News @ M-Media

Tag: Palestine

  • အစ္စရေး၏ သတ်ဖြတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၄ ဦးသေ ၇၀၀ ခန့် ဒဏ်ရာရ

    အစ္စရေး၏ သတ်ဖြတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၄ ဦးသေ ၇၀၀ ခန့် ဒဏ်ရာရ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဒဏ်ရာရသူတစ်ဦးကို ခေါ်ဆောင်သွားစဉ်

    – ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုမှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တဲ့အတွက် အနည်းဆုံး ၄ ဦး သေဆုံးပြီး ၇၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ၁၉၄၈ ခုနှစ်မှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းမိသားစုတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုတဲ့ အဲဒီဆန္ဒပြမှုမှာ လူတစ်ထောင်နီးပါးလောက် ပါဝင်ခဲ့ကြတာပါ။ ဒါဟာ ပြီးခဲ့တဲ့လတွေအတွင်း ၄ ကြိမ်မြောက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေလည်း ၇၀၀ နီးပါးလောက် ရှိခဲ့ပါတယ်။

    Great March of Return ခေါင်းစဉ်နဲ့ မတ်လနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၃၉ ဦး ရှိလာခဲ့ပြီး၊ ဒဏ်ရာရသူက ၄၀၀၀ ကျော်လောက် ရှိနေပါတယ်။

    ဒီလို ပစ်ခတ်သတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာက ဝေဖန်မှုတွေ လုပ်ခဲ့ပေမယ့် အစ္စရေးကတော့ နယ်စပ်တစ်လျှောက် စနိုက်ပါသမားတွေချထားကာ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းတွေအပေါ် ဆက်လက် ပစ်ခတ်မှုတွေ လုပ်နေပါတယ်။

    Ref: Aljazeera

  • အစ္စရေး၏ သတ်ဖြတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၄ ဦးသေ ၇၀၀ ခန့် ဒဏ်ရာရ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဒဏ်ရာရသူတစ်ဦးကို ခေါ်ဆောင်သွားစဉ်

    – ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုမှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တဲ့အတွက် အနည်းဆုံး ၄ ဦး သေဆုံးပြီး ၇၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ၁၉၄၈ ခုနှစ်မှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းမိသားစုတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုတဲ့ အဲဒီဆန္ဒပြမှုမှာ လူတစ်ထောင်နီးပါးလောက် ပါဝင်ခဲ့ကြတာပါ။ ဒါဟာ ပြီးခဲ့တဲ့လတွေအတွင်း ၄ ကြိမ်မြောက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေလည်း ၇၀၀ နီးပါးလောက် ရှိခဲ့ပါတယ်။

    Great March of Return ခေါင်းစဉ်နဲ့ မတ်လနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၃၉ ဦး ရှိလာခဲ့ပြီး၊ ဒဏ်ရာရသူက ၄၀၀၀ ကျော်လောက် ရှိနေပါတယ်။

    ဒီလို ပစ်ခတ်သတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာက ဝေဖန်မှုတွေ လုပ်ခဲ့ပေမယ့် အစ္စရေးကတော့ နယ်စပ်တစ်လျှောက် စနိုက်ပါသမားတွေချထားကာ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းတွေအပေါ် ဆက်လက် ပစ်ခတ်မှုတွေ လုပ်နေပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းမသန်စွမ်းတစ်ဦး ဧ၀ရက်တောင်တက်ကာ စာသင်ကျောင်းအတွက် ရန်ပုံငွေရှာမည်

    ပါလက်စတိုင်းမသန်စွမ်းတစ်ဦး ဧ၀ရက်တောင်တက်ကာ စာသင်ကျောင်းအတွက် ရန်ပုံငွေရှာမည်

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    – ဒုက္ခသည်တွေစာသင်နိုင်ဖို့ ဂျော်ဒန်မှာ ကုလက ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းအတွက် ရန်ပုံငွေရရှိရေး ရည်ရွယ်ပြီး ပါလက်စတိုင်း မသန်စွမ်းသူတစ်ယောက်ဟာ ဧ၀ရက်တောင်ကို တက်မယ်လို့ သိရပါတယ်။

    အသက် ၂၂ နှစ်အရွယ် ဂျာရာဟ် အလ်-ဟာဝမ်ဒါဆိုတဲ့ အမျိုးသားဖြစ်ပြီး သူဟာ အရိုးကင်ဆာကြောင့် ခြေထောက်တစ်ဖက် ဖြတ်ထားရသူ ဖြစ်ပါတယ်။

    အလ်-ဟာဝမ်ဒါဟာ ပါလက်စတိုင်းဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကုလရဲ့ UNRWA အဖွဲ့က ဂျော်ဒန်မှာ ဖွင့်လှစ်ထားတဲ့ အလ်-ဂျူဖီကျောင်းမှာ ပညာဆည်းပူးနေသူဖြစ်ပြီး အဲဒီကျောင်းဟာ လက်ရှိမှာ ငွေကြေးပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    သူက လက်ရှိ ပါလက်စတိုင်း ဒုက္ခသည် ၇၅၀ လောက်ကို ပညာသင်ပေးနေတဲ့ အလ်-ဂျူဖီကျောင်းအတွက် ရန်ပုံငွေရရှိရေး ရည်ရွယ်ကာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို တက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပါလက်စတိုင်းဒုက္ခသည်တွေဟာ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့် ရှိပါတယ်။ ခြေထောက်တစ်ချောင်းတည်းနဲ့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် သက်သေပြသွားမှာပါ။ ဒီလိုသတင်းစကားမျိုး ပေးတာအပြင် ကျွန်တော့်ကို ပညာသင်ပေးနေတဲ့ ကျောင်းအတွက် ကန်ဒေါ်လာ ၁ သန်းလောက် ရန်ပုံငွေရှာဖွေဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်”

    ချိုင်းထောက်တစ်ဖက် အားပြုရတဲ့ အလ်-ဟာဝမ်ဒါဟာ လက်ရှိမှာ နီပေါလ်-တရုတ် နယ်စပ်မှာရှိတဲ့ တောင်တွေကို တက်နေပြီး အမြင့် ၈၈၄၈ မီတာအထိ ရောက်ရှိခဲ့ပြီး ဖြစ်တယ်။

    ဧ၀ရတ်တောင်ကိုလည်း မီတာ ၅၁၀၀ အထိရောက်ရှိအောင် တက်ထားပြီး မကြာခင် အခြေစိုက်စခန်းကို ရောက်ဖို့ ရှိနေပါတယ်။

    ဂျော်ဒန်မြို့တော် အမ်နန်က ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာတဲ့ အလ်-ဟာဝမ်ဒါဟာ တောင်တက်လိုင်စင်ရထားတဲ့ ပထမဆုံး ပါလက်စတိုင်းလူမျိုး မသန်းစွမ်းသူတစ်ဦး ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်က သူဟာ အာဖရိက ကီလီမန်ဂျာရိုတောင်ကို တက်ခဲ့ပြီး ကင်ဆာဝေဒနာရှင်တွေအတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။

    Ref: Aljazeera

  • ဂျေရုစလင်တွင် ခရစ်ယာန်နှင့်အစ္စလာမ် ပပျောက်အောင် အစ္စရေးက ဆောင်ရွက်နေသည်ဟု ပါလက်စတိုင်း ဘာသာပေါင်းစုံအဖွဲ့သတိပေး

    ဂျေရုစလင်တွင် ခရစ်ယာန်နှင့်အစ္စလာမ် ပပျောက်အောင် အစ္စရေးက ဆောင်ရွက်နေသည်ဟု ပါလက်စတိုင်း ဘာသာပေါင်းစုံအဖွဲ့သတိပေး

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်ကို အစ္စရေးအစိုးရက ထင်တိုင်းကြဲနေမှုအတွက် ပါလက်စတိုင်း ဘာသာပေါင်းစုံအဖွဲ့က သတိပေးလိုက်ပြီး ခရစ်ယာန်နဲ့ အစ္စလာမ်သာသာတွေအပေါ် အကြီးအကျယ် ထိခိုက်လာလိမ့်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

    အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ရာမာလာမြို့မှာ မနေ့ကကျင်းပတဲ့ ဂျေရုစလင်ဆိုင်ရာ ၉ ကြိမ်မြောက် နိုင်ငံတကာညီလာခံမှာ ဒီလို သတိပေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ မွတ်စလင်-ခရစ်ယာန်ကော်မတီ အထွေထွေအတွင်းရေးမှူး ဟန်နာ အီဆာက အစ္စရေးဟာ ဂျေရုစလင်ရဲ့ ၉၅ ရာခိုင်နှုန်းကို ဂျူးဇာတ်သွင်းခဲ့ပြီး လက်ရှိ ဖန်တီးနေတဲ့ ‘ဂရိတ်တား ဂျေရုစလင်’ ဆိုတဲ့နေရာဟာ မြို့ရဲ့ အမှတ်သညာ၊ ခရစ်ယာန်နဲ့ မွတ်စလင်တို့ရဲ့ အရေးပါမှုတွေကို ပြောင်းလဲပစ်လိမ့်မယ်လို့ ဆိုပါတယ်။

    “အစ္စရေးဟာ စကွဲယားကီလိုမီတာ ၆၀၀ ကျယ်ဝန်းတဲ့နေရာမှာ ဂရိတ်တားဂျေရုစလင်ဆိုတဲ့ ဒေသတစ်ခုကို တည်ဆောက်ချင်နေတယ်။ ဒါဟာ မြို့တွင်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ရင်းဖြစ်ပါတယ်”

    ရာမာလာက နိုင်ငံတကာညီလာခံကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၊ အာရပ်နဲ့ မွတ်စလင်နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့ တော်တော်များများ တက်ရောက်ခဲ့ပါတယ်။

    ဂျေရုစလင်စောင့်ရှောက်မှုအဖွဲ့ရဲ့ ဥက္ကဌ မူနစ်ဘ် မက်စ်ရီက ဂျေရုစလင်ဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေအတွက် အရေးပါတဲ့မြို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဂျေရုစလင်ကိစ္စကို ကျေနပ်လောက်ဖွယ် မဖြေရှင်းနိုင်သ၍ ငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်ဘူးဆိုတာ ကမ္ဘာကြီးက သိထားရပါမယ်”

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ သာသနာရေးဆိုင်ရာ ၀န်ကြီး ယူဆက်ဖ် အက်ဒီက ဂျေရုစလင်ဟာ ဘာသာတရားတွေရဲ့ ဇာတိချက်ကြွေနေရာဖြစ်တယ်လို့ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    “မြင့်မြတ်ရာမြို့ကို အနောက်နိုင်ငံတွေရဲ့ အင်အားကောင်းကောင်းနဲ့ ဖျက်ဆီးနေမှုကို ဟန့်တားဖို့အတွက် အာရပ်တွေ၊ မွတ်စလင်တွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အာရုံစိုက်ကာ အားထုတ်ကြိုးပမ်း လုပ်ဆောင်ရပါတော့မယ်”

    ၁၉၆၇ ခုနှစ် စစ်ပွဲနောက်ပိုင်းမှာ အစ္စရေးဟာ အရှေ့ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဂျူးတွေနေထိုင်နိုင်တဲ့ တရားမ၀င်အိမ်ယာတွေကိုလည်း အများအပြား ဆောက်လုပ်ခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဒီလုပ်ရပ်နှစ်ခုစလုံးကို အသိအမှတ်မပြုပါဘူး။

    ဒါ့အပြင် ဂျေရုစလင်မှာ ခရစ်ယာန်နဲ့ အစ္စလာမ်သာသနာတွေ အားနည်းလာအောင် အစ္စရေးက စနစ်တကျ ဆောင်ရွက်နေပါတယ်။

    ဂျေရုစလင်က ခရစ်တော်မြှပ်နှံထားရာနေရာတစ်ဝိုက်မှာ ကျင်းပတဲ့ အီစတာပွဲတော်အကြို ‘မြင့်မြတ်သော မီးပုံပွဲ’ ကို သွားရောက်တဲ့ ကုလကိုယ်စားလှယ်အဖွဲ့နဲ့ အခြားသံတမန်တွေကို အစ္စရေးက ပိတ်ပင်ဖို့ ကြိုးစားခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းဆိုင်ရာ ကုလငြိမ်းချမ်းရေးသံတမန် ရောဘတ်ဆာရီက အစ္စရေးတပ်ဖွဲ့တွေဟာ Holy Sepulchre ဘုရားကျောင်းကို သွားရောက်တဲ့ သူနဲ့ အခြား ပါလက်စတိုင်း ခရစ်ယာန်တွေကို တားဆီးမှုတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့စနေနေ့မှာ ပြောကြားခဲ့ပြီး ဒီလုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။

    ပြီးခဲ့လမှာ ဂျေရုစလင်က ခရစ်ယာန်အသင်းတော်တစ်ခုဟာ ဂါဇာက ပါလက်စတိုင်း ခရစ်ယာန် ၆၀၀ ကို ဂျေရုစလင်မှာ အီစတာပွဲတော် လာရောက်ဆင်နွှဲနိုင်ရေး ခရီးသွားပါမစ် တင်ခဲ့ပေမယ့် အစ္စရေးက တစ်ယောက်မှ သွားခွင့်မပြုခဲ့ပါဘူး။

    အစ္စရေးက ဂျေရုစလင်မှာ ခရစ်ယာန်သာသနာအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံက အကြီးအကဲတွေဟာ အခုနှစ်အစောပိုင်းမှာ Holy Sepulchre ဘုရားကျောင်းကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • လက်နက်မဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးက တမင်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထပ်မံထွက်ပေါ်

    လက်နက်မဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးက တမင်သတ်ဖြတ်သည့် ဗီဒီယိုတစ်ခု ထပ်မံထွက်ပေါ်

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    ပစ်ခတ်သတ်ဖြတ်မှုကို ရိုက်ကူးထားမှု

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ရှိနေတဲ့ လက်နက်မဲ့ ပါလက်စတိုင်းတစ်ယောက်ကို အစ္စရေးစနိုက်ပါတွေက ပစ်သတ်အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုတစ်ခု ပေါက်ကြားလာပြီးတဲ့နောက် ပါလက်စတိုင်းတာဝန်ရှိသူတွေက အစ္စရေးရဲ့ ဒီ လူမဆန်မှုကို ရှုတ်ချခဲ့ကြပါတယ်။

    တနင်္လာနေ့က ထွက်လာတဲ့ ဒီဗီဒီယိုမှာ နယ်စပ်ခြံစည်းရိုးနား ရပ်နေတဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစနိုက်ပါက တမင်တကာ ပစ်ခတ်သတ်ဖြတ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

    ပစ်သတ်ခံရတဲ့ အဲဒီလူငယ်ဟာ စစ်သားတွေအပေါ် ခြိမ်းခြောက်တဲ့အနေအထားမျိုး မရှိသလို၊ နယ်စပ်ခြံစည်းရိုးနားမှာ ဖြစ်နေတဲ့ ပြဿနာတွေမှာလည်း ပါဝင်ပတ်သက်မှုမရှိပါဘူး။

    အစ္စရေးစစ်သားတွေက သူ့ကိုပစ်သတ်ဖို့ ပြောဆိုနေပုံ၊ ပစ်ခတ်ပြီးတဲ့နောက် ဆဲရေးတိုင်းထွာကာ အောင်ပွဲခံနေပုံတွေကိုလည်း ဗီဒီယိုမှာ တွေ့မြင်ရပါတယ်။

    အစ္စရေးစစ်တပ်က ဒီဗီဒီယိုဟာ မှန်ကန်ပြီး လတ်တလောဖြစ်နေတဲ့ ကိစ္စမဟုတ်ဘဲ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုအတွင်း ဖြစ်ပျက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    ပစ်ခတ်ခံရတဲ့ ပါလက်စတိုင်းလူငယ် သေဆုံးသွားသလားဆိုတာ သေသေချာချာ မသိရပါဘူး။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က ညှိနှိုင်းဆွေးနွေးရေးမှူး စအစ် အီရီကတ်က မနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းတွေအပေါ် မုန်းတီးမှု၊ ပါလက်စတိုင်းတွေရဲ့ အသက်ကို အလေးမထားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျူးကျော်သိမ်းပိုက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ ကောက်ကျစ်တဲ့ စိတ်ဓာတ်၊ ပါလက်စတိုင်းအရပ်သားတွေအပေါ် ပစ်ခတ်သတ်ဖြတ်တဲ့ ပေါ်လစီကို စနစ်တကျ ကျင့်သုံးနေမှု၊ ပါလက်စတိုင်းနယ်မြေတည်ရှိမှုကို လက်မခံမှု၊ နိုင်ငံ ဥပေဒတွေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ စံနှုန်းဥပဒေတွေကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်မှုတွေကို ထင်ဟပ်နေပါတယ်”

    အစ္စရေးလွှတ်တော်က အာရပ်အမတ် ဂျမာလ် ဇာဟာလ်ကာကလည်း ဒီဗီဒီယိုကို ရှုတ်ချခဲ့ပါတယ်။

    အစ္စရေးကာကွယ်ရေးဝန်ကြီး လီဘာမန်အပါအ၀င် ဂျူးလက်ယာစွန်းရောက်တွေကတော့ ဒီလုပ်ရပ်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ၁၉၄၈ ခုနှစ်မှာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်ရေး ဂါဇာပြည်သူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆန္ဒပြခဲ့ကြပြီး အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၃၁ ဦးသေဆုံးကာ ၁၄၀၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။

    Ref: Aljazeera