News @ M-Media

Tag: Palestine

  • ကုလအကူအညီပေးရေး၀န်ထမ်း ၂၀၀ နီးပါးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ကုလအကူအညီပေးရေး၀န်ထမ်း ၂၀၀ နီးပါးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဇူလိုင် ၁၇၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ ကုလအကူအညီပေးရေးအဖွဲ့ UNRWA က ၀န်ထမ်း ၂၀၀ လောက် အသတ်ခံထားရတယ်လို့ သိရပါတယ်။

    UNRWA ဟာ အစ္စရေးရဲ့ နယ်မြေလု အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပါလက်စတိုင်းပြည်သူတွေကို အဓိက အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ၉ လကျော်အတွင်း ဂါဇာကမ်းမြှောင်က UNRWA အဆောက်အဦး ၁၈၉ ခုကို အစ္စရေးက ဖျက်ဆီးထားပြီး ၀န်ထမ်း ၁၉၇ ဦးကို သတ်ဖြတ်ထားပါတယ်။ UNRWA က ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးစင်တာ ၂၆ ခုမှာ ၁၆ ခုက ဖျက်ဆီးခံထားရပြီး လက်ရှိမှာ ၁၀ ခုသာ သုံးလို့ရပါတယ်။

    အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေထဲမှာ UNRWA ရဲ့ အဆောက်အဦးနဲ့ အဆောက်အဦးထဲက ရှိနေသူတွေကို ထိခိုက်ခဲ့တဲ့ အခြေအနေပေါင်း ၄၅၈ ခု ရှိတယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၉ လကျော်အတွင်း ဂါဇာမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၈၇၉၄ ဦး ရှိလာခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသတ်ခံရသူ အရေအတွက်က ၈၁ ဦး ရှိပါတယ်။

    Ref: Aljazeera

  • အလ်မာ၀ါစီဒုက္ခသည်စခန်း အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဥ်အသေးစိတ်

    အလ်မာ၀ါစီဒုက္ခသည်စခန်း အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဥ်အသေးစိတ်

    ဇူလိုင် ၁၅၊ ၂၀၂၄
    M-Media

    -ဇူလိုင် ၁၃ ရက်နေ့ ဂါဇာစံတော်ချိန် မနက် ၁၀ နာရီခွဲခန့်အတွင် အစ္စရေးတိုက်လေယာဥ်များ အလ်မာ၀ါစီ ဒုက္ခသည်စခန်းသို့ ပျံသန်းလာ

    -အလ်နူဆက်ဖ်လမ်းရှိ အလ်-ရှိုရ်ဘာဂျီ မိသားစုအိမ်တန်းသို့ ဒုံးကျည်များဖြစ် ပစ်ခတ်

    -ဘေးပတ်၀န်းကျင်မှ စစ်ရှောင်တဲများကိုလည်း ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်၊ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့

    • အစ္စရေး ဒရုန်းများ ထပ်မံရောက်လာပြီး အခင်းဖြစ်ရာနေရာသို့ ကူညီကယ်ဆယ်ရန် အပြေးလာရောက်ကြသူများကို ပစ်ခတ်သတ်ဖြတ်

    -ပါလက်စတိုင်း ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့၀င် ယာဥ်တန်းရောက်လာစဥ် အစ္စရေးက ဒရုန်းဖြင့် ကားအရှေ့ကို ပစ်ခတ်တိုက်ခိုက်၍ ကယ်ဆယ်ရေးအဖွဲ့၀င် ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

    -စစ်ပြေးဒုက္ခသည် ၈ သောင်းခန့်နေထိုင်သည့် အလ်မာ၀ါစီစခန်းကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၉၀ သေဆုံး

    -အဆောက်အဦးအများပြား ပြိုကျခဲ့ပြီး အပျက်အဆီးများကြားတွင် ပိတ်မိပျောက်ဆုံးသူ အများအပြားရှိ

    Ref: Aljazeera

  • ဂါဇာက ဘေးကင်းဇုန်တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ လူ ၉၀ သေဆုံး

    ဂါဇာက ဘေးကင်းဇုန်တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ လူ ၉၀ သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အလ်မာ၀ါစီ စခန်း တိုက်ခိုက်ခံရမှုမှ သေဆုံးသွားသည့် ကလေးငယ်တစ်ဦး၏ စျာပန)

    -ဂါဇာကမ်းမြှောင်က အလ်မာ၀ါစီ ဒုက္ခသည်စခန်းကို အစ္စရေးက ဇူလိုင် ၁၃ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈ သောင်းလောက် အလ်မာ၀ါစီ စခန်းမှာ ခိုလှုံနေရတာပါ။ အစ္စရေးကိုယ်တိုင်က ဒီစခန်းကို ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    တိုက်လေယာဥ်တွေ၊ ဒရုန်းတွေသုံးကာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်က ၃၀၀ ထက်မနည်း ရှိပါတယ်။ တိုက်ခိုက်မှုကြောင့် ပျက်ဆီးပြိုကျသွားတဲ့ အဆောက်အဦးတွေအောက် ပိတ်မိနေသူ အများအပြား ရှိနေပြီး သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားနိုင်တယ်လို့ ဂါဇာ ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

    ၉ လကျော်အတွင်း အစ္စရေးဟာ ဂါဇာမှာ လူပေါင်း ၃၉၀၀၀ နီးပါး သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ဇူလိုင် ၁၃၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်းကလေးငယ် အရေအတွက်ဟာ ၁၆၀၅၄ ဦး ရှိလာပြီလို့ သိရပါတယ်။

    အဲဒီအထဲမှာ ၃၄ ဦးက အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရတာပါ။ ၉ လအတွင်း ဂါဇာမှာ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ အနည်းဆုံး ၁၀၇၀၀ ဦး ရှိပါတယ်။

    ၄ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်းမှာဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေမှာ သေဆုံးတဲ့ ကလေးအရေအတွက်ထက် ၉ လအတွင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရတဲ့ ကလေးငယ်အရေအတွက်က ပိုမိုများပြားပါတယ်။

    ဂါဇာမှာ စုစုပေါင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူအရေအတွက်ဟာ ၉ လအတွင်း ၃၈၃၄၅ ဦး ရှိပါတယ်။ ပျက်ဆီးပြိုကျနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က ၁၀၀၀၀ လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ဂါဇာစီးတီးတွင် အစ္စရေးက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်

    ဂါဇာစီးတီးတွင် အစ္စရေးက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်

    ဇူလိုင် ၁၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အစ္စရေးက ဖျက်ဆီးထားသည့် ဂါဇာစီးတီးမှ ရပ်ကွက်တစ်ခု မြင်ကွင်း)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဂါဇာစီးတီးမြို့ကို အစ္စရေးတပ်ဖွဲ့တွေ့ရဲ့ အခုတစ်ပတ် စီးနင်းအကြမ်းဖက်မှုအတွင်း ရပ်ကွက်တစ်ခုတည်းမှာတင် အနည်းဆုံး လူ ၆၀ လောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုကို တနင်္လာနေ့က စတင်ခဲ့တာဖြစ်ပြီး ကြာသာပတေးနေ့မှာတော့ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာစီးတီးမြို့ကနေ ထွက်သွားပါတယ်။ အဲဒီနောက်ပိုင်း ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

    “ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရာမှာ ဒါဇင်နဲ့ချီ အသတ်ခံရတာကို တွေ့ခဲ့ရပါတယ်။ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး မိသားစုလိုက် အသတ်ခံထားရတာပါ။ တစ်ချို့အလောင်းတွေဆို ခွေးတောင်ဆွဲနေကြပြီ။ အလောင်း ၆၀ လောက် လက်ရှိ ရထားပါတယ်။ တစ်ချို့ကို နေရာမှာတင် မြှုပ်ပစ်လိုက်ရတယ်။ တစ်ချို့တစ်၀က်ကိုတော့ ဆေးရုံကို သယ်ဆောင်သွားကြပါတယ်” လို့ ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဘာဆာလ်က တာအလ်ဟာ၀ါ ရပ်ကွက်က အခြေအနေကို သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေပြီး၊ အစ္စရေးတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းကို လာရောက်နှောက်ယှက်တာမျိုး ရှိနေတယ်လို့လည်း ဘာဆာလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂါဇာစီးတီးက ရှူဂျာယီအာ ရပ်ကွက်မှာလည်း အစ္စရေးတပ်တွေ ထွက်သွားပြီးနောက်ပိုင်း ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပါတယ်။

    အစ္စရေးဟာ သူတို့သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ထွက်ပြေးတိမ်းရှောင်သူတွေကိုပါ သတ်ဖြတ်ထားတဲ့ အထောက်အထားတွေ ရယူထားနိုင်တယ်လို့ မိုဟာမက် ဘာဆာလ်က ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့တွေ အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှုကြောင့် ရှူဂျာယီအာရပ်ကွက်ဟာ လူနေထိုင်လို့ မရတော့တဲ့အထိ ဖြစ်သွားခဲ့ပါပြီ။

    ဂါဇာစီးတီးဟာ ဂါဇာကမ်းမြှောင်က ပြည်သူ ၄ ပုံ ၁ ပုံကျော်လောက် နေထိုင်တဲ့ မြို့ကြီးဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒီမြို့ကို ရစရာမရှိအောင် အစ္စရေးတပ်တွေက ဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၃၈၃၄၅ ဦး ရှိလာပြီဖြစ်ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera