News @ M-Media

Tag: Palestine

  • ဂါဇာဒုက္ခသည်စခန်းမှ ဗလီတစ်လုံးကို အစ္စရေးက ဗုံးကြဲဖျက်ဆီး

    ဂါဇာဒုက္ခသည်စခန်းမှ ဗလီတစ်လုံးကို အစ္စရေးက ဗုံးကြဲဖျက်ဆီး

    ဒီဇင်ဘာ ၇၊ ၂၀၂၃

    M-Media 

    -ဂါဇာကမ်းမြှောင် မြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းက အလ်-အောင်ဒါဗလီကို အစ္စရေးက ဒီကနေ့မှာ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ 

    အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ အလ်အောင်ဒါ ဗလီ၀တ်ကျောင်းတော်မှာ ခိုလှုံနေရတာဖြစ်ပါတယ်။ 

    ဗလီ၀တ်ကျောင်းတော်ဟာ လုံး၀ ပြိုကျသွားပြီး ထိခိုက်သေဆုံးမှုတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးဟာ ဂါဇာပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်လာတာ ၂ လကျော်ခဲ့ပါပြီ။ 

    လူပေါင်း ၁၆၀၀၀ ကျော် အသတ်ခံထားရပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera

    (ဓာတ်ပုံ – အစ္စရေးက ဗုံးကြဲပြီးနောက် တွေ့ရသည့် အလ်အောင်ဒါ ဗလီ၀န်းကျင် မြင်ကွင်း)

  • ကုလပြဌာန်းချက်အမှတ် ၉၉ ကိုအသုံးပြုပြီး အစ္စရေး၏ တိုက်ခိုက်သတ်ဖြတ်မှုကို တားဆီးရန် ဂူတာရက်စ်ကြိုးစား

    ကုလပြဌာန်းချက်အမှတ် ၉၉ ကိုအသုံးပြုပြီး အစ္စရေး၏ တိုက်ခိုက်သတ်ဖြတ်မှုကို တားဆီးရန် ဂူတာရက်စ်ကြိုးစား

    ဒီဇင်ဘာ ၇၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ ပြဌာန်းချက် ၉၉ ကို ကျင့်သုံးကြောင်း အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။ 

    နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ထိခိုက်နိုင်ချေရှိတဲ့ အခြေအနေမျိုးတွေကို လုံခြုံရေးကောင်စီက ထိထိရောက်ရောက် တားဆီးဆောင်ရွက်ဖို့အတွက် ကုလအတွင်းရေးမှူးချုပ်က ပြဌာန်းချက် ၉၉ ကို အသုံးပြုပြီး ညွှန်ကြားနိုင်တာဖြစ်ပါတယ်။ 

    သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက လုပ်ဆောင်နေတဲ့ ကိစ္စတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ တိုးလာစေတဲ့အတွက် ပြဌာန်းချက် ၉၉ ကို အသက်သွင်းလိုက်ကြောင်း လုံခြုံရေးကောင်စီဥက္ကဌကို ပေးပို့တဲ့စာမှာ ဂူတာရက်စ်က ဖော်ပြထားပါတယ်။ 

    တိုက်ခိုက်မှုတွေကြောင့် လူသားတွေခံစားနေရမှု၊ အခြေခံအဆောက်အဦးတွေ အကြီးအကျယ် ဖျက်ဆီးခံရမှု၊ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေ စိတ်ဒဏ်ရာရရှိမှုတွေကိုလည်း ဂူတာရက်စ်က စာထဲမှာ ဖော်ပြထားပါတယ်။ 

    ညွှန်ကြားချက် ၉၉ ကို အသက်သွင်းလိုက်တာကြောင့် လုံခြုံရေးကောင်စီဟာ ဂါဇာကမ်းမြှောင်က အခြေအနေတွေ ငြိမ်သက်ရေး ဆွေးနွေး ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။ 

    အဖွဲ့၀င်နိုင်ငံအားလုံးက ကြား၀င်ဖို့ သဘောတူခဲ့ရင် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့၊ နောက်ဆုံးအဆင့် နိုင်ငံတကာတပ်တွေ ချထားဖို့အထိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

    ဒါပေမယ့် ဗီတိုအာဏာရှိတဲ့ အဖွဲ့၀င်နိုင်ငံ ၅ ခုက ကောင်စီရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို ပယ်ချခွင့် ရှိနေပါတယ်။ 

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြဌာန်းချက် ၉၉ ကို အသုံးပြုတာဟာ ကုလသမိုင်းမှာ ကြုံတောင့်ကြုံခဲ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးရန်ကြောင့် ဆေး၀ါးပစ္စည်းများ နေရာရွှေ့လိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

    အစ္စရေးရန်ကြောင့် ဆေး၀ါးပစ္စည်းများ နေရာရွှေ့လိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

    ဒီဇင်ဘာ ၆၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ တိုက်ခိုက်ဖျက်ဆီးမှုကို ခံထားရသည့် ဂါဇာမှ ဆေးရုံတစ်ခု)

    -ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ဂါဇာမှာရှိတဲ့ သူတို့ရဲ့ ဆေး၀ါးပစ္စည်းဂိုထောင်ကို အစ္စရေးရန်ကြောင့် တစ်ခြားနေရာကို ရွှေ့လိုက်ရပါတယ်။ 

    ခန်ယူနစ်မြို့မှာရှိတဲ့ အဲဒီဆေး၀ါးဂိုထောင်ကို မရွှေ့ရင် ဖျက်ဆီးပစ်မယ်လို့ အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ 

    ဒီဂိုထောင်ဟာ ဂါဇာတောင်ပိုင်းက ဆေးရုံတွေကို ဆေး၀ါးပစ္စည်း ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ 

    ခန်ယူနစ်ထက်ပိုသေးတဲ့ ရာဖာမြို့ရွှေ့ခဲ့တာဖြစ်ပြီး အစ္စရေးရန်ကြောင့် အလျင်အမြန်လုပ်ဆောင်ခဲ့ရတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်လို့ WHO က ထုတ်ပြန်ပါတယ်။ 

    ဒီလိုရွှေ့ပြောင်းမှုကြောင့် နယ်စည်းမခြား ဆရာ၀န်များအဖွဲ့နဲ့ ကုလရဲ့ ဆေးခန်းတွေကို ဆေး၀ါးပစ္စည်း အချိန်မီ မပို့ပေးနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ 

    “ဒီလိုရွှေ့ပြောင်းရမှုကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ပြီး တိုက်ခိုက်မှုတွေဖြစ်ပွားကာ၊ ၀န်ထမ်းမလုံမလောက် ဖြစ်နေတဲ့အချိန် ဂါဇာက ဆေးရုံတွေထံ ဆေး၀ါးပစ္စည်းတွေ ပေးအပ်နိုင်ရေး စိန်ခေါ်မှုတွေ ဆက်ရှိနေပါတယ်” လို့ WHO အကြီးအကဲ တက်ဒ်ရို့စ် အဒါနွမ်က ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဂျီနိုဆိုက်ကျူးလွန်နေသည့် အစ္စရေးဟု ကာတာ ၀ေဖန်

    ဂျီနိုဆိုက်ကျူးလွန်နေသည့် အစ္စရေးဟု ကာတာ ၀ေဖန်

    ဒီဇင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -ဒီကနေ့ စတင်ကျင်းပတဲ့ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ GCC အစည်းအ၀ေးမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက အစ္စရေးကို ပြင်းပြင်းထန်ထန် ၀ေဖန်ပြောဆိုလိုက်ပါတယ်။ 

    အစည်းအ၀ေး အဖွင့်မိန့်ခွန်းမှာ အလ်သာနီက အစ္စရေးဟာ နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှု တန်ဖိုးတွေ၊ ကျင့်၀တ်တွေအားလုံးကို ချိုးဖောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

    “အပြစ်မဲ့၊ လက်နက်မဲ့ အရပ်သားတွေကို အစီစဥ်ချပြီး၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတဲ့ အစ္စရေးရဲ့ စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ခွင့်ပြုနေတာဟာ ဂုဏ်သိက္ခာမဲ့ရာ ကြပါတယ်။ အစ္စရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်ပါတယ်” 

    ပါလက်စတိုင်းတွေကိုတော့ အလ်သာနီက ချီးကျူးပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ တရားသော ကြိုးပမ်းမှုအပေါ် မမှိတ်မသုန် ရပ်တည်နေနိုင်တာကို ချီးကျူးရမှာဖြစ်ပြီး၊ ရေရှည်တည်တံ့မယ့် ပြည့်၀တဲ့ အပစ်ရပ်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ကာတာခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    GCC အစည်းအ၀ေးကို ပင်လယ်ကွေ့နိုင်ငံက ခေါင်းဆောင်တွေအပြင် တူရကီသမ္မတ အာဒိုဂန်လည်း တက်ရောက်နေပါတယ်။  

    Ref: Aljazeera 

  • ဂါဇာတွင် ဂျာနယ်လစ် ၆၃ ဦးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဂါဇာတွင် ဂျာနယ်လစ် ၆၃ ဦးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဒီဇင်ဘာ ၅၊ ၂၀၂၃


    M-Media 

    -အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ဂျာနယ်လစ်ဟာ စုစုပေါင်း ၆၃ ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

    ပါလက်စတိုင်းဂျာနယ်လစ် ၅၆ ဦး၊ အစ္စရေး ဂျာနယ်လစ် ၄ ဦးနဲ့ လက်ဘနွန်ဂျာနယ်လစ် ၃ ဦးတို့ ဖြစ်ပါတယ်။ 

    နောက်ဆုံး အသတ်ခံရတဲ့ ဂျာနယ်လစ်တွေက Al-Quds TV က ဟာဆန် ဖာဂျာရက်လာ၊ Al-Majedat မီဒီယာက ရှီမာ အလ်ဂါဇာတို့ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ အသတ်ခံခဲ့ရတာပါ။ 

    ရှီမာအလ်ဂါဇာနဲ့ သူမရဲ့ မိသာစုတစ်ခုလုံးကို အစ္စရေးက သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

    ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Committee to Protect Journalists က အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချပြောဆိုခဲ့ပါတယ်။ 

    “နာကျင်၀မ်းနည်းဖွယ်ကောင်းတဲ့ ဒီပဋိပက္ခမှာ ဒေသတွင်း ဂျာနယ်လစ်တွေဟာ စွန့်လွှတ်စွန့်စားပြီး သတင်းယူ ဖော်ပြနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဂါဇာက ဂျာနယ်လစ်တွေဟာ အသက်တွေ စတေးခဲ့ကြ၊ ဆက်လက် စတေးနေကြရကာ၊ မကြုံစဖူး သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုတွေကိုလည်း ခံနေကြရပါတယ်”

    Ref: Aljazeera