ဇန်န၀ါရီ ၉၊ ၂၀၁၆
M-Media
– အရန်အသင်းနည်းပြဖြစ်သူ ဇီဒိန်းကို ရီးယဲလ်က အသင်းကြီးနည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းမှာ လူတိုင်းကို စိတ်လှုပ်ရှားစေသည်ဟု ဘိုင်ယန်အသင်း၏ ရီးယဲလ်ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုက ပြောကြားလိုက်သည်။
ဘင်နီတက်ဇ်အား အသင်းဥက္ကဌ ပီရက်ဇ်က ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်ကစားသမားဟောင်းဖြစ်သူ ဇီဒိန်းက နည်းပြသစ် ဖြစ်လာခြင်းဖြစ်ပြီး ထောက်ခံမှုများရှိသကဲ့သို့ ဝေဖန်မှုများလည်း ရှိနေသည်။ ရီးယဲလ်တွင် ၅ ရာသီကြာ ကစားခဲ့သည့် အလွန်ဆိုကမူ ဇီဒိန်အား ကံကောင်းစေရန် ဆုတောင်းပေးခဲ့သည်။
“လူတိုင်းက ဒါနဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။ ကျွန်တော် သူ့ကို သိတယ်။ သူနဲ့လည်း ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ လက်ထောက်နည်းပြအဖြစ် သူနဲ့ဆုံခဲ့ပြီး ခရီးလမ်းအသစ်မှာ ကြီးကျယ်တဲ့အောင်မြင်မှု ရရှိပါစေလို့ ဆုတောင်းပါတယ်” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းမှာ ဘိုင်ယန်နှင့်အတူ ချန်ပီယံလိဂ်ကို ရရှိချင်နေသည်။
“ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ကို ကျွန်တော်ရချင်ပါတယ်။ အသင်းရဲ့လူစာရင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတာကို နှစ်သက်ပါတယ်”
Ref : Goal


Leave a Reply
You must be logged in to post a comment.