News @ M-Media

Tag: Palestine

  • ဂါဇာတွင် ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်ပြီးနောက် မငြိမ်သက်မှုများ မြင့်တက်လာ

    ဂါဇာတွင် ပါလက်စတိုင်းများကို အစ္စရေးက ပစ်သတ်ပြီးနောက် မငြိမ်သက်မှုများ မြင့်တက်လာ

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    plas

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ယမန်နေ့တွင် ဂါဇာကမ်းမြှောင်သို့ ပြန့်နှံ့သွားခဲ့ပြီး အစ္စရေးစစ်တပ်က ဆန္ဒပြသူ ပါလက်စတိုင်း ၆ ဦးကို ပစ်သတ်ခဲ့ကာ မငြိမ်သက်မှုမှာ ပိုမိုကြီးထွားလာခဲ့သည်။

    အစ္စရေးတောင်ပိုင်း ဒီမိုအာမြို့တွင် ဂျူးတစ်ဦးက ပါလက်စတိုင်း လေးဦးအား ဓားဖြင့်ထိုးမှုတစ်ခု အပါအ၀င် ယမန်နေ့က အစ္စရေးနှင့် အနောက်ဘက်ကမ်းတွင် ဓားထိုးမှု ၄ ခုခန့် ဖြစ်ပွားခဲ့သည်။ ပါလက်စတိုင်း ဆန္ဒပြသူများအား ပစ်သတ်မှုကြောင့် ဟားမက်စ်အဖွဲ့က စနေနေ့မနက်တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်တစ်ခု ပစ်လွှတ်ခဲ့ပြီး မည်သည့်ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမှ မရှိခဲ့ချေ။

    အစ္စရေးက ပိတ်ဆို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင် ရှူအာဖက် စစ်ဆေးရေးဂိတ်တွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းတစ်ဦးအား ယနေ့မနက်ပိုင်းတွင် ထပ်မံပစ်သတ်ခဲ့သည်။

    ဂါဇာအရှေ့ပိုင်းတွင် ဖြစ်ပွားသော ဆန္ဒပြမှုများ၌ ပါလစတိုင်း ၆ ဦး သေဆုံးမှုအပြင် အများအပြား ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်။

    အစ္စရေးစစ်တပ်ကမူ နယ်စပ်စည်းရိုးနားတွင် တိုက်ခိုက်ရန်ကြိုးစားမှု အများအပြားရှိခဲ့ပြီး ဆန္ဒပြသူ ၁၀၀၀ ခန့်မှာ တစ်စိမ့်စိမ့် ၀င်ရောက်လာကာ လက်ပစ်ဗုံးများ၊ ဒုံးကျည်များဖြင့်ပစ်ခြင်း၊ မီးလောင်နေသော တာယာများကို လှိမ့်သွင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    “ဒီမှာ သိပ်အန္တရာယ်ရှိနေပါပြီ။ သူတို့က အမြဲတမ်း နယ်ခြားကို သေနတ်နဲ့ပစ်တယ်။ ဒါပေမယ့် ဒီနေ့တော့ ခါတိုင်းထက် ဆိုးနေပါတယ်။ ပထမ သူတို့က ရာဘာငုံထားတဲ့ စတီးကျည်ဆံနဲ့ပစ်တယ်။ မီးခိုးဗုံးတွေသုံးတယ်။ နောက်ပိုင်းမှာတော့ တကယ့်ကျည်အစစ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပါတယ်” ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ဂါဇာအခြေစိုက် ဓာတ်ပုံဆရာ အက်ဇ် ဇာနွန်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆအီဘ် အီရာကသ်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ၎င်း၏ အစိုးရမှာ ဂါဇာရှိ ပါလက်စတိုင်းများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံကျူးလွန်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အစ္စရေးဂျူးတစ်ဦးက ဓားဖြင့်ထိုးသောကြောင့် ပါလက်စတိုင်း ၄ ဦး ဒဏ်ရာရ

    အစ္စရေးဂျူးတစ်ဦးက ဓားဖြင့်ထိုးသောကြောင့် ပါလက်စတိုင်း ၄ ဦး ဒဏ်ရာရ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    pa

    – အစ္စရေးတောင်ပိုင်း ဒီမိုနာမြို့တွင် ဂျူးတစ်ဦးက ပါလက်စတိုင်း ၄ ဦးကို ဓားဖြင့်ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က အမျိုးသားရေး လှုံ့ဆော်မှုကြောင့်ဖြစ်သည့် တိုက်ခိုက်မှုဟု ကင်ပွန်းတပ်ခဲ့သည်။

    တိုက်ခိုက်ခံရသူများမှာ ဆောက်လုပ်ရေးလုပ်သား ၃ ဦးနှင့် မြူနီစီပယ်အရာရှိ တစ်ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာအနည်းငယ် ရခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဂျေရုစလင်၌ အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်သောကြောင့် ပါလက်စတိုင်းများက ဂျူးများအား ဓားဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး သိပ်မကြာခင် ယခုအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အလ်အက်ဆွာဗလီဝတ်ကျောင်းတော်အား အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်း ၀တ်ပြုသူများအား ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပါလက်စတိုင်းတို့၏ ဆန္ဒပြမှုနှင့် တိုက်ခိုက်မှုများကို အစ္စရေးက အကြမ်းဖက်မှုအဖြစ် သမုတ်ခဲ့သည်။

    Ref: Aljazeera

  • ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    ဘက်သလီဟမ်တွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို အစ္စရေး ပစ်သတ်ပြန်

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    plas

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဘက်သလီဟမ်ဒေသရှိ ဒုက္ခသည်စခန်းအနီးတွင် ယမန်နေ့က ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများအတွင်း အစ္စရေးစစ်တပ်က အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်တစ်ဦးကို ပစ်သတ်လိုက်သည်ဟု သိရသည်။

    အဘ်ဒဲလ်ရဟ်မန် အဘ်ဒူလာဟ်ဆိုသူ လူငယ်လေးဖြစ်ပြီး ရင်ဘတ်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးက တည်ဆောက်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများ ဂျေရုစလင်တွင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော တင်းမာမှုများအတွင်း အစ္စရေးစစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ဒုတိယမြောက် ပါလက်စတိုင်း ပြည်သူလည်း ဖြစ်လာခဲ့သည်။ တနင်္ဂနွေနေ့က တူလ်ကာမ်မြို့တွင် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်း လူငယ်တစ်ဦးကို အစ္စရေး စစ်တပ်က ပစ်သတ်ခဲ့သည်။

    နိုင်ငံတကာကလေးငယ်များ ကာကွယ်ရေးအဖွဲ့မှ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ အေယဒ် အဘူ တာအစ်ရှ်က ပါလက်စတိုင်း ကလေးငယ်များကို ပစ်သတ်ရန်အတွက် အစ္စရေးစစ်သားများကို အထက်က ခွင့်ပြုထားသောကြောင့် မည်သည့်အရေးယူမှုမှ ခံရခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ

    ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်၊ ရာနှင့်ချီ၍ ဒဏ်ရာရ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    pla

    – ဂျူများ အသတ်ခံရပြီးနောက် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို အစ္စရေးက ပိတ်ပင်ခဲ့သောကြောင့် ဒေသခံများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ဆယ်ကျော်သက် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း အစ္စရေးမှာ ကျည်ဆံအစစ်များ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး တူလ်ကာမ် စစ်ဆေးရေးဂိတ်တွင် ရေနံဆီဗုံး ပစ်သည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ် ဟူသိုင်ဖာ ဆူလေမန်ကို အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    ဆန္ဒပြမှုအတွင်း ပါလက်စတိုင်းပြည်သူ ၄၀၀ နီးပါးခန့် ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ ၁၅၀ ခန့်မှာ သေနတ်ဒဏ်ရာများ ဖြစ်သည်။ ၂၀၀ ကျော်မှာလည်း မျက်ရည်ယိုဗုံးဒဏ်ကြောင့် ဆေးကုသမှု ခံခဲ့ရသည်။

    Ref: Aljazeera

  • ဂျေရုစလင်သို့ ပါလက်စတိုင်းများဝင်ရောက်ခွင့် အစ္စရေးပိတ်ပင်

    ဂျေရုစလင်သို့ ပါလက်စတိုင်းများဝင်ရောက်ခွင့် အစ္စရေးပိတ်ပင်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    aa

    – ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးတို့က ကျူးကျော်ဆောက်လုပ်ထားသော တရားမ၀င်အိမ်ရာများ၌ နေထိုင်သည့် ဂျူးလူမျိုးများ ၁၂ နာရီအတွင်း ဂျေရုစလင်၌ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပါလက်စတိုင်းများ ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ ၀င်ရောက်ခွင့်ကို အစ္စရေး ရဲတပ်ဖွဲ့က ပိတ်ပင်လိုက်သည်ဟု သိရသည်။

    စနေနေ့ညပိုင်းက ပါလက်စတိုင်းတစ်ဦး၏ ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဂျူးနှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အစ္စရေးက ဂျေရုစလင်မြို့ဟောင်းအတွင်းသို့ အစ္စရေးဂျူးများ၊ မြို့ဟောင်းအတွင်း နေထိုင်သူများ၊ ကမ္ဘာလှည့်ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောင်းသားများမှလွဲ၍ အခြားလူများ မ၀င်ရန် ကန့်သတ်ခဲ့သည်။

    အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကိုလည်း အသက် ၅၀ ကျော်ပါလက်စတိုင်းအမျိုးသားများနှင့် အမျိုးသမီးများသာ ၀င်ရောက်ရမည်ဟု ကန့်သတ်ထားသည်။ ဂျေရုစလင်မြို့ဟောင်းသို့ ၀င်ရောက်မှု ကန့်သတ်ခြင်းမှာ ၂ ရက်တာကြာမည်ဟု အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်အား ပိတ်ဆို့ခြင်း၊ သိမ်းပိုက်ခြင်း၊ ပါလက်စတိုင်းဒေသအတွင်း အစ္စရေးက တရားမ၀င်အိမ်ရာများ တည်ဆောက်ခြင်း၊ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနင်းခြင်းတို့ကြောင့် ပါလက်စတိုင်းများအကြားတွင် တင်းမာမှုများ မြင့်တက်လျက်ရှိပြီး အစ္စရေး၏ ကျူးကျော်အိမ်ယာများတွင် နေထိုင်သော ဂျူးများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအား ပစ်မှတ်ထားသော တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက် ရှိသည်။

    Ref: Aljazeera