News @ M-Media

Tag: rakhine

  • သံတွဲ ကျီးကန်းရဲကျေးရွာ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီး

    သံတွဲ ကျီးကန်းရဲကျေးရွာ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီး

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ဇာဏီ

    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ
    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ

    သံတွဲမြို့နှင့် မိုင်(၂၀)ခန့်ကွာဝေးသည့် ကျီးကန်းရဲကျေးရွာအား ဒီနေ့ မနက် ၅း၄၀-နာရီခန့် အကြမ်းဖက်သမားများမှ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာရှိ အိမ်ခြေ ၁၉-လုံး ပျက်စီးသွားခဲ့ရပြီး ဗလီတစ်လုံးလည်း မီးရှို့ခံလိုက်ရပါတယ်။ အသက် ၅၀-၀န်းကျင်ခန့်ရှိ နှလုံးရောဂါဝေဒနာခံစားနေရသူ ဦးမနီလည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် နှလုံးသွေးတက်ကာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ယခုအခါ ကျီးကန်းရဲကျေးရွာသားများအနေနှင့် တောင်ပေါ်သို့တက်ကာ ပုန်းအောင်းနေကြကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

  • တိုင်းရင်းသား လူမျိုးစု များကိုပင် မကာကွယ်နိုင်သော ဥပဒေ

    အောက်တိုဘာ ၁၊ ၂၀၁၃
    M-Media
    ရေးသူ -မသိင်္ဂီကျော်

    3

    သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အခြေအနေများမှာ ငြိမ်သက်မှု မရှိဘဲ ပိုမို ဆိုးရွားလာနေခြင်းမှာ သံတွဲမြို့နေ အာဏာပိုင်များ၏ လျစ်လျူရှူနေမှုမှာ ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။

    သံတွဲမြို့တွင် နေထိုင်သော ကမန်တိုင်းရင်းသားများအတွက် များစွာ စိုးရိမ်ရသော်လည်း မည်သည့် အကူအညီမှ ပေးခွင့် မရှိ ဖြစ်နေပါသည်။ နိုင်ငံတော်မှ တိုင်းရင်းသားများအား ကာကွယ်မှု မပေးနိုင်ဘဲ လျစ်လျှူရှူ ထားသည်မှာ များစွာ စိတ်ထိခိုက်ဖွယ် ဖြစ်ပါသည်။

    ကမန် တိုင်းရင်းသားများမှာ နှစ်ကာလ ရှည်ကြာကပင် နေထိုင်လာသော လူမျိုးစု ဖြစ်သော်လည်း အာဏာပိုင်များမှာ မည်သည့် လုံ့ခြုံမှုမှ မပေးနိုင်ခြင်းမှာ တိုင်းရင်းသား လူမျိုးစု များအား နိုင်ငံတော်မှ ရက်စက်လွန်းသည်မှာ ထင်ရှားနေပါသည်။

    သံတွဲမြို့တွင် နေထိုင်သော ကမန်တိုင်းရင်းသားများမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူများ ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ ထိုတိုင်းရင်းသားများကို အန္တရာယ်ပြု အကြမ်းဖက်နေသော လူစုအား နိုင်ငံတော်၏ ဥပဒေဖြစ်ပင် မကာကွယ် ပေးနိုင် ဆိုသည်မှာ တရားဥပဒေသည် နိုင်ငံတော်မှ မပိုင်ပဲ မည်သူများ စိုးမိုးနေသနည်း။

    လူနှစ်ဦး အချင်းများခြင်းမှ စတင်ကာ မည်သည့် အပြစ် တစ်စုံတစ်ရာမှ မရှိသော လူအများ အသက် အိုးအိမ် စည်းစိမ် ဖျက်ဆီးခံရခြင်းမှာ အဓိပ္ပါယ် အလွန်တရာမှ ကင်းမဲ့လှပါသည်။

    ဓါတ်ပုံ အညွန်း- စက်တင်ဘာ ၃၀ ရက်နေ့တွင် သံတွဲမြို့မှ မွတ်စလင်မ် တဥိးနေအိမ် မီးရှို့ခံထားရပုံ

    ** မသိင်္ဂီကျော် M-Media သို့ ပေးပို့လာသော ဆောင်းပါးတိုဖြစ်ပါသည်။

  • သံတွဲမြို့ အကြမ်းဖက်မှုများအတွက် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ သမ္မတထံ စာပို့

    အောက်တိုဘာ ၁၊ ၂၀၁၃
    M-Media
    သုတ

    statement

    ရန်ကုန် ။ ။ သံတွဲမြို့တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ အား အမြန်ဆုံး ထိရောက်စွာ အရေးယူပေးရန်အတွက် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ နိုင်ငံတော် သမ္မတထံပန်ကြားလိုက်ကြောင်း သိရသည်။

    အဆိုပါ ပန်ကြားစာတွင် နိုင်ငံတော်တ၀န်း၌ ဘာသာရေးကို အကြောင်းပြု၍ ဆူပူအကြမ်းဖက်မှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့ရာ ယခုအခါ သံတွဲမြို့ ၀န်းကျင်တွင် ဖြစ်ပေါ်လျက်ရှိသော ဆူပူအကြမ်းဖက်မှုများကြောင့် အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များနှင့် အသက် အိုးအိမ်များ ဆုံးလျက်ရှိသည့်အတွက် နိုင်ငံတော်အ၀န်းရှိ လူနည်းစု အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၀မ်းနည်းကြေကွဲလျက် လုံခြုံမှုကင်းမဲ့မှု စိတ်ခံစားချက် စိုးရိမ်မှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးပေးရန်မှာ နိုင်ငံတော် အစိုးရအဖွဲ့တွင် အပြည့်အ၀ တာဝန်ရှိသည်ဖြစ်သောကြောင့် တရားဥ့ဒေ စိုးမိုးရေးကို အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်ပေးပါရန် အလေးအနက် ပန်ကြားကြောင်း ပါရှိသည်။

    ၎င်းစာကို ပြည်ထောင်စုဝန်ကြီး(ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်)၊ ပြည်ထောင်စုဝန်ကြီး (သာသရေးဝန်ကြီးဌာန၊ နေပြည်တော်)၊ ၀န်ကြီးချုပ် (ရခိုင်ပြည်နယ်အစိုးရအဖွဲ့)၊ ဥက္ကဋ္ဌ (တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ပြည်သူ့လွှတ်တော်)တို့သို့လည်း ပေးပို့ခဲ့ကြောင်း သိရသည်။

    မနေ့ကစတင်၍ သံတွဲမြို့အကြမ်းဖက်မှု စတင်ချိန်မှစ၍ ဘာသာရေးအဖွဲ့ကြီး အနေဖြင့် ပုဂ္ဂိုလ်ရေး သက်ဆိုင်ရာအဆင့်ဆင့်သို့ အကြောင်းကြား အသိပေးမှုများပြုလုပ်ခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင်မူ တရားဝင် အသိပေးစာ ထုတ်ပြန်၍ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

  • Rakhine State: လင်းသီရွာကို အကြမ်းဖက်သမားများ ပစ္စည်းလု၊ မီးရှို့နေ (၃း၄၀-နာရီ)

    Rakhine State: လင်းသီရွာကို အကြမ်းဖက်သမားများ ပစ္စည်းလု၊ မီးရှို့နေ (၃း၄၀-နာရီ)

    အောက်တိုလာ ၁၊ ၂၀၁၃
    M-Media
    ဇာဏီ

    သံတွဲမြို့ လင်းသီရွာကို လွန်ခဲ့သော ၁၀-မိနစ်ခန့်ကပဲ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ရွာအတွင်း အကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

    လင်းသီရွာတွင် အိမ်ခြေ ၂၀၀-ကျော်ရှိပြီး ၀င်ရောက်လာသော အကြမ်းဖက်သမားများမှာ အင်အားများလွန်းတာကြောင့် လင်းသီရွာသားများလည်း ပြန်လည် ခုခံမှု မပြုနိုင်ပဲ ရှိနေပါတယ်။

    အကြမ်းဖက်သမားများသည် ရွာတွင်းသို့ရောက်ရှိပြီး ဒေသခံများကို အိမ်တွင်းမှ ထွက်ခိုင်းကာ ပစ္စည်းများအား စိတ်ကြိုက်ယူဆောင်၍ ကားပေါ်သို့ တင်ယူနေပြီး အိမ်များကိုမူ မီးရှို့မှုများ ပြုလုပ်နေတယ်လို့ လင်းသီရွာမှ ပြောပါတယ်။

    စစ်တပ်ရှိနေသော်လည်း စစ်တပ်မှ ဟန့်တားခြင်းမရှိပဲ ဒီအတိုင်းသာ ရပ်ကြည့်နေတာကြောင့် တစ်ရွာလုံးက မွတ်စလင်မ်တွေ ကစဥ့်ကလျား ထွက်ပြေးနေကြရတယ်လို့ လင်းသီရွာခံနှင့် သံတွဲမြို့ခံတစ်ဦးမှ ဆိုပါတယ်။

    #Rakhine #Thandwe #Anti_Muslims_In_Myanmar

  • သံတွဲမြို့ သဗြုချိုင်တွင် အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာဖြင့် ဒေသခံ ရွာသားမွတ်စလင်မ် တစ်ဦးသေဆုံး

    သံတွဲမြို့ သဗြုချိုင်တွင် အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာဖြင့် ဒေသခံ ရွာသားမွတ်စလင်မ် တစ်ဦးသေဆုံး

    အောက်တိုဘာ၊ ၁
    M-Media
    KK

    သဗြုချိုင်မှာ ရခိုင်လူမျိုး အကြမ်းဖက်သူတွေ ဓါးနဲ့ခုတ်လို့ မွတ်စလင်မ် ၁-ယောက်သေဆုံးကြောင်းနှင့် သိရှိရပါသည်။  သဗြုချိုင်ရွာကို ယနေ့ မနက် လင်းအားကြီးတွင် ရခိုင်လူမျိုး အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒေသခံ ရွာသားများ ပြန်လည် ခုခံမှု့ကြောင့် ဆုတ်ခွာသွားပြီး နေလည်တွင် အင်အားအများအပြားဖြင့် ထပ်မံအကြမ်းဖက် မီးရှို့တိုက်ခိုက်မှုများ ထပ်မံပြုလုပ်တာဖြစ်ကြောင်း သတင်းရရှိပါသည်။

    မနက်ပိုင်းတိုက်ခိုက်မှုတွေ ပါဝင်သော အကြမ်းဖက်သမား (၃) ဦးကို ဖမ်းမိ၍ ရဲတပ်ဖွဲ့ကို အပ်နှံ့ခဲ့သော်လည်း အကြမ်းဖက်သမားများ ခြိမ်းခြောက်မှုကြောင့် ရဲစခန်းမှ အဆိုပါ အကြမ်းဖက်သမား (၃) ယောက်ကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

    အကြမ်းဖက် ရခိုင်လူအုပ်စုဘက်မှ  အသေအပျောက်စာရင်း မရှိဟု သိရပြီး  နှစ်ဘက် ဒဏ်ရာရမှုစာရင်းကိုတော့ အတည်မပြုနိုင်သေးကြောင်း သတင်းရရှိပါသည်။

    သံတွဲမြို့ဟာ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကတည်းက ဒေသခံ မွတ်စလင်မ် တို့၏ နေအိမ်များကို အကြမ်းဖက်မီးရှို့မှုများ ဖြစ်ပေါ်မှုကြောင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပေမယ့် ယခုလို လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပါသည်။