News @ M-Media

ဂါဇာသို့ တူရကီက အကူအညီများ ထပ်မံပေးပို့မည်

ဇူလိုင် ၁၇၊ ၂၀၁၆
M-Media

turkey 5

– အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ကို စက်တင်ဘာမှာ ကျရောက်မယ့် အီသွလ်အသွဟာ အီးဒ်နေ့မတိုင်ခင် နောက်ထပ် ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး သင်္ဘောတစ်စီး ထပ်မံစေလွှတ်ဖို့ စီစဉ်ထားတယ်လို့ တူရကီ ဒုတိယ၀န်ကြီးချုပ် Veysi Kaynak က ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

တူရကီနဲ့အစ္စရေး ဆက်ဆံရေး ပြန်လည်စတင်ပြီးနောက်ပိုင်း ထောက်ပံ့ရေးပစ္စည်း တန် ၁၁၀၀၀ တင်ဆောင်ထားတဲ့ တူရကီသင်္ဘောဟာ ဂါဇာကမ်းမြှောင်ကို ဇူလိုင်လ အစောပိုင်းက သွားရောက်ပို့ဆောင်ပေးခဲ့ပြီး အခု စက်တင်ဘာမှာ သွားရောက်မယ့် အကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က ဂါဇာကိုပို့ဆောင်ဖို့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ Mavi Marmara သင်္ဘောကို နိုင်ငံတကာပိုင်ရေပိုင်နက်မှာ အစ္စရေးစစ်သားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြာင့် တူရကီတက်ကြွလှုပ်ရှားသူ ၁၀ ဦး သေဆုံးခဲ့ပြီး အဲဒီနောက်ပိုင်း တူရကီနဲ့ အစ္စရေးဆက်ဆံရေး ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

ယခုအခါ တူရကီနဲ့ အစ္စရေးကြား သဘောတူညီမှုစာချုပ်တစ်ခု ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ အစ္စရေးက Mavi Marmara သင်္ဘောမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုကို လျော်ကြေး ဒေါ်လာ သန်း ၂၀ ပေးရမှာဖြစ်ကာ ဂါဇာကို တူရကီရဲ့ လူသားချင်းစာနာမှုအကူအညီများ ထပ်မံပေးပို့ရေးကိုလည်း သဘောတူရမှာ ဖြစ်ပါတယ်။

Ref : IINA

Comments

Leave a Reply