News @ M-Media

Tag: Philippines

  • မိဘများ၏ စိုးရိမ်မှုကြောင့် ဖိလစ်ပိုင်တွင် ကလေးများ ကာကွယ်ဆေးထိုးမှု သိသိသာသာ လျော့ကျ

    မိဘများ၏ စိုးရိမ်မှုကြောင့် ဖိလစ်ပိုင်တွင် ကလေးများ ကာကွယ်ဆေးထိုးမှု သိသိသာသာ လျော့ကျ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈

    M-Media

    – ဖိလစ်ပိုင်နိုင်ငံမှာ မိဘတွေရဲ့ အစိုးရိမ်လွန်မှုကြောင့် ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံမှုဟာ သိသိသာသာလျော့ကျသွားတယ်လို့ ကျန်းမာရးအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

    ပြင်သစ် ဆေးကုမ္ပဏီ Sanofi က ထုတ်လုပ်တဲ့ ငှက်ဖျားကာကွယ်ဆေး Dengvaxia ကို ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ထိုးနှံခဲ့တဲ့ ကလေးငယ် ၈ သိန်းကျော်မှာ ၁၄ ဦး သေဆုံးခဲ့ပြီးတဲ့နောက် မိဘတွေဟာ ပိုလီယိုနဲ့ ကျောက်ရောဂါတွေလို ကာကွယ်ဆေးတွေကိုထိုးနှံဖို့ ငြင်းဆန်လာတာဖြစ်တယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးဌာန တာဝန်ရှိသူ အန်းရစ် ဒိုမင်ဂိုက ပြောကြားခဲ့ပါတယ်။

    Sanofi နဲ့ ဒေသတွင်း တာဝန်ရှိသူတွေက အဲဒီ ကလေးငယ် ၁၄ ဦး သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောထားပါတယ်။

    ဒါပေမယ့် အရင်က ငှက်ဖျားရောဂါမရှိတဲ့သူတွေဟာ ဆေးထိုးအပြီးမှာ အခြေအနေ ပိုဆိုးသွားတယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကုမ္ပဏီက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ လူ သန်း ၄၀၀ လောက်ဟာ နှစ်စဉ် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားပြီး Dengvaxia က ကမ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးဖြစ်ပါတယ်။ မစ္စတာဒိုမင်ဂိုက ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ကာကွယ်ဆေးထိုးနှံမှုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ၆၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျခဲ့တယ်လို့ ဆိုပြီး နိုင်ငံတစ်ဝှမ်းပစ်မှတ် ၈၅ ရာခိုင်နှုန်းအောက် သိသိသာသာကျဆင်းသွားတာဖြစ်ပါတယ်။

    အခုလို မိဘတွေရဲ့ စိုးရိမ်မှုကြောင့် သန်း ၁၀၀ လောက်ရှိတဲ့ ဖိလစ်ပိုင်မှာ ငှက်ဖျားရောဂါကူးစက်မှု မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : BBC

  • ဖိလစ်ပိုင်လာသည့် ရင်းနှီးမြှုပ်နှံသူများကို အပျိုစင် ၄၂ ယောက်ပေးမည်ဟု ဒူတာတေးကမ်းလှမ်း

    ဖိလစ်ပိုင်လာသည့် ရင်းနှီးမြှုပ်နှံသူများကို အပျိုစင် ၄၂ ယောက်ပေးမည်ဟု ဒူတာတေးကမ်းလှမ်း

    ဇန်န၀ါရီ ၂၈၊ ၂၀၁၈
    M-Media

    – တိုင်းပြည်ကို ရောက်ရှိလာတဲ့ ရင်းနှီးမြှပ်နှံသူတွကို အပျိုစင် ၄၂ ယောက် ပေးသွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပြီး ပြည်တွင်း၊ ပြည်ပက တက်ကြွလှုပ်ရှားသူတွေကတော့ သူ့ရဲ့ဒီမှတ်ချက်ကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။

    အိန္ဒိယအမျိုးသားနေ့အခမ်းအနား တက်ရောက်ဖို့ ဒေလီကိုရောက်ရှိနေတဲ့ ဒူတာတေးဟာ သောကြာနေ့က အိန္ဒိယ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာ ဒီလိုပြောကြားလိုက်တာပါ။

    မွတ်စလင်အစွန်းရောက်တွေရဲ့ အယူအဆတစ်ခုဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးရင် နတ်ပြည်မှာ နတ်သမီး ၄၂ ယောက်ရမယ်ဆိုတဲ့ ၀ါဒဖြန့်မှုကို လှောင်ပြောင်တဲ့အနေနဲ့ ဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒူတာတေးက နိုင်ငံတောင်ပိုင်းမှာ မာရှယ်လောရှိနေတဲ့အတွက် အဲဒီနေရာကို ရှောင်ရှားဖို့ သတိပေးခဲ့ပြီး သူ့အနေနဲ့ ခြစားမှု၊ မူးယစ်ကိစ္စတွေကို တိုက်ဖျက်နေတယ်လို့လည်း ရင်းနှီးမြှုပ်နှံသူတွေကို ပြောကြားခဲ့ပါတယ်။

    အမျိုးသမီး အခွင့်အရေးအဖွဲ့ Akbayan က ဒူတာတေးရဲ့ ဒီမှတ်ချက်ဟာ ‘နိုင်ငံတကာနဲ့ချီတဲ့ အရှက်ရမှု’ ဖြစ်တယ်လို့ မနေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    “ကျွန်မတို့ထိုက်တန်တဲ့ သမ္မတမျိုးဟာ အခြားနိုင်ငံတွေလို အမျိုးသား၊ အမျိုးသမီး၊ လိင်တူချစ်သူ ဖိလစ်ပိုင်ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ သမ္မတမျိုးပါ။ ကျွန်မတို့ထိုက်တန်တာဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ သမ္မတမျိုးပါ။ သူဟာ ဖိလစ်ပိုင်အမျိုးသမီးတွေအပေါ်မှာ လေးစားမှု မရှိပါဘူး” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒူတာတေးဟာ အမျိုးသမီးတွေကို အရင်လည်း စော်ကားပြောဆိုခဲ့ဖူးပါတယ်။

    နိုင်ငံတကာမယ်ပြိုင်ပွဲမှာ အနိုင်ရသူကို အဓမ္မကျင့်နိုင်ရင် ဂုဏ်ပြုမယ်လို့ ၂၀၁၇ ခုနှစ် ဇူလိုင်လက ပြောကြားခဲ့ဖူးပြီး မေလတုန်းကလည်း မင်ဒါနာအိုမှာ စစ်ဆင်ရေးလုပ်နေတဲ့ စစ်သားတွေအနေနဲ့ အမျိုးသမီး ၃ ဦးအထိ အဓမ္မကျင့်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သမ္မတရွေးကောက်ပွဲ ၀င်စဉ်အချိန်က ဒူတာတေးဟာ ၁၉၈၉ ခုနှစ် ဒါဗာအိုမြို့ ထောင်ဆူမှုအတွင်း သြစတေးလျ ခရစ်ယာန် သာသနာပြုအမျိုးသမီးတစ်ဦးကို အကျဉ်းသားတွေက တစ်ယောက်ချင်းစီ တန်းစီ အဓမ္မကျင့်သတ်ဖြတ်မှုကို ပြန်ပြောင်းပြောတဲ့အတွက် တော်တော်လေး ဝေဖန်မှုကို ခံခဲ့ရပါတယ်။

    အဲဒီအမျိုးသမီးဟာ အရမ်းလှတဲ့အတွက် အဲဒီအချိန်က ဒါဗာအိုမြို့တော်ဝန်ဖြစ်ခဲ့ သူတောင် လိုင်းရဲ့ ရှေ့ဆုံးမှာ ပါဝင်ချင်တယ်လို့ ပြောခဲ့တာပါ။ နောက်ပိုင်းမှာ ဒူတာတေးက ဒီမှတ်ချက်အတွက် ပြန်လည်တောင်းပန်ခဲ့ပြီး သေဆုံးသူအမျိုးသမီးကို စော်ကားလိုတဲ့ဆန္ဒမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သမ္မတဒူတာတေးအား ဝေဖန်သည့် သတင်းဌာနကို ဖိလစ်ပိုင်က အကြောင်းရှာ ပိတ်ပစ်

    သမ္မတဒူတာတေးအား ဝေဖန်သည့် သတင်းဌာနကို ဖိလစ်ပိုင်က အကြောင်းရှာ ပိတ်ပစ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၈
    M-Media

    မနီလာရှိ Rappler သတင်းဌာန ရုံးခန်း

    – သမ္မတ ရော်ဒရီဂို ဒူတာတေးအား ဝေဖန်ပြောဆိုသည့် လွတ်လပ်သော သတင်းဝဘ်ဆိုက်တစ်ခုကို ဖိလစ်ပိုင်အစိုးရက ပိတ်ပစ်လိုက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို တိုက်ခိုက်မှုဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

    ဖိလစ်ပိုင် ငွေချေး သက်သေခံလက်မှတ်လဲလှယ်ရေနှင့် အိတ်ချိန်းကော်မရှင် SEC က ၎င်းတို့အနေဖြင့် Rappler သတင်းဌာန မှတ်ပုံတင်ထားမှုကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံခြားသား ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    SEC မှာ နိုင်ငံတွင်း ငွေချေးသက်သေခံလက်မှတ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ ကုမ္ပဏီ မှတ်ပုံတင်မှုဆိုင်ရာများကို ကိုင်တွယ်ရသည့် အဖွဲ့ဖြစ်သည်။ ယခုလုပ်ရပ်မှာ SEC အနေဖြင့် မီဒီယာကုမ္ပဏီတစ်ခုကို ပထမဆုံးအကြိမ် ပိတ်ပစ်ခြင်းလည်းဖြစ်သည်။

    အွန်လိုင်းမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Rappler ၏ စီအီးကို မာရီယာ ရက်ဆာက ထိုဆုံးဖြတ်ချက်မှာ အလွန်အမင်း နိုင်ငံရေးသဘော ဆောင်နေကြောင်း၊ မှန်ကန်သည့် ဆောင်ရွက်မှုများ မလုပ်ဘဲ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ မိမိတို့ကို ဖြေရှင်းခွင့်မပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

    Rappler မှာ ဒူတာတေး၏ မူးယစ်နှိမ်နှင်းမှု လုပ်ငန်းအတွက် ဝေဖန်မှုများကို တောက်လျှောက်ပြုလုပ်ခဲ့ပြီး၊ ဒူတာတေးက ပထမဆုံး ခန့်အပ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး၏ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ ဝေဖန်ရေးသားခဲ့သည်။ ထို့ကြောင့် အဆိုပါ နိုင်ငံခြားရေးဝန်ကြီးမှာ ရာထူးမှတ် နှုတ်ထွက်သွားခဲ့ရသည်။

    Ref: Aljazeera

  • ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် တမ်ဘင်အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူမှာ ၁၀၀ ကျော် ရှိလာပြီး ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။

    အဆိုပါမုန်တိုင်းမှာ သောကြာနေ့က မင်ဒါနာအို ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ဘူဘော့ဒ်နှင့် ပီယာဂါပိုမြို့တို့မှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရကာ နေအိမ်အများစုမှာ ရွှံညွန်များအောက်တွင် နစ်မြုပ်ခဲ့သည်။

    ဖိလစ်ပိုင်တွင် နှစ်စဉ် အပူပိုင်းမုန်တိုင်းများ ၀င်ရောက်လေ့ရှိသော်လည်း မင်ဒါနာအိုကျွန်းမှာ မုန်တိုင်းဒဏ်ကို တစ်ခါတစ်ရံမှသာ ခံစားရလေ့ရှိသည်။

    လက်ရှိတွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့များမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ဒေသအချို့တွင်ရေကြီးရေလျှံမှုများ ဖြစ်ပွားနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများ ရှိသောကြောင့် သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိနေသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် ကိုင်တက် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။

    ဖိလစ်ပိုင်မှာ ၂၀၁၃ ခုနှစ်က တိုင်ဖုန်း ဟိုင်ယန်ဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့သည်။

    Ref: BBC

  • ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် ၂၆ ဦးသေဆုံး

    ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် ၂၆ ဦးသေဆုံး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကာ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    အပူပိုင်း ကိုင်တက်မုန်တိုင်းဖြစ်ပြီး နိုင်ငံအလယ်ပိုင်း ဘီလီရန်ကျွန်းက မုန်တိုင်းဒဏ်ကို ပြင်းထန်းစွာ ခံစားခဲ့ရကာ သေဆုံးသူ ၂၆ ဦးအပြင် ၂၃ ဦး ပျာက်ဆုံးနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက DZMM ရေဒီယိုသို့ ပြောကြားခဲ့သည်။

    မုန်တိုင်းကြောင့် ဓာတ်အားများ ပြတ်တောက်ကာ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရပြီး လူပေါင်း ၈၈၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ ဘီလီရန်ကျွန်းရှိ ဆိပ်ကမ်းများတွင် သောင်တင်နေသူမှာ ၁၅၀၀၀ ကျော် ရှိနေသည်။

    ဒေသတွင်း ရေလျှံမှုများလည်း ဖြစ်နေပြီး ကောက်ပံသီးနှံများ၊ အခြေခံအဆောက်အဦးများလည်း ပျက်ဆီးခဲ့သည်။

    Ref: CNA