News @ M-Media

Tag: QandA

  • မမေးလည်းဖြေ(၁၀) -ကုရ်အာန်ကျမ်းမြတ်ဆိုတာ ဘာလဲ?

    မမေးလည်းဖြေ(၁၀) -ကုရ်အာန်ကျမ်းမြတ်ဆိုတာ ဘာလဲ?

    အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)


    ကုရ်အာန်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံက ကမ္ဘာဂြိုဟ်မှာရှိတဲ့ လူခပ်သိမ်းအတွက် နောက်ဆုံးနဲ့ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးလူသား နဗီတမန်တော်ချုပ်မုဟမ္မဒ်( صلى اله عليه وسلم)ထံမလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင် ဂျိဗရာအီလ် ကတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့တာ ဖြစ်ပါတယ်။ ဒီခေတ်ဟာ ICTလို့ခေါ်တဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ အလွန်ထွန်းကားတဲ့ခေတ်ဖြစ်ပေမယ့် အဲဒီဂျီဗရာအီလ်ဆိုတဲ့ အလ္လာဟ့်ရဲ့ဝဟီလမ်းညွှန် ဆက်သွယ်မှုနည်းစနစ်ကိုတော့ သက်ဆိုင်ရာနဗီတမန်တော်တွေ ကလွဲလို့ အခြားဘယ်လူသားမှဥာဏ်မမီနိုင်ကြပါဘူး။ အနှိုင်းမဲ့ကိုးကွယ်ရာနဲ့ နှိုင်းရတရားထဲမှာရှိတဲ့ လူသားအကြား အလွန်အဆင့်မြင့်ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးနည်းတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားနှောင့်ယှက် ခိုးယူလို့မရနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ဒီနေ့ဆက်သွယ်ရေး

    နည်းပညာဟာ တစက္ကန့်ကို(၁၈၆၀၀၀) မိုင်နှုန်း ပြေးတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအသုံးပြုပို့ရတဲ့အတွက် ဂလက်ဆီလို့ခေါ်တဲ့ ကြယ်မြို့တော် တစ်ခုကိုဖြတ်ဖို့တောင် နှစ်ပေါင်း သန်းနဲ့ချီပြီးကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ အလ္လာဟ့်ရဲ့ ဂျီဗရာအီလ်နည်းကတော့ အလ္လာဟ်ပို့လို့ ရတဲ့သတင်းလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာလက်ခံရရှိမယ့် လူသားနဗီတမန်တော် အလင်းပြပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးသားထဲကို သူနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ဘာသာပြန်ပြီးသား အဖြစ်ချက်ချင်းရောက်ရှိ သွားခြင်းပဲဖြစ်ပါတယ်။

    ဥပမာ-တမန်တော်မူစာ (Moses) ထံကို ဟီဗရူးဘာသာစကားနဲ့ရောက်လာတယ်။ တမန်တော်အီစာ(ယေရှုခရစ်တော်) ထံကို အရမစ် (Aramic)ဘာသာစကားနဲ့ရောက်ရှိလာတယ်။ အခုလည်း နောက်ဆုံး လူသားနဗီတမန်တော်ချုပ် မုဟမ္မဒ်(صلى اله عليه وسلم) သခင်ဟာအာရဗ်လူမျိုးဖြစ်တဲ့အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ အရဗီဘာသာစကားနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ကျမ်းဟာ အစအဆုံး တစ်ပြိုင်တည်း ကျရောက်လာတာမဟုတ်ဘဲတမန်တော်မြတ် ကြုံတွေ့ရတဲ့ အခြေအနေတွေအလိုက် မက္ကဟ်မြို့မှာ(၁၃)နှစ်၊ မဒီနဟ်မြို့မှာ (၁၀)နှစ် စုစုပေါင်း(၂၃)နှစ်အတွင်းမှာ အလီလီကျရောက်ပြီးမှ ပြီးပြည့်စုံ ခဲ့ခြင်းဖြစ်ပါတယ်။ (ကုရ်အာန် ၂၆း၁၉၂ ၊ ၄၇း၂ ၊ ၂း၁၈၅ ၊ ၉၇း၁ ၊ ၄၄း၅၈၊ ၄၃း၃)

    အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုကုရ်အာန်ကို ရှင်ပြန်ထမြောက်ရမယ့်နေ့တိုင် လူခပ်သိမ်း အတွက် နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်လိုက်ပေမယ့် မျက်စီမှိတ်ပြီး ယုံကြည်ရမယ်လို့ အဓ္ဓမ မကျင့်သုံးထားပါဘူး။ ကုရ်အာန်ထဲ ပါတာတွေကို စာတွေ့၊ သက်သေလက္ခဏာနဲ့ အလ္လာဟ်ရဲ့ ဖန်ဆင်းမှုသဘာဝတရားကြီးကို လက်တွေ့သက်သေလက္ခဏာတွေအဖြစ် သိပ္ပံ၊ ၀ိဇ္ဖာ၊ နည်းပညာပေါင်းစုံနဲ့ ဆန်းစစ်လေ့လာပြီးမှကျမ်းရှင်နဲ့ဖန်ဆင်းရှင်ဟာ အနှိုင်းမဲ့`တစ်´ဖြစ်ကြောင်း ၀န်ခံ ထောက်ခံစေပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ကို စာတွေ့ လက်တွေ့ စေစား ပွားများစေတာဖြစ်ပါတယ်။အဲဒီလိုဆန်းစစ်လေ့လာပြီး ယုံကြည်လက်ခံတယ်ဆိုရင် ကုရ်အာန်ကျမ်းစာဟာ အဲဒီယုံကြည်လက်ခံလာသူ (မွတ်စလင်မ်) အတွက်အမှားနဲ့ အမှန်ခွဲခြားတဲ့ မှတ်ကျောက် (ဖုရ်ကာန်အဖြစ် ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဲဒီကုရ်အာန်နဲ့ ဆန့်ကျင်တာမှန်သမျှ ယုံကြည်ခြင်း၊ ခံယူကျင့်သုံးခြင်း လုံးဝ ပြုပိုင်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် ကုရ်အာန်ဆိုတာ အစ္စလာမ့်ဘ၀ တည်ဆောက်မှုလည်းစဉ်အတွက် အစ္စလာမ့် တရားဥပဒေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၅ ၊ ၅း၄၄ ၊ ၁၃း၃၇)

    ကုရ်အာန်ဆိုတဲ့ကျမ်းစကုရ်အာန်ဆိုတဲ့ကျမ်းစာအမည်

    ကမ္ဘာ့ဘာသာရေး ကျမ်းစာအချို့ရဲ့ အမည်တွေဟာ သက်ဆိုင်ရာကျမ်းစာထမှဲာ မပါဘဲ လူတွေကအမည်ပေးမှည့်ခေါ်တာကို တွေ့ရပါလိမ့်မယ်။ ဥပမာ-သမ္မာကျမ်း (Bible) ဆိုတဲ့အမည်ဟာ သမ္မာကျမ်းထဲမှာ မပါပါဘူး။လူတွေက အမည်ပေး ခေါ်ဝေါ်နေခြင်းသာဖြစ်ပါတယ်။
    `ကုရ်အာန်´ ဆိုတဲ့ကျမ်းရဲ့အမည်ဟာ ကုရ်အာန် ကျမ်းစာထဲမှာအတိအလင်း ဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ-(ကုရ်အာန် ၂း၁၈၅ ၊ ၁၂း၂ ၊ ၅၄း၁၇) တွေမှာ ဖေါ်ပြထားပါတယ်။`ကုရ်အာန်’ ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ `ရေွး ချယ်စုစည်းခြင်း၊ အဖန်တလဲလရွဲတ်ဖတ် ခြင်း´ဆိုပြီးရပါတယ်။ ဆိုလိုတာကတော့ ကုရ်အာန်ကျမ်းစာထဲမှာ ကမ္ဘာ့ရှေးကျမ်းအသီးသီးရဲ့ အနှစ်သာရတွေ ကိုရွေးချယ်စုစည်း ဖော်ပြထားတဲ့အပြင် ရှင်ပြန်ထမြောက်ရမယ့် နေ့တိုင် ကြုံတွေ့ရမယ့် ရေးရာကိစ္စတွေ အတွက်ပြီးပြည့်စုံတဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့အတွက် လူသားတွေအနေနဲ့ ဘ၀လမ်းညွှန်အဖြစ် အဖန်တလဲလဲ ဖတ်ရွတ်လေ့လာနေရမယ့် ကျမ်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

    ကုရ်အာန်ကျမ်းစာတစ်အုပ်တည်းသာ မူရင်းအတိုင်းသန့်စင်စွာရှိနေခြင်း၏အံ့ဖွယ်

    ကုရ်အာန်ကျမ်းစာ မတိုင်မီကရရှိခဲ့တဲ့ ကမ္ဘာ့ဘာသာရေးကျမ်းစာအသီးသီးဟာ ဒီနေ့ဆိုရင်ကမ္ဘာပေါ်မှာ မူရင်းအတိုင်း မရှိကြတော့ပါဘူး။ တစ်ချို့ဆိုရင် မူရင်းဘာသာစကားနဲ့တောင် မရှိကြတော့ဘဲ တစ်ချို့ဆိုရင် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတွက် အဲဒီမူရင်းအတိုင်း မဟုတ်တော့တဲ့ကျမ်းကိုကိုင်ပြီး အကြွင်းမဲ့ပြီးပြည့်စုံတဲ့ သစ္စာတရားကို လေ့လာရှာဖွေဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ပါတယ်။ ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲချက်တွေ အမြောက်အများ ပေါ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ကုရ်အာန်ရဲ့ ထူးခြားချက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နှစ်ပေါင်း(၁၄၀၀) ကျော်ပြီဖြစ်ပေမဲ့မူရင်းအရဗီဘာသာစာပေနဲ့ မူရင်းအတိုင်း ၏သည် မရွေး ရှိနေခြင်းပဲဖြစ်ပါတယ်။

    ဘယ်နိုင်ငံက ဘယ်လူမျိုးပဲ ဖတ်ဖတ်၊အသံထွက်ဟာ အတူတူပဲဖြစ်ပါတယ်။ တစ်နိုင်ငံမှာအသံထွက်တစ်မျိုး ကွဲလွဲချက်မရှိတာကို နိုင်ငံ ပေါင်းစုံက ပါဝင်တဲ့ကမ္ဘာ့ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်ပြိုင်ပွဲတွေမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မူရင်းအတိုင်း သန့်စင်စွာရှိနေရတဲ့အကြောင်းကတော့–

    ၁။ တမန်တော်ချုပ်မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးနဗီတမန်တော်ချုပ်ဖြစ်ပြီး သူ့နောက်မှာနောက်ထပ်နဗီတမန်တော်အသစ်ပေါ်ထွန်းစရာမရှိတော့ခြင်း၊ ကုရ်အာန်ကျမ်းစာဟာ အလ္လာဟ့်ထံက နောက်ဆုံးလမ်းညွှန်ဖြစ်ပြီးနောက်ထပ်လမ်းညွှန်လာစရာမရှိတော့ခြင်းတို့ကြောင့် ကျမ်းရှင် အလ္လာဟ်ကိုယ်တိုင်က ကုရ်အာန်ကျမ်းစာကိုယိုယွင်းပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ထားတယ်လို့ အာမခံထားတဲ့အတွက် ဖြစ်ပါတယ်။ (ကုရ်အာန် ၁၅း၉)

    ၂။ ဒီအပြင်မွတ်စလင်မ်တွေအနေနဲ့ ကုရ်အာန်ကျမ်းစာကိုလက်တွေ့ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက် ခြင်းနည်းစနစ်သမိုင်းကို ကြည့်ရင် တမန်တော်ချုပ်မုဟမ္မဒ်(صلى اله عليه وسلم) ဆီကို ကုရ်အာန်ကျမ်းစာရဲ့ လမ်းညွှန်ချက်တွေကျရောက်လာတိုင်း တမန်တော်မြတ်(صلى اله عليه وسلم)ရဲ့ ကြီးကြပ်မှုနဲ့ စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းအပြင် လူအများကအလွတ်ကျက်မှတ်ပြီး စိတ်နှလုံးမှာ မှတ်တမ်းတင်ခြင်းကို တစ်ပြိုင်တည်း ပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီ့အပြင်မွတ်စလင်မ်တွေဟာ ကုရ်အာန်ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို မိမိတို့ရဲ့ နေ့စဉ်(၅)ကြိမ်ဆွလားသ် ၀တ်ပြုမှုမှာ နေ့စဉ်ဖတ်ရွတ် ဆင်ခြင်ခြင်း၊ ဟာဖိဇ်ွခေါ် ကုရ်အာန်ကျမ်းစာကို အစအဆုံး အလွတ်ကျက်မှတ် အာဂုံဆောင် သူများကမ္ဘာနဲ့အ၀ှမ်း နှစ်စဉ်မွေးထုတ်ပေးနေခြင်းနဲ့ မွတ်စလင်မ် ကျားမမရွေး အမြဲလိုလို ကုရ်အာန်ကို ရွတ်ဖတ်နေခြင်းတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ရှေးကျမ်းစာအသီးသီးကို ဒီလို ပီပီပြင်ပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကမ္ဘာပေါ်မှာ ကုရ်အာန်ကျမ်းစာကို ကမ္ဘာ့ဘာသာစကား အသီးသီးနဲ့ ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူတွေရဲ့ အရည်အသွေးအလိုက် အယူအဆ ကွဲလွဲချက်အချို့ ရှိနေပေမယ့် ဒီကွဲလွဲချက်တွေကို မှတ်ကျောက်တင် ဆန်းစစ်နိုင်ဖို့ အရဗီစာပေနဲ့ မူရင်းကုရ်အာန် ရှိနေခြင်းဟာ အစ္စလာမ်ရဲ့ ထူးခြားချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။

    ကုရ်အာန်၏အရဗီဘာသာစာပေ၏အံ့ဖွယ်

    ကမ္ဘာပေါ်မှာ အရဗီစကား ပြောတဲ့နိုင်ငံများစွာရှိနေပြိး ဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနေပေမယ့်ကုရ်အာန်ကျမ်းစာမှာ သုံးထားတဲ့ အရဗီစာပေကတော့ အားလုံးအတွက် စံနမူနာပြဲဖစ်ပါတယ်။ ဒီ့အပြင် အရဗီဘသာစကားဟာ မပြောပလောက်တဲ့ လူအနည်းငယ်သာ သုံးစွဲနေတဲ့ ဘာသာစကားအသေ (Dead Language)မျိုးလဲမဟုတ်ဘဲနဲ့ ကမ္ဘာ့လူအများစုသုံးစွဲနေတဲ့ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များသာမကဘဲ မွတ်စလင်မ်မဟုတ်သူများပါ သုံးစွဲနေပြီး အခုဆိုရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးမှာအာရဗီစာပေဌာန သီးခြားထားရှိနေပြီ ဖြစ်ပါတယ်။

    ဒါတင်မ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရုံးသုံးဘာသာစကား (၆) မျိုးအနက် အရဗီဟာ တစ်မျိုးအပါအ၀င်ဖြစ်နေပါပြီ။ဒီ့အပြင် ဒီနေ့ကမ္ဘာရဲ့ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ စာပေဝေါဟာရတွေကျယ်ပြန့်လာ ချိန်မှာအရဗီစာပေဟာ ခေတ်၊ စနစ်၊ အသိပညာရဲ့ လိုအပ်ချက်တွေကို အဆင့်မြင့်စာပေတစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ- ကမ္ဘာ့မွတ်စလင်မ်အဖွဲ့ချုပ် (ရာဗိသွဟ်) ကနေပြီး ဒီနေ့ ကမ္ဘာ့သိပ္ပံပညာရပ်အသီးသီးရဲ့ ကမ္ဘာကျော်ပါရဂူ (၁၄) ဦးကို နိုင်ငံအသီးသီးက ခေတ်ခေါ်ပြီး အရဗီကုရ်အာန်ကျမ်း မူရင်းနဲ့တမန်တော်မုဟမ္မဒ်သခင်(صلى الله عليه وسلم) သြ၀ါဒမှတ်တမ်းထဲက သက်ဆိုင်ရာ သိပ္ပံ၊ ၀ိဇ္ဇာ နည်းပညာဘာသာ ရပ်အလိုက်အချက်အလက်တွေကို ထုတ်ပေးပြီး လက်တွေ့ နောက်ဆုံးပေါ် ပညာတွေနဲ့ စမ်းသပ် စစ်ဆေးစေခဲ့တဲ့အခါသုတေသနအဆုံးမှာ ကမ္ဘာ့ပါရဂူအားလုံးက အရဗီကုရ်အာန်ကျမ်းနဲ့ တမန်တော်ရဲ့ သြ၀ါဒ မှတ်တမ်းတွေကိုခေတ်ရှေ့ပြေးနေတဲ့ အံ့ဖွယ်အဖြစ် ချီးကျူး ဂုဏ်ပြု ကြေငြာခဲ့ကြရပါတယ်။ သူတို့တွေရဲ့ ကုရ်အာန်အပေါ် သုတေသနနဲ့တွေ့ရှိချက်များကို This Is The Truth (သည်မှာသစ္စာတရားတည်း) ဆိုတဲ့စာအုပ်နဲ့ ဗွီဒိယို၊ ဗီစီဒီခွေများအဖြစ် ကမ္ဘာကိုဖြန့်ချိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပါရဂူ(၁၄) ဦးထဲမှာ(၁) ဦးကလွဲလို့ ကျန်သူတွေဟာ မွတ်စလင်မ်တွေမဟုတ်ကြပါဘူး။ အဲဒီအထဲက ယိုးဒယားက ပါမောက္ခ တာဂါစုမ်ကတော့ အစ္စလာမ်ကို လက်ခံလိုက်ကြောင်းကြေငြာသွားခဲပါတယ်။

    ကုရ်အာန်ကျမ်းစာဖွဲ့စည်းပုံ (မက္ကဟ်နှင့်မဒီနဟ်စူရဟ်)

    ကုရ်အာန်ကျမ်းစာဟာ မုဟမ္မဒ်သခင်(صلى الله عليه وسلم) သက်တော်(၄၀) ပြည့်တဲ့အခါ အာရေဗျဒေသ၊ မက္ကာဟ်မြို့ပြင်မှာရှိတဲ့ ဟီရာ လို့ခေါ်တဲ့ သုတေသန လှိုဏ်ဂူမှာ တရားဆင်ခြင်နေစဉ် အနိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ကကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် စတင် ထုတ်ပြန်ပို့ချခဲ့တာပါ။ အရဗီပြက္ခဒိန်အရတော့ ရမဒွန်လထဲမှာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ (၂၇) နေ့ညလို့ မှတ်တမ်းတင်ထား ကြပါတယ်။ အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ပို့ချတဲ့ ညကို ကဒရ်ညဥ့်(၀ါ) တိုင်းတာသတ်မှတ်တဲ့ညဥ့်လို့ အလ္လာဟ်က ဂုဏ်ပြုဖော်ပြ ထားပါတယ်။ (ကုရ်အာန်၉၆း၁-၆)။ ဆိုလိုတာက လူတစ်ဦးချင်းဖြစ်စေ၊ လူအဖွဲ့ အစည်းဖြစ်စေ သူတို့ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကံကြမ္မာကိုကုရ်အာန်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းတာသတ်မှတ် လိုက်လို့ဖြစ်ပါတယ်။ ဘယ်သူမဆို အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း ကျင့်သုံးနေထိုင်ရင် လောကီဘ၀ရော၊မတလွန်ဘ၀မှာပါ အောင်မြင်ငြိမ်းချမ်းမှု ရရှိမှာဖြစ်ပြီး ဘယ်သူမဆို အလ္လာဟ်ကိုငြင်းပယ်မယ်၊ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို ဆန့်ကျင်နေထိုင်မယ်ဆိုရင် လောကီနဲ့ တမလွန် နှစ်ဘ၀စလုံး ဆုံးရှုံး နစ်နာမှာဖြစ်ပါတယ်။

    အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ခြင်းနဲ့အတူ မုဟမ္မဒ်သခင်(صلى الله عليه وسلم)ကိုလည်း နဗီတမန်တော် တာဝန်ကို စတင်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မက္ကာဟ်မြို့(၁၃)နှစ်တာ တမန်တော်သက်တမ်း ကိုကြည့်ရင်ဖန်ဆင်းတာလည်းအလ္လာဟ်၊ ထိန်းသိမ်း စောင့်ရှောက် နေတာလည်း အလ္လာဟ်၊ တရားစီရင် စစ်ဆေးမှာလည်းအလ္လာဟ်ဆိုတဲ့ အလ္လာဟ်တစ်ပါးတည်းသာ အနှိုင်းမဲ့ကိုးကွယ်ရာဆိုတဲ့ (သောင်ဟီးဒ်)တရားကို ဟောကြားရတဲ့ အခါအလ္လာဟ်ကိုငြင်းသူတွေ၊ အလ္လာဟ်ကိုလက်ခံပေမယ့် အခြားတစ်စုံတစ်ရာ(နတ်)တွေနဲ့ နှိုင်းယှဉ်ကိုးကွယ် သူတွေကအပြင်းအထန် ဆန့်ကျင်မှုတွေ ခံခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက္ကာဟ်ကာလ ကုရ်အာန်အာယသ်လမ်းညွှန်တွေကိုကြည့်ရင် ယုံကြည်ချက် သန့်စင်ဖွံ့ဖြိုးရေး (Purity of Faith) ကိုဦးစားပေးထားတာကို တွေ့ရပါတယ်။ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတဲ့အတွက် ကျင့်စဉ်ခန်းတွေ များစွာမတွေ့ရပါဘူး။ ဒါပေမယ့် မဒီနဟ်ကာလ(၁၀)နှစ်ကိုကြည့်ရင်တော့ အစ္စလာမ့်နိုင်ငံတော် လွတ်လပ်စွာထူထောင်နိုင်ပြီး ဖြစ်တဲ့အတွက် ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး၊ စစ်နဲ့ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပြန်ကြားရေး၊ ဘာသာခြားနဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးစတဲ့ လမ်းညွှန်ဥပဒေတွေ၊ရုပ်နဲ့ စိတ်ဝိညာဉ် သန့်စင်ဖွံ့ဖြိုးရေးအတွက် ၀တ်ပြုတည်ဆောက်မှုဆိုင်ရာ ကျင့်စဉ်တွေစတဲ့ အစ္စလာမ့် တရားဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ ကုရ်အာန်အာယသ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ကုရ်အာန်ထဲမှာ ရုပ်နဲ့နာမ်၊ တစ်ဦးနဲ့အများ၊လောကီနဲ့ တမလွန် အားလုံးအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန် အားလုံးပါဝင်နေပါတယ်။

    တမန်တော်မြတ်(صلى الله عليه وسلم)ဟာ မဒီနဟ်ရောက်ပြီး(၈) နှစ်မြောက် (ဟစ်ဂျရီ-၈ခုနှစ်) မှာ မက္ကဟ်မြို့ကို ငြိမ်းချမ်းစွာအောင်နိုင်ပြီး မဒီနဟ်မြို့မှာပဲ စံမြန်း နေခဲ့ပါတယ်။ ဟစ်ဂျရီ(၁၀) ခုနှစ်မှာ နောက်ဆုံးဟဂ်ျ ကျင့်စဉ်ပြုပြီး (တမန်တော်မြတ်နောက်ဆုံး ဟဂ်ျပြုနေစဉ်မှာပဲ ကုရ်အာန်ရဲ့ နောက်ဆုံးအာယသ် (၅း၃) ကျရောက်ခဲ့ပါတယ်) နောက်အလ္လာဟ့်ကရုဏာတော် ခံယူကာ အလ္လာဟ်ထံ ပြန်ကြွသွားတော်မူခဲ့ပါတယ်။တမန်တော်မြတ်(صلى الله عليه وسلم)ရှိစဉ်ကတည်းက ကုရ်အာန်ကို ချက်ခြင်း စာဖြင့်မှတ်တမ်းတင်ခြင်း၊ အာဂုံဆောင်ကျက်မှတ်ခြင်းတို့နဲ့ မှတ်တမ်းတင်ခဲ့ ကြတဲ့အတွက် တမန်တော်မြတ်(صلى الله عليه وسلم)) မကွယ်လွန်ခင် ကတည်းက ကုရ်အာန်ကျမ်းမြတ် အစအဆုံးကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်က ကုရ်အာန်ကို တမန်တော်မြတ် ခေတ်လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်နဲ့အားလျော်စွာ ကုရ်အာန်အာယသ်တွေကို ချပေးခဲ့ပေမယ့် ပြီးပြည့်စုံသွားတဲ့အခါကျတော့ အဲဒီအစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ခေတ်တိုင်းအတွက် လမ်းညွှန်ဥပဒေအဖြစ် အသုံး ချနိုင်ဖို့လက်ရှိ အစီအစဉ်အတိုင်း တမန်တော်မြတ်(صلى الله عليه وسلم)) ကိုစီစဉ် စေခဲ့ပါတယ် ဒီ့အပြင် ကျပြီးသလောက် အာယသ်တွေကိုနှစ်စဉ်တမန်တော်မြတ်(صلى الله عليه وسلم)က ရမဒွါန်လရောက်ရင်` လက်ရှိအစီအစဉ်အတိုင်း ရွတ်ဖတ်ပြရပါတယ်။

    ဒါကြောင့်ကုရ်အာန်ကျမ်းစာမှာ စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄) ပုဒ်ပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီကို အာယသ်လို့ခေါ်တဲ့လမ်းညွှန်/သက်သေလက္ခဏာ စာကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ စူရဟ်ခေါ် ကဏ္ဍတစ်ခုချင်းဟာ အတိုအရှည်မတူကြပါဘူး။ ဥပမာ- အရှည်ဆုံးစူရဟ် အမှတ်-(၂)ဟာ အာယသ်လမ်းညွှန်ပေါင်း(၂၈၆) ပါဝင်ပြီး အတို ဆုံးစူရဟ်ကဏ္ဍအမှတ်(၁၀၈)မှာ အာယသ်လမ်းညွှန်ပေါင်း(၃) ကြောင်းသာပါဝင်ပါတယ်။

    ကုရ်အာန်အပေါ်သံသယရှိသူများကိုဖိတ်ခေါ်ချက်

    ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင် ကုရ်အာန်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို အခုလို လမ်းညွှန် ဖိတ် ခေါ်ထားပါတယ်။“ထို့အပြင် အကယ်၍ အသင်တို့သည် ငါ(အလ္လာဟ်) အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သောအရာ (ကုရ်အာန်)နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိခဲ့ကြပါလျှင် အသင်တို့သည် ယင်း(ကုရ်အာန်)နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ပုဒ်ကိုယူဆောင်လာကြကုန်လော့။

    ထို့အပြင် အသင်တို့သည် မှန်သောစကားကိုဆိုသူများဖြစ်ခြဲ့ကပါလျှင် (ယင်းသို့ယှဉ်ပြိုင်ကြရာတွင်) အလ္လာဟ်အရှင်မြတ်မှအပ အခြားယိုင်းပင်းကူညီမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။သို့သော်အသင်တို့သည် (ကုရ်အာန်ကျမ်းမြတ်နှင့်ယှဉ်ပြိုင်ခြင်းကို အတိတ်ကာလတွင်လည်း) မလုပ်နိုင်ခဲ့ကြ၊(မျက်မှောက်ကာလတွင်လည်း) လုပ်နိုင်ကြသည်လည်းမဟုတ်၊ (နောင်အနာဂတ်တွင်လည်း) အလျှင်း လုပ်နိုင်ကြဦးမည်မဟုတ်ချေ၊ သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးကို အသိထားကြလော့။ ယင်း၏ လောင်စာမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြပေမည်။ အမှန်တရားကို ငြင်းပယ်ကြသူတို့အတွက် အသင့်ပြင် ထားပြီးဖြစ်ချေသည်” (ကုရ်အာန် ၂း၂၃-၂၄)အခုကမ္ဘာပေါ်မှာ အရဗ်နိုင်ငံတွေထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ အရဗ်များစွာရှိနေကြပါတယ်။

    ဒီ့အပြင် ကမ္ဘာလူမျိုးအသီးသီးမှာ မွတ်စလင်မ်မဟုတ်ပေမယ့် အရဗီကျွမ်းကျင်သူ များစွာလည်း ရှိနေပါတယ်။ ဂျူးတွေဆို ရင်လည်းအရဗီအလွန် ကျွမ်းကျင်သူတွေရှိကြပါတယ်။ အနောက်တိုင်းတက္ကသိုလ်ကြီးတွေ၊ ရုရှားနိုင်ငံရဲ့မော်စကိုတက္ကသိုလ်တွေမှာ အရဗီလေ့လာရေးဌာနကြီးတွေလည်း သီးခြားဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကျမ်းစာရဲ့အခုဖော်ပြခဲ့တဲ့စိန်ခေါ်ချက်ကို တုန့်ပြန်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတဲ့အပြင် ကုရ်အာန်ကိုလေ့လာလိုက်ကြတဲ့သူတွေဟာ အမှန်တရားကိုသိမြင်ပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခြဲ့ကလို့ အခုဆိုရင် အစ္စလာမ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးပြန့်ပွားနေတဲ့ သာသနာလို့တောင် Jehovah Witness က ဖေါ်ညွှန်းနေပါ တယ်။

    အစ္စလာမ်ကို ရန်လိုနေကြတဲ့သူတွေအနေနဲ့ အစ္စလာမ်နဲ့ တမန်တော်မြတ်(صلى الله عليه وسلم)ကို မဟုတ်မမှန် လုပ်ကြံပြောဆိုရေးသားနေကြမယ့်အစား စာကြောင်း(၃)ကြောင်းလောက် ကုရ်အာန်န့ယှဲဉ်ပြီး ရေးပြနိုင်ရင် ပိုပြီးထိရောက်မှာပါ။ဒါပေမယ့် အလ္လာဟ်က ကတိပေးထားပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၂း၂၄၊ ၁၅း၉) ဒီအပြင်ကုရ်အာန် ရဲ့ အလင်းရောင်ဟာကမ္ဘာကို လွှမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။ အမှန်တရားမှာ အင်အားရှိပြီးသားဖြစ်ပါတယ်။ညီနောင်၊ ညီအစ်မများအနေနဲ့ ကျွန်တော်မကြာသေးခင်ကတင်ပြခဲ့တဲ့ “ကုရ်အာန်အပေါ်ထားရှိရမယ့်မွတ်စလင်မ်တို့၏တာဝန်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဤခေါင်းစဉ်ကို ယှဉ်တွဲလေ့လာပြီး ကုရ်အာန်ကို အပြည့်အ၀ ယုံကြည်ပါ။

    သဂ်ျဝီးဒ်ပညာနဲ့ စနစ်တကျ ရွတ်ဖတ်ပါ။ အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ လက်တွေ့လိုက်နာ ကျင့်သုံးပါ။အခြားသူများ သိအောင်လည်း ကုရ်အာန်ရဲ့ အသိပညာတွေကို ကာယ၊ ဥာဏ၊ ဓနနဲ့ ၀ိုင်းဝန်းကူညီ ဖြန့်ကြပါလို့တိုက်တွန်းရင်း အလ္လာဟ်က(၄) ကြိမ်မေးထားတဲ့ ဒီမေးခွန်းကို ဘ၀မှာ မသေခင်ဖြေဖို့ တိုက်တွန်း လိုက်ပါတယ်။“မုချဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူတစ်ဦးတစ်ယောက်ရှိပါ၏လော”။ (ကုရ်အာန် ၅၄း၁၇၊ ၅၄း၂၂၊ ၅၄း၃၂၊ ၅၄း၄၀)

    အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

  • မမေးလည်းဖြေ(၉)- အကပ္ပိယ အသားများ (သို့) မစားသင့် မစားအပ်သောအသားများ

    ဌေးလွင်ဦး

    ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များအနေဖြင့် ၀က်သား မစားသုံးသည့် ကိစ္စသည်လည်း- အဘယ်ကြောင့် မ စားသုံးရသနည်းဟု မကြာခဏ စောကြောခံရသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ကျမ္မာရေးရှုဒေါင့်- ဆေး ပညာရှုဒေါင့်မှ မည်သို့ ရှင်းပြစေကာမူ-၊ ဘ၀င်တကျ လက်ခံပေးနိုင်စွမ်း မရှိချေ။ ထိုသို့ ဖြစ်ရခြင်းမှာ သာသနာ ကိုယ်စီမှ ပြဌာန်းထားသော အကပ္ပ
ိယ အသားများ ကို မေ့လျှော့နေခြင်းကြောင့်သာ ဖြစ်သည်။

    သာသနာတိုင်းတွင် ဉာဏ်စဉ်တော်ဆောင် ပုဂ္ဂိုလ်များက နောက်လိုက် ဒကာများအား မစားသင့် မစားအပ်သော အကပ္ပိယ အသား ဟူ၍ တားမြစ်ထားမှုများ ရှိပေသည်။ ထိုအတွက် လူသားများ၏ စောဒကအား ပြန်လည် ဖြေ ကြားထားခြင်း မရှိချေ။ ထိုသာသနာ အား ယုံကြည်လက်ခံသူသည် ထိုသာသနာမှ ပြဌာန်းထားသော အကပ္ပိယ အသားများကို ရှောင်ကြည်ရမည်မှာ ၀တ္ထရား ဖြစ်ပေ သည်။ ထိုသို့ ရှောင်ကြဉ်ခြင်း အတွက် ထိုသာသနာမှ မ ဟုတ်သူ တစ်ဦးအနေဖြင့် ပုတ်ခတ်စော်ကားခြင်း၊ စေဒက တက်ခြင်းမှာ စိတ်ဓါတ်ရေးရာ မရင့်ကျက်သူ၊ မိမိ ဘက်ကို မိမိမကြည့်ဘဲလျှက် သူတစ်ပါးအား အပြစ်တင်စောသူသာ ဖြစ်တော့သည်။ ဤသို့ မဘွယ်မရာသော စိတ်ဓါတ်ရေးရာ အကုသိုလ်များ မသင့်ရစေရန် ကျွန်ုပ်တို့၏ ညီနောက် မြန်မာဗုဒ္ဓဘာသာဝင်တို့အား ပြောပြရ မည်မှာ ကျွန်ုပ်တို့၏  တာဝန်သာ ဖြစ်ပေသည်။

    ဗုဒ္ဓဘာသာဝင်များ အတွက် ကိုယ်တော်ဂေါတမ တားမြစ်ခဲ့သော အသားများမှာ လူ၊ ဆင်၊ မြင်း၊ ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ၊ အောင်း၊ မြွေ- အသားတို့ ဖြစ်သည်- (မဟာဝဂ္ဂ ၂၈၀၊ ၂၈၁)။ ထိုအသားများအား မစားရသည့် အ ကြောင်းများကို ပြော ဆိုစဉ်တွင် ယုတ္တိခိုင်မာသော အကြောင်းပြချက်များ မရှိချေ။ ဆင် သား- မြင်းသားကို မစား ရခြင်းမှာ ဆင်၊ မြင်းတို့သည် မင်းတို့၏ အသုံးအဆောင် ဖြစ်ခြင်းကြောင့် မင်းတို့ ငြိုငြင်နိုင်ခြင်းကြောင့် ဟုသာ ဆိုထားပေသည်။ ထိုအဖြေသည်လည်း ယုတ္တိဖြင့်ကြည့်လျှင် အားနည်းလှပေသည်။ အခြားသော အသားများ အတွက်မူ အကြောင်းပြချက် မရှိချေ။ မည်သို့ဆိုစေ- ယုတ္တိရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ- သူတို့ အတွက် အ ကပ္ပိယ အသားများဟု သတ်မှတ်ထားရာ အတွက် ရှောင်ကြဉ်ခြင်းအား ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင် များ မှ စောဒကတက်ခြင်း၊ ပုတ်ခတ်ခြင်း၊ သရော်ခြင်းများ မရှိချေ။

    အစ္စလာမ် သာသနာဝင်များ အတွက် အကပ္ပိယ အသားများ အဖြစ်ပြဌာန်းထားသော ခွာကွဲ၍ စားမြုံမပြန်သော အသား (၀က်သား) ဟူသည် ဗုဒ္ဓဘာသာများ အတွက် ပြဌာန်းထားသော ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ တို့၏ အ သားမျိုးနွယ်တွင် ပါဝင်သော အသား ဖြစ်ပေသည်။ အဆိုပါ သတ္တ၀ါများသည်လည်း ခွာကွဲလျှက် စားမြုံမပြန် သော သတ္တ၀ါများ ဖြစ်သည်။

    ဤသို့ ဆိုလျှင် ကိုယ်တော်ဂေါတမ အနေဖြင့် ၀က်သားကို အမည်နာမဖြင့် မတားမြစ်ခဲ့ဟု ဆိုဘွယ်ရှိပြန်သည်။ ထိုအတွက် စောဒကမှာ သက်သတ်လွတ်စားသော ခတ္တိယ မျိုးရိုးမှ ဖြစ်သော ကိုယ်တော် ဂေါတမသည် မစ္ဖျိမ ပဋိပဋာ လမ်းစဉ် အရ အသား၊ ငါး ၀တ္ထုများအား ဘုန်းပေးစားသောက်ရသော်လည်း ၀က်သား စားခဲ့သည်ဟူ သော အထောက်အထားမှာ အငြင်း ပွားဘွယ် ဖြစ်နေပြန်သည်။ အများစုကြီး လက်ခံစွဲကိုင်ထားသော– ကိုယ် တော် ဂေါတမသည် ပန်းတိမ်သည် စုန္ဒ ဆက်ကပ် လှုဒါန်းသည့် ၀က်ပျိုဖြူသားအား ဘုန်းပေးစားသုံး၍ သွေးဝမ်း သွားလျှက် ပရိနိဗ္ဗာန်ပြုခဲ့ရသည်– ဟူသော အထောက် အထားမှာ ရာနှုန်းပြည့် မှန်သည်ဟု မဆိုနိုင်ပေ။ ထို အ ဆိုမှ– ပန်းတိမ်သည် စုန္ဒ လှုဒါန်းသည့် ဆွမ်း (အစာ) ကို အဿီတိ ဟု ဖေါ်ပြ၍၊ ဆရာတော် ရှင်ဥက္ကဌက သူ ၏ ကန်တော့ပန်း စာအုပ်တွင် အဿီတိ ဆိုသည်မှာ မိုးဦးကျရာသီတွင် ပေါက်သော ၀က်နင်းမှို ဟုခေါ်သော မှို တစ်မျိုးဟု ဆိုထားပေသည်။ အလားတူ ရွှေကျင်ဂိုဏ်းကဲ့သို့ အခြားသော ဗုဒ္ဓသာသနာဂိုဏ်များကမူ အဿီတိ ကို မြောက်ဥ ဟု ဆိုပေသည်။ ပါဠိအဘိဓာန်များကို လိုက်ကြည့်လျှင် ၀က် သတ္တ၀ါကို သူကရ (နီပေါဘာသာ ဖြင့် စူကာရ်)၊ အသားကို မံသ (မာ့ဆ်)၊ ထိုနှစ်လုံးပေါင်း၍ ၀က်သားကို သူကရ-မံသ (စူကာရ်မာ့ဆ်) ဟု ခေါ်ပေ သည်။ ထိုသို့ဆိုလျှင် ဆရာတော် ရှင်ဥက္ကဌပြောသော အဿီတိ ဟူသည့် ဝေါဟာရသည် အဘိဓာန်အာဖြင့် ပိုမို နီးစပ်မှု ရှိပေသည်။ အဘိဓာန်တွင် မှိုသိမ် ကို အာသိတာ (နီပေါ ဘာသာဖြင့်- အာဆီးတ်) ဟု ခေါ်ကြောင်း တွေ့ ရ၍ အဿီတိ ဟူသည် အာသိတာ နှင့်သာ နီးစပ်လျှက် သူကရ-မံသ နှင့် ဆက်စပ်မှု အလှမ်းဝေးနေပေသည်။

    မည်သို့ဆိုစေ– ဘာသာတရားတိုင်းတွင် အကပ္ပိယ အသားဟူသည် ပြဌာန်းထားကြောင်း- ထို့အတွက် မိမိ သာ သနာမှ ပြဌာန်း ထားသော အကပ္ပိယ အသားများကို မေ့လျှော့နေလျှက် သူတစ်ပါးဘာသာမှ ပြဌာန်းထားသော အကပ္ပိယ အသားများ အား စောဒက တက်နေခြင်းမှာ မလျှော်ကန်ကြောင်း ကျွန်ုပ်တို့အနေဖြင့် ပြောဆိုရှင်းပြ လျှက် နားလည်မှု တည်ဆောက်ရမည်၊ အပြန်အလှန် လေးစား အသိအမှတ်ပြုပေးရမည်သာ ဖြစ်သည်။
    Dr Zakir Naik ဖြေဆိုထားသော အစ္စလာမ်သာသနာမှ ဝက်သားတားမြစ်မှုအကြောင်းဖတ်လိုလျှင် Click Here

  • မမေးလည်းဖြေ(၈)- ဗလီဝတ် ကျောင်းတော်နှင့် ဝတ်တက်နှိုးဆော်သံ ဆိုတာ ဘာလဲ?

    မမေးလည်းဖြေ(၈)- ဗလီဝတ် ကျောင်းတော်နှင့် ဝတ်တက်နှိုးဆော်သံ ဆိုတာ ဘာလဲ?

    ငြိမ်းချမ်းသူ

    မေး။    ။ မွတ်စ်လင်မ်တွေရဲ့ ဗလီကျောင်းတွေထဲမှာ ဘာတွေ ရှိလဲ။ ပြီးတော့ ဗလီကနေ နေ့တိုင်း ဘာသံတွေ   အော်နေကြတာလဲ။ ဘာတွေလုပ်ကြသလဲ။ ဗလီထဲကို ဘာသာခြားတွေ ဝင်လို့ တက်လို့ရလား။

    ဖြေ။     ။
    (၁) အဓိပ္ပါယ်
    “ဗလီ”ဟာ ဟိန္ဒီစကား “ပလ္လီ” မှဆင်းသက်လာပြီး အရဗီ ဘာသာစကား လိုဆိုရင်တော့ “မ(တ်)စ်ဂျိဒ်” ဖြစ်ပါတယ်။ တိုက်ရိုက် အဓိပ္ပါယ်က တော့ “အမိန့်နာခံတဲ့ နေရာ”ပါ။ ကိုးကွယ်ရာ အနှိုင်းမဲ့ အလ္လာဟ်ကို နာခံဝတ်ပြုကိုးကွယ်တဲ့ နေရာပါ။

    (၂) ဗလီဝတ်ကျောင်းတော်ထဲမှာ
    ပင်မဝတ်ပြုဆောင်၊ အမျိုးသမီးသီးသန့်ဝတ်ပြုဆောင်၊ ဝတ်တက်နှိုးဆော်စင်(မင်နရက်)၊ ဝတ်မပြုမှီ ကိုယ်လက်သန့်စင်(ဝဿူ)ကန်၊ ကျမ်းစာနှင့် ယဉ်ကျေးလိမ္မာ စာသင်ကျောင်း၊ ဝတ်ပြု ရှေ့ဆောင် ဆရာ(အီမာန်)နှင့် နိဗ္ဗာန်ဆော်(မုအ်ဇင်) မိသားစုတို့အတွက် အိမ်(သို့)အခန်း၊ နာရေးအတွက် ထမ်းစင်နှင့် နိဗ္ဗာန်ယာဉ်(အချို့မြို့ရွာများတွင်တော့ ရန်ပုံငွေအခက်အခဲအရ မရှိပါ)တို့ ရှိကြပါတယ်။

    (၃) ဝတ်တက်နှိုးဆော်သံ
    ဝတ်တက်နှိုးဆော်စင်မှ နိဗ္ဗာန်ဆော်က ကျောင်းတော်သို့လာရောက်ဝတ်ပြုကြရန် တစ်နေ့လျှင် ငါးကြိမ် နှိုးဆော် ပါသည်။ နှိုးဆော်သံမှာ – မြတ်ရှင်အလ္လာဟ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသည်(၄ကြိမ်)၊ မြတ်ရှင်အလ္လာဟ်မှအပ ကိုးကွယ်ရာ မရှိကြောင်း သက်သေခံပါ၏(၂ကြိမ်)၊ မုဟမ္မဒ်သခင်သည် မြတ်ရှင်အလ္လာဟ်၏ တမန်တော်ဖြစ်ကြောင်း သက်သေခံပါ၏(၂ကြိမ်)၊ ဝတ်ပြုရန် လာရောက်ကြလော့(၂ကြိမ်)၊ အောင်မြင်မှုဆီသို့ လာရောက်ကြလော့(၂ကြိမ်)၊ မြတ်ရှင်အလ္လာဟ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသည်(၂ကြိမ်)နှင့် မြတ်ရှင် အလ္လာဟ်မှအပ ကိုးကွယ်ရာ မရှိပါ(၁ကြိမ်)တို့ဖြစ်ပါသည်။ မြို့ရွာများတွင် ၎င်းနှိုးဆော်သံ ပျံ့လွင့်ကြားရခြင်းဖြင့် မကောင်းဆိုးဝါးနှင့် မာရ်နတ်(ရှိုက်တွာန်)များရန်မှ ကင်းဝေးပြီး မင်္ဂလာအဖြာဖြာကျရောက်ကြောင်း သွန်သင်ထားပါသည်။

    (၄) ဝတ်ပြုဆောင်

    ပင်မဝတ်ပြုဆောင်တွင် တရားဟောစင်မြင့်(မင်န်ဗရ်) တစ်ခုရှိပြီး ရှေ့ဆောင်ဆရာမှ ထိုစင်မြင့်ထက်မှနေ၍ သောကြာနေ့တိုင်းနှင့် ကျန်နေ့များတွင် အခါအားလျော်စွာ တရားဟောဆုံးမစကားပြောပါသည်။ ဝတ်ပြုဆောင် များမှာ အခန်းလွတ်များဖြစ်ကြပြီး ရှေ့ဆောင်နောက်မှ လိုက်၍ လူစုလူဝေးဖြင့်ဝတ်ပြုကြရန်အတွက်ဖြစ်ပါသည်။ ဝတ်ပြုမှုမှာ ကုရ်အာန်ကျမ်းမြတ်ပါ ပါဒတော်များ ရွတ်ဖတ်သရဇ္ဇယ်ခြင်း၊ ဆုတောင်းခြင်း၊ ဂုဏ်တော်တသခြင်းနှင့် မေတ္တာပို့သခြင်းများ ကို ရပ်ခြင်း၊ ဦးညွတ်ခြင်း၊ ထိုင်ခြင်းနှင့် ဦးချခြင်းအနေအထားများဖြင့် ပြုခြင်း ဖြစ်သည်။ ပုံမှန်နေ့စဉ် ငါးကြိမ်စုဝေး ဝတ်ပြုခြင်းအပြင် ဝတ်ပြုဆောင်များတွင် တစ်ဦးချင်းအလိုက် သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း တရားဆွေးနွေးခြင်း၊ ကျမ်းစာများဖတ်ရှုခြင်း၊ ဂုဏ်တော်တသခြင်း၊ တရားဆင်ခြင်ခြင်းနှင့် တရားထိုင်ခြင်း (မုရာကဗာ)၊ ရမဒွန်ဥပုသ်လမြတ်တွင် တရားစခန်းဝင်ခြင်း(အိသိကားဖ်)တို့ကိုလည်း ပြုလုပ်ကြပါသည်။ ဝတ်ပြုဆောင်ထဲတွင် ကုရ်အာန်ကျမ်းလာ ပါဒတော်များနှင့် တမန်တော်မြတ်၏ ဆုံးမစကားများကို ချိတ်ဆွဲထားလေ့ရှိသည်။ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဆုံးမစာများကိုလည်း ဝတ်ပြုသူတို့ ဖတ်မှတ်နိုင်ရန် စာအုပ်ဗီရိုများဖြင့် စီစဉ်ထားပေးသည်။

    (၅) ဝတ်ကျောင်းတော်ထဲတွင်
    သာရေးနာရေးကိစ္စများဖြစ်သော သေဆုံးသူအတွက် ဝတ်ပြုဆုတောင်းပေးခြင်း၊ လူမှုအရေးကိစ္စများနှင့်ပတ်သက်ပြီး အစ္စလာမ့်ဓမ္မသတ်မှူးများမှ ဆုံးဖြတ်မှုများပေးခြင်းနှင့် စေ့စပ်ကြောင်းလမ်းထိမ်းမြားခြင်း၊ နေ့ထူးညမြတ်များနှင့် ရမဒွန်ဥပုသ်လမြတ်တွင် အလှူအတန်းများလုပ်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ပါသည်။ အချို့ဝတ်ကျောင်းတော်များတွင် လူမှုဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်နှင့် ဆေးခန်းများတွဲဖက် ဖွင့်ထားခြင်း မျိုးလည်းရှိပါသည်။

    (၆) ဗလီဝတ်ကျောင်းတော်များနှင့် ဘာသာခြားညီနောင်များ

    အစ္စလာမ့်သင်ကြားမှုအရ ဟဂ်ျဘုရားဖူးရန်အတွက် သီးသန့်ဖြစ်သော ကာဘာကျောင်းတော်(မြင့်မြတ်မှုအရ သာလွန်သော်လည်း ကျန်ဝတ်ကျောင်းတော်များနည်းတူ အခန်းလွတ်ပင်ဖြစ်သည်)မှအပ ကျန်ဝတ်ကျောင်းတော်များ အားလုံးကို ဘာသာခြားညီနောင်များအနေဖြင့် ရည်ရွယ်ချက်ကောင်း(ဥပမာ- ဝတ်ကျောင်းတော်နှင့် ဝတ်ပြုမှုကို သိလို လေ့လာလိုခြင်းမျိုး)ဖြင့် ဝင်ရောက်နိုင်ပါသည်။ ဘာသာတရားတိုင်း လိုလိုတွင် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ ထွဋ်မြတ်အဆောက်အဦးများနှင့်ပတ်သက်၍ ရိုသေမှု စည်းမျဉ်းများ ရှိကြပါသည်။ အစ္စလာမ်တွင်လည်း ဗလီဝတ်ကျောင်းတော်များနှင့်ပတ်သက်၍ ရိုသေမှုဆိုင်ရာ စည်းများ(ဥပမာ- အစ္စလာမ့်တရားတော်က သတ်မှတ်ထားသည့် ကိုယ်သန့်စင်မှုရှိခြင်း၊ ဟီရိသြတပ္ပနှင့်အညီ လုံခြုံစွာ ဝတ်ဆင်ထားခြင်း၊ အမျိုးသားနှင့် အမျိုးသမီး မရောယှက်ခြင်းစသည်တို့)ရှိပါသည်။ ထိုစည်းများကို လိုက်နာနိုင်သော ဘာသာခြားမိတ်ဆွေများအနေဖြင့် မိမိညီနောင် မွတ်စ်လင်မ်နှင့်အတူ ဝတ်ကျောင်းတော်များသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ တမန်တော်မြတ်မုဟမ္မဒ်သခင် သက်တော်ထင်ရှားရှိစဉ် ခရစ်ယာန် သံအဖွဲ့လာရောက်စဉ် ဂုဏ်ပေးလက်ခံတွေ့ဆုံခဲ့ပြီး တမန်တော်မြတ် ဝတ်ကျောင်းတော်ထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့ပေသည်။ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဟိန္ဒူဘာသာဝင် ဂန္ဒီကြီးမှာ အစ္စလာမ့်အလင်းပြပုဂ္ဂိုလ်ကြီး မုဟမ္မဒ်သခင်ကို လေးစားလို့ပါဟုဆိုကာ သဖက်ပိုင်းလေးကို ပုခုံးတစ်ဖက် တင်ကာ ဗလီဝတ်ကျောင်းတော်များတွင် ရံဖန်ရံခါ လာရောက်ထိုင်နေတတ်သည်ကို သမိုင်းစိတ်ဝင်စားသူတိုင်း လေ့လာဖူးလိမ့်မည်။ ယနေ့သတင်းစာမျက်နှာများတွင်လည်း ဘာသာခြား နိုင်ငံခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များ မွတ်စ်လင်မ်အများစုရှိရာ နိုင်ငံများသို့  ချစ်ကြည်ရေးခရီးလာရောက်စဉ် ဗလီ ဝတ်ကျောင်းတော်များသို့ သွားရောက်သည်ကို တွေ့နေရပေသည်။

     

    ** ဗလီဝတ်ကျောင်းဆိုတာ အသေးစိပ်ဆောင်းပါးဖတ်လိုသူများအတွက်

  • မမေးလည်းဖြေ (၇) – နွားသတ်တာ ရက်စက်မှုတဲ့လား

    မမေးလည်းဖြေ (၇) – နွားသတ်တာ ရက်စက်မှုတဲ့လား

    ရေးသူ- သုတမောင်

    ဇူလိုင်-၂၄-၂၀၁၂

    ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာအပေါ် စော်ကားတိုက်ခိုက်မှုတွေမှာ သူတို့ ကုသိုလ်က နွားသတ်မှ ရတာလားလို့ ၊ အစ္စလာမ် ဘာသာဟာ ရက်စက်တဲ့ဘာသာလို့ ဆိုပြီး စွပ်စွဲတိုက်ခိုက်နေကြပါတယ်။

    ဘာကြောင့် နွားကိုသတ်တာလဲ၊ ဘာအတွက်လဲ၊ စတဲ့ မေးခွန်းတွေ မမေးတော့ပဲ မစဉ်းစားတော့ပဲ ကုလားကိုမုန်းတာနဲ့  ငါ့စကားနွားရ အပေါစား စကားလုံးတွေ အကြောင်းပြချက်မပါတဲ့ စွပ်စွဲချက်တွေနဲ့  ပြောချင်ရာပြောနေကြပါတယ်။ နှစ်ပေါင်း ၁၄၀၀ ကျော်တည်မြဲလာတဲ့ဘာသာ၊ ကမ္ဘာတ၀မ်းက လူ သန်း ၁၀၀၀ ကျော် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အခြေအမြစ်မရှိ၊ သဘာဝမကျတဲ့ဘာသာသဖွယ် ကချွတ်ကလွတ် အတွေးတွေနဲ့  မဆင်မခြင် မစဉ်းမစား ပြောနေကြပါတယ်။

    လူတွေဟာ အတွေးအခေါ် အဆင်အခြင်စွမ်းအား အမြင့်ဆုံးသတ္တ၀ါတွေဖြစ်တယ်။ အစ္စလာမ်ဘာသာဟာ သဘာဝမကျတဲ့၊ အခြေအမြစ်မရှိတဲ့ ဘာသာဆိုရင် နှစ်ပေါင်း ၁၄၀၀ ကျော် မတည်မြဲပါ။ လူသန်း ၁၀၀၀ ကျော် လည်း ကိုးကွယ်စရာအကြောင်းမရှိပါ။

    ဘာကြောင့် နွားသတ်တာလဲဆိုတာ မပြောခင် မေးခွန်းတခုမေးချင်ပါတယ်။ မွတ်စလင်မ်တွေကို နွားသတ်တယ်၊ ရက်စက်တယ်လို့  ပုတ်ခတ်နေ တဲ့ လူတွေအသားမစားဘူးလား။ သင့်လို အသားစားတဲ့လူမရှိရင် သားကောင်ကို သတ်စရာလိုမလား။ သတ်တဲ့လူက ရက်စက်တယ်ဆိုရင် စားတဲ့ လူက အဲ့ဒီ အသားကို ကိုယ့်အသွေး ကိုယ့်အသားထဲ ထည့်တာကျတော့ ပိုမဆိုးဘူးလား။ သတ္တိရှိရှိ ရဲရဲဖြေကြည့်ပါ။ အဓိကပြောချင်တာက အသားတော့စားတယ် အသားဖော်တာကိုတော့ ရက်စက်တယ်ထင်တဲ့ တလွဲအတွေးတွေပါ။

    (၁) တနှစ်တခါ အိဒ်ပွဲတော်မှာ သားကောင်သတ်တာရဲ့  အဓိကရည်ရွယ်ချက် ၏တခုက မရှိဆင်းရဲသားတွေအတွက် လှူဒါန်းခြင်းဖြစ်တယ်။ မမြင်ရတဲ့ ကုသိုလ်အတွက် အ ကြောင်းမဲ့ သူတပါး အသက်သတ်ခြင်းမဟုတ်ပါ။

    မြန်မာနိုင်ငံလို အသားငါးရှားပါးတဲ့နိုင်ငံတွေမှာ အသားငါးမစားနိုင်တဲ့ လူတွေ အများကြီးရှိတယ်။ ဥပမာ ထိုင်းလို နိုင်ငံတွေမှာ တရားမ၀င် ခိုးပြီး အလုပ်လုပ်နေရတဲ့ မြန်မာတွေအတွက် အသားမဆိုနှင့် ထမင်းတောင် နှပ်မမှန်ကြပါ။ အခုလို ဆင်းရဲတဲ့ နေရာတွေမှာ တနှစ်တခါ ပွဲလုပ်ပေးခြင်းဟာ အသားမ၀ယ်စားနိုင်တဲ့ လူတွေကို အသားစားရအောင် ဖန်တီးထားခြင်းပါ။

    ငွေတတ်နိုင်တဲ့လူတွေက သားကောင်ဝယ်ပြီး ဆင်းရဲတဲ့ လူတွေအသားငါးစားနိုင်အောင် လှူဒါန်းတဲ့ ကိစ္စ။ ရက်ရက်စက်စက် သတ်ဖြတ်ပြီး ပျော်ပါးတဲ့ ပွဲမဟုတ်ပါ။ ကိုယ်ပိုင်ငွေကို စွန့် ပြီး လိုအပ်တဲ့လူတွေအတွက် လှူတဲ့ အလှူဒါန။ မွတ်စလင်မ်အတွက်မှ မဟုတ် ဘာသာမတူတဲ့ လူတွေကိုပါ ပေးကမ်းတဲ့ အလှူ။ မုန်းတီးစိတ်ကဖုံးနေတော့ ဘာမှ မမြင်နိုင်တော့ဘဲ ထင်ရာတွေပြောနေကြတဲ့ လူတွေ သတင်းနဲ့ မီဒီယာကွန်ယက်က သတင်းကို ဆက်ပြီး ဖတ်ကြည့်ပါ။

    ကုရ်ဘာနီအိဒ်ပွဲတော် မဲဆောက်တွင် ကျင်းပ အလှူခံသူ တသောင်းခန့် လာကြ

    သီတာထွန်း။
    ဒီဇင်ဘာလ ၉ရက်၊ ၂၀၀၈ ခုနှစ်။

    ယမန်နေ့က ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအိဒ်ပွဲတော်ကို ထိုင်းနယ်စပ် မဲဆောက်မြို့ တွင် ကျင်းပရာ အလှူခံသူ တသောင်းခန့် လာရောက် ခဲ့ကြသည်။

    မဲဆောက်မြို့မှ အလှူရှင်များက အမဲသားများ ပေးဝေလှူဒါန်းကြသဖြင့် မြန်မာဖက်ခြမ်း မြ၀တီမြို့နှင့် ဒေသ တွင်းမှ လာရောက်အလှူခံသူများမှာ လူဦးရေ တသောင်းနီးပါးရှိပြီး ယခင်နှစ်ကထက် ပိုများသည်ဟု အလှူရှင် တဦးဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင် အစည်းအရုံး ဥက္ကဌ ဦီးတင်မောင်သက်က ပြောသည်။

    “လာတာ များတယ်၊ ကျနော်ထင်တယ်၊ အနည်းဆုံးဆို သောင်းနဲ့ရှိတယ်၊ ဒီနှစ်ပိုများ မယ်ထင်တယ်။ ”

    ယမန်နှစ်က မြန်မာဖက်ခြမ်း မြ၀တီမြို့မှ အလှူခံသူ(၂၀၀၀)ကျော်ခန့်သာ လာရောက် ခဲ့ကြသည်။

    မြ၀တီမြို့မှ လာရောက်သူ ကိုလှမောင်က “ အားလုံးအေးအေးဆေးဆေးပါပဲ၊ ပြည့်ပြည့်စုံစုံ လည်း ရသင့် သလောက် ရကြပါတယ်၊ စားဝတ်နေရေး လတ်တလောတော့ အဆင်ပြေသွား တာပေါ့၊ မိသားစုဘ၀ လည်း စားစားသောက်သောက် အဆင်ပြေသွားတာပေါ့။” ဟု ပြောသည်။

    မြန်မာဖက်ခြမ်းတွင် အမဲသားတပိသာလျှင် ကျပ်လေးထောင်ခန့်ရှိသဖြင့် အလှူခံရရှိ လာသော ပိုလျှံသည့် အသားများကို အသားဝယ်မစားနိုင်သည့် နီးစပ်ရာမိတ်ဆွေများကို ပြန်လည်ဝေငှသွားမည်ဟု ကိုလှမောင်က ဆက်ပြောသည်။

    မရှိဆင်းရဲသားများကို နှစ်စဉ် လှူဒါန်းရသည့်အတွက် ၀မ်းသာပီတိ ဖြစ်သည်ဟု ဦးတင်မောင်သက်က ပြော သည်။

    “ကျနော်တို့ရဲ့ တရားတော်ကလည်း အဓိကကတော့ မရှိဆင်းရဲသားကို မစားရမသောက်ရ တဲ့လူကို ပိုပြီးဦးစားပေးတဲ့ အနေအထားမှာရှိတယ်။ အဓိကကတော့ ဒီလှူဒါန်းမှုက မရှိ ဆင်းရဲသားကို ဦးစားပေးပြီးတော့ ကျနော်တို့လှူတာပဲလေ၊ သူတို့လာတယ်၊ မစားရတဲ့ လူလည်း စားရတယ်ဆိုတော့ ကျနော်တို့ သိပ်ဝမ်းသာတယ်။”

    အလှူပွဲတော်တွင် အစ္စလာမ် ဘာသာဝင်များအပြင် အခြား မရှိဆင်းရဲသား လာရောက်သူ အားလုံးကို နှစ်စဉ် ပေးကမ်းလှူဒါန်း လျှက်ရှိသည်။

    ကုရ်ဘာနီအိဒ်ပွဲတော်ကို ယခုလ (၈)ရက်နေ့မှ စတင်ကာ သုံးရက်တိတိမဲ ဆောက်မြို့တွင် ကျင်းပသွားမည် ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအိဒ်ပွဲတော်သည် ထိုင်းနိုင်ငံတွင် ယမန်နေ့က ကျရောက်ပြီး မြန်မာနိုင်ငံ တွင် ယနေ့ကျရောက်သည်။

    Source: http://www.nmg-news.com/nmg/news091208.html

    (၂) သားကောင်ကိုသတ်ပြီး ယစ်ပူဇော်ခြင်းမဟုတ်ပါ။ သောက်စားပျော်ပါးပစ်ခြင်းမဟုတ်ပါ။

    ဖော်ထားတဲ့အသားကို အိမ်အတွက် သတ်မှတ်ထား သလောက်သာယူပြီး အများစုကို လှူဒါန်းရပါတယ်။ တကယ်လို့  အဲ့ဒီ အကောင်တွေကို သတ်ပြီး ဖြုန်းတီးပြစ်တယ်ဆိုရင်တော့ လက်ခံစရာ အကြောင်းလုံးဝမရှိပါ။ ဒါပေမဲ့ အခုက ဈေးမှာ ၀ယ်ခြမ်းခြင်း ဆိုတာကို အလှုလက်ခံရရှိခြင်းနဲ့  အစားထိုးလိုက်တဲ့ သဘောပါပဲ။ ဒါကြောင့် ကုသိုလ်ရဲ့  အရင်းမြစ်က အကောင် ဖော် အသက်သေလို့ မဟုတ်ဘဲ မျှဝေလှူဒါန်းလို့  ပဲဖြစ်ပါတယ်။

    မွတ်စလင်မ်တွေရဲ့  လှူဒါန်းမှုကိုဒိန်းမတ်က ဝေလငါးသတ်ပွဲနဲ့  ယှဉ်ကြည့်ပါ။ ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ် ဝေလငါးသတ်ပွဲလုပ်လေ့ရှိတယ်။

    ဆင်းရဲသားတွေကိုလှူဒါန်းဖို့ မဟုတ်ဘူး။ အရွယ်ရောက်ပြီးတဲ့ ယောင်္ကျားလေးတွေ အရွယ်ရောက်ပြီးကြောင်းပြသတဲ့ပွဲဖြစ်တယ်။ လူငယ်တွေ လူငယ်အဖွဲ့ တွေ အများဆုံးပါကြတယ်။ အောက်က ဖော်ဝေါ့မေးကိုဆက်ဖတ်ပါ။ ကုလားပြောတာမှန်သမျှ လုပ်ကြံပြောတာဆိုတဲ့လူတွေ အတွက် ဖော်ဝေါ့မေးလ်မတိုင်ခင် youtube video အရင်ကြည့်ပါ။

    Forward Email:

    ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

    သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။
    လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။

    ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။

    ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။

    လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။

    သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။

    ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။

    ————————————————————————————————————–

    တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပဲ။ မွတ်စလင်တွေက ဘာကြောင့် အသားကိုမှ စားကြရတာလဲ။ဆိုတဲ့ အမေးကို ကမ္ဘာကျော်  Dr Zakir Naik ဖြေဆိုထားသော အဖြေကို ဖတ်လိုလျှင် Click Here

     

  • မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    ကျော်မိုးအောင်

    Photo Link – http://goo.gl/sxDvq

    အထက်ပါပုံကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များအပေါ် အထင်အမြင်လွဲနေရစေသည့် အဓိကလက်သည်တရားခံ မုသာဝါဒဖြန့်ဝေရာ၊ အမုန်းတရားကြီးထွားစရာတို့၏ ဇစ်မြစ် အမျိုးပြောက်မှာ စိုးကြောက်စရာ အပါအဝင် (တရားဝင်ထုတ်ဝေခြင်းမဟုတ်သော်လည်း အလွန်တွင်ကျယ်စွာ ပြန့်နှံ့သည့်) ဝါဒမှိုင်းတိုက် စာစဉ်များတွင် ဖတ်ခဲ့ရဖူးပါသည်။ ယခုအခါ Facebook နှင့် အခြား အင်တာနက်စာမျက်နှာများတွင် တွေ့လာရပြီ။ တစ်ဆင့် ပြန် share လုပ်သူဦးရေလည်း မနည်းမနော။

    အစ္စလာမ်ဘာသာဝင် မဟုတ်သူ သာမန် စာဖတ်သူတစ်ဦး ဖတ်မိပါက ကြက်သီးမွေးညင်းထောင်ထစရာ၊ မွတ်စလင်မ်ဆိုသူတွေက အလွန်ကြောက်စရာ သတ္တဝါများဟုပင် တထစ်ချ ယူမှတ်လိုက်ဖွယ်ရာ အနေအထားဖြစ်သည်။

    ဟစ်တလာက ပြောခဲ့ဖူးပါသည်။ အမှားတစ်ခုကို လူထုကြားမှာ ရဲရဲပြော၊ အကြိမ်ကြိမ်ပြော၊ စကာစက မယုံသူတွေတောင် တစ်ဖြည်းဖြည်း အမှန်ဟု ထင်လာလိမ့်မည်တဲ့။ အဆိုပါ စာအုပ် ထုတ်ဝေဖြန့်ချိသူတို့၏ လုပ်ရပ် အတော်ပင် အောင်မြင်ပါသည်။ မွတ်စလင်မ်ဆိုတာ ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာအဖြစ် မြင်နေကြသူတွေ မနည်းလှကြောင်း facebook နှင့် internet သုံးသူများမှတစ်ဆင့် တွေ့နေရပါသည်။ ကမ္ဘာ့နားလည်မှု လွဲမှားမှု အခံရဆုံး နံပါတ်(၁)သာသနာအဖြစ် အစ္စလာမ် ရှိနေရပါပြီ။

    အစ္စလာမ်ကတော့ သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။

    (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    အခြားအကြောင်းအရာတွေ မဆွေးနွေးမီ ပထမဆုံး အစ္စလာမ်ကို မည်သည်က အစစ်အမှန် ကိုယ်စားပြုသည်ဆိုသည်ကို ပြောလိုပါသည်။ အစ္စလာမ်၏ စစ်မှန်သော အဆုံးအမများကို (၁)ကျမ်းတော်မြတ်ကုရ်အာန်နှင့် (၂)ထိုကျမ်းမြတ်ကို လက်တွေ့အကောင်အထည်ဖော် သွန်သင်လမ်းညွှန်ထားသော မဟာတမန်တော်မြတ်၏ ပုံဖော်သွန်သင်ချက်များကသာလျင် ကိုယ်စားပြုပါသည်။ ထိုနှစ်ချက်ကို ဆန့်ကျင်သည့် အကြောင်းခြင်းရာတစ်ရပ်ကို မွတ်စလင်မ်အမည်ခံသူ တစ်သန်းက လက်မှတ်ထိုး ထုတ်ဝေပါစေ ထိုအကြောင်းအရာသည် အစ္စလာမ်ကို ကိုယ်စားမပြုပါ၊ ထိုလူတစ်သန်းနှင့်သာ ဆိုင်ပါမည်။

    ထို့အတွက်ကြောင့် အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့် ပတ်သက်၍ မည်သို့ ဆိုထားကြောင်း ဦးစွာ တင်ပြပါမည်။

    ဘာသာတရားများ တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။ မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာသနာနှင့်ကိုယ်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပါ။

    “ အသင် ပြောကြားပါလေ။

    အို (အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…

    ကျွန်ုပ်သည် သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။

    ထို့ပြင် သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြသူများ မဟုတ်ပေ။

    ထို့ပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ မဟုတ်ပေ။

    ထိုနည်းတုစွာ သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။

    စင်စစ်သော်ကား သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်။”

    (ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)

     ထိုသို့ ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီး ဖြစ်ပါသည်။

     “အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း တားမြစတော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။

    အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင် အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျင် မတရားသောသူများ  ဖြစ်ကြကုန်သတည်း။” 

    (ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)

    အစ္စလာမ့် အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလျူဒါန်းရန်၊ မကောင်းမှုမတရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။

    (ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)

    ဘာသာ မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင် ရှိပါသည်။

    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။ အများလူထု ၁၃နှစ်ကျော် နှိပ်စက်ညှင်းပမ်းသတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံ ရန်သူတို့ အရေးနိမ့်သွားချိန်တွင် အားလုံးတို့အား ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။ မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

    မတရားပြုမူခံနေရစဉ် မတရားမှုကို တွန်းလှန်ရာနိုင်စေဖို့ အင်အား လိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ အင်အားများကို ဖြည့်ဆည်းရသလို စိတ်ပိုင်းဆိုင်ရာ အင်အားကလည်း အင်မတန် အရေးကြီးလှသည်။ ရုပ်ကို စိတ်က ဦးဆောင်သည် မဟုတ်ပါလော။ ထိုသို့သော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အတွက် မိမိတို့ ယုံကြည် ကိုးကွယ်အားထားရာ အလ္လာဟ်အရှင်မြတ်ထံမှ ဆုပန်ကြရပါသည်။ အစ္စလာမ့် ဝတ်ပြုဆုတောင်းမှုတိုင်း၏ အဆုံးသတ်သည် မိမိဝဲယာရှိ အရာခပ်သိမ်း ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးခြင်းဖြစ်သည်။ မိမိတို့ အကြပ်အတည်း ကြုံတွေ့နေရပါက၊ မတရား ပြုမူခံနေရပါကလည်း မိမိတို့ကိုးကွယ်အားထားရာ ဘုရားသခင်ထံ တိုင်တည်ကာ ဆုပန်ကြသည်။ ထိုဆုတောင်း အပြည့်အစုံ အမှန်မှာ အောက်ပါအတိုင်းဖြစ်သည်။

    ဆုတောင်း အပြည့်အစုံ နှင့် အဓိပ္ပါယ်အမှန်

    နောက်တစ်ချက်က ထိုစာအုပ်တွင် ဖော်ပြထားသလို သောကြာနေ့ ဝတ်ပြုရာ၌ တောင်းသည့် ဆုတောင်းလည်း မဟုတ်ပါ။ သာမန်အားဖြင့် တောင်းဆိုလေ့ မရှိဘဲ မွတ်စလင်မ်ညီနောင်များ အတိဒုက္ခရောက်နေခိုက် အန္တရာယ်ပြုမည့် ရန်သူ ပြုသမျှ မနုရစေရန် အခိုက်အတန့် တောင်းသည့် ဆုမွန်သာဖြစ်ပါသည်။ သာမန် အများမွတ်စလင်မ်တို့ အလွတ်တောင်မရကြပါ။

    အေးချမ်းစွာ အတူလက်တွဲနေထိုင်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူ ဘာသာတူသူများအား ညီနောင်အဖြစ်လည်းကောင်း၊ ဘာသာမတူသူများအား ဝမ်းကွဲဆွေမျိုးရင်းချာအဖြစ်လည်းကောင်း၊ ဘာသာမဲ့တို့အား မိတ်ဆွေအဖြစ်လည်းကောင်း သဘောထားပါသည်။ ထိုသူတို့အားလုံးတို့အပေါ် ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကြရောက်ပါစေ။ ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေသား။

    ဘာသာမတူခြင်းကို ခုတုံးလုပ်လျက် လူ့ဘောင်အသိုင်းအဝိုင်း ပျက်စီးရာပျက်စီးကြောင်း၊ အမှောင့်ပယောဂလုပ် နှောက်ယှက်ဖျက်ဆီးနေသူများ၊ မတရားပြုမူကြသူများ၊ အဖျက်သမားများ၊ အကြောင်းမဲ့ အငြိုးထားနေကြသူများ၊ မကောင်းကြံနေကြသူများ၊ ဝါဒဖြန့်အမုန်းပွား ပဋိပက္ခဖြစ်စေကြသူများ (လူမျိုးဘာသာမရွေး) ပျက်သုဉ်းပါစေသား။

     

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။