အောက်တိုလာ ၁၊ ၂၀၁၃
M-Media
ဇာဏီ
သံတွဲမြို့ လင်းသီရွာကို လွန်ခဲ့သော ၁၀-မိနစ်ခန့်ကပဲ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ရွာအတွင်း အကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။
လင်းသီရွာတွင် အိမ်ခြေ ၂၀၀-ကျော်ရှိပြီး ၀င်ရောက်လာသော အကြမ်းဖက်သမားများမှာ အင်အားများလွန်းတာကြောင့် လင်းသီရွာသားများလည်း ပြန်လည် ခုခံမှု မပြုနိုင်ပဲ ရှိနေပါတယ်။
အကြမ်းဖက်သမားများသည် ရွာတွင်းသို့ရောက်ရှိပြီး ဒေသခံများကို အိမ်တွင်းမှ ထွက်ခိုင်းကာ ပစ္စည်းများအား စိတ်ကြိုက်ယူဆောင်၍ ကားပေါ်သို့ တင်ယူနေပြီး အိမ်များကိုမူ မီးရှို့မှုများ ပြုလုပ်နေတယ်လို့ လင်းသီရွာမှ ပြောပါတယ်။
စစ်တပ်ရှိနေသော်လည်း စစ်တပ်မှ ဟန့်တားခြင်းမရှိပဲ ဒီအတိုင်းသာ ရပ်ကြည့်နေတာကြောင့် တစ်ရွာလုံးက မွတ်စလင်မ်တွေ ကစဥ့်ကလျား ထွက်ပြေးနေကြရတယ်လို့ လင်းသီရွာခံနှင့် သံတွဲမြို့ခံတစ်ဦးမှ ဆိုပါတယ်။
Leave a Reply
You must be logged in to post a comment.