News @ M-Media

Tag: Palestine

  • အစ္စရေးဆန့်ကျင်ရေးပိုစတာများ ဘတ်စ်ကားများတွင်ကပ်သည့် လှုပ်ရှားမှု ဆန်ဖရန်စစ္စကိုတွင် စတင်

    အစ္စရေးဆန့်ကျင်ရေးပိုစတာများ ဘတ်စ်ကားများတွင်ကပ်သည့် လှုပ်ရှားမှု ဆန်ဖရန်စစ္စကိုတွင် စတင်

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    boy

    – ပါလက်စတိုင်းပြည်သူများ၊ ၎င်းတို့ဒေသတို့နှင့်ပတ်သက်ပြီး အစ္စရေးမှ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအား မီးမောင်းထိုးပြသည့်အနေဖြင့် အမေရိကန်နှင့် နိုင်ငံတကာအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့တစ်ခုက ဆန်ဖရန်စစ္စကိုရှိ ဘတ်စ်ကားလိုင်းများတွင် အစ္စရေးဆန့်ကျင်ရေး ပိုစတာများကပ်သည့် လှုပ်ရှားမှုကို စတင်ခဲ့သည်ဟု သိရသည်။

    Seattle Mideast Awareness Campaign (SeaMAC) အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုမှာ သီတင်းပတ် ၄ ပတ်တာ ကြာမြင့်မည်ဖြစ်သည်။

    အဆိုပါ ကြော်ငြာများတွင် “ပါလက်စတိုင်းပြည်သူများ တန်းတူညီမျှ အခွင့်အရေးရသည်အထိ အစ္စရေးကို သပိတ်မှောက်ကြ” “အစ္စရေးရဲ့ သပိတ်မှောက်ဆန့်ကျင်ရေး ဥပဒေကို ရပ်တန့်ကြ” စသည့် ဆောင်ပုဒ်များ ပါဝင်သည်။

    SeaMAC အဖွဲ့၏ တောင်းဆိုမှုများမှာ အနောက်ဖက်ကမ်းနှင့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ၊ အစ္စရေးရှိ ပါလက်စတိုင်းပြည်သူများကို အစ္စရေးက ရာဇ၀တ်မှုကျူးလွန်နေခြင်း ရပ်တန့်သွားစေရန် ရည်ရွယ်၍ အစ္စရေးကို သပိတ်မှောက်ရန်နှင့် အမေရိကန်အစိုးရက အစ္စရေးကို နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးကူညီများကို ဖြတ်တောက်ပစ်ရန် ဖြစ်သည်။

    “အစ္စရေးကိုဝေဖန်တာဟာ ဂျူးလူမျိုးတွေကို ဝေဖန်တာ မဟုတ်ပါဘူး။ အစ္စရေးဆိုတာ နိုင်ငံတစ်နိုင်ငံပါ။ အခြားနိုင်ငံတွေလိုပဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဥပဒေဆိုင်ရာ စံသတ်မျတ်ချက်တွေကို လိုက်နာရမှာပါ။ ဘာသာတစ်ခု၊ လူမျိုးတစ်ခုက လူတွေကို အထူးအခွင့်ရေးပေးတာမျိုးဟာ လက်မခံနိုင်စရာပါပဲ” ဟု SeaMAC အဖွဲ့က ၎င်း၏ ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

    ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေးက ကျူးလွန်နေမှုများကို ကမ္ဘာကြီးကသိရှိစေရန်နှင့် ထိုကျူးလွန်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ ကမ္ဘာ့အဖွဲ့အစည်းတော်တော်များများမှာ အစ္စရေးဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေသည်။

    Ref; IINA

  • ပါလက်စတိုင်းရှိ အကူအညီပေးရေး အဆောက်အဦးများ အစ္စရေးက ဖြိုချမှု ပြင်သစ် ရှုတ်ချ

    ပါလက်စတိုင်းရှိ အကူအညီပေးရေး အဆောက်အဦးများ အစ္စရေးက ဖြိုချမှု ပြင်သစ် ရှုတ်ချ

    သြဂုတ် ၁၃၊ ၂၀၁၆
    M-Media

    france condemn

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် ပြင်သစ်က ရန်ပုံငွေမတည်ကာ ဆောက်လုပ်ထားသည့် အဆောက်အဦး များကို ဖျက်ဆီးပစ်သည့်အတွက် ပြင်သစ်နိုင်ငံက အစ္စရေးကို ဝေဖန်ရှုတ်ချလိုက်ပြီး အစ္စရေးတပ်များက ဖျက်ဆီးနေသည့် အဆောက်အအုံများမှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများ ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်ဟုလည်း သတိပေးလိုက်သည်။

    “ပါလက်စတိုင်းကျေးရွာ နာဘီဆမ်မြူယဲလ်မှာ ပြင်သစ်ရန်ပုံငွေနဲ့ ဆောက်လုပ်ပေးထားတဲ့ အဆောက်အဦးတွေကို သြဂုတ်လ ၃ ရက်နေ့မှာ အစ္စရေးတပ်က ဖျက်ဆီးမှုအပေါ် ပြင်သစ်နိုင်ငံက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ပြင်သစ်နိုင်ငံက ပေးအပ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစ္စရေးအာဏာပိုင်တွေက ၂၀၁၆ အစပိုင်းလောက်ကစပြီး ပေါ်ပေါ်ထင်ထင် ဖျက်ဆီးပစ်နေတာ အခုအကြိမ်နဲ့ဆိုရင် သုံးကြိမ် ရှိပါပြီ။ ဖေဖော်ဝါရီလမှာလည်း ကျောင်းတစ်ကျောင်းကို တစ်စစီ ဖြိုဖျက်ပစ်ခဲ့ပါတယ်” ဟု ပြင်သစ်အစိုးရက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အနောက်ဘက်ကမ်းတောင်ပိုင်းရှိ အလ်ခါလီလ်မြို့အနီးတွင် EU က ထောက်ပံ့ထားသည့် ခိုလှုံရေးစခန်းသုံးခုကို အစ္စရေးက အင်္ဂါနေ့တွင် ဖျက်ဆီးပစ်ခဲ့မှုကိုလည်း ပြင်သစ်က ထည့်သွင်းရှုတ်ချခဲ့ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    အစ္စရေးဆိုင်ရာ အီယူးသံအမတ်ဖြစ်သူ လာစ် ဖာဘော့ဂ်-အန်ဒါဆန်ကမူ ၂၀၀၉ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ပါလက်စတိုင်း ပိုင်နက်များ၌ အစ္စရေးက ဖြိုချဖျက်ဆီးခဲ့သည့်၊ သိမ်းဆည်းခဲ့သည့် အီးယူအဆောက်အဦး စုစုပေါင်း ၁၇၀ နီးပါး ရှိသည်ဟု ပြီးခဲ့သည့်လတွင် ပြောကြာခဲ့သည်။

    ထို့ပြင် နောက်ထပ် အဆောက်အဦး ၆၀၀ ကိုလည်း အစ္စရေးက ဖျက်သိမ်းရန်၊ သို့မဟုတ် ဆောက်လုပ်မှုရပ်တန့်ရန် အမိန့်ထုတ်ပြန်ထားပြီး ထိုအဆောက်အဦးများမှာ ဖြိုချဖျက်ဆီးခံရမည့်အခြေအနေတွင် ရှိနေသည်။

    Ref : Presstv

  • ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ၀ါးမြိုနေမှု (PLO)  ရှုတ်ချ

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ၀ါးမြိုနေမှု (PLO)  ရှုတ်ချ

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    swallow

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ပုဂ္ဂလိကပိုင်မြေများကို သိမ်းယူမှုမှတစ်ဆင့် အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်တစ်ခုလုံးကို သိမ်းယူရန် ဆောင်ရွက်နေသည်ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO က ပြောကြားလိုက်သည်။

    PLO မှ စနေနေ့က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အစ္စရေးက ပါလက်စတိုင်းပိုင်နက်အတွင်းရှိ Amona တရားမ၀င်အိမ်ယာများမှ လူများအား အနောက်ဖက်ကမ်းအလယ်ပိုင်းရှိ ပုဂ္ဂလိကပိုင် ပါလက်စတိုင်မြေ၌ နေရာချထားပေးရန် အစီအစဉ်ကြောင့် အန္တရာယ်ရှိသည့် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု PLO ၏ နယ်မြေကာကွယ်ရေး အမျိုးသားဗျူရိုက ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ထိုလုပ်ရပ်မှာ ပါလက်စတိုင်းပိုင်နက်ကို အစ္စရေးက တစ်ဖြည်းဖြည်းဝါးမြိုရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း PLO က ဆိုသည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အတရားမ၀င်အိမ်ယာများကို ၁၉၆၇ ခုနှစ်ကတည်းက ဆောက်လုပ်လာခဲ့သည့် အစ္စရေးမှာ လက်ရှိတွင် တရားမ၀င်အိမ်ယာ ၁၄၀ ခန့် ဆောက်လုပ်ရန် စီစဉ်နေပြီး ထိုအထဲမှ ၄၀ မှာ Amona အိမ်ယာမှ ပြောင်းရွှေ့ထားသူများကို ထားရှိရန်ဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်အတွင်းရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာ ၂၃၀ တွင် နေထိုင်သူအရေအတွက်မှာ သန်းဝက်ကျော် ရှိနေသည်။

    Ref : Presstv

  • ပါလက်စတိုင်းအမျိုးသမီးငယ်တစ်ဦးအား ဂျူးအစွန်းရောက်များက အုပ်စုဖွဲ့ တိုက်ခိုက်

    ပါလက်စတိုင်းအမျိုးသမီးငယ်တစ်ဦးအား ဂျူးအစွန်းရောက်များက အုပ်စုဖွဲ့ တိုက်ခိုက်

    သြဂုတ် ၆၊ ၂၀၁၆
    M-Media

    goat

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဆိတ်ကျောင်းနေတဲ့ ပါလက်စတိုင်း အမျိုးသမီးငယ်တစ်ဦးကို ဂျူးအစွန်းရောက်တွေက တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး၊ ဆိတ် ၁၁ ကောင်ကိုလည်း အစွန်းရောက်တွေက သတ်ဖြတ်ပစ်ခဲ့ပါတယ်။

    မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတွေက သောကြာနေ့မှာ ဆိတ်အုပ်ကို ဓားနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရာမာလာမြို့ အရှေ့မြောက်မှာ မီးရှို့မှုတစ်ခုလည်း ပြုလုပ်ခဲ့ကြပါတယ်။ အစ္စရေးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်တစ်ခုမှာ အမျိုးသမီးငယ်လေးဟာ ဆိတ်ကျောင်းနေစဉ်အတွင်း ဒီလူအုပ်ဟာ သူ့ဆီရောက်လာကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ရဲတွေကတော့ တိုက်ခိုက်သူတွေဟာ ဘယ်သူဘယ်ဝါလဲဆိုတာ ဖော်ထုတ်မှုတွေ မလုပ်ခဲ့ဘဲ အစွန်းရောက်များသာဖြစ်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာနေထိုင်တဲ့ ဂျူးတွေဟာ ပါလက်စတိုင်းတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မကြာခဏ လာရောက်တိုက်ခိုက်တာမျိုး၊ အကြမ်းဖက်တာမျိုးကို လုပ်ဆောင်လေ့ ရှိပါတယ်။

    ဗုဒ္ဓဟူးနေ့ကလည်း အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်း ဂျော်ဒန်တောင်ကြားက ပါလက်စတိုင်းလယ်သမားတွေဆီကနေ မတရားသိမ်းပိုက်ထားတဲ့ တိရိစ္ဆာန်တွေကို ပြန်လည်ရောင်းချဖို့ စီစဉ်ခဲ့ကြပါတယ်။

    Ref : Presstv

  • စစ်မှန်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာရန် ပါလက်စတိုင်းသမ္မတ တောင်းဆို

    စစ်မှန်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာရန် ပါလက်စတိုင်းသမ္မတ တောင်းဆို

    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media

    – အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ပါက ရှင်းလင်းသည့် အချိန်ကာလ သတ်မှတ်ချက်နှင့် နိုင်ငံတကာမှကြီးကြပ်မှု ပါဝင်ရမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပဲရစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံတည်ရှိရေး ရည်ရွယ်ချက် အောင်မြင်ရန်အတွက်လည်း ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး ဂျန် မာ့ခ် အေရော့တ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ပါလက်စတိုင်းအစိုးရ၏ အကြီးတန်းတာဝန်ရှိသူ ဆအစ်ဘ် အီရာကသ်ကမူ ထိုဆွေးနွေးမှုနှစ်ခုစလုံးမှာ အပြုသဘောဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်က ပျက်ပြယ်ခဲ့သော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်နိုင်ရန်အတွက် ပြင်သစ်မှာ လုပ်ငန်းစဉ်တစ်ခုကို အဆိုပြုထားပြီး ပါလက်စတိုင်းများက ထိုအစီအစဉ်ကို ကြိုဆိုသော်လည်း အစ္စရေးက သဘောကျခြင်း မရှိချေ။

    အဘတ်စ်ကလည်း ပါလက်စတိုင်းကိစ္စအတွက် ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတကာညီလာခံတစ်ခု ကျင်းပရေး ပြင်သစ်၏ ထိုအဆိုပြုချက်ကို အပြည့်အ၀ထောက်ခံသည်ဟု ယမန်နေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။

    “ဒီအားထုတ်မှုတွေက ၁၉၆၇ ခုနှစ် နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ သတ်မှတ်ပေးထားတဲ့ နယ်နမိတ်တွေအတိုင်း နှစ်နိုင်ငံတည်ရှိရေးအဖြေတစ်ခု ထုတ်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းရေး ရည်ရွယ်တာဖြစ်ပါတယ်” ဟု အဘတ်စ်က ဆိုသည်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ထိုကဲ့သို့ နှစ်နိုင်ငံနယ်နမိတ်များ သတ်မှတ်ပေးထားသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များကို ၁၉၆၇ ခုနှစ်ကတည်းက ယနေ့အထိ တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့သည်။

    Ref: alarabiya