စက်တင်ဘာ ၁၃၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံမှာ နှစ်ရာနဲ့ချီ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘာ့ကြောင့် မြန်မာနိုင်ငံသားအဖြစ် မသတ်မှတ်တာလဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က မေးခွန်းထုတ်လိုက်ပါတယ်။
Source – SBS

စက်တင်ဘာ ၁၃၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံမှာ နှစ်ရာနဲ့ချီ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘာ့ကြောင့် မြန်မာနိုင်ငံသားအဖြစ် မသတ်မှတ်တာလဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က မေးခွန်းထုတ်လိုက်ပါတယ်။
Source – SBS

စက်တင်ဘာ ၁၂၊ ၂၀၁၇
M-Media
– ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့အတွက် အိန္ဒိယအခြေစိုက် ‘ဆစ်ခ်’ ပရဟိတအဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားကို ရောက်ရှိလာပါတယ်။
လတ်တလော ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းလောက် ရှိနေပြီလို့ ကုလက ပြောကြားထားပါတယ်။
ဆစ်ခ်ဘာသာဝင်တွေ ဖွဲ့စည်းထားတဲ့ Khalsa Aid အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး အဖွဲ့ရဲ့ မန်းနေးဂျင်ဒါရိုက်တာ အမာရ်ပရစ်တ် ဆင်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေဟာ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
“လူ ၅ သောင်းလောက်ကို အကူအညီပေးဖို့အတွက် ကျွန်တော်တို့ပြင်ဆင်လာပါတယ်။ ဒါပေမယ့် လူက ၃ သိန်းကျော်လောက်ရှိနေတယ်။ သူတို့မှာ သောက်ရေ၊ အစားအစာ၊ အ၀တ်အထည်နဲ့ နေစရာနေရာတွေ မရှိကြပါဘူး။ ရတဲ့နေရာမှာ နေရတယ်။ မိုးရွာနေပေမယ့် ခိုးနားစရာ မရှိကြပါဘူး”
Khalsa Aid အဖွဲ့ဟာ ဒုက္ခသည်တွေ ရွက်ဖျက်တဲထိုး နေထိုင်နိုင်ဖို့အတွက် တာပေါ်လင်စတွေ၊ အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ပေးထားပါတယ်။
အမာရ်ပရစ်တ် ဆင်းက စခန်းတွေမှာ လူတွေ ပြည့်လျှံနေပြီး၊ ကလေးတွေကလည်း စားစရာမရှိတဲ့အတွက် တောင်းနေရကြောင်း၊ စခန်းမှာ နေရာမရတဲ့သူတွေက လမ်းဘေးမှာ ထိုင်ကာ အကူအညီပေးမယ့်သူကို မျှော်ကိုးနေရကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Khalsa Aid အကူအညီပေးရေးအဖွဲ့က နောက်ထပ် အုပ်စုတစ်စုဟာ လာမယ့်ရက်တွေမှာ တက်ခ်နက်ဖ်ဒေသကို လာရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီတွေ ထပ်ပေးဖို့ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
Ref: Indianexpress

စက်တင်ဘာ ၁၂၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဆိုးရွားလာတဲ့ အခြေအနေတွေအတွက် ကုလ လုံခြုံရေးကောင်စီ အစည်အးဝေး ထပ်လုပ်ဖို့ ဆွီဒင်နဲ့ ဗြိတိန်တို့က မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ဖြစ်ပေါ်လာတဲ့ ရခိုင်ပြည်နယ်အတွင်းက မတည်မငြိမ်မှုတွေအပေါ် ကမ္ဘာရဲ့ တုန့်ပြန်မှုက အခုရက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာပါတယ်။
ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်-ဟူစိန်က ဂျီနီဗာမှာ မနေ့ကပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ကိစ္စဟာ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရမှု ဥပမာ’ မျိုး ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်၊ ကိုယ့်ရွာတွေကို ကိုယ်တိုင် ဖျက်ဆီးတယ်လို့ မြန်မာအစိုးရရဲ့ လီဆယ်ပြောဆိုမှုတွေ ရပ်တန့်သင့်တယ်လို့လည်း ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကလည်း ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်ခံနေရတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး ရခိုင်ပြဿနာ ဖြစ်ပွားလာတဲ့တစ်လျှောက် ဘင်္ဂလားဒေ့ရှ်ရဲ့ အပြင်းထန်ဆုံး မှတ်ချက်လည်း ဖြစ်ပါတယ်။
မတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားတွေကို အစိုးရအစီအစဉ်နဲ့ ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။
ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ရောက်ရှိလာတဲ့ ရိုဟင်ဂျာပေါင်း ၂၇၀၀၀၀ လောက်ရှိတယ်လို့ ကုလ သတင်းထုတ်ပြန်ထားပါတယ်။
ဆွီဒင်နဲ့ ယူကေတို့ရဲ့ တောင်းဆိုမှုနဲ့ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကို မနက်ဖြန်မှာ ကျင်းပဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းက ဒီလိုအစည်းအဝေးမျိုးတစ်ခု ကျင်းပခဲ့ပေမယ့် တရားဝင် ထုတ်ပြန်ချက်တွေတော့ မပြုလုပ်ခဲ့ပါဘူး။
Ref: news.com.au, Aljazeera

စက်တင်ဘာ ၁၁၊ ၂၀၁၇
M-Media
– ဗုဒ္ဓမြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိမယ်ဆိုရင် ရခိုင်ပြည်နယ် မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို ကူညီဖေးမပေးမှာ ဖြစ်တယ်လို့ တိဘက်က နာမည်ကျော် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။
သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကြောင့် လူပါင်း ၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီး အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
နယ်မြေမတည်ငြိမ်မှုကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားတွေကိုတော့ အစိုးရက ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။
ရိုဟင်ဂျာ အရပ်သားတွေဟာ နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး အခုအချိန်အထိ ၃ သိန်းလောက် ရောက်ရှိနေတယ်လို့ ကုလက ပြောကြားထားပါတယ်။ အဲဒီ ဒုက္ခသည်တွေအတွက် အကူအညီတွေပေးအပ်ဖို့လည်း ကုလက နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က ဂျာနယ်လစ်တွေရဲ့ မေးမြန်းမှုမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားက “မွတ်စလင်တွေကို အရှက်ရစေတဲ့သူတွေအနေနဲ့ ဗုဒ္ဓမြတ်စွာကို သတိရသင့်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှား ရှိမယ်ဆိုရင် ဒုက္ခရောက်နေတဲ့ ဒီမွတ်စလင်တွေကို မုချ ကူညီဖေးမမှာပါ။ ဘုန်းကြီး ဒီလိုပဲ ခံစားရပါတယ်။ အရမ်းလည်း ၀မ်းနည်းမိပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
Ref: Telegraph

စက်တင်ဘာ ၁၀၊ ၂၀၁၇
M-Media

– ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအတွက် အကူအညီတွေ ပေးအပ်ကြဖို့ ကုလက နိုင်ငံတကာအသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၃ သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားဒေသကို ထွက်ပြေးလာကြတယ်လို့ ကုလက ပြောကြားထားပါတယ်။
ဆာလောင်မွတ်သိပ်မှုနဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေကြရတဲ့ ဒုက္ခသည်တွေ ၀င်ရောက်လာမှုဟာ ရပ်တန့်သွားမယ့် လက္ခဏာမျိုး မရှိဘဲ၊ အရင်က ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့လူတွေကို ကူညီနေတဲ့ အဖွဲ့တွေဟာ အင်အားမမျှ ဖြစ်နေတယ်လို့ ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ ကုလ ဌာနေကိုယ်စားလှယ် ရောဘတ် ၀ပ်ကင်က ဆိုပါတယ်။
“အိုးအိမ်တွေကို စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်ဖက်ကို လက်ဗလာနဲ့ ရောက်လာတဲ့ တော်တော်လေး အတိဒုက္ခရောက်နေကြတဲ့ သူတွေကို အရေးပေါ် ကူညီထောက်ပံ့မှုတွေ ပေးဖို့အတွက် ကော့ဇ်ဘဇားက အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ ရင်းမြစ်တွေ လိုအပ်နေပါတယ်”
လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ ၇၇ သန်းလောက် အရေးတကြီး လိုအပ်နေတယ်လို့လည်း ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
မငြိမ်သက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေထဲမှာ ရခိုင်တိုင်းရင်းသားတွေကိုတော့ အစိုးရက ကယ်ဆယ်ထားပြီး ရိုဟင်ဂျာတွေကတော့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေကြရတာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကူအညီပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေဟာ လွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာ လုပ်ငန်းတွေကို ရပ်ဆိုင်ထားရတာကြောင့် ပြည်သူတွေဟာ စားရေး၊ သောက်ရေးအတွက် တော်တော်လေး အခက်တွေ့နေကြပါတယ်။
Ref: Reuters