News @ M-Media

Tag: ProphetDay

  • ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော

    ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော

    15826486_10206586979793739_438064879927772766_n
    photo- copy from FB

    ဇန်နဝါရီ ၉  ၊ ၂၀၁၇

    ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအဖွဲ့က ဥပဒေနှင့်အညီ ခွင့်ပြုခဲ့သည့် ဘာသာရေးဆိုင်ရာ ပွဲများအား နှောင့်ယှက် ဟန့်တားမှုများ အပေါ် ဥပဒေအရ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

    ရန်ကုန်မြို့ရှိ YMCA ခန်းမတွင် ဇန်နဝါရီ ၈ ရက်နေ့က အစ္စလာမ် ဘာသာဝင်များ၏ တမန်တော် မိုဟာမက် မွေးနေ့ တမန်တော်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းကို အမျိုးသားရေး ညွန့်ပေါင်း အဖွဲ့ (ရန်ကုန်)က ကန့်ကွက်မှု ပြုလုပ်ခဲ့ရာ ပွဲကို မိနစ် ၃၀ ခန့်သာ အကျဉ်းရုံးကျင်းပမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တမန်တော်ပွဲသည် ခရစ်သက္ကရာဇ် AD ၅၇၁ ခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ဖွားမြင် ခဲ့သည့် တမန်တော် မိုဟာမက် မွေးနေ့ကို အစွဲပြု၍ ကျင်းပသည့် အခမ်းအနားဖြစ်သည်ဟု ဆိုသည်။

    ဝန်ကြီး ဦးနိုင်ငံလင်းက “ဥပဒေနဲ့အညီ ခွင့်ပြုပေးခဲ့တာပါ၊ ဒါကို နှောင့်ယှက်တဲ့ကိစ္စတွေ ရှိလာတာတော့ ကျနော်တို့ အနေနဲ့ အကောင်းဆုံး ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ တဖက်ကကြည့်ရင် သူတို့ရဲ့အခွင့်အရေးဖြစ်သလို ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ လုပ်တဲ့ဟာတွေကို အနှောင့်အယှက် မပေးသင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

    မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ နှင့် မျိုးချစ်လူငယ် စသည့် အမျိုးသားရေးအဖွဲ့ ၂၀ ခန့်ပါဝင်သော အမျိုးသားရေး ညွန်ပေါင်း အဖွဲ့ အနေဖြင့် ဇန်နဝါရီ ၆ ရက်နေ့ကလည်း သာကေတမြို့နယ်တွင် ပြုလုပ်မည့် တမန်တော်နေ့ပွဲကို ကန့်ကွက်ခဲ့သည့် အတွက် ပွဲစီစဉ်ထားမှုအား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

    ဟာဂျီ ဦးအေးလွင်က “ပစ်မှတ်က ကျနော်တို့မဟုတ်ဘူးလို့ဘဲ ခံယူတယ်၊ အဲ့ဒီတော့ အေးအေးချမ်းချမ်း ပြီးသွား အောင်ပဲ ဆုံးဖြတ်လိုက်ကြတယ်၊ ဘာသာ၊ သာသနာကို အသုံးချတဲ့ ပုံစံမျိုးမဖြစ်အောင်၊ ကြားမညပ်အောင်ဘဲ လုပ်ခဲ့ပါတယ်”ဟု ပြောဆိုသည်။

    တမန်တော် အခမ်းအနားကို လွတ်လပ်ရေးရပြီးခေတ်တွင် ယခု ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးရှိ ဗလီကျောင်းများ မှ ထွက်၍ ရပ်ကွက်အတွင်း မေတ္တာပို့မှုများ ပြုလုပ်ခဲ့ပြီး သမ္မတ ပေးပို့သည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက် ဟောပြောခြင်းများ ရှိခဲ့ကြောင်းလည်း ဟာဂျီဦးအေးလွင်က ပြောသည်။

    တမန်တော်ပွဲများ လှည့်လည် ကျင်းပလာခြင်းများကို ကန့်ကွက်ရာတွင် အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အရှေ့ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း တရားဝင်စာ ပေးပို့ထားပြီး ယင်းသို့ကန့်ကွက်ရာတွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းမရှိခဲ့ဘဲ ဥပဒေဘောင်ထဲကသာ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ က ပြောဆိုသည်။

    အမျိုးသားရေးညွန့်ပေါင်း အဖွဲ့မှ အရှင် သုစိတ္တက “တမန်တော်နေ့ဆိုပြီး နိုင်ငံရေး အမြတ်ထုတ်နေတာ၊ ဓမ္မသဘင် ဆိုပြီး ဟောပြောနေတာတွေကို ကန့်ကွက်တာပါ၊ အစဉ်အလာမရှိခဲ့တဲ့ ပွဲတွေကို ရှိခဲ့သယောင်ယောင် လုပ်လာတာက သွေးတိုး စမ်းလာတာလို့မြင်တယ်”ဟု ဧရာဝတီသို့ မိန့်ကြားသည်။

    ယခုကဲ့သို့ ကန့်ကွက်လှုပ်ရှားမှုများတွင် မျိုးချစ် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစွာ ပါဝင်သော်လည်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) နှင့် ပတ်သက်ခြင်း မရှိကြောင်းလည်း အရှင် သုစိတ္တက မိန့်ကြားသည်။

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

  • အစွန်းရောက်များရဲ့ နှောင့်ယှက်မှုကြောင့် ခွင့်ပြုမိန့်ဖြင့် ကျင်းပသည့် တမန်တော်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပခဲ့ရ

    အစွန်းရောက်များရဲ့ နှောင့်ယှက်မှုကြောင့် ခွင့်ပြုမိန့်ဖြင့် ကျင်းပသည့် တမန်တော်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပခဲ့ရ

    ဇန်နဝါရီ ၈၊ ၂၀၁၇
    M-Media
    ဖြူလေး
    15894590_1825040011112771_7208217882398565457_n
    ရန်ကုန်။    ။ YMCA ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ (၁၄၉၁ ကြိမ်မြောက်) တမန်တော်နေ့ အခမ်းအနားကို  အမျိုးသားရေး တက်ကြွလှုပ်ရှားသူများဟု အမည်ခံထားသူများ၊ အမျိုးသားရေး အစွန်းရောက်များက လာရောက် နှောက်ယှက် ကန့်ကွက်ခဲ့တာကြောင့် အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပခဲ့ရပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုမိန့်ကို ရရှိထားပြီး ဖြစ်သော်လည်း အမျိုးသားရေးအစွန်းရောက်များက  အင်အား ၁၀၀ ကျော်ဖြင့် လာရောက်ပိတ်ပင် တားဆီးမှုကြောင့် လူအနည်းငယ်ဖြင့်သာ အခမ်းအနားကို အကျဉ်းချုံး ကျင်းပခဲ့ရပါတယ်။
    15940467_1825009591115813_1408904850266590363_n
    မွတ်စလင်မ် ဆန်ကျင်မုန်းတီးရေး လုပ်ဆောင်နေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်သူ အရှင်သုစိတ္တ ဦးဆောင်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့ တမန်တော်နေ့အခမ်းအနားကို လာရောက်တားဆီးခြင်းမှာ ယခုတစ်ကြိမ်ဖြင့်ဆိုရင် နှစ်ကြိမ်တိုင် ရှိခဲ့ပြီ
    ဖြစ်ပါတယ်။

    သူတို့အချင်းချင်း ညှိကြတယ်၊ သဘောတူကြီးပြီးတော့ ပြီးသွားကြတာပါ။ ကျွန်တော်တို့က YMCA မှာ ဘာပွဲလုပ်လုပ် လာပြီး လုံခြုံရေး တာဝန်ယူပေးရတာ အမြဲတမ်းလာရတာပါ။ ဒီနေ့လည်း ခါတိုင်းလိုပဲလာတာပါ။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုထားပေမယ့်လည်း လာရောက်ကန့်ကွက်တာကတော့ သူတို့ခံယူချက်ပဲလေ။ ကျွန်တော်လည်း သေချာမပြောတတ်ဘူး။ အေးအေးချမ်းချမ်း ပြီးသွားပါတယ် လို့ ဗိုလ်တစ်ထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ကဆိုပါတယ်။
    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို ရှေးယခင်ကာလများမှ စ၍ နှစ်စဉ် အမြို့မြို့အနယ်နယ်၌ ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

    15895179_250081012072494_3922984286849129464_n  15966225_1825009611115811_8723166753286123239_n

  • YMCA တွင်ပြုလုပ်မည့် တမန်တော်နေ့ အခမ်းအနားဖျက်ဖို့ အစွန်းရောက်အုပ်စုများ ရောက်ရှိနေ

    YMCA တွင်ပြုလုပ်မည့် တမန်တော်နေ့ အခမ်းအနားဖျက်ဖို့ အစွန်းရောက်အုပ်စုများ ရောက်ရှိနေ

    ဇန်နဝါရီ ၈ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    15941198_370175736694774_7330367878191419927_n
    ရန်ကုန်တိုင်း တိုင်းဒေသကြီး အစိုးရ ခွင့်ပြုချက်ဖြင့် ပြုလုပ်မည့် (၁၄၉၁) ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနားကို အမျိုးသားရေး အစွန်းရောက်ဝါဒီများမှ လူအုပ်စုဖြင့် လာရောက်ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

    ယနေ့ နေ့လည် ၂း၃၀ YMCA ခန်းမတွင် ကျင်းပပြုလုပ်မည့် အဆိုပါအခမ်းအနားကို ဟန့်တားဖျက်ဆီးဖို့ အမျိုးရေး အစွန်ရောက် ဘုန်းတော်ကြိး တပါးဖြစ်သူ အရှင်သုစိတ္တ(မျိုးချစ်သမဂ္ဂ) မှ ဆိုရှယ်မီဒီယာတွင် စတင် လှုံဆော်ခဲ့ခြင်းဖြစ်ပါတယ်။

    ယနေ့ နေ့လည် ၁ နာရီဝန်းကျင်မှ စပြီး လူအုပ်စုဖြင့် ရောက်ရှိလာကာ အခမ်းအနားဖျက်ဖို့ လုပ်ဆောင်နေကြောင်း နှင့် တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများမှာ တစုံတရာ ဟန်တားခြင်းမရှိဘဲ ရပ်ကြည့်နေကြကြောင်း အဆိုပါနေရာကို ရောက်ရှိနေတဲ့ မျက်မြင်သက်သေတဥိးက ပြောပါတယ်။

    ဇန်နဝါရီလ (၆) ရက်နေ့က သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်မည့် တမန်တော်နေ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ် ဟောပြောပွဲ ကိုလည်း အဆိုပါ အမျိုးသားရေး အစွန်းရောက်အုပ်စုမှ လာရောက်ဟန့်တား ခြိမ်းခြောက်မှုကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရပါသေးတယ်။

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို နှစ်စဉ် အမြို့မြို့အနယ်နယ်၌ ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

    ဓါတ်ပုံများကို “အကြီးကောင်” Facebook အသုံးပြုသူထံမှ ကူးယူဖော်ပြပါသည်။

    15895179_250081012072494_3922984286849129464_n

    15826420_370175786694769_2513578334186779828_n 15826630_358783181152031_3323592730263742673_n 15871537_370175823361432_1805090042776407538_n  15941450_358783217818694_5956117437702646849_n

  • သာကေတတွင် အစွန်ရောက်များ၏ လှုံ့ဆော်မှုကြောင့် တမန်တော်နေ့ နှင့် ငြိမ်းချမ်းရေး တရားပွဲ ပျက်ခဲ့ရ

    သာကေတတွင် အစွန်ရောက်များ၏ လှုံ့ဆော်မှုကြောင့် တမန်တော်နေ့ နှင့် ငြိမ်းချမ်းရေး တရားပွဲ ပျက်ခဲ့ရ

    ဇန်နဝါရီ ၇၊ ၂၀၁၇
    M-Media
    ဖြူလေး

    heain-wai-yan
    အကြမ်းဖက်မှုများ ပြုလုပ်ရန် ဆိုရှယ်မီဒီယာမှ လှုံ့ဆော်မှုများ

     

    ရန်ကုန်။    ။  ဇန်နဝါရီလ (၆) ရက်နေ့မှာ သာကေတမြို့နယ်မှာ ကျင်းပပြုလုပ်မည့် တမန်တော်နေ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းအထိမ်းအမှတ် ဟောပြောပွဲ ကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများထံမှ ကျင်းပရန် ခွင့်ပြုမိန့်
    ရထားသော်လည်း အမျိုးသားရေး အစွန်းရောက်သူများ၏ ဆိုရှယ်မီဒီယာမှ တဆင့် အကြမ်းဖက်ရန် လှုံ့ဆော်ခြင်း၊ ပြင်ပတွင် လူစုလူဝေးဖြင့် တားဆီးမှုများကြောင့်  ဟောပြောပွဲကျင်းပခြင်းကို ရပ်ဆိုင်းခဲ့ရပါတယ်။

    “နေ့လည် တစ်နာရီလောက်ကတည်းက အနော်မာထိပ်မှာ အမျိုးသားရေးအစွန်းရောက်တွေက လူအင်အား တစ်ထောင်လောက်ရှိတယ် တူညီဝတ်စုံတွေဝတ်ပြီး စုရုံးနေကြတယ်။ ခန်းမကလည်း ကျွန်တော်တို့ကို တံခါးဖွင့်မပေးတော့ဘူး။ အဲ့ဒီ ထောင်ကျော်တဲ့ အစွန်းရောက်တွေကို ဦးစီးနေတဲ့လူကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒေါ်ပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်က ဦးဆောင်နေတာကို တွေ့ရတယ်” လို့ အခမ်းအနားကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

    အဆိုပါ အမျိုးသာရေးအစွန်းရောက်များက တုင်းဒေသကြီး အစိုးရက တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် အဆိုပါ ပွဲပျက်အောင် ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်စော်ကားသည့် စကားလုံးများ၊
    စော်ကားသည့် စကားလုံးများဖြင့် အခမ်းအနား ကျင်းပမည့် ခန်းမအနီးတွင် ဟောပြောစည်းရုံးခဲ့ကြပါတယ်။

    15871903_1111726875616442_2154957701782860722_n
    ဟောပြောမည့် ဘာသာပေါင်းစုံမှ ဆရာတော်များ နှင့် အခမ်းအနားအစီအစဉ်

    “ကျွန်တော်တို့ ဘာသာကို မင်းမဲ့စရိုက်ဆန်စွာ ဟောပြောနေတာကိုကြတော့ တာဝန်ရှိ ရဲတွေက လက်ပိုက်ကြည့်နေတယ် အုပ်ချုပ်ရေးမှူးရုံးကလည်း အခမ်းအနား မကျင်းပရတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ကို ဘာမှ ပြောခြင်းဆိုခြင်း
    မရှိဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အပ်နှင်းထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာပါပဲ။ ဘာသာတစ်ခုကို ပရမ်းပတာနဲ့ စော်ကားတာကိုပါ လက်ပိုက်ကြည့်နေရတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ရင်ဆိုင်နေရတယ်”
    လို့ အခမ်းအနားကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက M-Media ကို ပြောဆိုခဲ့ပါတယ်။

    အခမ်းအနားမပြုလုပ်ခင် ယခင်ရက်များကတည်းကို အမျိုးသားရေး အစွန်းရောက်ဝါဒီများက လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ လူမျိုးရေး ဘာသာရေးအသွင်ဆောင်သည့် အရေးအသားများဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်သည့် စကားများလုံးများစွာကို ရေးသားပြီး  လှုံဆော်ဖြန့်ဝေမှုတွေ ပြုလုပ်ခဲ့တာကိုတွေ့ရှိရပါတယ်။

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

    15822641_1111726908949772_3707972486687185739_n
    တိုင်းဒေသကြီးအစိုးရ၏ တရားဝင်ခွင့်ပြုမိန့်
    15823678_1111726925616437_1420645691034001168_n
    တိုင်းဒေသကြီးအစိုးရ၏ တရားဝင်ခွင့်ပြုမိန့်
    collage
    လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက် နိုင်ငံတော်သမ္မတ၊ ဝန်ကြိးချူပ်များ ၏ တမန်တော်နေ့ သဝဏ်လွှာနှင့် အခမ်းအနားတက်ရောက်မှု မှတ်တမ်းအချို့

     

  • (၁၄၉၁)ကြိမ်မြောက် မဟာတမန်တော်နေ့ ကျင်းပ

    (၁၄၉၁)ကြိမ်မြောက် မဟာတမန်တော်နေ့ ကျင်းပ

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    15416834_1824363701164771_358310592_n
    ၁၄၉၁ ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကျိုလီယာ ဗလီ ဂေါပခန်းမ တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ တနင်္လာနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားကို ကျမ်းတော်မြတ်ကုရ်အာန်  ရွတ်ဖတ်၍ ဖွင့်လှစ်ပြီး သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကြိုဆိုခဲ့ပါတယ်။

    အဲဒိနောက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ပေးပို့တဲ့ တမန်တော်နေ့ သဝဏ်လွှာကို သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးစိုးမင်းထွန်းက ဖတ်ကြားခဲ့ပါတယ်။

    အဲဒီနောက် တမန်တော်မုဟမ္မဒ် (ငြိမ်းချမ်းပါစေသား) အား မေတ္တာပို့ခြင်း၊ တရားဟောပြောခြင်း၊ ဓမ္မလင်္ကာ ကစီဒါများ ရွတ်ဆိုခြင်း တို့ကို အစီအစဉ်တိုင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံ -KTS

    15494138_1824363334498141_603651482_n

    15423537_1824363364498138_765522132_n