News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၂၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၂၈)

    M-Media

    (ဓာတ်ပုံ – နို၀င်ဘာ ၂၇ ရက်နေ့ ဂါဇာမှ မြင်ကွင်းတစ်ခု)

    အမေရိကန်က အစ္စရေးထံ လက်နက်များ ထပ်မံပေးပို့မည်
    ———————
    ကန်ဒေါ်လာ သန်းပေါင်း ၆၈၀ တန်ဖိုးရှိမယ့် စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ထောက်ပံ့ရေး သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ အမေရိကန်က တစ်ဖက်မှာ ပြောဆိုနေတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဂါဇာမှာ အစ္စရေးက တစ်ကျော့ပြန် လူသတ်ပွဲ ပြုလုပ်တဲ့ အချိန်ကစပြီး အမေရိကန်ဟာ အစ္စရေးကို ဒေါ်လာ ဘီလီယံဆယ်ချီ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပေးပို့ခဲ့ပါတယ်။

    ဂါဇာတွင် အသတ်ခံရသူအရေအတွက် ၄၅၀၀၀ နီးပါး ရှိလာ
    ———————
    ၁၃ လ ကြာလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၄၄၂၈၂ ဦး ရှိလာပြီး၊ အဲဒီအထဲမှာ ကလေးငယ် ၁၇၄၉၂ ဦး ပါ၀င်ပါတယ်။ အစ္စရေးဟာ လက်ရှိအချိန်အထိ ဂါဇာမှာ စစ်ရှောင်စခန်းတွေ၊ လူနေအိမ်တွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ တိုက်ခိုက်မှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ဟာ ၁၁၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    လက်ဘနွန်တွင် အပစ်ရပ်ရေးစတင်
    ————-
    အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား အပစ်ရပ်ရေး စတင်တဲ့ နို၀င်ဘာ ၂၇ ရက်နေ့ကစပြီး လက်ဘနွန်တောင်ပိုင်းက ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို ပြန်လာနေကြပါတယ်။ အစ္စရေးဟာ ၁၃ လအတွင်း လက်ဘနွန်မှာ လူပေါင်း ၃၈၂၃ ဦးကို သတ်ဖြတ်ထားပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ လက်ဘနွန်တောင်ပိုင်းနဲ့ မြို့တော် ဘေရွတ်တို့က အရပ်ဖက်ပစ်မှတ်တွေကို အစ္စရေးက အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁၁)

    M-Media

    (ဓာတ်ပုံ – ဂါဇာမှ ကျူးကျော်အစ္စရေးစစ်သားများ)

    အစ္စရေးစစ်သား ၁၅ ဦးကို ဟားမက်စ် သုတ်သင်
    ——-
    ဂါဇာမြောက်ပိုင်းကို ကျူးကျော်လာတဲ့ အစ္စရေးစစ်သားသား ၁၅ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ သုတ်သင်နိုင်ခဲ့တယ်လို့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ထုတ်ပြန်ပါတယ်။ တင့်ဖျက်ဒုံး၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာက စတင်ပြီး ဂါဇာမှာ ဟားမက်စ်အဖွဲ့က သုတ်သင်နိုင်ခဲ့တဲ့ အစ္စရေးစစ်သား အနည်းဆုံး ၃၇၀ ရှိပြီဖြစ်ပါတယ်။

    လူ နေအိမ်ယာ ၃ ခုကို အစ္စရေးက တိုက်ခိုက်
    ——
    ဂါဇာက ဂျာဘာလီယာ ဒုက္ခသည်စခန်း၊ လက်ဘနွန်က ဘေရွတ်မြို့နဲ့ ဆီရီးယား ဒမတ်စကတ်မြို့တွေက လူနေအိမ်ယာတွေကို အစ္စရေးက တနင်္ဂနွေမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၂၂ ဦးအပါအ၀င် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အစ္စရေးဟာ ဂါဇာနဲ့ လက်ဘနွန်မှာ တိုက်ခိုက်သတ်ဖြတ်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်သူ မိသားစုတစ်ခုလုံး အသတ်ခံရ
    ——-
    ပါလက်စတိုင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (PCHR) က သုတေသနပညာရှင် မိုဟာမက် အလ်လုရှ်ရဲ့ မိသားစု၀င် ၂၄ ဦးကို အစ္စရေးက ဂါဇာကမ်းမြှောင်မှာ သတ်ဖြတ်ခဲ့ပါတယ်။ သတ်ဖြတ်ခံရသူအားလုံးဟာ စစ်ရှောင်တွေဖြစ်ပြီး ကလေးငယ် ၁၄ ဦးနဲ့ အမျိုးသမီး ၆ ဦး ပါ၀င်ပါတယ်။ အဲဒီထဲက တစ်ချို့ဟာ အစ္စရေးရဲ့ အရင်က တိုက်ခိုက်မှုတွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြသူတွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အမ်စတာဒမ်တွင် တိုက်ခိုက်ခံခဲ့ရသည့် ဂျူးအစွန်းရောက်များ

    အမ်စတာဒမ်တွင် တိုက်ခိုက်ခံခဲ့ရသည့် ဂျူးအစွန်းရောက်များ

    နို၀င်ဘာ ၁၁၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အမ်စတာဒမ်မြို့ လူနေတိုက်ခန်းတစ်ခုမှ ပါလက်စတိုင်းအလံကို ဖြုတ်ချနေသည့် ဂျူးအစွန်းရောက်တစ်ဦး)

    -အစ္စရေးဘောလုံးအသင်း Maccabi Tel Aviv ရဲ့ ပရိတ်သတ်တွေ အမ်စတာဒမ်မြို့မှာ ပြီးခဲ့တဲ့တစ်ပတ်က တိုက်ခိုက်ခံခဲ့ရပြီးနောက် နယ်သာလန်အစိုးရဟာ ပါလက်စတိုင်းထောက်ခံမှု ဆန္ဒပြပွဲတွေကို ပိတ်ပင်လိုက်ပါတယ်။

    အေဂျက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲအတွက် အားပေးဖို့ လာရောက်ကြတဲ့ အစ္စရေးပရိတ်သတ်တွေဟာ ပွဲမတိုင်ခင်တစ်ရက် ဗုဒ္ဓဟူးနေ့က မြို့လယ်ကောင် Dam ရင်ပြင်မှာ စု၀ေးပြီး ပါလက်စတိုင်းဆန့်ကျင်ရေး၊ အာရပ်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ကြပါတယ်။

    လူရာချီပါ၀င်တဲ့ စု၀ေးပွဲမှာ ပါလက်စတိုင်းအလံကို မီးရှို့ခဲ့ပြီး ‘အစ္စရေးစစ်တပ်အောင်မြင်ပါစေ၊ မ-ေ -ိုး အာရပ်တွေ’ ‘မ-ေ -ိုး ပါလက်စတိုင်းတွေ’ ‘ဂါဇာမှာ ကလေးတစ်ယောက်တောင် အရှင်မထားနဲ့’ စသဖြင့် ဟစ်အော်ခဲ့ကြပါတယ်။

    အမ်စတာဒမ်က ပါလက်စတိုင်းအလံလွှင့်ထားတဲ့ နေအိမ်တိုက်ခန်းတွေကိုလည်း အစ္စရေးပရိတ်သတ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့တော်ကောင်စီအဖွဲ့၀င် Jazie Veldhuyzen က ပြောပါတယ်။

    ကြာသာပတေးနေ့ပွဲကို သွားကြည့်တဲ့အခါမှာလည်း ဂျူးလူအုပ်ဟာ အာရပ်ဆန့်ကျင်ရေး ကျွေးကြော်သံတွေကို ဟစ်အော်ခဲ့ကြပါတယ်။ အေဂျက်က ၅ ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲအပြီး Dam ရင်ပြင်ကို ဆန္ဒပြဖို့ ထပ်အသွားမှာ ပါလက်စတိုင်းထောက်ခံသူတွေနဲ့တွေ့ပြီး တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း Maccabi Tel Aviv ပရိတ်သတ် ၃၀ နီးပါး အသေးစားဒဏ်ရာတွေ ရခဲ့ပြီး၊ အနည်းဆုံး ၆ ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။

    တိုက်ခိုက်မှုကို ဂျူးဆန့်ကျင်ရေးလုပ်ရပ်အဖြစ် နယ်သာလန်အစိုးရက သတ်မှတ်ခဲ့ပြီး ပါ၀င်ပတ်သတ်သူ ၁၀၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    M-Media

    အသတ်ခံရသူ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးနှင့် ကလေးများဖြစ်နေ
    ————-
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄၃၅၀၈ ဦး ရှိလာခဲ့ပြီး ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလ လူအခွင့်အရေးရုံးက ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ နိုင်ငံတကာဥပဒေတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ဖောက်ဖျက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လက်ဘနွန် ရွာသုံးရွာမှ အိမ်များကို အစ္စရေးက ဖောက်ခွဲဖျက်ဆီး
    ———
    လက်ဘနွန်တောင်ပိုင်း ရွာ ၃ ရွာမှာရှိတဲ့ နေအိမ်တွေအားလုံးကို အစ္စရေးက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတဲ့ဆိုတဲ့ အစ္စရေးရဲ့ ကျူကျော်တိုက်ခိုက်မှုအတွင်း လက်ဘနွန်မှာ အသတ်ခံရသူအရေအတွက်ဟာ ၃ ထောင်ကျော်လာခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ပါတယ်။ အစ္စရေးဟာ လက်ရှိမှာ လက်ဘနွန်တောင်ပိုင်းက အရပ်ဖက်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေပါတယ်။

    ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်မှုလုပ်
    ———-
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ သံလွင်ခင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခုရက်ပိုင်းမှာ တိုးမြှင့် တိုက်ခိုက်လာပါတယ်။ အနည်းဆုံး မြို့ ၃ ခုမှာ ဂျူးလူအုပ်ကြီးက တိုက်ခိုက်မီးရှို့မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကလ စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲနောက်ပိုင်း ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုတွေလည်း မြင့်တက်လာပါတယ်။

    (ဓာတ်ပုံ – ဂျာဘာလီယာ ဒုက္ခသည်စခန်းမှ အစ္စရေး၏ တိုက်ခိုက်မှု)

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁)

    M-Media

    (ဓာတ်ပုံ – ဘာလ်ဘက်မြို့မှ သမိုင်း၀င်နေရာတစ်ခု)

    လက်ဘနွန်ရှေးဟောင်းမြို့များ အန္တရာယ်ရှိနေ
    ———
    အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံက ရှေးဟောင်းမြို့တွေဟာ အန္တရာယ်ရှိလာနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ဂျီနင်း ဟန်နစ် ပလက်စ်ချာ့တ်က သတိပေးလိုက်ပါတယ်။ အစ္စရေးဟာ လက်ဘနွန်က သမိုင်း၀င်မြို့တွေဖြစ်တဲ့ တိုင်ရီနဲ့ ဘာလ်ဘက်မြို့တွေကို အကြီးအကျယ် အကြမ်းဖက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    ဂါဇာတွင်အသတ်ခံရသူ ၄၃၀၀၀ ကျော်ပြီ
    ———
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၄၃၂၅၉ ဦး ရှိလာပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၅၅ ဦး အသတ်ခံခဲ့ရပါတယ်။ တစ်နှစ်ကျော်အတွင်း ဂါဇာမှာ ပျောက်ဆုံးသူ သောင်းချီ ရှိနေပြီး၊ ဒဏ်ရာရသူ အရေအတွက်က ၁၀၁၈၂၇ ဦး ရှိနေပါတယ်။

    ကျန်းမာရေး၀န်ထမ်းများကို တိုက်ခိုက်မှု ၅၀ ကျော်ရှိ
    ———–
    လက်ဘနွန်မှာ အစ္စရေးက ကျန်းမာရေး၀န်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အရေအတွက်ဟာ ကောက်ယူရရှိသမျှ ၅၅ ခုအထိ ရှိနေပြီး အမှန်တကယ်အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးဟာ တစ်နှစ်အတွင်း ကျန်းမာရေး၀န်ထမ်း ရာနဲ့ချီ သတ်ဖြတ်ထားပါတယ်။