News @ M-Media

Tag: Palestine

  • အစ္စရေးရှိ အမေရိကန်သံရုံး မေလတွင် ဂျေရုစလင်သို့ ပြောင်းမည်

    အစ္စရေးရှိ အမေရိကန်သံရုံး မေလတွင် ဂျေရုစလင်သို့ ပြောင်းမည်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    – အစ္စရေးရှိ ၎င်းတို့၏သံရုံးကို ၂၀၁၈ ခုနှစ် မေလတွင် ဂျေရုစလင်သို့ ပြောင်းရွှေ့သွားမည်ဟု အမေရိကန်က ယမန်နေ့တွင် ကြေငြာလိုက်ပြီး သမိုင်းဝင်ခြေလှမ်းတစ်ခု ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    ဒုတိယသမ္မတ မိုက်ပန့်စ်က တလ်အဗီးရှိ ၎င်းတို့သံရုံးကို ၂၀၁၉ ခုနှစ်မှ ဂျေရုစလင်သို့ ပြောင်းရွှေ့မည်ဟု ဇန်န၀ါရီလက ပြောကြားခဲ့သော်လည်း ထိုထက်စော၍ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

    မေလမှာ အစ္စရေး၏ လွတ်လပ်ရေးကြေငြာမှု နှစ် ၇၀ တင်းတင်းပြည့်သည့် လလည်းဖြစ်သည်။

    ပါလက်စတိုင်းများက မေလ ၁၅ ရက်နေ့ကို ‘ဖြစ်ရပ်ဆိုးကြီး’ ဟု အဓိပ္ပါယ်ရသည့် အလ်-နက္ကဘာနေ့အဖြစ် သတ်မှတ်ထားပြီး ဂျူးလက်နက်ကိုင်တပ်ဖွဲ့များက ပါလက်စတိုင်းပြည်သူများအား သတ်ဖြတ်၍ နေရပ်မှ အဓမ္မနှင်ထုတ်မှုကို ရည်ရွယ်ခြင်းဖြစ်သည်။

    ၁၉၄၇ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း ပါလက်စတိုင်းပြည်သူ ၁.၉ သန်းမှ ၇ သိန်းခွဲကို ဂျူးလက်နက်ကိုင် အဖွဲ့များက နေရပ်မှ နှင်ထုတ်ခဲ့ကြသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် ကြေငြာခဲ့ပြီး နိုင်ငံတကာဥပဒေများ၊ ကုလ၏ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာ သဘောတူညီချက်များနှင့် ဆန့်ကျင်သော ထိုဆုံးဖြတ်ချက်ကို ကမ္ဘာတစ်ဝှမ်းက ရှုတ်ချခဲ့ကြသည်။

    ပါလက်စတိုင်းများက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ နိုင်ငံတည်ထောင်ရန် အလိုရှိနေခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများကလည်း ထိုသဘောထားကို ထောက်ခံထားသည်။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်သည့် အမေရိကန်၏သဘောထားကို ကန့်ကွက်သော ဆုံးဖြတ်ချက်တစ်ခုကို ကုလက အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းကိစ္စအတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံခေါ်ရန် သမ္မတအဘတ်စ် တိုက်တွန်း

    ပါလက်စတိုင်းကိစ္စအတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံခေါ်ရန် သမ္မတအဘတ်စ် တိုက်တွန်း

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၈
    M-Media

    – ရပ်တန့်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ ပြန်စရေးအတွက် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှာ နိုင်ငံတာ ငြိမ်းချမ်းရေးညီလာခံတစ်ခု ကျင်းပပေးဖို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က တောင်းဆိုလိုက်ပါတယ်။

    မနေ့က ကုလ လုံခြုံရေးကောင်စီမိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး တိုက်ခိုက်မှုတွေကို စွန့်လွှတ်ကာ အစ္စရေးနဲ့ ညှိနှိုင်းဆွေးနွေးမှုကသာလျှင် ရှေ့ဆက်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

    “ဆွေးနွေးညှိနှိုင်းမှုက ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဆွေးနွေးမှုတွေကို ဘယ်လို ပယ်လို့ရမှာလဲ”

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အမေရိကန်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ကြောင်း ကြေငြာခဲ့တာကြောင့် ပါလက်စတိုင်းကိစ္စ နိုင်ငံရေးတင်းမာမှုဟာ လက်ရှိမှာ အမြင့်ဆုံးကို ရောက်ရှိနေတာပါ။ ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကတော့ အမေရိကန်ဟာ အစ္စရေးနဲ့ ဆွေးနွေးမှုမှာ ယုံကြည်လို့ရတဲ့ စေ့စပ်ပေးသူ မဟုတ်တော့ဘူးလို့ ပြောကြားထားပါတယ်။

    အစ္စရေးရဲ့ နယ်မြေကျူးကျော်သိမ်းပိုက်မှု၊ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေကို ကူညီနေတဲ့ ကုလရဲ့ UNRWA အဖွဲ့အပေါ် ထောက်ပံ့ငွေ ပေးနေတာကိုလည်း အမရိကန်အစိုးရက လျှော့ချခဲ့ပါတယ်။

    သမ္မတအဘတ်စ်ကတော့ ညှိနှိုင်းမှုမှာ အားလုံးပါဝင်နိုင်မယ့် လမ်းစဉ်တစ်ခု ထွက်လာဖို့ တိုက်တွန်းခဲ့ပြီး ကုလရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေး မိမိတို့ ကြိုးပမ်းအားထုတ်သွားမယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လက်ရှိ ပါလက်စတိုင်းဟာ ကုလမှာ အမြဲတမ်းအဖွဲ့ဝင် မဟုတ်သေးပါဘူး။

    ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ၁၉၄၈ ခုနှစ်ကတည်းက ကုလ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်မူကြမ်း ၈၆ ခုကို အတည်ပြုထားပေမယ့် တစ်ခုမှ အကောင်အထည် မဖော်နိုင်သေးတာကိုလည်း အဘတ်စ်က ထောက်ပြပါတယ်။

    “အစ္စရေးဟာ ဥပဒေကို ဂရုမစိုက်တဲ့နိုင်ငံတစ်ခုလို ဖြစ်နေပါတယ်။ နိုင်ငံတကာ ဥပဒေကို အသုံးချပြီး တစ်ချို့အခြေအနေတွေမှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ နေရာတွေကို၊ အမြဲတမ်းအခြေချအိမ်ယာတွေ တည်ဆောက်ပြီး ကိုလိုနီပြုကာ၊ တစ်နိုင်ငံတည်းဖြစ်လာအောင် ပြောင်းလဲနေပါတယ်”

    ကုလဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီ ဒါနွန်က သမ္မတအဘတ်စ်ဟာ ပါလက်စတိုင်းလူ့အဖွဲ့အစည်းမှာ အမုန်းယဉ်ကျေးမှုကို လှုံ့ဆော်ပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    အမေရိကန်သံအမတ် နစ်ကီဟာလေးကလည်း အစ္စရေး-ပါလက်စတိုင်း ကိစ္စမှာ ကုလဟာ မလိုအပ်ဘဲ အချိန်ဆွဲနေတယ်လို့ ဆိုပြီး၊ ကုလဟာ အစ္စရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း ဘက်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို ပြောင်းလဲမှာမဟုတ်ဘဲ ဒီကိစ္စကို ဆန့်ကျင်မလား၊ ပါလက်စတိုင်းပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်လာစေမယ့် အလားလာရှိတဲ့ ဆွေးနွေးမှုကို ရွေးချယ်မလားလို့လည်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို နစ်ကီဟာလးက မေးခွန်းထုတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဂျေရုစလင်ကိစ္စ မပါတော့ဟု ထရမ့်ပြော

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဂျေရုစလင်ကိစ္စ မပါတော့ဟု ထရမ့်ပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ပေးခဲ့သောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထိုကိစ္စပါဝင်တော့မည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး အစ္စရေးရှိ ၎င်းတို့၏သံရုံးကို တလ်အဗီးမှ ဂျေရုစလင်သို့ ရွှေ့ပြောင်းမည်ဟုလည်း ထပ်မံ အတည်ပြုခဲ့သည်။

    ပြီးခဲ့သည့်လက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အစ္စရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ဖူးပြီး ယမန်နေ့က အစ္စရေးသတင်းစာ Israel Hayom သို့ ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

    ဂျေရုစလင်မှာ အစ္စရေးမြို့တော်ဖြစ်သည်ဟု ဒီဇင်ဘာ ၆ ရက်နေ့က ထရမ့်၏ ကြေငြာမှုကို ကမ္ဘာတစ်ဝှမ်းက ကန့်ကွက်ခဲ့ကြပြီး ကုလအထွေထွေညီလာခံကလည်း ထိုကြေငြာမှုကို လက်မခံကြောင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

    ပါလက်စတိုင်းမှာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်ရန် ဆန္ဒရှိနေသည်။ ထရမ့်၏ ထိုကြေငြာမှုမှာ နိုင်ငံတကာဥပဒေများ ကုလ၏ ယခင်ဆုံးဖြတ်ချက်များနှင့် ဆန့်ကျင်နေသည်။

    Israel Hayom နှင့် အင်တာဗျူးတွင် ထရမ့်က ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရေး အစ္စရေးနှင့် ပါလစတိုင်းတို့အနေဖြင့် ‘အားထုတ်ညှိနှိုင်းသွားကြရန်’ တိုက်တွန်းခဲ့ပြီး ပါလက်စတိုင်းပိုင်နက်များအတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများအတွက်လည်း သတိပေးခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းတိုင်းများနှင့် ငြိမ်းချမ်းရေး ရရှိရန် အစ္စရေး၏ သဘောထားကိုလည်း ထရမ့်က မေးခွန်းထုတ်ခဲ့သည်။

    အစ္စရေးဟာ ၁၉၆၇ ခုနှစ်တွင် ဂျေရုစလင်အား သိမ်းပိုက်ခဲ့ပြီး ထိုနောက်ပိုင်းတွင် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ပါလက်စတိုင်းပိုင်နက်များအား တစ်စတစ်စ ကျူးကျော် သိမ်းပိုက်လာခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းလွတ်မြောက်ရေး ထောက်ခံသည်ဟု အိန္ဒိယ၀န်ကြီးချုပ်ပြော

    ပါလက်စတိုင်းလွတ်မြောက်ရေး ထောက်ခံသည်ဟု အိန္ဒိယ၀န်ကြီးချုပ်ပြော

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်း ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသည့် မိုဒီ

    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီဟာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ရာမာလာမြို့ကို သမိုင်းဝင်ခရီးအဖြစ် မနေ့မှာ ရောက်ရှိခဲ့ပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေ့ဆုံပြီးတဲ့နောက် မိုဒီက အိန္ဒိယအနေနဲ့ ‘ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ရှိနေတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ်’ မြင်ရဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်တာပါ။

    မိုဒီဟာ ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒဲလာနဲ့ စောစောပိုင်းမှာ တွေ့ဆုံခဲ့ပြီး ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ရာဇာအာရာဖတ် ပြတိုက်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

    သောကြာနေ့က Twitter စာမျက်နှာမှာ မိုဒီက ‘ပါလက်စတိုင်းပြည်သူတွေနဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး ထောက်ခံကြောင်း ထပ်မံပြောကြားလိုပါတယ်’ လို့ ရေးသားခဲ့ပါတယ်။

    မိုဒီနဲ့ အဘတ်စ်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပြီး နားလည်မှုစာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို မလာရောက်ခင် မိုဒီဟာ ဂျော်ဒန်ဘုရင် အဘ်ဒူလာနဲ့ မြို့တော် အမ်နန်မှာ တွေ့ဆုံခဲ့ပြီး ဒီနေ့မှာတော့ ယူအေအီးကို ရောက်ရှိနေပါတယ်။

    မိုဒီရဲ့ ဒီလို လည်ပတ်မှုဟာ အရှေ့အလယ်ပိုင်းမှာ အိန္ဒိယက နိုင်ငံခြားရေးပေါ်လစီ မျှတအောင် ဆောင်ရွက်မှု အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

    ဒီဇင်ဘာလအစောပိုင်းက ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ရဲ့ ကြေငြာမှုကို ဆန့်ကျင်တဲ့ ကုလရဲ့ဆုံးဖြတ်ချက်မှာ အိန္ဒိယဟာ ဆန့်ကျင်တဲ့ဘက်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၂) (မြန်မာစာတမ်းထိုး)

    အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၂) (မြန်မာစာတမ်းထိုး)

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media
     

    ဒီ မှတ်တမ်းရုပ်ရှင် အပိုင်း ၂ မှာ ….
     
    – ပါလက်စတိုင်းတို့၏ ဗြိတိသျှတော်လှန်ရေး
    – တော်လှန်ရေးခါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး ဂရီဂိုရီဟဂျာ အကြောင်း
    – ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကို နိုင်ငံခြားရောက်သွားအောင် ဗြိတိသျှရဲ့ စီမံမှု
    – တော်လှန်ရေးကို ဗြိတိသျှက ပြင်းပြင်းထန်ထန်ဖြိုခွဲမှု
    – ပါလက်စတိုင်း တော်လှန်ရေးမျိုးဆက်ကို ဗြိတိသျှက ဖြတ်ပစ်ခြင်း
    – အကြမ်းဖက်ဝါဒ၏ ခေါင်းကိုင်ဖခင် ဇိုင်ယွန်ဝါဒအကြောင်း
    – ဂျူးအကြမ်းဖက်များ၏ တိုက်ခိုက်မှုများ
    – ဂျူးများက အစ္စလာမ့်မစ်အဖွဲ့ ဖွဲ့ပေးကာ ပါလက်စတိုင်းအများအကြား သပ်လျှိုမှု
    – အာရပ်များ၏ ဖော်ရွေမှုကို ဂျူးများ အမြတ်ထုတ်ခြင်း
    – အမေရိကန်နဲ့ပေါင်းပြီး ဗြိတိသျှကို ဂျူးများ ကျေးစွပ်မှု
    – ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂျူးအကြမ်းဖက်ခေါင်းဆောင်
    – ဗြိတိသျှ၏ မျက်နှာလွှဲခဲပစ်လုပ်မှု
     
    … စတာတွေကို ရှုစားရမှာ ဖြစ်ပါတယ်။
     
    Source – Aljazeera