News @ M-Media

Tag: Palestine

  • ဘာသာရေးအကြမ်းဖက်တဲ့ အစ္စရေးစစ်သားများ

    ဘာသာရေးအကြမ်းဖက်တဲ့ အစ္စရေးစစ်သားများ

    သြဂုတ် ၂၈၊ ၂၀၂၄
    M-Media

    -ဂါဇာက ဗလီ၀တ်ကျောင်းတော်တစ်လုံးကို အစ္စရေးတပ်ဖွဲ့တွေက အကြမ်းဖက်ဖျက်ဆီးပြီး ကုရ်အာန်ကျမ်းစာကို ဆုတ်ဖြဲမီးရှို့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာပါတယ်။

    အစ္စရေးစစ်သားတွေရဲ့ လူမဆန်တဲ့ အပြုအမူပေါင်းများစွာထဲက တစ်ခုလည်းဖြစ်ပါတယ်။ ကုန်အာန်ကျမ်းစာကို ဆုတ်ဖြဲခြင်းဟာ ဘာသာရေး စော်ကားအကြမ်းဖက်မှုလို့ အစ္စလာမ်ဘာသာ၀င်တွေက မှတ်ယူပါတယ်။

    အစ္စရေးစစ်သားတွေရဲ့ ဒီလုပ်ရပ်ကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်-အစ္စလာမ်အသင်းတို့က ရှုတ်ချခဲ့ကြပါတယ်။

    ၁၁ လတာ ကြာမြင့်ပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ ပါလက်စတိုင်းပြည်သူ ၄ သောင်းကျော် အသတ်ခံထားရပြီး၊ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၁၀၊ သမိုင်း၀င် ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်း ဖျက်ဆီးခံထားရပါတယ်။


  • ဂါဇာရှိ စာသင်ကျောင်းတစ်ခုကို အစ္စရေးက ထပ်မံတိုက်ခိုက်မှု ၁၀ ဦးထက်မနည်း သေဆုံး

    ဂါဇာရှိ စာသင်ကျောင်းတစ်ခုကို အစ္စရေးက ထပ်မံတိုက်ခိုက်မှု ၁၀ ဦးထက်မနည်း သေဆုံး

    သြဂုတ် ၂၀၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မိသားစု၀င်များ ဆုံးရှုံးခဲ့ရသည့် ပါလက်စတိုင်း မိသားစု တစ်ခု)

    -ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဂါဇာစီးတီးမြို့က Mustafa Hafez စာသင်ကျောင်းကို အစ္စရေးက အင်္ဂါနေ့မှာ တိုက်ခိုက်ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးတယ်လို့ သိရပါတယ်။

    အဲဒီစာသင်ကျောင်းဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေ နေထိုင်နေရတဲ့ နေရာပါ။ စာသင်ကျောင်း ဒုတိယထပ်ကို ဒုံးကျည်ထိမှန်ခဲ့ပြီး သေဆုံးသူတွေထဲက အနည်းဆုံး ၂ ဦးဟာ ကလေးငယ်တွေဖြစ်တယ်လို့ ဂါဇာပြည်သူ့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

    တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

    ၁၁ လနီးပါး ကြာလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၄ သောင်းကျော် အသတ်ခံထားရပါတယ်။

    Ref: Aljazeera


  • lAl-Tabin စစ်ရှောင်စခန်းက အစ္စရေး၏ အကြမ်းဖက် လူသတ်ပွဲ

    lAl-Tabin စစ်ရှောင်စခန်းက အစ္စရေး၏ အကြမ်းဖက် လူသတ်ပွဲ

    သြဂုတ် ၁၀၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင် အလယ်ပိုင်း ဂါဇာစီးတီးမြို့က စစ်ရှောင် ဒုက္ခသည်တွေ နေထိုင်တဲ့ Al-Tabin စာသင်ကျောင်းကို သြဂုတ်လ ၁၀ ရက်နေ့မှာ အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အစ္စရေးက အဲဒီစာသင်ကျောင်းဟာ ဟားမက်စ်အဖွဲ့ရဲ့ ဌာနချုပ်ဖြစ်တယ်လို့ ပြောပါတယ်။ ခိုင်မာတိကျတဲ့ အထောက်အထားမျိုးကို အစ္စရေးဖက်က မပြနိုင်ပါဘူး။ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဆေးရုံတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ဟားမက်စ်ဌာနချုပ်ဖြစ်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း များစွာ ပြုလုပ်ထားပါတယ်။

    Al-Tabin အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်းစာနာထောက်ထားမှု စည်းမျဥ်းတွေကို လုံး၀ လစ်လျူရှု တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – တိုက်ခိုက်မှုအပြီး မြင်ကွင်းများ)

  • ၈ ရက်အတွင်း စာသင်ကျောင်း ၉ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည် အစ္စရေး

    ၈ ရက်အတွင်း စာသင်ကျောင်း ၉ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည် အစ္စရေး

    သြဂုတ် ၉၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – စာသင်ကျောင်းတစ်ခုကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားမှု)

    -ဂါဇာကမ်းမြှောင်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း အနည်းဆုံး ၉ ကျောင်းကို အစ္စရေးက ၈ ရက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၇၉ ဦးထက်မနည်း ရှိခဲ့ပြီး၊ ဒဏ်ရာရသူက ၁၄၃ ဦး ရှိပါတယ်။ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။

    သြဂုတ်လ ၈ ရက်နေ့က ဂါဇာစီးတီးမြို့မှာရှိတဲ့ စာသင်ကျောင်း ၂ ကျောင်းကို တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် ပျက်ဆီးပြိုကျသွားတဲ့ အပျက်အဆီးတွေကြား ပိတ်မိနေသူတွေ ရှိတာကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားလာနိုင်တယ်လို့ ဂါဇာတာ၀န်ရှိသူတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၄ သောင်းနီးပါး ရှိလာပြီဖြစ်ပါတယ်။

    Ref: Aljazeera


  • ဂါဇာက စာသင်ကျောင်းတစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ ၃၀ ထက်မနည်း သေဆုံး

    ဂါဇာက စာသင်ကျောင်းတစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ ၃၀ ထက်မနည်း သေဆုံး

    ဇူလိုင် ၂၇၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့မှာရှိတဲ့ ‘ခါဒီဂျာ’ စာသင်ကျောင်းကို အစ္စရေးက ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပါတယ်။

    စာသင်ကျောင်းမှာ စစ်ရှောင်တွေ အဓိကခိုလှုံနေတာဖြစ်ပြီး စာသင်ကျောင်းအတွင်းက ယာယီဆေးခန်းကို အစ္စရေးက ဒုံးကျည် ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၉၂၅၈ ဦး ရှိလာပြီဖြစ်ပါတယ်။

    အစ္စရေးဟာ စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ရှောင်စခန်းတွေပါမကျန် မြင်မြင်သမျှကို အကြမ်းဖက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – ခါဒီဂျာ စာသင်ကျောင်း တိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း)