News @ M-Media

Tag: Philippines

  • အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – နိုဘယ်ဆုရ စာရေးဆရာမ ဟန်ကန်)

    iPhone 16 ရောင်းချမှုကို အင်ဒိုပိတ်မည်
    —————
    မိခင်ကုမ္ပဏီ Apple က ရင်းနှီးမြှုပ်နှံမှုနဲ့ တင်သွင်းရောင်းချမှု စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် iPhone 16 ရောင်းချခွင့်ကို ပိတ်ပင်မယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။ Apple ရဲ့ တင်သွင်းရောင်းချခွင့် လိုင်စင်ဟာ သက်တမ်းကုန်နေသလို၊ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားရာမှာလည်း ၉၄ သန်းကျော်သာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    တောင်တရုတ်ပင်လယ်အရေးအတွက် အာဆီယံကို ဖိလစ်ပိုင် ဖိအားပေး
    ————
    တောင်တရုတ်ပင်လယ်မှာ လိုက်နာရမယ့် ကျင့်၀တ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေနဲ့ တရုတ်၀န်ကြီးချုပ်ကို အာဆီယံအစည်းအ၀ေးမှာ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဖိအားပေးခဲ့ပါတယ်။ တရုတ်ဟာ ဖိလစ်ပိုင်ကို ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

    ကိုရီးယားစာရေးဆရာမ နိုဘယ်ဆုရရှိ
    ————-
    ၂၀၂၄ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်က ရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကဗျာနဲ့ စာပေလောကထဲ ၀င်ရောက်လာပြီးနောက် The Vegetarian၊ Your Cold Hands၊ Scars စတဲ့ ၀တ္ထုတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ The Vegetarian ဟာ အင်္ဂလိပ်စာပေကို ပထမဆုံး ပြန်ဆိုရတဲ့ ကိုရီးယား၀တ္ထုဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ နိုဘယ်ဆုရ ပထမဆုံး စာရေးဆရာမအဖြစ် မှတ်တမ်း၀င်တဲ့ ဟန်ကန်ဟာ ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်း ရရှိမှာ ဖြစ်ပါတယ်။

    Ref: CNA


  • အောက်တိုဘာ ၄ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၄ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    အွန်လိုင်းလူလိမ်ဂိုဏ်းကို ဖိလစ်ပိုင် ဖမ်းဆီး
    ——
    မြို့တော် မနီလာမှာ အွန်လိုင်းလိမ်လည်မှုလုပ်နေတဲ့ လူ ၂၅၀ ပါ ဂိုဏ်းတစ်ခုကို ဖိလစ်ပိုင်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်း ငွေကြေး လိမ်လည်မှုပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံခြား ဂိမ်းလုပ်ငန်းတွေကို ပိတ်ပင်ကြောင်း ဖိလစ်ပိုင် သမ္မတ မားကို့စ်က ဇူလိုင်လမှာ ကြေငြာခဲ့ပါတယ်။

    တိုက်ခိုက်ခံရပါက နျူသုံးမည်ဟု ကင်ဂျုံအွန် ခြိမ်းခြောက်
    ————-
    တောင်ကိုရီးယားနဲ့ အမေရိကန်တို့က တိုက်ခိုက်မှုတွေလုပ်လာရင် နျူလက်နက်အသုံးပြုသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က ခြိမ်းခြောက်လိုက်ပါတယ်။ ဒီနှစ်နိုင်ငံဟာ အာရှဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေပြီး တောင်ကိုရီးယားခေါင်းဆောင်တွေဟာ ပုံမှန်မဟုတ်တဲ့သူတွေ လို့လည်း ကင်ဂျုံအွန်က ၀ေဖန်ခဲ့ပါတယ်။

    အရှေ့အာရှ စစ်ဖက်မဟာမိတ်ဖွဲ့ရန် ဂျပန်၀န်ကြီးချုပ် အဆိုပြု
    ——————-
    အရှေ့အာရှနိုင်ငံတွေဟာ ယူကရိန်းလို ကျူးကျော်တိုက်ခိုက်မှု ခံရနိုင်တဲ့အတွက် ဒေသတွင်း စစ်ဖက် မဟာမိတ်တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းဖို့ ဂျပန်၀န်ကြီးချုပ် ရှီဂဲရု အီချီဒါက တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူ မြင့်တက်လာတာနဲ့ မွေးဖွားနှုန်း ကျဆင်းလာတာတွေဟာ အရေးပေါ်အခြေအနေအထိ ရောက်နေပြီလို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရုတ်နဲ့လည်း တင်းမာမှု မြင့်တက်လာပါတယ်။

    Ref: CNA

  • စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂၊ ၂၀၂၄
    M-Media

    ထွက်ပြေး၀န်ကြီးချုပ် လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

    သြဂုတ်လ ၅ ရက်နေ့က နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာကို ပြန်လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုမှုတွေ ရှိလာပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး အခုလိုတောင်းဆိုမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ထိုင်းအစိုးရသစ် ယခုတစ်ပတ်အတွင်း ပေါ်လာမည်

    အစိုးရဖွဲ့ဖို့ လူရွေးထားပြီး အခုတစ်ပတ်အတွင်း ဘုရင်ရဲ့ သဘောတူညီချက် ရယူသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပေထုံတန် ရှင်နာ၀ပ်ထရာက ပြောပါတယ်။ လက်ရှိအိမ်စောင့်အစိုးရက နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး၀န်ကြီးတွေ ပြန်ပါလာဖို့ ရှိပေမယ့် မျက်နှာသစ် ၀န်ကြီးနဲ့ ဒု၀န်ကြီး အနည်းဆုံး ၁၁ ဦး ပါလာမယ်လို့ ထိုင်းပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ပေထုံတန်ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့ ဒုတိယမြောက် အမျိုးသမီး၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။

    ဖိလစ်ပိုင်မုန်တိုင်း ၁၀ ဦးကျော်သေဆုံး

    ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်တာ ကြာမြင့်နေပြီဖြစ်တဲ့ မုန်တိုင်းရဲ့ နောက်ဆက်တွဲ မိုးကြီးပြီး၊ ရေလျှံမှုကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါတယ်။

    ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဥ် စတင်

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အာရှဒေသ ၁၂ ရက်တာ ခရီးစဥ်ဟာ စက်တင်ဘာ ၂ ရက်နေ့မှာ စတင်ပါတယ်။ အင်ဒိုနီးရှား၊ ပါပူအာနယူးဂီနီ၊ တီမောလက်စ်တေနဲ့ စင်ကာပူတို့ကို လာရောက်မှာပါ။ ရဟန်းမင်းဖြစ်ပြီးနောက် အကြာဆုံး ပြည်ပခရီးစဥ် ဖြစ်လာမှာဖြစ်ပြီး မတူညီတဲ့ ဘာသာရေး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref: CNA

  • နိုင်ငံတကာ မွတ်စလင်ခရီးသွားလုပ်ငန်းမှာ အသိအမှတ်ပြု ခံလာရတဲ့ ဖိလစ်ပိုင်

    နိုင်ငံတကာ မွတ်စလင်ခရီးသွားလုပ်ငန်းမှာ အသိအမှတ်ပြု ခံလာရတဲ့ ဖိလစ်ပိုင်

    ဇွန် ၆၊ ၂၀၂၃

    M-Media


    -ပြီးခဲ့တဲ့တစ်ပတ် စင်ကာပူနိုင်ငံမှာ ကျင်းပြုလုပ်ခဲ့တဲ့ ‘ဟာလာလ် ခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ’ မှာ ‘မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံး နိုင်ငံ’ ဆုကို ဖိလစ်ပိုင်က ရရှိသွားပါတယ်။

    မွတ်စလင်ခရီးသွားလုပ်ငန်းဟာ ကမ္ဘာတစ်၀ှမ်း အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၈ ခုနှစ်ရောက်ရင် ကန်ဒေါ်လာ ၂၂၅ ဘီလီယံအထိ တန်ဖိုးရှိလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ 

    ဒီလုပ်ငန်းမှာ ၀င်ဆံ့နိုင်အောင် ကြိုးစားသွားမယ်လို့ ဖိလစ်ပိုင်အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ မွတ်စလင်အများစုရှိရာ နိုင်ငံတွေက ခရီးသွားတွေကို ပိုမို လက်ခံနိုင်စေဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

    ဒီကြိုးပမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် မေလ ၃၀ ရက်နေ့က ဇွန် ၁ ရက်နေ့အထိ ကျင်းပတဲ့ ဟာလာခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံမှာ အသိအမှတ်ပြု ခံခဲ့ရတာပါ။ 

    “ဖိလစ်ပိုင်ကို မွတ်စလင်ခရီးသွားတွေ နှစ်သက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာရေး ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီဆုက အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်း ဟာလာလ်ခရီးသွားကဏ္ဍမှာ ကျွန်တော်တို့ရဲ့ ပုံရိပ်ကို ဒီဆုက မြှင့်တင်ပေးလိုက်တာလည်း ဖြစ်ပါတယ်” လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီး ခရစ္စတီးနား ဖရက်စကိုက ပြောကြားခဲ့ပါတယ်။ 

    ဒီလိုအသိအမှတ်ပြုခံရတာကြောင့် ဖိလစ်ပိုင်ဟာ စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ပြီး၊ နိုင်ငံရဲ့ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်ရှင်သန်မှု ဓလေ့ကို ချပြနိုင်မှာဖြစ်တယ်လို့လည်း ဖရက်စကိုက ပြောပါတယ်။ 

    လူဦးရေ သန်း ၁၁၀ ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လူများစုက ခရစ်ယာကန်ကက်သလစ် ဘာသာ၀င်တွေ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ၀င်က ၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံရဲ့ တောင်ပိုင်းဒေသမှာ အဓိက နေထိုင်ကြပါတယ်။ 

    Ref: Arab News 

  • ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း၏သား အနိုင်ရ

    ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း၏သား အနိုင်ရ

    မေ ၁၁၊ ၂၀၂၂

    M-Media 


    -ဖိလစ်ပိုင်မှာ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့သားဖြစ်သူ ဂျူနီယာ မားကို့စ်ဟာ ပြီးခဲ့တဲ့တစ်ပတ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။ 

    ဂျူနီယာ မားကို့စ်ဟာ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ အာဏာရှင် ဖာဒီနန် မားကို့စ်ရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ 

    နိုင်ငံရေးသမား သမိုင်းတစ်လျှောက် ဖခင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ၀န်မခံဘဲ မသိမသာ ဖာထေးခဲ့တဲ့ ဂျူနီယာမားကို့စ် သမ္မတ ဖြစ်လာတာဟာ ဖိလစ်ပိုင်မှာ နောက်ထပ် အာဏာရှင််မျိုးဆက်တစ်ခု ပေါ်ထွန်းလာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။ 

    ဖိလစ်ပိုင် အာဏာရှင်နဲ့ သူ့ရဲ့မိသားစုအကြောင်းကို တစ်ပုံချင်းဆီမှာ ဖတ်ရှုနိုင်ပါတယ်။ 

    Ref: BBC, Reuters 

    အာဏာရှင် ဖာဒီနန် မားကို့စ်


    ၁၉၆၅ ခုနှစ်မှာ ရွေးကောက်ပွဲကနေတစ်ဆင့် သမ္မတဖြစ်လာတဲ့ ဖာဒီနန်ဟာ သမ္မတသက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ ရာထူးက ဆင်းပေးရမှာပါ။ ဒါပေမယ့် ရာထူးကမဆင်းက ၁ နှစ်အလို ၁၉၇၂ ခုနှစ်မှာ နိုင်ငံတစ်၀ှမ်း မာရှယ်လောထုတ်ပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားခဲ့ပါတယ်။ 

    အာဏာရှင် ဖာဒီနန် မားကို့စ်ရဲ့ လက်ထက်မှာ သူ့ရဲ့ လက်ကိုင်တုတ် စစ်တပ်နဲ့ရဲတို့ဟာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ညှင်းပမ်းခဲ့ပါတယ်။ 

    သူ့ရဲ့ အုပ်စိုးမှုဟာ ဖိလစ်ပိုင်းသမိုင်းတစ်လျှောက် အမှောင်မိုက်ဆုံးကာလ ဖြစ်ခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ဖြစ်ခဲ့သလို၊ အုပ်ချုပ်ရေး ယန္တရားမှာလည်း ခြစားမှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ 

    အာဏာရှင်အသိုင်းအ၀ိုင်းကလူတွေ၊ ခရိုနီတွေက ကျိကျိတက် ချမ်းသာခဲ့ပေမယ့် သန်းပေါင်းများစွာသော ပြည်သူလူထုက ဆင်းရဲတွင်းထဲမှာ ငတ်မွတ်ခေါင်းပါးစွာ နေထိုင်ခဲ့ရပါတယ်။ 

    အလှည့်အပြောင်း 


    ဖာဒီနန်မားကို့စ် ရာထူးကဆင်းပေးရမယ့် အလှည့်အပြောင်းတစ်ခုက ၁၉၈၃ ခုနှစ်မှာ ပေါ်လာပါတယ်။ 

    အတိုက်အခံခေါင်းဆောင် ဘန်အစ်နို အကွီနိုဟာ အမေရိကန်ကနေ ဖိလစ်ပိုင်ကို နိုင်ငံရေးလုပ်ဖို့အတွက် ပြန်လာတဲ့အချိန် မနီလာလေဆိပ်မှာ လေယာဥ်ပေါ်က ဆင်းဆင်းချင်းပဲ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံလိုက်ရပါတယ်။ 

    နောက်ဆက်တွဲ လူထုအုံကြွမှုနဲ့ ဒီမိုကရေစီတောင်းဆိုမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ဖာဒီနန်ကလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။ 

    လူထုကျေနပ်အောင် ၁၉၈၆ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့ပေမယ့် မဲမသာမှုတွေနဲ့အတူ ဖာဒီနန် မားကို့စ်သာ အနိုင်ရခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း မကျေနပ်တဲ့ လူထုဟာ လမ်းပေါ်  ထွက်လာပါတယ်။ 

    ပြည်သူ့ပါ၀ါ တော်လှန်ရေး (People’s Power Revolution) 


    ဒီတစ်ကြိမ် ဖိလစ်ပိုင်ပြည်သူတွေရဲ့ တော်လှန်ရေးကို ကမ္ဘာတစ်၀ှမ်းက ထောက်ခံအားပေးခဲ့ကြပါတယ်။ 

    နိုင်ငံရဲ့ အကြီးဆုံး ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော်က ပြည်သူတွေဖက်က ရပ်တည်ခဲ့သလို ဖာဒီနန်ရဲ့ လက်ကိုင်တုတ် စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့လည်း ပြည်သူနဲ့ ပူးပေါင်းလာပါတယ်။ 

    ဆန္ဒပြသူတွေကို ပစ်ဖို့ ဖာဒီနန်ရဲ့အမိန့်ကို စစ်သားတွေက မနာခံတော့ပါဘူး။ 

    ၄ ရက်ကြာ အကြီးအကျယ် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ဖာဒီနန်မားကို့စ်တို့ မိသားစု ဖိလစ်ပိုင်ကနေ အမေရိကန်ပြည်ထောင်စု ဟာ၀ိုင်ယီကျွန်းကို ထွက်ပြေးသွားခဲ့ပါတယ်။ 

    ပြည်သူ့ဘဏ္ဏာများ ယူဆောင်သွား 


    ဖာဒီနန်မားကို့စ်တို့ ထွက်ပြေးတဲ့အချိန် လက်၀တ်ရတနာတွေ၊ တန်ဖိုးကြီးအ၀တ်အစားတွေနဲ့ ငွေသား ဒေါ်လာသန်းချီ ယူဆောင်သွားခဲ့ပါတယ်။ 

    ဖာဒီနန်ရဲ့ အုပ်စိုးမှုကာလအတွင်း သူ့မိသားစုနဲ့ ခရိုနီတွေဟာ နိုင်ငံ့ဘဏ္ဏာ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံဖိုးလောက် မတရား သုံးစွဲယူငင်သွားခဲ့ပြီး ၄ ဘီလီယံဖိုးသာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ 

    ဖာဒီနန်မားကို့်စ်ဟာ ၁၉၈၉ ခုနှစ် ဟာ၀ိုင်ယီမှာပဲ သေဆုံးသွားခဲ့ပါတယ်။ 

    အီမဲလ်ဒါ မားကို့စ်


    ဖာဒီနန်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ ဇနီးဖြစ်သူ အီမဲလ်ဒါ မားကို့်စ်ရဲ့ ဇိမ်ခံဖြုန်းတီးမှုကလည်း ကျော်ကြားပါတယ်။ 

    အလှမယ်ဟောင်းဖြစ်တဲ့ အီမဲလ်ဒါဟာ တန်ဖိုးကြီး အ၀တ်အစား အသုံးအဆောင်တွေကို အငမ်းမရ ၀ယ်ယူသုံးစွဲသူဖြစ်ပြီး သူတို့ထွက်ပြေးချိန် သမ္မတနန်းတော်ထဲမှာ တန်ဖိုးကြီး ဖိနပ်ပေါင်း အရံ ၃ ထောင်ကျော်လောက် သိမ်းဆည်းရရှိခဲ့ပါတယ်။ 

    အီမဲလ်ဒါဟာ အသက် ၉၂ နှစ်ရှိပြီဖြစ်ပြီး အခုအချိန်အထိ မြို့တော်မနီလာမှာ သက်ရှိထင်ရှား ရှိနေပါသေးတယ်။ ဖာဒီနန်သေဆုံးပြီး နိုင်ငံရေးလောကထဲ၀င်ရောက်လာတဲ့ အီမဲလ်ဒါဟာ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ 

    ဖအေတူသားလား 


    ပြီးခဲ့တဲ့တစ်ပတ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂျူနီယာမားကို့စ်ဟာ ၁၉၉၀ ပြည့်နှစ်တွေရောက်မှ ဖိလစ်ပိုင်ကို ပြန်လာပြီး နိုင်ငံရေးလောကထဲ ၀င်ရောက်လာခဲ့တာပါ။ 

    ပြည်နယ်အုပ်ချုပ်ရေးမှုူး၊ အောက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်အမတ် စသဖြင့် နေရာရခဲ့ပါတယ်။ 

    အသက် ၆၄ နှစ်အရွယ် ဂျူနီယာမားကို့စ်ကို ဖိလစ်ပိုင်လူငယ်တွေက တော်တော်လေး ထောက်ခံအားပေးကြပါတယ်။ ဒါပေမယ့် သူ့အဖေရဲ့ လုပ်ရပ်တွေ မှားခဲ့တယ်လို့ ဘယ်တုန်းကမှ ၀န်မခံပါဘူး။ 

    သူ့အဖေလက်ထက်မှာ စီးပွားရေးတိုးတက်မှုတွေရှိခဲ့တယ်လို့ မကြာမကြာပြောပြီး လူ့အခွင့်အရေးချိုးဖောက်မှု အကြောင်းကိုတော့ သိပ်မဟပါဘူး။ 

    အဲဒီအချိန်က သူ့အသက်ငယ်သေးတာကြောင့် ဖခင်ရဲ့ လုပ်ဆောင်မှုတွေအတွက် သူ့မှာ တာ၀န်မရှိဘူးလို့လည်း ဂျူနီယာမားကို့စ်က ပြောပါတယ်။ 

    ဖိလစ်ပိုင်မှာ သူ့ကို့ ‘ဘွန်ဘွန်’ လို့လည်း ခေါ်ကြပါတယ်။