News @ M-Media

Tag: Palestine

  • ဂါဇာတွင် ယာယီအပစ်ရပ်ရေး သက်တမ်းထပ်တိုးပြီး ဓားစားခံများ အပြန်အလှန်လွှတ်ပေး

    ဂါဇာတွင် ယာယီအပစ်ရပ်ရေး သက်တမ်းထပ်တိုးပြီး ဓားစားခံများ အပြန်အလှန်လွှတ်ပေး

    နို၀င်ဘာ ၂၉၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အပစ်ရပ်ရေး နောက်ထပ် သက်တမ်း ၂ ရက်တိုးကာ ဓားစားခံတွေ အပြန်အလှန်လွှတ်ပေးဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်တို့ သဘောတူခဲ့ကြပါတယ်။ 

    တနင်္လာနေ့ သက်တမ်းကုန်မယ့် အပစ်ရပ်ရေးကို နောက်ထပ် ၂ ရက် တိုးလိုက်တာဖြစ်ပါတယ်။ 

    သဘောတူညီချက်အရ ဟားမက်စ်ဟာ ဓားစားခံ ၁၂ ယောက်ကို လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံခြားသား ၂ ဦး ပါ၀င်ပါတယ်။

    အစ္စရေးလက်ကနေ ပါလက်စတိုင်းဓားစားခံ အမျိုးသမီးနဲ့ ကလေးငယ် ၃၉ ယောက် လွတ်မြောက်လာပါတယ်။ လွတ်မြောက်လာသူတွေထဲကတစ်ချို့ဟာ ဓားစားခံအဖြစ် နှစ်များစွာ ဖမ်းဆီးခံထားရသူတွေပါ။ အစ္စရေးက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းပြည်သူ ၅ ထောင်ကျော် ရှိနေပါတယ်။ 

    အစ္စရေးက ဖျက်ဆီးထားတဲ့ အဆောက်အဦး အုတ်ပုံတွေအောက်ကနေ အလောင်း ၁၆၀ ကို ရှာဖွေတွေ့ရှိတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    ဒါ့ကြောင့် ဂါဇာမှာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၁၅၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ 

    ဂျူးအစွန်းရောက်ခေါင်းဆောင် ကာကွယ်ရေး၀န်ကြီး ဂါဗီရ် အပါအ၀င် အစ္စရေးအစိုးရ တာ၀န်ရှိသူတွေကလည်း ဂါဇာမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လုပ်ဖို့ ၀န်ကြီးချုပ် နေတန်ယာဟုကို တောင်းဆိုနေပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းအရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် မွတ်စလင်ကမ္ဘာကို အီရန် တိုက်တွန်း

    ပါလက်စတိုင်းအရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် မွတ်စလင်ကမ္ဘာကို အီရန် တိုက်တွန်း

    နို၀င်ဘာ ၂၆၊ ၂၀၂၃

    M-Media 

    -အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခါးစည်းခံနေရတဲ့ ပါလက်စတိုင်းတွေကို ကူညီပံ့ပိုးပေးနိုင်ရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့အတွက် အီရန်နိုင်ငံခြားရေး၀န်ကြီး အမီရ်-အဘ်ဒိုလာဟင်က တိုက်တွန်းလိုက်ပါတယ်။ 

    ဂျူးလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်သတ်ဖြတ် နယ်မြေလုမှုကြောင့် ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းတွေ နိုင်ငံပျောက်ဆုံးခဲ့ရပြီး အဲဒီနောက်ပိုင်း အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တောက်လျှောက်ခံစားနေရတာဖြစ်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာမှာ အစ္စရေးက လတ်တလောပြုလုပ်တဲ့ တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းပြည်သူ ၁၄၀၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။ အများစုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါ။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီး အဘ်ဒိုလာဟင်က ပါလက်စတိုင်းနိုင်ငံကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် မွတ်စလင်နိုင်ငံတွေက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ နို၀င်ဘာ ၂၅ ရက်နေ့ တူရကီနိုင်ငံခြားရေး၀န်ကြီးနဲ့ ဖုန်းပြောဆိုမှုအတွင်း တိုက်တွန်းခဲ့ပါတယ်။ 

    ပါလက်စတိုင်းတွေအပေါ် အစ္စရေးက ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို အဆုံးသတ်ရေး မွတ်စလင်နိုင်ငံတွေက ဆောင်ရွက်ဖို လိုအပ်နေတာကိုလည်း နိုင်ငံခြားရေး၀န်ကြီးနှစ်ဦးက ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ 

    အီရန်နဲ့ တူရကီနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ပိုမိုတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ 

    Ref: Press TV 

  • မြန်မာနယ်စစ်မှာ တရုတ်က စစ်အင်အားပြ

    မြန်မာနယ်စစ်မှာ တရုတ်က စစ်အင်အားပြ

    နို၀င်ဘာ ၂၆၊ ၂၀၂၃

    M-Media 


    -မြန်မာနဲ့ကပ်နေတဲ့ နယ်စစ်မှာ တရုတ်က စစ်ရေးလေ့ကျင်မှုတစ်ခု အောက်တိုဘာ ၂၅ ရက်နေ့မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ 

    တရုတ်နိုင်ငံကနေ ကုန်ပစ္စည်းတွေ သယ်လာတဲ့ ထရပ်ကားတွေ တိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှာပဲ ဒီစစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာတာပါ။ 

    ရှမ်းပြည်နယ်က တရုတ်နဲ့ကပ်နေတဲ့ ဒေသတွေမှာ တရုတ် ကျောထောက်နောက်ခံပြု တိုင်းရင်းသား လက်နက်ကိုင်တွေ နယ်မြေသိမ်းယူနေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

    တရုတ်စစ်တပ် တောင်ပိုင်းစစ်ဌာနချုပ်က တပ်ဖွဲ့တွေရဲ့ တုန့်ပြန်နိုင်စွမ်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်နိုင်စွမ်းတွေကို စမ်းသပ်နေအနေနဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်တာလို့ ထုတ်ပြန်ပါတယ်။ 

    လေ့ကျင့်မှု ဘယ်လောက်ကြာမယ်၊ ဘယ်နေရာမှာလုပ်မယ်၊ တပ်ဖွဲ့၀င် ဘယ်လောက်ပါ၀င်မယ် စတဲ့ အသေးစိတ်အချက်အလက်တွေတော့ ထုတ်ပြန်ချက်မှာ မပါ၀င်ပါဘူး။ ပုံမှန်အားဖြင့် မြန်မာနယ်စပ်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှု လုပ်လေ့လုပ်ထ မရှိပါဘူး။ 

    တရုတ်နယ်စပ်တပ်ဖွဲ့တွေဟာ လောက်ကိုင်တိုက်ပွဲကြောင့် နယ်စပ်ခြံစည်းရိုးနားကပ်လာတဲ့ မြန်မာဒုက္ခသည်တွေကို အောက်တိုဘာ ၂၅ ရက်နေ့မှာ မီးခိုးဗုံးနဲ့ပစ်ကာ မောင်းထုတ်ခဲ့ပါတယ်။ 

    Ref: Yahoo 

  • အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းတွေကို ပိုဒုက္ခပေးလာတဲ့ အစ္စရေး

    အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းတွေကို ပိုဒုက္ခပေးလာတဲ့ အစ္စရေး

    နို၀င်ဘာ ၂၆၊ ၂၀၂၃

    M-Media


    အစ်ဗနေ့ဆီနာဆေးရုံ

    -ဂါဇာမှာ ၄ ရက်ကြာ အပစ်ရပ်ထားတဲ့အချိန် ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာ အစ္စရေးဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။ 

    နေအိမ်တွေကို ၀င်ရောက်ကာ ဓားစားခံဖမ်းဆီးမှုတွေ ပိုများလာခဲ့ပြီး ဆေးရုံတွေကိုလည်း အစ္စရေးစစ်သားတွေက စီးနင်းပိတ်ဆို့မှုတွေ လုပ်ဆောင်လာပါတယ်။ 

    အနောက်ဖက်ကမ်းက ဂျီနင် အစိုးရဆေးရုံနဲ့ အစ်ဗနေ့ဆီနာ ဆေးရုံတို့ကို အစ္စရေးစစ်ရေးစစ်တပ်က ၀ိုင်းပတ် ပိတ်ဆို့ထားကြောင်း ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ဒဏ်ရာရသူတွေကို သွားရောက် အကူအညီမပေးနိုင်အောင် ဆေးရုံတွေရဲ့ အရေးပေါ်ဌာနကို အစ္စရေးစစ်သားတွေက နှောက်ယှက်နေကြတယ်လို့လည်း လခြမ်းနီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးဟာ ဂါဇာမှာလည်း ဆေးရုံတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အဓိကဆေးရုံတစ်ခုဖြစ်တဲ့ အလ်ရှီဖာဆေးရုံမှာ ဟားမက်စ်ဌာနချုပ် ရှိတယ်လို့ဆိုကာ ၀င်ရောက်စီးနင်း ဖျက်ဆီးပြီး ရေလှောင်ကန်ကို ဟားမက်စ်လှိုင်ခေါင်းဆိုပြီး လိမ်လည်ထုတ်ပြန်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ၁၅၀ လွှတ်ပေးပြီး ဓားစားခံ ၃၁၀၀ ကျော် ပြန်ဖမ်းထားတဲ့ အစ္စရေး

    ၁၅၀ လွှတ်ပေးပြီး ဓားစားခံ ၃၁၀၀ ကျော် ပြန်ဖမ်းထားတဲ့ အစ္စရေး

    နို၀င်ဘာ ၂၅၊ ၂၀၂၃

    M-Media 


    (ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းတွင် ကျူးကျော်၀င်ရောက်နေကြသည့် အစ္စရေးစစ်သားများ)

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသမှာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးက ဖမ်းဆီးခဲ့တဲ့ ဓားစားခံအရေအတွက်ဟာ ၃၁၀၀ ကျော်လာခဲ့ပြီလို့ သိရပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက တိုက်ခိုက်သတ်ဖြတ်နေတဲ့ တစ်ချိန်တည်းမှာပဲ အနောက်ဖက်ကမ်းမှာလည်း တိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာတာပါ။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ တရားမ၀င် ဂျူးအခြေချ နေထိုင်သူတွေရဲ့ အကြမ်းဖက်မှုကြောင့် ပါလက်စတိုင်း ၂၁၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    ဖမ်းဆီးခံသူက ၃၁၀၀ ကျော် ရှိပါတယ်။ 

    ဟားမက်စ်နဲ့ ၄ ရက်တာ အပစ်ရပ်ရေးမှာ အရင်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းဓားစားခံ ၅ ထောင်ကျော်ထဲက အမျိုးသမီးနဲ့ ကလေးငယ် ၁၅၀ ကို လွှတ်ပေးမယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။ 

    အပြန်အလှန်အားဖြင့် ဟားမက်စ်ဖက်ကလည်း အောက်တိုဘာ ၇ ရက်နေ့မှာ ဖမ်းဆီးသွားတဲ့ ဓားစားခံတွေထဲက ၅၀ ကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ 

    ဂါဇာမှာ အပစ်ရပ်ထားပေမယ့် အနောက်ဖက်ကမ်းမှာ အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး မနေ့က တစ်နေ့တည်းမှာပဲ ၁၇ ဦး ဖမ်းဆီးကာ အနည်းဆုံး ၅ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ 

    Ref: Aljazeera