News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းအိမ်တစ်လုံးကို အစ္စရေးက ဖြိုချပြန်

    ပါလက်စတိုင်းအိမ်တစ်လုံးကို အစ္စရေးက ဖြိုချပြန်

    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media

    demo

    – ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ ဖျက်ဆီးမှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချနေတဲ့ကြားထဲကပဲ အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်းနေအိမ်တစ်လုံးကို ယမန်နေ့မှာ ဖျက်ဆီးလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း မြောက်ပိုင်း၊ ဂျီနန်ဒေသ တောင်ဘက် ကွာဘာတီယာမြို့က ဘီလား အဘူဇိုက်ရဲ့ အိမ်ဖြစ်ပြီး တနင်္လာနေ့ မနက်အာရုဏ်တက်ချိန်မှာ အစ္စရေးစစ်သားတွေက ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    ဂျီနန်မြို့ ဒုတိယအုပ်ချုပ်ရေးမှူး ကမားလ် အဘူ အလ်-ရဘ်က အဲဒီအဖြစ်အပျက်အတွင်း အစ္စရေးတပ်တွေနဲ့ အချင်းများရာကနေ ပါလက်စတိုင်း လူငယ် ငါးယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်ကတော့ တော်တော်ပြင်းထန်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဘက်ကတော့ အဆိုပါအိမ်ပိုင်ရှင်ဟာ ဖေဖော်ဝါရီလတုန်းက အစ္စရေးရဲအရာရှိတစ်ဦးကို တိုက်ခိုက်သတ်ဖြတ်မှုမှာ ပါဝင်ပက်သက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေထဲက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်သူတွေကို တိုက်ခိုက်ဖို့ကြံစည်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပါလက်စတိုင်းအိမ်အများအပြားကို အစ္စရေးဘက်က ပေါ်ပေါ်ထင်ထင်ပဲ ဖျက်ဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ပါလက်စတိုင်းအိမ်တွေကို ဖျက်ဆီးမှုကို အစ္စရေးက အရှိန်မြှင့် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

    ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ပါလက်စတိုင်းပိုင်နက်တွေအတွင်း တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်တာ၊ ပါလက်စတိုင်းနေအိမ်တွေကို ဖြိုချဖျက်ဆီးတာတွေကို ရှုတ်ချထားပြီး ငြိမ်းချမ်းရေးအတွက် အလှမ်းကွာဝေးတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ပြောဆိုပါတယ်။

    Ref : Presstv

  • ဂါဇာသို့ တူရကီက အကူအညီများ ထပ်မံပေးပို့မည်

    ဂါဇာသို့ တူရကီက အကူအညီများ ထပ်မံပေးပို့မည်

    ဇူလိုင် ၁၇၊ ၂၀၁၆
    M-Media

    turkey 5

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ကို စက်တင်ဘာမှာ ကျရောက်မယ့် အီသွလ်အသွဟာ အီးဒ်နေ့မတိုင်ခင် နောက်ထပ် ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး သင်္ဘောတစ်စီး ထပ်မံစေလွှတ်ဖို့ စီစဉ်ထားတယ်လို့ တူရကီ ဒုတိယ၀န်ကြီးချုပ် Veysi Kaynak က ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

    တူရကီနဲ့အစ္စရေး ဆက်ဆံရေး ပြန်လည်စတင်ပြီးနောက်ပိုင်း ထောက်ပံ့ရေးပစ္စည်း တန် ၁၁၀၀၀ တင်ဆောင်ထားတဲ့ တူရကီသင်္ဘောဟာ ဂါဇာကမ်းမြှောင်ကို ဇူလိုင်လ အစောပိုင်းက သွားရောက်ပို့ဆောင်ပေးခဲ့ပြီး အခု စက်တင်ဘာမှာ သွားရောက်မယ့် အကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

    ၂၀၁၀ ခုနှစ်က ဂါဇာကိုပို့ဆောင်ဖို့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ Mavi Marmara သင်္ဘောကို နိုင်ငံတကာပိုင်ရေပိုင်နက်မှာ အစ္စရေးစစ်သားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြာင့် တူရကီတက်ကြွလှုပ်ရှားသူ ၁၀ ဦး သေဆုံးခဲ့ပြီး အဲဒီနောက်ပိုင်း တူရကီနဲ့ အစ္စရေးဆက်ဆံရေး ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

    ယခုအခါ တူရကီနဲ့ အစ္စရေးကြား သဘောတူညီမှုစာချုပ်တစ်ခု ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ အစ္စရေးက Mavi Marmara သင်္ဘောမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုကို လျော်ကြေး ဒေါ်လာ သန်း ၂၀ ပေးရမှာဖြစ်ကာ ဂါဇာကို တူရကီရဲ့ လူသားချင်းစာနာမှုအကူအညီများ ထပ်မံပေးပို့ရေးကိုလည်း သဘောတူရမှာ ဖြစ်ပါတယ်။

    Ref : IINA

  • ပါလက်စတိုင်းတွင် အစ္စရေးက ကျူးကျော်အိမ်ယာ ထပ်ဆောက်မည့်အစီအစဉ်ကို ဘန်ကီမွန် ရှုတ်ချ

    ပါလက်စတိုင်းတွင် အစ္စရေးက ကျူးကျော်အိမ်ယာ ထပ်ဆောက်မည့်အစီအစဉ်ကို ဘန်ကီမွန် ရှုတ်ချ

    ဇူလိုင် ၆၊ ၂၀၁၆
    M-Media

    ki mon

    – ပါလက်စတိုင်းရဲ့ ပိုင်နက်ဖြစ်တယ်လို့ နိုင်ငံတကာက သတ်မှတ်ပေးထားတဲ့ အနောက်ဖက်ကမ်းမှာ တရားမ၀င်အခြေအဆောက်အအုံတွေ တိုးချဲ့ဆောင်ရွက်မယ့် အစ္စရေးရဲ့ဆုံးဖြတ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရှုတ်ချလိုက်ပါတယ်။

    ပြီးခဲ့တဲ့ တစ်ပတ်က အမေရိကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနဲ့ ကုလသမဂ္ဂတို့ပါဝင်တဲ့ အရှေ့အလယ်ပိုင်းသံတမန်ဆိုင်ရာလေးပွင့်ဆိုင်အဖွဲ့ကနေ အစ္စရေးအနေနဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င်အခြေချအိမ်ရာတွေ ဆောက်လုပ်နေတာကို ရပ်တန့်ဖို့ တိုက်တွန်းတဲ့ အထူးအစီရင်ခံစာ ထုတ်ပြန်ပြီးနောက်မှာ အစ္စရေးရဲ့ ဒီ ကျူးကျော်သိမ်းပိုက်လိုတဲ့ လုပ်ရပ် ပေါ်ထွက်လာတာဖြစ်ပြီး ဘန်ကီမွန်ကတော့ ဒီကိစ္စအတွက် အလွန်အမင်း စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

    “အနောက်ဖက်ကမ်းကို ထပ်မံကျူးကျော်သိမ်းပိုက်ဖို့ တိုက်တွန်းတဲ့ အစ္စရေးဝန်ကြီးတွေရဲ့ ကြေငြာချက်တွေက အစ္စရေးရဲ့ ရေရှည်သဘောထားကို မွေးခွန်းထုတ်စရာဖြစ်လာပါတယ်” လို့ ဘန်ကီမွန်က ပြောကြားခဲ့ပြီး အဲဒီလိုဆောက်လုပ်မှုဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ကြောင်း၊ ငြိမ်းချမ်းရေးအကျိုးမျှော်ပြီး ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့လည်း ဘန်က တိုက်တွန်းခဲ့ပါတယ်။

    အနောက်ဘက်ကမ်း မာလီ အဒူမင်ဒေသမှာ အိမ်ယာသစ် ၅၆၀ ဆောက်လုပ်ဖို့နဲ့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တစ်လျှောက်မှာ နောက်ထပ် အိမ်ယာ ၂၄၀ ထပ်ဆောက်ဖို့ အစ္စရေးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

    Ref : IINA

  • အစ္စရေးတပ်ဖွဲ့လက်ချက်ကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးပြန်

    အစ္စရေးတပ်ဖွဲ့လက်ချက်ကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးပြန်

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    ples 2

    – ပါလက်စတိုင်းပိုက်နက်က သီးခြားအဖြစ်အပျက် ၂ ခုအတွင်းမှာ အစ္စရေး စစ်သားတွေဟာ ပါလက်စတိုင်း ၂ ဦးကို သတ်ဖြတ်ပစ်လိုက်တယ်လို့ သိရပါတယ်။

    ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်တွေထဲက တစ်ခုဟာ ဟီဘရွန်မြို့ အီဘရာဟင်မီ ဗလီဝတ်ကျောင်းတော်ရဲ့ မွတ်စလင်ဘာသာရေးအထိမ်းအမှတ်ကျောက်စာတိုင်အနီးမှာ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူကတော့ ဆာရီးဟ် အလ်-ဟာဂျွတ်ဆိုသူ ဖြစ်ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့က သေဆုံးသူဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဓားနဲ့တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်ဖို့ကြိုးစားမှုအတွင်းမှာ မည်သည့်တပ်ဖွဲ့ဝင်မှ ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။

    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဟီဘရွန်မှာ အစ္စရေးက တရားမ၀င်အိမ်ယာတွေကို ဆောက်လုပ်ကာ ဂျူးအခြေချနေထိုင်သူတွေကို ထားရှိပြီး၊ အစ္စရေးစစ်တပ်မြောက်များစွာနဲ့ လုံခြုံရေးပေးထားပါတယ်။ ပါလက်စတိုင်းပြည်သူတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်တဲ့ အဲဒီလုပ်ရပ်တွေကို နှစ်မြို့ခြင်း မရှိပါဘူး။

    နောက်ထပ် သေဆုံးမှုတစ်ခုကတော့ ဂျေရုစလင်နဲ့ ရာမာလာအကြားက ကွာလန်ဒီယာ စစ်ဆေးရေးဂိတ်မှာ ဖြစ်ပွားတာဖြစ်ပြီး အစ္စရေးစစ်တပ်က ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးအငွေ့ကို ရှုရိုက်မိကာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

    ဂျေရုစလင်က အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဖို့သွားနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးစစ်တပ်က အင်အားသုံးတိုက်ခိုက်ရာကနေ ဒီလို သေဆုံးခဲ့တာဖြစ်ပြီး ပါလက်စတိုင်းပြည်သူ ၄၀ လောက်နဲ့ အစ္စရေးစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာလက အစ္စရေးစစ်တပ်နဲ့ တရားမ၀င်အခြေချနေထိုင်သူတွေဟာ အလ်အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်း ၀င်ရောက် စီးနင်းတိုက်ခိုက်ရာကနေ ပါလက်စတိုင်းပြည်သူတွေရဲ့ အုံကြွမှု ဖြစ်ပေါ်လာခဲ့ပြီး အဲဒီ အုံကြွမှုမှာ အစ္စရေးလက်ချက်ကြောင့် အခုအချိန်အထိ ပါလက်စတိုင်းပြည်သူ ၂၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

    Ref: Presstv

  • ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    rafa

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ထိစပ်နေတဲ့ ရာဖာနယ်ခြားကို ငါးရက်ကြာ ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ အီဂျစ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။

    “နယ်စပ်ဝင်ပေါက်ကို နှစ်ဖက်စလုံးသွားလာနိုင်အောင် ငါးရက်ကြာ အီဂျစ်အာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်” လို့ ဂါဇာနယ်စပ်အာဏာပိုင်အဖွဲ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကျောင်းသားတွေ၊ လူနာတွေနဲ့ ပြည်ပနေထိုင်ခွင့် ကိုင်ဆောင်ထားသူတွေဟာ အဲဒီနယ်စပ်ကနေ အီဂျစ်နိုင်ငံထဲ ၀င်ရောက်ခွင့် ပြုမှာဖြစ်ပါတယ်။ ဇွန်လ အစောပိုင်းတုန်းကလည်း အီဂျစ်အာဏာပိုင်တွေက ယင်းနယ်စပ်ကို လေးရက်ဆက်တိုက် ဖွင့်လှစ်ခဲ့ပြီး နေမကောင်းသူတွေနဲ့ ကျောင်းသားအများစုအပါအ၀င် ပါလက်စတိုင်းပြည်သူ ၃၀၀၀ လောက် အီဂျစ်ပိုက်နက်ထဲ ၀င်ရောက်ခွင့်ရခဲ့ပါတယ်။

    ဟားမက်စ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပါလက်စတိုင်းပြည်သူ ၂၄၀၀၀ လောက်ဟာ ရာဖာနယ်ခြားကို ဖြတ်ကာ အကူအညီတွေရယူဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရာဖာနယ်ခြားကို အီဂျစ်ဖက်က အချိန်တော်တော်များများ ပိတ်ထားခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ အဲဒီနယ်ခြားကို ၂၁ ရက်သာ ဖွင့်ပေးခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်ရဲ့ တစ်ခုတည်းသော ထွက်ပေါဟာ အီဂျစ်နဲ့ကပ်နေတဲ့ အဲဒီ ရာဖာနယ်ခြားဖြစ်ပြီး အီဂျစ်ကလည်း နယ်ခြားကို ပိတ်ထားတာကြောင့် ဂါဇာပြည်သူ ၁.၉ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ တွေ့ကြုံနေရပါတယ်။

    Ref : IINA