News @ M-Media

Tag: Palestine

  • ဂါဇာတွင် သေဆုံးသူအရေအတွက် ၅၉၀၀၀ ကျော် ရှိလာ

    ဂါဇာတွင် သေဆုံးသူအရေအတွက် ၅၉၀၀၀ ကျော် ရှိလာ

    ဇူလိုင် ၂၁၊ ၂၀၂၅
    M-Media

    (အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားသည့် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးကို ပွေ့ချီထားသည့် မိခင်၊ ဇူလိုင် ၂၀)

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၅၉၀၂၉ ဦး ရှိလာပြီလို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဒဏ်ရာရသူအရေအတွက်က ၁၄၂၁၃၅ ဦးရှိပြီး၊ အဆောက်အဦး အပျက်အဆီးတွေအတွင်း ပိတ်မိ ပျောက်ဆုံးနေသူ အရေအတွက်က ထောင်သောင်းချီ ရှိပါတယ်။

    အမေရိကန်ဦးစီးတဲ့ အကူအညီပေးရေးနေရာတွေမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူအရေအတွက်က ၁၀၂၁ ဦး ရှိပြီး၊ ဒဏ်ရာရသူ အရေအတွက်က ၆၅၁၁ ဦးရှိနေပါတယ်။

    ကမ္ဘာ့နိုင်ငံတွေကတော့ အစ္စရေးရဲ့လုပ်ရပ်ကို ဆက်လက်ရှုတ်ချနေဆဲပါ။

    Ref: Aljazeera

  • ပါလက်စတိုင်းတွင် ထပ်မံ ဖျက်ဆီးခံလိုက်ရသည့် ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းတစ်ခု 

    ပါလက်စတိုင်းတွင် ထပ်မံ ဖျက်ဆီးခံလိုက်ရသည့် ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းတစ်ခု 

    ဇူလိုင် ၁၅၊ ၂၀၂၅

    M-Media 

    (ဓာတ်ပုံ – အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာကြသည့် ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သံတမန်များ)

    ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းနဲ့ ခရစ်ယာန် သုဿန်တစ်ခုကို ဂျူးအခြေချနေထိုင်သူတွေက ပြီးခဲ့တဲ့တစ်ပတ်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

    တိုင်ဘာဆိုတဲ့ ခရစ်ယာန်မြို့လေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း အဲဒီမြို့က နေအိမ်တစ်ချို့ကို တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေက ဖျက်ဆီးခဲ့ကာ လယ်ယာမြေတွေလည်းကို မီးရှို့ခဲ့ပါတယ်။ 

    အစ္စရေးအာဏာပိုင်တွေဟာ ပါလက်စတိုင်း ပိုင်နက်တွေမှာ တရားမ၀င်အခြေချအိမ်ယာတွေ တည်ဆောက်ကာ ကမ္ဘာတစ်၀ှမ်းက ၀င်လာတဲ့ ဂျူးတွေကို နေထိုင်စေတာဖြစ်ပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်းက နာဇီရန်ကြောင့် ပါလက်စတိုင်းကို ထွက်ပြေးလာရတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန်မှာ ပါလက်စတိုင်းက ခရစ်ယာန် မြို့ရွာပေါင်း ၃၀ ကျော် ဖျက်ဆီးခံရပြီး အဲဒီက ခရစ်ယာန်တွေလည်း သတ်ဖြတ်မောင်းထုတ်ခံခဲ့ရပါတယ်။ 

    Ref : AP

  • ဂါဇာတွင် သောက်သုံးရေယူရန် စောင့်ဆိုင်းနေသူများ တိုက်ခိုက်သတ်ဖြတ်ခံရ

    ဂါဇာတွင် သောက်သုံးရေယူရန် စောင့်ဆိုင်းနေသူများ တိုက်ခိုက်သတ်ဖြတ်ခံရ

    ဇူလိုင် ၁၅၊ ၂၀၂၅

    M-Media

    တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    ဂါဇာကမ်းမြှောင် နူစီရတ် စစ်ရှောင်စခန်းက သောက်သုံးရေ ပေး၀ေတဲ့နေရာကို အစ္စရေးက ဇူလိုင် ၁၃ ရက်နေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ 

    အဲဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး အများစုက ရေတန်းစီနေကြတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အဲဒီနေ့ကတစ်နေ့တည်းမှာပဲ ဂါဇာစီးတီးက စျေးတစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး နည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုမှာ သေဆုံးသူဦးရေဟာ ၅၈၀၂၆ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲက ထက်၀က်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

    Ref – Aljazeera

  • ဂါဇာတွင် ဆေး၀ါးလာယူသည့် အမျိုးသမီးနှင့် ကလေးများ တိုက်ခိုက်ခံရ

    ဂါဇာတွင် ဆေး၀ါးလာယူသည့် အမျိုးသမီးနှင့် ကလေးများ တိုက်ခိုက်ခံရ

    ဇူလိုင် ၁၁၊ ၂၀၂၅
    M-Media

    တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း


    ဂါဇာကမ်းမြှောင်အလယ်ပိုင်း ဒီရ် အလ်ဘာလာ မြို့က Project Hope ဆေးခန်းမှာ ဆေး၀ါးနဲ့ ဖြည့်စွက်စာတွေယူဖို့ တန်းစီနေတဲ့ လူတန်းကို အစ္စရေးက ဇူလိုင်လ ၁၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။
    ၂ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲမှာ အစ္စရေးဟာ အကူအညီလာယူသူ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ဂျုံ၊ ရိက္ခာ၊ ဆေး၀ါးနဲ့ အခြားအကူညီတွေ လာယူတဲ့ လူအုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။
    Video Credit – CNN

  • ဂါဇာကော်ဖီဆိုင်တွင် အစ္စရေးက ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

    ဂါဇာကော်ဖီဆိုင်တွင် အစ္စရေးက ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

    ဇူလိုင် ၄၊ ၂၀၂၅

    M-Media

    ဂါဇာကမ်းမြှောင်၊ ဂါဇာစီးတီးမြို့ ကမ်းခြေနားမှာ ဖွင့်ထားတဲ့ အလ်-ဘာကာ ကော်ဖီဆိုင်ကို အစ္စရေးက ပြီးခဲ့တဲ့တစ်ပတ်မှာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီကော်ဖီဆိုင်ဟာ အရပ်သားတွေသာ စု၀ေးတဲ့နေရာဖြစ်ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအ၀င် နည်းဆုံး ၃၉ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲက အချို့ကို ဓာတ်ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။

    ၁။ ၀ီဒတ် အလ်-တက်တာရီ – အသက် ၁ နှစ်

    တက်တာရီ၏ ဖခင်ဖြစ်သူမှာ သူမ မမွေးခင် ၂ ရက်အလိုမှာပင် အစ္စရေး၏ ပစ်ခတ်သတ်ဖြတ်မှုအတွင်း သေဆုံးသွားခဲ့သည်။

    ၂။ အစ္စမာအီလ် အဘူ ဟသဘ် – ဓာတ်ပုံသတင်းထောက်

    ၃။ အမီနာ အလ်-ဆလ်မီ – ပန်းချီနှင့် ရုပ်ပုံဖော် အနုပညာရှင်

    ၄။ မာလက် မိုဆလေး – အသက် ၂၀ အရွယ် ဘောက်ဆင်ချန်ပီယံ

    မာလက်ဟာ ဘောက်ဆင် အားကစားနဲ့ ပါလက်စတိုင်းကို ကမ္ဘာစင်မြင့်ပေါ် ရောက်အောင် ကြိုးပမ်းဖို့ ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

    ၅။ နာဆင်း အဘူ ဆွဘ်ဟာ – မကြာသေးခင်ကမှ စေ့စပ်ထားသူ

    တိုက်ခိုက်မှုမဖြစ်ခင် ကော်ဖီဆိုင်ထဲမှာ ချစ်သူနဲ့အတူ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ အဘူဆွဘ်ဟာရဲ့ နောက်ဆုံး ဓာတ်ပုံ ဖြစ်ခဲ့ပါတယ်။

    ၆။ မွတ်စ်သာဖာ အဘူအိုမိုင်ရာ – ဘောလုံးသမားဖြစ်ပြီး ဂါဇာက ဘောလုံးကလပ် တော်တော်များများမှာ ကစားခဲ့သူ ဖြစ်ပါတယ်။

    Ref : Aljazeera