News @ M-Media

Tag: rakhine

  • ကျောက်ဖြူမြို့တွင် ဗလီဝတ်ကျောင်းအား အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့

    ကျောက်ဖြူမှာ ဖျက်ဆီးမှုဖြစ်ပြန်
    ================
    နိုဝင်ဘာ ၁၉ ၂၀၁၃
    RFA Burmese

    537040_737498562946183_2014362288_n

    နိုဝင်ဘာ ၁၈ ရက်နေ့ညက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်မှာ အစ္စလာမ်ဘာသာရေး အဆောက်အဦးတစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

    ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီဝင်းအတွင်းက ဘာသာရေးဝတ်ပြုကျောင်း ဖျက်ဆီးခံရတာလို့ ကျောက်ဖြုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ မနေ့ည ၁ဝ နာရီဝန်းကျင်မှာ လူအုပ်တစ်အုပ်ရောက်ရှိလာပြီး ဗလီထဲကို ဝင်ရောက်ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။ ဖျက်ဆီးခဲ့သူတွေနဲ့ ပတ်သက်ပြီး မည်သူမည်ဝါတွေမှန်း မသိရသေးကြောင်း၊ ပါဝင်ခဲ့သူတွေကို စုံစမ်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    ပြီးခဲ့တဲ့လကလည်း သံတွဲမြို့နဲ့ အနီးတဝိုက်မှာ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး၊ အကြမ်းဖက်မူတွေမှာ ပါဝင်ခဲ့သူ ၈ဝ ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    http://www.rfa.org/burmese/news/destroy-kyaukphyu-pali-11182013235625.html

  • စစ်တွေတွင် လူ(၅၀၀) ခွင့်ပြုမိန့်ဖြင့် လူ(၈၀,၀၀၀) ပါဝင်သည့် အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

    နိုဝင်ဘာ -၁၅ ၂၀၁၃
    M-Media
    မောင်ပုည

    Sittwe

    နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်ဖြင့် အကြမ်းဖက်ခံ ဒေသများသို့ လေ့လာရန် ရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ(၁၅) ရက်နေ့ သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြောင်းကို ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက ပြောကြားကြောင်း မဇ္ဈိမ သတင်းတွင် ဖော်ပြပါရှိသည်။

    အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ ၁၅ရက်က သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမ ကိုပြောတယ်။

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က “သူလည်း လာလေ့လာတာ ဒေသခံတွေလည်း သူ့တို့ဆန္ဒကို လွှတ်လပ်စွာ ထုတ်ဖော်တာ အဓိက,က ဆူဆူပူပူမလုပ်ဖို့လိုတယ်”ဟု မဇ္ဈိမ ဆက်လက်ဖော်ပြထားပါတယ်။

    ဒေသခံ မွတ်စလင်မ် အများစု နေအိမ်စွန့်ခွါပြီး ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်နေရသော ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အပြီး စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် အများစုတွင် လူ(၅)ဦးထက် ပိုပြီးမစုဝေးရန်နှင့် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄) ထုတ်ပြန်ထားပြီး ယနေ့တိုင် ရုပ်သိမ်းခြင်းမရှိသေးပေ။

    ယနေ့ပြုလုပ်သော ဆန္ဒပြပွဲခွင့်ပြုမိန့်တွင် ပါဝင်ဆန္ဒပြမည့် လူဦးရေ(၅၀၀) ဟု သာခွင့်ပြုထားသော်လည်း လူ(၈၀,၀၀၀) ကျော် ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။

  • လူ(၃) ဦးသေဆုံးခဲ့သည့် အဖြစ်အပျက် NGO တာဝန်ရှိ သူများ၏ ရှင်းလင်းချက်

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    NGO များ ဘက်လိုက်သည်ဟူသော စွပ်စွဲချက်နှင့် နောက်ဆုံးဖြစ်ပွားခဲ့သည့် လူ(၃) ဦးသေဆုံးခဲ့သည့် အဖြစ်အပျက် NGO တာဝန်ရှိသူများ၏ ရှင်းလင်းချက်

    Anti NGO

    ရခိုင်မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ NGO များ ထွက်ခွါသွားရန် လှုပ်ရှားမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး လူ(၃) ဦးသေဆုံးခဲ့ရသည့် လတ်တလော အဖြစ်အပျက် သတင်းများမှာ NGO တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်များနှင့် ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ပြည်နယ် အစိုးရ စွပ်စွဲချက်များ လွဲချော်နေတာ တွေ့ရှိရကြောင်းကို ဗီအိုအေ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်း တပုဒ်ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

    ဆင်တပ်မော်ကျေးရွာရဲ့ ပဋိပက္ခမှာ ဒဏ်ရာရတဲ့လူအချင်းချင်း၊ မွတ်စလင် ဒဏ်ရာရတဲ့သူတွေကိုတော့ MSF အဖွဲ့ စစ်တွေဆေးရုံကို ပို့ခဲ့ပြီး၊ ဒေသခံရခိုင်တွေကို ဆေးရုံမပို့ခဲ့ကြဘူးလို့ ဆိုပြီး ဒေသခံတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ၊ MSF အဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က စစ်တွေအခြေစိုက် တာဝန်ရှိသူတဦးဖြစ်တဲ့ Michele Tranite ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အခုလိုရှင်းပြခဲ့ပါတယ်။

    “ဒါမမှန်ပါဘူး။ စနေနေ့ကဖြစ်တာကို ရှင်းပြရမယ်ဆိုရင်တော့ ညနေ ၄နာရီခွဲလောက်မှာ မူစလင်တွေဘက်က ဖုန်းဆက်လာ ပါတယ်။ သေနတ်ဒဏ်ရာ ရတဲ့သူတချို့ရှိတယ်။ အရေးပေါ်အကူအညီတွေ လိုနေတယ်လို့ပြောပါတယ်။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရယူပြီး စပိဘုတ်နဲ့ဒဏ်ရာရသူသုံးယောက်ကို သယ်လာပြီး စစ်တွေဆေးရုံကိုပို့ပါတယ်။ အဲ့ဒီ့နေ့ ညနေမှာပဲ နောက်ထပ် ဒဏ်ရာရနေတဲ့ ရခိုင် အမျိုးသမီးနှစ်ယောက် ရှိတယ်လို့လည်း ကျနော်တို့သိရပါတယ်။ ကျနော်တို့ ဒီသတင်းရတဲ့အချိန်မှာ ဒီအမျိုးသမီးနှစ်ဦးက စစ်တွေဆေးရုံကိုရောက်နေပါပြီ။ ကျနော်တို့ ကြိုသိခဲ့ရတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တကယ်ပဲ အကူအညီပေးမှာပါ။ ကျနော်တို့ဟာ ကျန်းမာရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လူနာကိုမှ ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။

    မေး။ ။ “ဟုတ်ကဲ့။ ဒဏ်ရာရတဲ့လူနာတွေကို ဆေးရုံပို့တဲ့နေရာမှာ မွတ်စလင် ဘက်ကိုပဲ ဘက်လိုက်တယ် ဆိုပြီး ပြောနေတာတွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောလိုပါသလဲ။”

    ” ဒေသခံရခိုင်လူမျိုးတွေကြားမှာ ဒဏ်ရာရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ဘယ်သူကမှ အကြောင်းမကြားခဲ့ပါဘူး။ ဒေသခံတွေ ကရော၊ ဒေသခံအာဏာပိုင်တွေဘက်ကပါ မပြောခဲ့ပါဘူး။ ကျနော်တို့ကို အကြောင်းကြားခဲ့မယ်ဆိုရင်တော့ ၊ ကျနော်တို့အနေနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးသွားမှာဖြစ်သလို၊ ဆေးရုံကိုလည်း ပို့ဆောင်ပေးမယ်ဆိုတာ ကျနော့်အနေနဲ့ ကျိန်းသေပေါက် အာမခံရဲပါတယ်။ ကျနော်တို့ဟာ ကျန်းမာရေး အကူအညီပေးနေတဲ့အဖွဲ့ဖြစ်တာကြောင့် အရေးပေါ် ဘယ်လူနာကိုမဆို အကူအညီပေးသွားမှာဖြစ်ပါတယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ်ပါ။ မွတ်စလင်လား ရခိုင်လူမျိုးလား ဆိုတာကို ကျနော်တို့ မမေးပါဘူး။ ကျနော်တို့က ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးနေတာပါ။”

    မေး ။ ။ ” MSF အပါအဝင် ဒေသတွင်းမှာ လာပြီးတော့ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေဟာ မူစလင်တွေကိုပဲ အဖွဲ့အစည်းအတွင်း မှာ နေရာပေးတယ်လို့ပြောနေပါတယ်။ အဲ့တာတွေရော ဟုတ်ပါသလားခင်ဗျ။”

    “ကျနော်တို့ ရာထူးခန့်ထားမှုဟာ လုံးဝမျှတပါတယ်။ စစ်တွေက ဒေသခံတွေကို တခြားအဖွဲ့အစည်းတွေကပါ ခန့်ထားတဲ့အတွက် ရဖို့ခက်ခဲပါတယ်။ ဒါကြောင့် ကျနော်တို့ ဆေးဝန်ထမ်းအများစုကို ရန်ကုန်က ခန့်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင် ၈၀ က ၁၀၀ အထိ ကတော့ စစ်တွေက ခန့်ထားတဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ ဒီအထဲမှာ အကုန်လုံး မျှမျှတတ ခန့်ထားခြင်းဖြစ်ပါတယ်။”

    ဓါတ်ပုံရှင်းလင်းချက်- နိုဝင်ဘာ ၁ ရက်နေ့ (စနေနေ့) က လူ ၃ ဦးသေဆုံးခဲ့သော အကြမ်းဖက်မှုများ မတိုင်ခင် တပတ်အရင် အောက်တိုဘာ-၂၅ ရက်နေ့ ရက်စွဲဖြင့် စစ်တွေမြို့တွင် ဖြန့်ဝေသော NGO ဆန့်ကျင်ရေးလှုပ်ရှားမှု လက်ကမ်းစာစောင်

    Photo Credit- FB
    ကိုးကား- VOA(မြန်မာပိုင်း)

    အပြည့်အစုံဖတ်ရန် =>http://burmese.voanews.com/content/burmese-protesters-force-ngos-to-leave-town/1785800.html

  • “ လောင်မြိုက်နေဆဲ၊ ရခိုင် ” (ဆောင်းပါး- စည်သူအောင်မြင့်)

    မြန်မာတိုင်းမ် ဂျာနယ်၊ ၇-၁၁-၁၃။ စာ- ၁၀။
    ရေးသူ-စည်သူအောင်မြင့် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

    Photo- Zin Linn/asiancorrespondent.com
    Photo- Zin Linn/asiancorrespondent.com

    အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ ရခိုင်ပြည်နယ်နဲ့ ပါတ်သက်တဲ့ သတင်းတွေက စိတ်မချမ်းမြေ့စရာပါ။ ပေါက်တောဘက်မှာ ပဋိပက္ခတွေဖြစ်ပြီး နှစ်ဖက် လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။ ပေါက်တော ပဋိပက္ခအတွင်း ဒါဏ်ရာရလူနာတွေကို စစ်တွေဆေးရုံကို အမြန်သွားပို့တာနဲ့ ပါတ်သက်ပြီး မကျေနပ်လို့ ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ရခိုင်ပြည်နယ်ထဲက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဖြစ်ပွားခဲ့တာတွေနဲ့ ပါတ်သက်ပြီး ခေါ်ယူသတိပေးပါတယ်။ တစ်ပြိုင်နက်တည်း နိုဝင်ဘာ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပါတ်သက်ပြီး အဆိုတစ်ခု တင်ပါတယ်။ အဆိုကို နယ်စပ်ရေးရာ ဒုဝန်ကြီးက ပြန်ဖြေရှင်းပေးပြီးနောက် လွှတ်တော်က မှတ်တမ်းတင်ရုံ တင်ပါတယ်။ ဒါကို နောက်ကျပြီးမှ ထ ကန့်ကွက်တဲ့ ဘူးသီးတောင် အမတ် ဦးရွှေမောင်ကို လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက လုပ်ထုံးလုပ်နည်း မမှန်လို့ဆိုပြီး မှတ်တမ်းတင် သတိပေးပါတယ်။ အားလုံး စိတ်မချမ်းမြေ့စရာတွေ ချည်းပါပဲ။ လက်ရှိ ရခိုင်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ လွှတ်တော်ထဲမှာ ဘာတွေ ပြောဆိုနေကြသလဲ၊ ဒီ ပြသနာ ဘယ်လို ဖြေရှင်းရင်ကောင်းမလဲဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

    ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ဒီလိုပါ။ အစိုးရပိုင် သတင်းစာ နဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေ ဖော်ပြချက်အရ နိုဝင်ဘာ ၂ ရက်နေ့ နေ့ခင်း ၂ နာရီခွဲလောက်မှာ ပေါက်တော ဆင်တက်မော် တောင်ကြားမှာ အမျိုးသား အလောင်းတစ်လောင်း တွေ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒုက္ခသည် စခန်းကနေ တောင်ပေါ်တက် ၀ါးခုတ်ရင်းနဲ့ ပျောက်ဆုံးနေတယ်လို့ဆိုတဲ့ ဘင်္ဂလီ (၆) ယောက်ထဲက တစ်ယောက်ရဲ့ အလောင်းပဲ လို့ ဆိုပါတယ်။ အဲဒီအလောင်း တွေ့တာကနေ အစပြုပြီး ဆင်တက်မော် ကျေးရွာနဲ့ ဆင်တက်မော် (အထက်) ကျေးရွာကြားမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေ ဖြစ်ပါတယ်။ ဒီ လူစုလူဝေးကို လူစုခွဲဖို့ လုံခြုံရေးတပ်ဖွဲ့က ညွှန်ကြားတာ မလိုက်နာလို့ ဆိုပြီး ပစ်ခတ် လူစုခွဲတယ်လို့ ဆိုပါတယ်။ လုံခြုံရေးတွေရဲ့ ပစ်ခတ် လူစုခွဲမှုကြောင့် ဘင်္ဂလီ (၁) ယောက် နေရာတင် သေဆုံးပြီး ဒါဏ်ရာရသူ သုံးယောက်ကို အိုင်အင်န်ဂျီအို အဖွဲ့ တစ်ဖွဲ့က စပိဘုတ်နဲ့ စစ်တွေ ဆေးရုံ အမြန် ပို့ပေးတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အဲဒီ သုံးယောက်ထဲက တစ်ယောက် ထပ်ပြီး သေဆုံးပါတယ်။

    ညနေ ၃ နာရီ မိနစ် ၅၀ လောက်မှာ အဲဒီ ပဋိပက္ခ ဖြစ်ရာကနေ ရောက်လာတဲ့ လူ(၃) ယောက်က မြစ်ကမ်းစပ်မှာ ဂုံးရှာပြီး ပြန်လာတဲ့ ရခိုင်အမျိုးသမီး (၅) ယောက်ကို ၀င်ရောက် တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အမျိုးသမီး တစ်ယောက် သေဆုံးပြီး တစ်ယောက် ဆေးရုံ ရောက်ပါတယ်။

    အားလုံးစုပေါင်းလိုက်ရင် ဖြစ်စဉ်တွေအတွင်း သေဆုံးသူ ဘင်္ဂလီ (၃) ယောက်၊ ရခိုင်အမျိုးသမီး တစ်ယောက်၊ ဒါဏ်ရာရသူ ဘင်္ဂလီ (၂)ယောက် ရခိုင်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ သေဆုံးဒါဏ်ရာရ စာရင်းကလွဲပြီး နှစ်ဖက်ဖြစ်စဉ် အသေးစိတ်ကို နှစ်ဖက်စလုံးကနေ အတည်ပြုချက်တွေတော့ မရနိုင်ပါဘူး။ ဒါပေမယ့် အချိန်နဲ့ အခြေအနေကို ကြည့်ရင် ဖြစ်စဉ်ကို အကြမ်းဖျင်း သုံးသပ်နိုင်ပါတယ်။

    ပဋိပက္ခဟာ ဒီမှာတင် ပြီးမသွားပါဘူး။ ဒါဏ်ရာရတဲ့ ဘင်္ဂလီတွေကို စစ်တွေဆေးရုံ စပိဘုတ်နဲ့ ခေါ်သွားပြီး လက်မောင်းဒါဏ်ရာရတဲ့ ရခိုင်အမျိုးသမီးကို ခေါ်မသွားဘူး ဆိုတဲ့အတွက် ကူညီတဲ့ အိုင်အင်န်ဂျီအို အဖွဲ့ကို ရခိုင်ဒေသခံတွေက ကန့်ကွက်ကြပါတယ်။ နောက်ပိုင်း စစ်တွေဒေသခံတွေက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေ အားလုံး ထွက်သွားကြဖို့ အထိ ဆိုင်းဘုတ်ထောင် တောင်းဆိုတာ ရှိခဲ့ပါတယ်။

    အလားတူ နိုဝင်ဘာ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပါတ်သက်ပြီး အဆိုတစ်ခု တင်ပါတယ်။ ရခိုင်ပြည်နယ် နယ်စပ် တစ်ဖက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ အင်အား သိန်းဂဏန်းလောက်ရှိတဲ့ ဒုက္ခသည် အမည်ခံနေရာတွေမှာ အလုပ်လက်မဲ့ လူလတ်ပိုင်းအရွယ်တွေကို ရခိုင်ပြည်နယ်ကို တိုက်ခိုက်ဖို့ အင်အားစု တစ်ရပ်အဖြစ် အစွန်းရောက် အဖွဲ့တွေက အလုံးအရင်းနဲ့ ကူညီထောက်ပံ့မှုပြုလုပ် သိမ်းသွင်းပြီး သင်တန်းတွေ ဖွင့်လှစ် လေ့ကျင့်ပေးနေတယ်ဆိုတာကို သိရတဲ့အကြောင်း ပြောပါတယ်။ ( ဒါပေမယ့် ဒီအချက်အလက် ဘယ်က သိရတယ် ဆိုတာကိုတော့ ပြောဆို မသွားပါဘူး။ ) နောက် နှစ်ဖက် နိုင်ငံ အခြေအနေအရလည်း လုံခြုံရေး လျော့ရဲနေတဲ့ အခြေအနေ ဖြစ်နေတာကြောင့် “ရခိုင်ပြည်နယ်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဘူးသီးတောင်၊ မောင်တော ဒေသတွင် ဘက်စုံထောင့်စုံမှ ထိရောက်သော ပေါင်းစပ်ညှိနှိုင်းထားသည့် လုံခြုံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် သာလွန်ကောင်းမွန်သည့် အစီအမံများဖြင့် အမြန်ဆုံးချမှတ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ” အဆို တင်ပါတယ်။

    ဒီ အဆိုတင်တာနဲ့ ပါတ်သက်ပြီး ဘူးသီးတောင် အမတ် ဦးရွှေမောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေ တွေကို ကိုးကားပြီး “ ပြည်နယ်တစ်ခုအတွင်းမှာ လူမျိုးစုတစ်ခုကို နှိမ်ပြီး ခွဲခြားဆက်ဆံပြီး ထိုသို့ ဖိနှိပ်အုပ်ချုပ်စေလိုသော သဘောပါတဲ့ အဆိုတစ်ခုဟာ အမျိုးသား အကျိုးစီးပွားကို ရှေးရှုတဲ့ အဆိုတစ်ခု မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် မဆီလျော်သော အကြောင်းပြချက်များ၊ ခိုင်လုံသော အထောက်အထား မပါရှိတဲ့ ယူဆချက်များ၊ ဥပမာ အနောက်တံခါး ကျိုးနေပါတယ် ဆိုတာကို ခဏခဏ တင်ပြခြင်း၊ မီဒီယာတွင် ပြောခြင်း၊ အဆိုရှင်ဇ။် ပါတီမှ ထုတ်ဝေသော စာစောင်တွင် ရေးသားဖော်ပြခြင်း စတာတွေဟာ မသင့်တော်ပါကြောင်း၊ လူတစ်စု လူမျိုးစု တစ်စုရဲ့ အကျိုးကို ရှေးရှုပြီး တင်ပြချက်တွေဟာ ရခိုင်ပြည်နယ်ဇ။် အကျိုးစီးပွား၊ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို မဖြစ်စေနိုင်ပါ” ဆိုပြီး ပြန်လည် တင်ပြ ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဦးရွှေမောင်ရဲ့ တင်ပြချက်ဟာ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်း မမှန်တဲ့အတွက် ဥက္ကဌ သူရ ဦးရွှေမန်းက မှတ်တမ်းတင် သတိပေးတာ ခံရပါတယ်။

    ဒီအချက်အလက်တွေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေထဲမှာရော ဘင်္ဂလီတွေထဲမှာပါ အမုန်းတရားတွေ၊ ဒေါသမီးတောက် မီးလျှံတွေ တောက်လောင်နေတာ ထင်ထင်ရှားရှားကြီး မြင်နေရပါတယ်။ ဒီနည်းနဲ့ ရခိုင်ပြည်နယ်ကို အေးချမ်းတဲ့ စည်ပင်သာယာ ၀ ပြောပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ် တစ်ခုအဖြစ် တည်ဆောက်လို့ ရနိုင်ပါ့မလား ဆိုတာ စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။

    ဒီနေရာမှာ အကြိမ်ကြိမ် အထပ်ထပ် ပြောဆိုခဲ့ပြီးဖြစ်သလို ရခိုင်ပြည်နယ်က ဘင်္ဂလီတွေ ပြသနာဟာ ရခိုင်တိုင်းရင်းသားတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ အရာရာ လက်နက်နဲ့ ဖိနှိပ်ခံထားရတဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှု ခေတ်အဆက်ဆက်မှာ ရခိုင်တိုင်းရင်းသားတွေ ဘာမှ တတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ အခု ပြောပြောနေကြသလို မြန်မာနိုင်ငံသား မဟုတ်တဲ့ ဘယ်နိုင်ငံသားတွေလည်း ဆိုတာ အတည်မပြုနိုင်တဲ့ ဘင်္ဂလီတွေ မမှန်မကန်နည်းနဲ့ အမြောက်အများ ၀င်ရောက်လာခဲ့တယ် ဆိုရင် ဒီလို ဖြစ်လာတဲ့ကိစ္စ အရင် စစ်အစိုးရ အဆက်ဆက် တာဝန်ရှိသူတွေကပဲ လုံးလုံး တာဝန်ယူရမယ် ဖြစ်ပါတယ်။ လက်ရှိ အစိုးရနဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကနေ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရပါမယ်။

    ရခိုင်တိုင်းရင်းသားတွေ ဘင်္ဂလီတွေကို ဘာဖြစ်စေချင်ပါသလဲ။ ဘယ်လို ဖြစ်ချင်တဲ့ ဆန္ဒဖြစ်ပါစေ၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ နဲ့ နိုင်ငံတစ်နိုင်ငံက စောင့်ထိန်းရမယ့် အခြေခံ ကျင့်ဝတ်တွေအောက်ကနေပဲ အကောင်အထည် ဖော်ရပါမယ်။ ဘင်္ဂလီတွေကို မြန်မာ့မြေ၊ ရခိုင်မြေ ပေါ်ကနေ အပြီးအတိုင် ဖယ်ရှားချင်နေသလား၊ အဲလို လုပ်ဖို့ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နိုင်ငံတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ် အရ ဖြစ်နိုင်မလား စဉ်းစားချင့်ချိန်ရပါမယ်။ မဖြစ်နိုင်ရင် ဘယ်ပုံစံနဲ့ သူတို့ကို ထားမလဲ။ အခုကာလမှာရော နောင်အနာဂတ် ကာလမှာပါ ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရန်သူတွေဖြစ်လာအောင် တွန်းပို့မှာလား။ သူတို့ရဲ့ပညာသင်ကြားခွင့် အပါအ၀င် လူ့အခွင့်အရေးတွေ အားလုံး ရုပ်သိမ်းပြီး အသိဥာဏ်နည်းတဲ့ လူသားတွေ၊ အကြမ်းဖက်သမားတွေ ဖြစ်လာအောင် ဖန်တီးပေးမှာလား။ အသေအခြာ စဉ်းစားဖို့ လိုပါပြီ။ အထူးသဖြင့် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

    ဘင်္ဂလီတွေကို ဘယ်လို ပြုမူရင် ရခိုင်တိုင်းရင်းသားတွေ လုံခြုံမှုရှိရှိ နေထိုင်နိုင်မလဲ၊ ဘင်္ဂလီတွေကို ဘယ်လို သဘောထားရင် ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမလဲ လေးလေးနက်နက် စဉ်းစားနိုင်မှသာ လောင်မြိုက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ကျော်လွှားနိုင်ကြမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်

    Link=>https://www.facebook.com/sithu.aungmyint/posts/217972188385589

  • တောင်ပေါ် ထင်းခုတ်သွားသည့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး အသတ်ခံရ

    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media
    ဇာဏီ

    image-1383407027771-V

    ဆင်တပ်မှော် ။      ။           ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဆင်တပ်မှော် အကြမ်းဖက်ခံ ဒုက္ခသည်များ စခန်းမှ အသက် ၅၅-နှစ်အရွယ် ဦးအာလေအဟ်မာန်သည် တောင်ပေါ်ထင်းခုတ်သွားရာမှ လိုက်ရှာသည့်အခါ သူ၏ အလောင်းအား တောင်ပေါ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သဖြင့် သယ်ယူမြှုပ်နှံရန် စီစဉ်ရာ သယ်ယူခွင့်မရဟု သိရသည်။

    ဖြစ်စဉ်မှာ ယနေ့မနက် ၈-နာရီခန့်က ဆင်တပ်မှော်ရွာတွင် နေထိုင်နေသော  ဦးအာလေအဟ်မာန်၊ (၅၅-နှစ်)သည် သူ၏ ကလေးများနှင့် အတူ ထင်းခုတ်ရန် တောင်ပေါ်သို့သွားရာ ရခိုင် အကြမ်းဖက်သမားအချို့မှ ၀ိုင်းဝန်း ဖမ်းဆီးသဖြင့် ကလေးများမှ ထွက်ပြေးလာခဲ့ပြီး ရွာရှိ လူများအား ပြောသောကြောင့် လူအင်အားဖြင့် ၀ိုင်းဝန်း၍ ရှာဖွေကြရာ တောင်ပေါ်တွင် လက်နှင့် ခြေထောက်တို့အား ကြိုးတုတ်လျက် လည်ပင်းလှီးဖြတ်ခံထားရပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး သယ်ယူရန် လုပ်ဆောင်သော်လည်း ရခိုင်များနှင့် စစ်တပ်မှ သယ်ယူခွင့်မပြုသည့်အတွက် စစ်တပ်နှင့် စကားများရာမှ တဆင့် အခြေအတင် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်မှ သေနတ်ဖြင့် ပစ်သည့်အတွက် ရိုဟင်ဂျာ ၃-ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ NGO တစ်ခုမှ ခေါ်ဆောင်၍ စစ်တွေသို့ ပို့ဆောင်ထားကြောင်း၊ ယခုအခါ ရွာရှိ ရိုဟင်ဂျာ ဒေသခံများအား ပတ်ဝန်းကျင်ရှိ ရခိုင်ရွာများမှ ခြိမ်းခြောက်မှုများ ရှိလာသဖြင့် စိုးရိမ်နေကြောင်း၊ သိရသည်။

    ဆင်တပ်မှော်ရွာမှပင် အသက် ၃၅-နှစ်ဝန်းကျင်ခန့် ရိုဟင်ဂျာ အမျိုးသားတစ်ယောက်သည်လည်း တောင်ပေါ်သို့ ထင်းခုတ်သွားရာ ယခုအချိန်ထိ ပြန်မရောက်လာသဖြင့် သူသည်လည်း အသတ်ခံလိုက်ရပြီဟု ရွာသားများမှ သတ်မှတ်လိုက်ကြကြောင်း ဒေသခံများမှ ပြောပါသည်။