News @ M-Media

Tag: Philippines

  • ခရစ်ယာန်များကို IS လက်မှ ကယ်တင်ခဲ့သည့် ဖိလစ်ပိုင်မွတ်စလင်ပြောတဲ့ အစ္စလာမ်အကြောင်း

    ခရစ်ယာန်များကို IS လက်မှ ကယ်တင်ခဲ့သည့် ဖိလစ်ပိုင်မွတ်စလင်ပြောတဲ့ အစ္စလာမ်အကြောင်း

    သြဂုတ် ၁၆၊ ၂၀၁၇
    M-Media

    ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်တင်ပေးခဲ့သည့် နူရ်ဒင် လွတ်ကမန်

    – မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေက ညီအစ်ကိုဖြစ်ပြီး အခြားဘာသာဝင်တွေကို တတ်နိုင်သမျှ ကူညီကယ်တင်ပေးဖို့ အစ္စလာမ်က သွန်သင်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှာ ခရစ်ယာန် ၆၄ ယောက်ကို IS အကြမ်းဖက်သမားတွေလက်ထဲကနေ သက်စွန့်ဆံဖျား ကယ်ထုတ်ပေးခဲ့တဲ့ အစ္စလာမ့်ဓမ္မပညာရှင် နူရ်ဒင် လွတ်ကမန်က ပြောကြားလိုက်ပါတယ်။

    “ကျွန်တော် မက္ကာနဲ့ ကိုင်ရိုတို့မှာ (အစ္စလာမ်အကြောင်း) လေ့လာသင်ယူခဲ့ပါတယ်။ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေဟာ ညီအစ်ကိုတွေဖြစ်တယ်လို့ သင်ရတယ်။ ကျွန်တော်တို့အနေနဲ့ အခြားဘာသာဝင်တွေကို ကာကွယ်ရမှာဖြစ်ပြီး ဒါဟာ လူသားဝါဒရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ကုရ်အာန်က သွန်သင်ပါတယ်” လို့ လွတ်ကမန်က ဆိုပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုပြည်နယ်မှာ မွေးဖွားခဲ့တဲ့ လွတ်ကမန်ဟာ အခုအချိန်မှာ အသက် ၆၁ နှစ်ရှိနေပြီး အစ္စလာမ့်ဓမ္မနဲ့ တရားရေးပညာကို မက္ကာက Umm al-Qura တက္ကသိုလ်မှာ သင်ယူခဲ့တာပါ။

    လွတ်ကမန်ဟာ မာရာဝီမြို့က မြို့မိမြို့ဖတစ်ဦးဖြစ်ပြီး ဇွန်လအတွင်း IS အကြမ်းဖက်သမားတွေရဲ့ မြို့ကို စီးနင်းတိုက်ခိုက်မှုဟာ ရက်အနည်းငယ်သာ ကြာမြင့်မယ်လို့ သူက ထင်ခဲ့ပါတယ်။

    အနီးအနားက ခရစ်ယာန်တွေကိုလည်း လွတ်ကမန်က သူ့အိမ်မှာ ခိုလှုံခွင့်ပေးခဲ့ပြီး တစ်ပတ်အတွင်းမှာ မြို့အတွင်း ပိတ်မိနေတဲ့ ခရစ်ယာန် ၇၀ လောက်ဟာ သူ့အိမ်ရောက်လာပါတယ်။ တိုက်ပွဲတွေက တစ်ဖြည်းဖြည်း ပြင်းထန်လာပြီး လွတ်ကမန်တို့လူစုဟာလည်း အစားအစာ ပြတ်တောက်တော့မယ့် အခြေအနေအထိ ရောက်လာခဲ့ပါတယ်။

    အဲဒီအချိန်မှာတော့ လွတ်ကမန်ဟာ IS တွေကြားထဲကနေ ဖောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခရစ်ယာန်အမျိုးမီးတွေကို မွတ်စလင်အမျိုးသမီးတွေ ၀တ်ဆင်လေ့ရှိတဲ့ ခြုံထည်တွေကို ၀တ်ဆင်ပေးပြီး အမျိုးသားတွေကိုတော့ ကလေးတွေချီကာ မိသားစုပုံစံမျိုး ဖန်တီးပေးခဲ့ပါတယ်။ နောက်ပြီး IS တွေကို လှည့်စားဖို့အတွက် ‘အလ္လာဟုအက္ကဘရ်’ (အလ္လာအရှင်မြတ်သည် ကြီးမြတ်တော်မူသည်) ဆိုတဲ့ စကားလုံးကို ကျယ်ကျယ်အော်ဆိုဖို့ သူက ညွှန်ကြားခဲ့ပါတယ်။

    လွတ်ကမန်တို့အုပ်စုဟာ လမ်းမှာ IS အကြမ်းသမားတွေနဲ့ တွေ့ခဲ့ပေမယ့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ခရစ်ယာန် ၆၄ ဦးကို ဘေးလွတ်ရာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

    လွတ်ကမန်ရဲ့ ဒီလုပ်ရပ်အတွက် ဖိလစ်ပိုင်ပြည်သူတွေက သူရဲကောင်းတစ်ယောက်လို့ ချီးကျူးခဲ့ကြပေမယ့် သူကတော့ ဒီလိုမခံယူဝံ့ကြောင်း၊ အသက်တစ်ချောင်းကို ကယ်တင်ခြင်းဟာ လူသားအားလုံးကို ကယ်တင်ခြင်းဖြစ်တယ်ဆိုတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ဆိုဆုံးမမှုအတိုင်း ကယ်တင်ခဲ့သာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် သူရဲကောင်းတစ်ယောက်လို လုပ်ခဲ့တာမဟုတ်ဘူး။ မာရာဝီမှာ ပြဿနာတွေဖြစ်တော့ ကျွန်တော်က အိမ်မှာရှိတယ်။ အိမ်နားမှာ လက်သမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေအဖြစ် လုပ်နေတဲ့ ခရစ်ယာန်တွေရှိတာကြောင့် ဓားစားခံမဖြစ်အောင် သူတို့ကို ကျွန်တော့်အိမ်ခေါ်လာဖို့ ကျွန်တော့် ကောင်လေးတွေကို ခိုင်းခဲ့တာပါ။ ကျွန်တော် သူရဲကောင်းမဟုတ်ပါဘူး။ ကျွန်တော်လုပ်ခဲ့သလိုပဲ ပြဿနာတွေဖြစ်နေပေမယ့် ခရစ်ယာန်လုပ်သားတွေကို မစွန့်ပစ်ခဲ့တဲ့ အခြားမွတ်စလင်အလုပ်ရှင်တွေလည်း အများကြီး ရှိပါတယ်”

    မာရာဝီမြို့ကို IS အကြမ်းဖက်သမားတွေ စီနင်းသိမ်းပိုက်ထားတာဟာ ၃ လရှိလာပြီဖြစ်ပြီး ဖိလစ်ပိုင်အစိုးရကလည်း ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲတွေကြောင့် အခုအချိန်အထိ အနည်းဆုံး အကြမ်းဖက်သမား ၅၆၂ ဦး သေဆုံးပြီး၊ စစ်တပ်ဖက်ကတော့ ၁၂၈ ဦး ကျဆုံးခဲ့ပါတယ်။ အရပ်သားသေဆုံးမှုကတော့ ၄၅ ဦး ရှိပါပြီ။

    Ref: Alarabiya

  • မူးယစ်စစ်ဆင်ရေးအတွင်း မြို့တော်ဝန်နှင့် ဇနီးဖြစ်သူကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ပစ်သတ်

    မူးယစ်စစ်ဆင်ရေးအတွင်း မြို့တော်ဝန်နှင့် ဇနီးဖြစ်သူကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ပစ်သတ်

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    – နိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် စီးနင်းမှုအတွင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှာ မြို့တော်ဝန်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို ပစ်သတ်ခဲ့သည်ဟု သိရသည်။

    အိုဇာမစ်ဇ်မြို့တွင် မြို့တ်ာဝန် ရေနာလ်ဒို ပါရိုဂျီနော့ဂ်၊ ၎င်း၏ သမီးဖြစ်သူနှင့် အခြား တာဝန်ရှိသူ ၄ ဦးကို ၀ရမ်းဖြင့် ဖမ်းဆီးရန် ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည့် စီးနင်းမှုအတွင်း ၎င်းတို့က သေနတ်ဖြင့် ခုခံခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပါရိုဂျီနော့ဂ်မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လက သမ္မတဒူတာတေးမှ ထုတ်ပြန်သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အစိုးရတာဝန်ရှိသူ ၁၆၀ စာရင်းတွင် ပါဝင်သူဖြစ်သည်။

    အဆိုပါ စီးနင်းမှုအတွင်း ပါရိုဂျီနော့ဂ်၏ဇနီး၊ ၎င်းတို့၏ ဆွေမျိုးတစ်ဦး လုံခြုံရေးအစောင့် ၄ ဦးတို့လည်း သေဆုံးခဲ့သည်။ မြို့ဝန်၏ သမီးဖြစ်သူ ဒုတိယမြို့တော်ဝန် နိုဗာ အီချာဗက်စ်ကို ဖမ်းဆီးနိုင်ခဲ့သည်။

    ရဲတပ်ဖွဲ့ဝင်များမှာ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။ ပါရိုဂျီနော့ဂ်မှာ ခြစားမှုစွဲချက်များကိုလည်း ရင်ဆိုင်နေရပြီး မူးယစ်ဆေးနှင့် ဆက်နွယ်မှုမရှိဟု ၎င်းက ငြင်းဆိုထားသည်။

    ပြီးခဲ့သည့်နှစ် ဇွန်လ ၂၀၁၆ ခုနှစ်မှစ၍ ဆောင်ရွက်သော ဒူတာတေး၏ မူးယစ်နှိမ်နှင်းမှု စစ်ဆင်ရေးတွင် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ ပါရိုဂျီနော့ဂ်မှာ သေဆုံးခဲ့သည့် မြို့တော်ဝန်များတွင် ဦးမြောက်ဖြစ်သည်။

    Ref: Aljazeera

  • ဆန့်ကျင်မှုရှိသော်လည်း တောင်ပိုင်းစစ်အုပ်ချုပ်ရေးကို ဖိလစ်ပိုင်က သက်တမ်းထပ်တိုး

    ဆန့်ကျင်မှုရှိသော်လည်း တောင်ပိုင်းစစ်အုပ်ချုပ်ရေးကို ဖိလစ်ပိုင်က သက်တမ်းထပ်တိုး

    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media

    – မငြိမ်မသက်ဖြစ်နေသည့် နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် စစ်အုပ်ချုပ်ရေးဥပဒေကို ထပ်တိုးရန်အတွက် ဖိလစ်ပိုင်လွှတ်တော်အမတ်များက ယနေ့တွင် မဲပေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

    IS နှင့်ဆက်နွယ်နေသည့် စစ်သွေးကြွများမှာ အဆိုပါဒေသရှိ မာရာဝီမြို့ကို မေလကတည်းက သိမ်းပိုက်ထားပြီး သမ္မတဒူတာတေးက ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးလိုက်ခြင်းမှာ သူပုန်ထမှုကို နှိမ်နှင်းရန် လိုအပ်ချက်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုသို့ဆောင်ရွက်ခြင်းက သမ္မတအနေဖြင့် အာဏာကို ပိုမိုဆုပ်ကိုင်ထားနိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

    စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုမှာ ဖိလစ်ပိုင်တွင် အထိမခံသည့် ကိစ္စတစ်ခုဖြစ်ပြီး အာဏာရှင် ဖာဒီနန်မားကို့စ် အုပ်စိုးမှု အချိန်အများစုတွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။

    လက်ရှိ တောင်ပိုင်းတွင် စစ်အုပ်ချုပ်ရေးဥပေဒ ထုတ်ပြန်ထားမှုမှာ ရက်ပေါင်း ၆၀ ဖြစ်ပြီး ယနေ့တွင် ကုန်ဆုံးမည်ဖြစ်ကာ သက်တမ်းထပ်တိုးမှုကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်သည်။

    လွှတ်တော်မဲခွဲမှုအတွင်း လွှတ်တော်အမတ်တစ်ချို့က IS အဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် မာရာဝီမြို့ကိုသာမကဘဲ ကျွန်းတစ်ခုလုံးအပေါ် စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုအတွက် မေးခွန်းထုတ်ခဲ့သည်။

    ထို့ပြင် အစိုးရ၏ ထိုဆုံးဖြတ်ချက်အတွက်လည်း ပြည်သူအချို့က ဆန္ဒပြခဲ့ကြသည်။

    Ref: BBC

     

  • IS ကို တွန်းလှန်နိုင်ရေး မွတ်စလင်များကို ဖိလစ်ပိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်

    IS ကို တွန်းလှန်နိုင်ရေး မွတ်စလင်များကို ဖိလစ်ပိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    Bangsamoro Basic Law မူကြမ်း လာရောက်တင်သွင်းမှုကို ဒူတာတေးက လက်ခံနေစဉ်

    – နိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့ကို သိမ်းပိုက်ထားသော IS အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်နိုင်ရန်အတွက် မွတ်စလင်အများစုရှိရာ တောင်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားခဲ့သည်။

    IS အဖွဲ့ဝင်များမှာ မာရာဝီမြို့ကို သိမ်းပိုက်ထားသည်မှာ ၂ လနီးပါး ကြာမြင့်နေပြီးဖြစ်ပြီး၊ မွတ်စလင်လူနည်းစုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းက ဖိလစ်ပိုင်မွတ်စလင်များအကြား IS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရန် စွဲဆောင်နိုင်လိမ့်မည်ဟု ဒူတာတေးက မျှော်လင့်နေသည်။

    လက်ရှိတွင် အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံ၏ အကြီးဆုံး မွတ်စလင်လက်နက်ကိုင်အဖွဲ့ MILF တို့ ပူးပေါင်း ရေးဆွဲထားပြီး နိုင်ငံတောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်လာစေမည့် Bangsamoro Basic Law ဥပဒေမူကြမ်းမှတစ်ဆင့် ထိုကိစ္စကို ဆောင်ရွက်သွားမည်ဟု ဒူတာတေးက အခိုင်အမာ ပြောကြားခဲ့သည်။ မူကြမ်းကို ယမန်နေ့တွင် ဒူတာတေးထံသို့ တင်သွင်းခဲ့သည်။

    “ရာစုနှစ်များစွာ ကြာနေပြီး သန်းနဲ့ချီတဲ့ ဖိလစ်ပိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက် ဆုံးရှုံးစေခဲ့တဲ့ အမုန်းတွေ၊ မယုံကြည်မှုတွေ၊ တရားမဲ့မှုတွေကို အဆုံးသတ်ရေး ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို ရှေ့ဆက်တိုးဖို့ အခုအချိန်ဟာ အရေးကြီးတဲ့ အချိန်ပါပဲ” ဟု ဒူတာတေးက မူကြမ်းလာရောက်တင်သွင်းသည့် MILF ခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများကို ပြောကြားခဲ့သည်။

    အစိုးရနှင့် MILF နှစ်ဖက်စလုံးမှ တာဝန်ရှိသူများက နိုင်ငံအတွင်းရှိ မွတ်စလင်လူနည်းစုများကို ပိုမိုကောင်းမွန်သည့် ရွေးချယ်ခွင့်ပေးခြင်းမှာ အကြမ်းဖက်အစွန်းရောက်ဝါဒ၏ စွဲဆောင်မှုကို ရင်ဆိုင်ရန် အရေးပါသည့် ဆောင်ရွက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အခြေခံဥပဒေတွေ အသက်ဝင်ရေး ကျွန်တော်တို့ မဆောင်ရွက်နိုင်မှုကြောင့် ဖြစ်လာတဲ့လစ်ဟာမှုကို ဒီလမ်းလွဲနေတဲ့အုပ်စုက ၀င်နေရာယူသွားပြီး ကျွန်တော်တို့ပြည်သူတွေရဲ့ စိတ်ပျက်အားငယ်မှုတွေကို အသုံးချသွားပါတယ်” ဟု MILF ၏ ဥက္ကဌဖြစ်သူ မူရဒ် အီဘရာဟင်က မာရာဝီရှိ IS အဖွဲ့ဝင်များကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    နိုင်ငံတောင်ပိုင်းတွင် အဓိကနေထိုင်သော ဖိလစ်ပိုင်မွတ်စလင်များမှာ ၎င်းတို့ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ၁၉၇၀ ပြည့်နှစ်များကတည်းက လက်နက်စွဲကိုင်ကာ အစိုးရကို တော်လှန်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲများအတွင်း လူပေါင်း ၁ သိန်းကျော် အသက်ဆုံးရှုံးခဲ့သည်။

    သမ္မတ အကွီနိုလက်ထက် ၂၀၁၄ ခုနှစ်တွင် MILF မှာ ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သော်လည်း စာချုပ်၏ အဓိကအချကဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးမူကို လက်ခံရန် လွှတ်တော်က ငြင်းဆန်ခဲ့သည်။

    ငြိမ်းချမ်းရေးကို မလိုလာသောသူများက အဖွဲ့ငယ်များအဖြစ် ခွဲထွက်ကာ တစ်ချို့မှာ နောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံခဲ့သည်။

    မွတ်စလင်အများစုရှိရာ တောင်ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ယခုမူကြမ်းကို တစ်နှစ်အတွင်း အတည်ပြုနိုင်ရန် မျှော်မှန်းထားသည်။

    MILF ၏ ပြိုင်ဘက်အဖွဲ့ဖြစ်သော MNLF က ၁၉၉၆ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း မင်ဒါနာအိုကို ဗဟိုအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပြီး၊ လက်ရှိ Bangsamoro Basic Law မူကြမ်းမှာ ယခင် စနစ်ကို အစားထိုးမည်ဖြစ်ကာ MILF နှင့် MNLF နှစ်ဖက်စလုံးကလည်း သဘောတူထားသည်။

    REf: sg.news.yahoo

  • ဖိလစ်ပိုင်တောင်ပိုင်း ရွာတစ်ရွာကို IS လိုလားသူများ ၀င်ရောက်စီးနင်းပြန်

    ဖိလစ်ပိုင်တောင်ပိုင်း ရွာတစ်ရွာကို IS လိုလားသူများ ၀င်ရောက်စီးနင်းပြန်

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ရွာတစ်ရွာကို IS လိုလားသည့် သေနတ်သမားများက ၀င်ရောက်စီးနင်းပြီးနောက် စာသင်ကျောင်းတစ်ခုကို သိမ်းပိုက်လိုက်သည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    Bangsamoro Islamic Freedom Fighters (BIFF) အဖွဲ့မှ ဖြစ်သည်ဟု ယူဆရသည့် အဆိုပါ သေနတ်သမားများမှာ ပစ်ကာဝါယန်မြို့ရှိ ရွာတစ်ရွာတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ မူလတန်း စာသင်ကျောင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ကျောင်းသားများကို ဓားစာခံလုပ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မည်သည့် ထိခိုက်မှုမှ မလုပ်ဘဲ အဆိုပါ မူလတန်းကျောင်းမှ ထွက်ခွာသွားခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

    “ပြဿနာကို ဖြေရှင်းပြီးပါပြီ။ သူတို့ ပြန်ဆုတ်သွားကြပြီး အဲဒီမှာ မရှိတေ့ပါဘူး။ ကျောင်းဟာ ပြန်ပြီး လုံခြုံသွားပါပြီ” ဟု ဗိုလ်မှူးချုပ် ရက်စ်တီတူတို ပါဒီလာက ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါစစ်သွေးကြွများက အရပ်သား ၅ ဦကို ဖမ်းခေါ်သွားသည်လားဆိုသည်ကို စစ်တပ်က စုံစမ်းနေကြောင်း၊ စာသင်ကျောင်းရှိ မည်သည့်ကလေးမှ ဓာစားခံမဖြစ်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပစ်ကာဝါယန်မြို့မှာ BIFF နှင့် အခြေားသာ အုပ်စုများ ပူးပေါင်းကာ တိုက်ခိုက်မှုပြုလုပ်နေသည့် မာရာဝီမြို့တောင်ဘက် ကီလိုမီတာ ၁၉၀ အကွာတွင် ရှိသည့် မြို့ဖြစ်သည်။ ပစ်ကာဝါယန်မြို့တော်ဝန် အီလီဆီယို ဂါရ်စီဆာက ထိခိုက်ဒဏ်ရာရသူများ ရှိလားဆိုသည်ကို စုံစမ်းနေသည်ဟု ပြောကြားခဲ့သည်။

    Ref: CNA