News @ M-Media
Tag: Real Madrid
  • ဇီဒိန်း၏ ပထမဆုံး ပွဲအကြိုစကားကို ရီးယဲလ်ဂိုးသမား ထုတ်ဖော်
    ဇီဒိန်း၏ ပထမဆုံး ပွဲအကြိုစကားကို ရီးယဲလ်ဂိုးသမား ထုတ်ဖော်
    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media
    ဖငိညေန
    – ဇီဒိန်းမှာ ၎င်း၏ ပထမဆုံးပွဲမတိုင်ခင် ကစားသမားများအား စိတ်လျော့ထားရန်နှင့် ပျော်ရွှင်စွာနေကြရန် ပြောကြားခဲ့ပြီး ထိုမှတ်ချက်များက အသင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်ဟု ရီးယဲလ်ဂိုးသမား ကီလာနာဗက်စ်က ထုတ်ဖော်ပြောကြားခဲ့သည်။
    နည်းပြသစ်အဖြစ် ကိုင်တွယ်ပြီးနောက် ဘာနေဗျူးတွင် ဒီပို့တီဗိုအား ပထမဆုံး ဧည့်ခံကစားရသည့် ယမန်နေ့ လာလီဂါပွဲတွင် ဇီဒိန်းမှာ ရီးယဲလ်အား ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဝေဖန်မှုများ ခံနေရသည့် ဂါရက်ဘေးလ်မှာလည်း ထိုပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။ နာဗက်စ်ကမူ ကစားသမားများမှာ နည်းပြသစ်အပေါ် ယုံကြည်မှု ရှိလာခဲ့သည်ဟု ဖွင့်ဟခဲ့သည်။
    “သူက ကျွန်တော်တို့ကို စိတ်လျော့ထားဖို့၊ အကောင်းဆုံးအားထုတ်ဖို့၊ တက်ကြွနေဖို့ ပြောခဲ့ပါတယ်။ အလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့အတွက် ယုံကြည်မှုရှိဖို့၊ လူတိုင်းအလုပ်တွေကို အကောင်းဆုံးနည်းလမ်းနဲ့ လုပ်နိုင်အောင် ကြိုးစားဖို့ ကျွန်တော်တို့ အမြဲတမ်းလိုအပ်ပါတယ်။ ဇီဒိန်းက မန်နေဂျာတစ်ယောက်ပြောရမယ့် စကားကို ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့တယ်။ ကျွန်တော်လည်း အရေးကြီးတဲ့ clean sheet ရခဲ့ပါတယ်။ အသင်းအတွက် ကောင်းမွန်တဲ့ပွဲပါ” ဟု နာဗက်စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • ရီးယဲလ်နည်းပြသစ်အတွက် လူတိုင်းက စိတ်လှုပ်ရှားနေသည်ဟု အလွန်ဆိုပြော
    ရီးယဲလ်နည်းပြသစ်အတွက် လူတိုင်းက စိတ်လှုပ်ရှားနေသည်ဟု အလွန်ဆိုပြော
    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media
    xavi
    – အရန်အသင်းနည်းပြဖြစ်သူ ဇီဒိန်းကို ရီးယဲလ်က အသင်းကြီးနည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းမှာ လူတိုင်းကို စိတ်လှုပ်ရှားစေသည်ဟု ဘိုင်ယန်အသင်း၏ ရီးယဲလ်ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုက ပြောကြားလိုက်သည်။
    ဘင်နီတက်ဇ်အား အသင်းဥက္ကဌ ပီရက်ဇ်က ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်ကစားသမားဟောင်းဖြစ်သူ ဇီဒိန်းက နည်းပြသစ် ဖြစ်လာခြင်းဖြစ်ပြီး ထောက်ခံမှုများရှိသကဲ့သို့ ဝေဖန်မှုများလည်း ရှိနေသည်။ ရီးယဲလ်တွင် ၅ ရာသီကြာ ကစားခဲ့သည့် အလွန်ဆိုကမူ ဇီဒိန်အား ကံကောင်းစေရန် ဆုတောင်းပေးခဲ့သည်။
    “လူတိုင်းက ဒါနဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။ ကျွန်တော် သူ့ကို သိတယ်။ သူနဲ့လည်း ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ လက်ထောက်နည်းပြအဖြစ် သူနဲ့ဆုံခဲ့ပြီး ခရီးလမ်းအသစ်မှာ ကြီးကျယ်တဲ့အောင်မြင်မှု ရရှိပါစေလို့ ဆုတောင်းပါတယ်” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။
    ထို့ပြင် ၎င်းမှာ ဘိုင်ယန်နှင့်အတူ ချန်ပီယံလိဂ်ကို ရရှိချင်နေသည်။
    “ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ကို ကျွန်တော်ရချင်ပါတယ်။ အသင်းရဲ့လူစာရင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတာကို နှစ်သက်ပါတယ်”
    Ref : Goal
  • ရော်နယ်ဒိုနေရာအတွက် ဟယ်ရီကိန်းအား ရီးယဲလ်က မျက်စပစ်နေသည်ဟု သတင်းထွက်
    ရော်နယ်ဒိုနေရာအတွက် ဟယ်ရီကိန်းအား ရီးယဲလ်က မျက်စပစ်နေသည်ဟု သတင်းထွက်
    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media
    spur
    – အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို၏နေရာကို အစားထိုးရန်အတွက် ရီးယဲလ်မှာ စပါးအသင်းမှ ဟယ်ရီကိန်းအား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု Daily Telegraph က ဖော်ပြခဲ့သည်။
    အသက် ၃၀ အရွယ်ရှိ ရော်နယ်ဒိုမှာ ရီးယဲလ်နှင့် ဖလားလက်မဲ့ တစ်ရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ရီးယဲလ်နှင့် စပါးတို့မှာ တိုက်စစ်မှူး ဂါရက်ဘေးလ်နှင့် နောက်ခံလူ လူကာမိုဒရစ်တို့၏ အရောင်းအ၀ယ်နှင့်ပတ်သက်၍ ရင်းနှီးသော ဆက်ဆံရေးရှိနေသည်။
    စပါးအသင်း၏ အားထားရသည့် လူငယ်ကစားသမား ဟယ်ရီကိန်းမှာ ၂၀၁၅ ခုနှစ်အစောပိုင်းက အသင်းနှင့် စာချုပ်အသစ် ချုပ်ဆိုထားပြီး ယခုနှစ်ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများက ဖော်ပြကြသည်။
    Telegraph ကမူ ဘင်နီတက်ဇ်အား ထုတ်ပယ်ကာ ဇီဒိန်းအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် အသင်းအား ပြန်လည်တည်ဆောက်နေသည့် ရီးယဲလ်အတွက် ရော်နယ်ဒို၏ နေရာတွင် အစာထိုးရန် ဟယ်ရီကိန်းအား မျက်စပစ်နေသည်ဟု ဆိုသည်။
    Ref: Goal
  • ရီးယဲလ်အတွက် အားလုံးပေးဆပ်သွားမည်ဟု နည်းပြသစ် ဇီဒိန်းပြော
    ရီးယဲလ်အတွက် အားလုံးပေးဆပ်သွားမည်ဟု နည်းပြသစ် ဇီဒိန်းပြော
    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media
    zidane
    – ရီးယဲလ်အသင်း၏ နည်းပြသစ်အဖြစ် မိမိအား ခန့်အပ်မှုအတွက် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်အား ကျေးဇူးတင်သည်ဟု ဇီဒိန်းက ပြောကြားလိုက်ပြီး အသင်းအတွက် ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။
    အန်ဆယ်လော့တီအား ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာသည့် ဘင်နီတက်ဇ်မှာ အသင်းအား ကျေနပ်လောက်စရာ စွမ်းဆောင်မှုမျိုး ပြသရန် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် ယမန်နေ့တွင် ရာထူးမှ အထုတ်ခံခဲ့ရသည်။ ထို့နောက် ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က အရန်အသင်းနည်းပြဖြစ်သည့် ဇီနဒင်း ဇီဒိန်းအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်။
    “ဒီလိုကြီးကျယ်တဲ့အသင်းကို နည်းပြခွင့်ပေးတဲ့အတွက် အသင်းနဲ့ ဥက္ကဌတို့ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ဟာ ကျွန်တော့်အတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့ နေ့ပါပဲ။ အသင်းကစားသမားတစ်ယောက်အဖြစ် စာချုပ်ချုပ်ခံရတဲ့ အချိန်ကထက်ကို ပိုပါတယ်။ အသင်းအတွက် ကျွန်တော် အားလုံး ပေးဆပ်သွားမှာပါ” ဟု ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇီဒိန်းက ပြောကြားခဲ့သည်။
    ထို့ပြင် ၎င်း၏ ကြေငြာချက်တွင်လည်း ပထမဆုံး ရာသီမှာပင် အသင်းအတွက် ဆုဖလားများ ရယူပေးသွားမည်ဟုဆုံးဖြတ်ထားကြောင်း ဖော်ပြခဲ့သည်။
    Ref: Goal
  • ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ဇန်န၀ါရီ ၁၊ ၂၀၁၆
    M-Media
    ben
    – ပရိတ်သတ်များ၏ ဝေဖန်မှုများကို ခံနေရသည့် ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်က ၎င်းမှာ ပရိတ်သတ် တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားသွားမည်ဟု အခိုင်အမာ ပြောကြားလိုက်သည်။
    သို့သော်လည်း ဘင်နီတက်ဇ်ကမူ ၎င်း၏ နှစ်သစ်ကူစကားလက်ဆောင်တွင် ပရိတ်သတ်များအား ပြန်လည်တုန့်ပြ
    န်ခဲ့သည်။
    ”ရီးယဲလ်မက်ဒရစ် ပရိတ်သတ်အားလုံးဟာ သေချာမှုနဲ့ စိတ်အေးမှု ရှိရမှာဖြစ်ပြီး အဲဒီအတွက် ကျွန်တော်တို့
    အဆုံးစွန်ဆုံး နိုင်ပွဲတွေရရှိအောင် အလုပ်လုပ်သွားမှာပါ။ ပရိတ်သတ်တွေအတွက် ဆုဖလားတွေကို ကျွန်တော်တို့ အရယူပေးချင်ပြီး အဆုံးအထိ ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ဘင်နီတက်ဇ်က Marca သတ
    င်းစာသို့ ပြောကြားခဲ့သည်။
    Ref: Goal