ ငွေကြေးများ ရယူခဲ့မှုအပါအ၀င် ၁၉၉၀ ပြည့်နှစ်များတွင် ရှရစ်ဖ် ၀န်ကြီးချုပ်အဖြစ် ၂ ကြိမ် တာဝန်ထမ်းဆောင်စဉ်အချိန်က ငွေကြေးမသမာမှုများကို ဖော်ပြထားပြီးနောက် အတိုက်အခံအဖွဲ့က ရှရစ်ဖ်အား ဖြုတ်ချရန် ကြိုးစားလာခြင်းဖြစ်သည်။

    ယနေ့ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို အတိုက်အခံနှင့် ရှရစ်ဖ်၏ အာဏာရ PML-N ပါတီ နှစ်ခုစလုံးက အောင်မြင်မှုဟု သမုတ်ခဲ့ကြသည်။

    တရားရုံးချုပ်က ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးအေဂျင်စီ၊ ထောက်လှမ်းရေးအေဂျင်စီများ၊ ဗဟိုဘဏ်နှင့် အခြားသောအဖွဲ့များမှ အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းကာ ရှရစ်ဖ်နှင့် ၎င်း၏ သားသမီး ၃ ဦးစလုံးကို စစ်ဆေးရန် အမိန့်ပေးခဲ့သည်။

    အဆိုပါ အဖွဲ့ကို ၇ ရက်အတွင်း ဖွဲ့စည်းရမည်ဖြစ်ပြီး ၂ ပတ်အတွင်း တရားရုံးချုပ်ထံ အစီရင်ခံစာ တင်သွားရမ်ညဖြစ်သည်။ ထို့ပြင် စုံစမ်းစစ်ဆေးမှုကို ရက်ပေါင်း ၆၀ အတွင်း အပြီးဆောင်ရွက်ရမည်ဟုလည်း တရားရုံးချုပ်က ဆိုသည်။

    Ref: Aljazeera

  • တာလီဘန်ခေါင်းဆောင်တစ်ဦး လက်နက်ချခဲ့သည်ဟု ပါကစ္စတန် ကြေငြာ

    တာလီဘန်ခေါင်းဆောင်တစ်ဦး လက်နက်ချခဲ့သည်ဟု ပါကစ္စတန် ကြေငြာ

    ဧပြီ ၁၈၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်တာလီဘန်၏ အဖွဲ့ခွဲ ဂျမာအ် အူရ် အဟ်ရာရ် (JuA) မှ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ အဟ်ဆန်နူလာ အဟ်ဆန်မှာ လက်နက်ချ အဖမ်းခံခဲ့သည်ဟု ပါကစ္စတန်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အာဆစ်ဖ် ဂဖူးရ်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    မြို့တော် အစ္စလာမ်မာဘတ်အနီး ရ၀ါလ်ပင်ဒီမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်တွင်၊ မည်သည့်နေရာ၌ အဖမ်းခံခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။

    အဟ်ဆန်မှာ ၂၀၁၆ ခုနှစ် နှောင်းပိုင်းကတည်းက ၎င်း၏ရာထူးမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

    “မကောင်းတာတွေလုပ်နေတဲ့ လူတစ်ဦးက သူတို့ဟာ မှားယွင်းတဲ့ဘက်မှာ ရှိနေတယ်ဆိုတာကို သိရှိလာပြီဆိုရင် ကောင်းတဲ့ဘက်ကို ပြန်လာသင့်ပါတယ်။ ဒါဆိုရင်တော့ နိုင်ငံအတွက် ဒီထက်ပိုကောင်းတဲ့ အောင်မြင်မှုမျိုး မရှိတော့ပါဘူး” ဟု ဂဖူးရ်က ထည့်သွင်းပြောကြားခဲ့သည်။

    JuA အဖွဲ့ကမူ ယခုသတင်းအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။ အဆိုပါသတင်း မှန်ကန်ပါက ပြီးခဲ့သည့်နှစ်များအတွင်း ပါကစ္စတန်တာလီဘန်မှ ထိပ်တန်းတပ်မှူးတစ်ဦး ပထမဆုံး လက်နက်ချ အဖမ်းခံခြင်းဖြစ်သည်။

    Ref: Aljazeera

  • ပါကစ္စတန် အမျိုးသမီးဟော်ကီလက်ရွေးစင်တစ်ဦး သမိုင်းသစ်တစ်ခု ရေးထိုး

    ပါကစ္စတန် အမျိုးသမီးဟော်ကီလက်ရွေးစင်တစ်ဦး သမိုင်းသစ်တစ်ခု ရေးထိုး

    ဧပြီ ၁၇၊ ၂၀၁၇
    M-Media

    – ပါကစ္စတန် အမျိုးသမီး ဟော်ကီလက်ရွေစင်အသင်း ဂိုးသမား ရက်ရှ်နာခန်းမှာ နိုင်ငံရပ်ခြား ဟော်ကီလိဂ်နှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့် နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဟော်ကီအားကစားသမား ဖြစ်လာခဲ့သည်ဟု သိရသည်။

    ရက်ရှ်နာခန်းကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် St George Randwick Hockey Club အသင်းက တစ်ရာသီ စာချုပ်ချုပ်ဆိုခဲ့သောကြောင့် ၆ လအတွင်း ပြိုင်ပွဲပေါင်းများစွာကို ကစားရမည်ဖြစ်သည်။

    သူမက ထိုကဲ့သို့ နိုင်ငံခြားလိဂ်တွင် ကစားရသည့်အတွက် စိတ်လှုပ်ရှားနေပြီး မိမိအတွက် ပညာရှာဖွေနိုင်မည့် ကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    ၂၀၁၆ ခုနှစ် အိန္ဒိယအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ပါကစ္စတန် အသင်းအတွက် ပထမဆုံးကိုယ်စားပြုခွင့် ရရှိခဲ့ပြီး နိုင်ငံအသင်းအတွက် စုစုပေါင်း ၆ ပွဲ ပါဝင်ကစားပေးထားသည်။ ရက်ရှ်နာခန်းမှာ ၂၀၁၅ ခုနှစ်က ပါကစ္စတန်လူငယ်ထူးချွန်ဆု Pakistan Youth Icon ဆုကို ရရှိခဲ့သည်။

    Ref: The Nation

  • နိုဘယ်ဆုရှင် မာလာလာကို ငြိမ်းချမ်းရေးသံတမန်အဖြစ် ကုလ ခန့်အပ်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    ကုလအတွင်းရေးမှူးချုပ်နှင့်အတူ တွေ့ရသည့် မာလာလာ ယူဆွဖ်ဇိုင်

    – ပါကစ္စတန်မှ ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ယမန်နေ့တွင် ‘ကုလ ငြိမ်းချမ်းရေး သံတမန်’ အဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။

    “ခက်ခဲကြပ်တည်းဆုံး နေရာတွေကို ခင်ဗျား သွားဖူးပြီး၊ ဒုက္ခသည်စခန်း တော်တော်များများကိုလည်း လည်ပတ်ဖူးပါတယ်။ ခင်ဗျားရဲ့ ဖောင်ဒေးရှင်းကလည်း လက်ဘနွန်၊ ဘီကာ ချို့င့်ဝှမ်းဒေသတွေမှာ စာသင်ကျောင်းတွေ ဖွင့်ထားပါတယ်။ (ခင်ဗျားဟာ) ကမ္ဘာပေါ်မှာ အရေးပါဆုံးဖြစ်တဲ့ အားလုံအတွက် ပညာရေး အမှတ်သညာလည်းဖြစ်ပါတယ်” ဟု နယူးယောက်မြို့ရှိ ကုလဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် Trusteeship Council အခမ်းအနားတွင် အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

    ဂုဏ်ပြုခန့်အပ်မှုကို လက်ခံခဲ့သည့် မာလာလာက လူ့အဖွဲ့အစည်းများ၊ လူ့အသိုင်းအ၀ိုင်းများ တိုးတက်ရေးအတွက် ပညာရေး၏ အရေးကြီးပုံ၊ အထူးဖြင့် အမျိုးသမီးငယ်များအတွက် ပညာရေးအကြောင်းကို အလေးထား ပြောကြားခဲ့သည်။

    “(ပြောင်းလဲမှု ဆောင်ရွက်ဖို့ကို) ကျွန်မတို့နဲ့ စတင်ရမှာဖြစ်ပြီး၊ အခုပဲ စတင်သင့်ပါတယ်။ အနာဂတ်ကို တောက်ပစေချင်ရင်တော့ အခုပဲ စတင်ဆောင်ရွက်မှာပါ။ အခြားသူတွေကို စောင့်စရာ မလိုပါဘူး” ဟု မာလာလာက ဆိုသည်။

    “ကုလ၏ ငြိမ်းချမ်းရေးသံတမန်” အဖြစ် အရွေးခံရသူများမှာ ထူခြားသူများဖြစ်ပြီး အနုပညာ၊ စာပေ၊ သိပ္ပံ၊ ဖျော်ဖြေရေး၊ အားကစားနှင့် လူမှုဘ၀၏ အခြားသော နယ်ပယ်များမှ ဂရုတစ်စိုက် ရွေးချယ်ခြင်းဖြစ်သည်။ ရွေးချယ်ခံရသူများမှာ ကုလ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ကူညီလုပ်ကိုင်ရန် သဘောတူရသည်။

    Ref: UN

  • အိန္ဒိယသူလျှိုကို ပါကစ္စတန် သေဒဏ်ပေး

    အိန္ဒိယသူလျှိုကို ပါကစ္စတန် သေဒဏ်ပေး

    ဧပြီ ၁၀၊ ၂၀၁၇
    M-Media

    – ကရာချီနှင့် ဘာလိုချစ္စတန်မြို့များတွင် သူလျှိုလုပ်မှု၊ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်မှုအတွက် ပါကစ္စတန် စစ်ခုံရုံးတစ်ခုက အိန္ဒိယရေတပ်မှ သူလျှိုတစ်ဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    ပြစ်ဒဏ်ပေးခံရသူမှာ ကွလ်ဘူရှန် ဆွန်ဒီရ် ယာဒဗ် ခေါ် ဟူစိန် မူဘာရက် ပါတဲလ်ဆိုဖြစ်သူဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် တန်ပြန်သူလျှိုစစ်ဆင်ရေးမှတစ်ဆင့် ဘာလိုချစ္စတန်ပြည်နယ်ရှိ မက်ရှ်ကဲလ် ဒေသတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ပါကစ္စတန် ထောက်လှမ်းရေးဌာန၏ ပြည်သူ့ဆက်ဆံရေးဌာနခွဲ (ISPR) က ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    ယာဒဗ်မှာ အိန္ဒိယရေတပ်အတွက် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်ဟု ယုံကြည်ရပြီး ဖမ်းဆီးခံရပြီးနောက် ၎င်း၏ လုပ်ရပ်များကို ဖြောင့်ချက်ပေးစဉ် ရိုက်ကူးထာသည့် ဗီဒီယိုတစ်ခုကိုလည်း ISPR က ထုတ်ပြန်ခဲ့သည်။

    ယာဒဗ်အပေါ် ပါကစ္စတန် စစ်တပ်အက်ဥပဒေ (PAA) အရ သေဒဏ်ပေးမှုကို စစ်ဦးစီးအရာရှိချုပ် (ကြည်း) က အတည်ပြုခဲ့သည်။

    “ဘလိုချစ္စတန်နဲ့ ကရာချီမှာ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ဥပဒေစိုးမိုးရေး အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကဖျယဖျက် လုပ်ခြင်းအားဖြင့် ပါကစ္စတန်ကို မတည်မငြိမ်ဖြစ်အောင်၊ စစ်ပွဲဖြစ်အောင် ရည်ရွယ်တဲ့ သူလျှိုလုပ်ငန်း၊ အဖျက်အမှောက်လုပ်ငန်းတွေကို စီစဉ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ RAQ က တာဝန်ပေးခဲ့တယ်လို့ သူက တရာသူကြီးရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်” ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Aljarabiya