News @ M-Media

အစွန်းရောက်များရဲ့ နှောင့်ယှက်မှုကြောင့် ခွင့်ပြုမိန့်ဖြင့် ကျင်းပသည့် တမန်တော်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပခဲ့ရ

ဇန်နဝါရီ ၈၊ ၂၀၁၇
M-Media
ဖြူလေး
15894590_1825040011112771_7208217882398565457_n
ရန်ကုန်။    ။ YMCA ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ (၁၄၉၁ ကြိမ်မြောက်) တမန်တော်နေ့ အခမ်းအနားကို  အမျိုးသားရေး တက်ကြွလှုပ်ရှားသူများဟု အမည်ခံထားသူများ၊ အမျိုးသားရေး အစွန်းရောက်များက လာရောက် နှောက်ယှက် ကန့်ကွက်ခဲ့တာကြောင့် အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပခဲ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုမိန့်ကို ရရှိထားပြီး ဖြစ်သော်လည်း အမျိုးသားရေးအစွန်းရောက်များက  အင်အား ၁၀၀ ကျော်ဖြင့် လာရောက်ပိတ်ပင် တားဆီးမှုကြောင့် လူအနည်းငယ်ဖြင့်သာ အခမ်းအနားကို အကျဉ်းချုံး ကျင်းပခဲ့ရပါတယ်။
15940467_1825009591115813_1408904850266590363_n
မွတ်စလင်မ် ဆန်ကျင်မုန်းတီးရေး လုပ်ဆောင်နေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်သူ အရှင်သုစိတ္တ ဦးဆောင်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့ တမန်တော်နေ့အခမ်းအနားကို လာရောက်တားဆီးခြင်းမှာ ယခုတစ်ကြိမ်ဖြင့်ဆိုရင် နှစ်ကြိမ်တိုင် ရှိခဲ့ပြီ
ဖြစ်ပါတယ်။

သူတို့အချင်းချင်း ညှိကြတယ်၊ သဘောတူကြီးပြီးတော့ ပြီးသွားကြတာပါ။ ကျွန်တော်တို့က YMCA မှာ ဘာပွဲလုပ်လုပ် လာပြီး လုံခြုံရေး တာဝန်ယူပေးရတာ အမြဲတမ်းလာရတာပါ။ ဒီနေ့လည်း ခါတိုင်းလိုပဲလာတာပါ။ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုထားပေမယ့်လည်း လာရောက်ကန့်ကွက်တာကတော့ သူတို့ခံယူချက်ပဲလေ။ ကျွန်တော်လည်း သေချာမပြောတတ်ဘူး။ အေးအေးချမ်းချမ်း ပြီးသွားပါတယ် လို့ ဗိုလ်တစ်ထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ကဆိုပါတယ်။
မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို ရှေးယခင်ကာလများမှ စ၍ နှစ်စဉ် အမြို့မြို့အနယ်နယ်၌ ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

15895179_250081012072494_3922984286849129464_n  15966225_1825009611115811_8723166753286123239_n