News @ M-Media

Tag: Real Madrid

  • ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    ronaldo

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ထိပ်တန်းအဆင့်တွင် နောက်ထပ် ၃ နှစ် ဆက်ရှိနေမည်ဟု ရီးယဲလ်နည်းပြဟောင်း ဖေဘီယို ကာပယ်လိုက ပြောကြားလိုက်သည်။

    လာလီဂါပွဲစဉ် ၂၃ ပွဲကစားပြီးချိန်တွင် ရော်နယ်ဒိုမှာ ၁၉ ဂိုး သွင်းယူထားနိုင်ပြီး ထိုမှတ်တမ်းမှာ ၎င်း ရီးယဲလ်သို့ ရောက်ရှိပြီးနောက်ပိုင်းကတည်းက တင်ထားခဲ့သည့် ၁ ပွဲ ၁ ဂိုးနှုန်းအောက်ကို ရောက်ရှိသွားခြင်းဖြစ်သည်။ ယခုတစ်ပတ် ဂရာနာဒါအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ရော်နယ်ဒိုမှာ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုအချို့ကိုလည်း ခံခဲ့ရသည်။

    ကာပယ်လိုကမူ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည် ရော်နယ်ဒိုမှာ ခြေစွမ်းမကျဆင်းနိုင်သေးဟု မှတ်ချက်ပြုခဲ့သည်။

    “ရော်နယ်ဒိုဟာ ဘောလုံးလောကမှာ နောက်ထပ် ၃ နှစ်လောက် သာသာလေး ခြေစွမ်းပြနိုင်ပါတယ်။ အတွေ့အကြုံတွေလည်း ထပ်ရမှာပါ။ သူ့ကိုယ့်သူ တော်တော်လေးဂရုစိုက်ပြီး ၃၄ နှစ်လောက်အထိ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူ့လို့ ဂိုးသွင်းစက်မျိုး ရှာဖို့ဆိုတာ မလွယ်ပါဘူး” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    ထို့ပြင် လက်ရှိနည်းပြသစ် ဇီဒိန်းမှာ အောင်မြင်မှု ရရှိနိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒိုနှင့်မက်ဆီတို့ ၂ ဦးပေါင်း ဂိုး ၁၀၀၀ ပြည့်ပြီ

    ရော်နယ်ဒိုနှင့်မက်ဆီတို့ ၂ ဦးပေါင်း ဂိုး ၁၀၀၀ ပြည့်ပြီ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    rnd

    – ယမန်နေ့က အက်သလက်တီကိုနှင့် ကစားခဲ့သည့်ပွဲတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းနှင့် ရော်နယ်ဒိုတို့ နှစ်ဦး၏ စုစုပေါင်း သွင်းဂိုးမှာ ၁၀၀၀ အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

    ထိုပွဲတွင် မက်ဆီမှာ အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ကာ ထိုဂိုးမှာ ဘာစီလိုနာအတွက် ၎င်း၏ ၄၃၃ ဂိုးမြောက်ဖြစ်ပြီး နိုင်ငံအသင်းအတွက် သွင်းယူခဲ့သည့်ဂိုးများကိုပါ ထည့်သွင်းတွက်ချက်ပါက ၄၈၂ ဂိုး ရှိခဲ့ပြီဖြစ်သည်။ ရော်နယ်ဒိုကမူ စပို့တင်းလစ္စဘွန်း၊ မန်ယူနှင့် ရီးယဲလ်တို့တွင် စုစုပေါင်း သွင်းယူခဲ့သည့် ဂိုးပေါင်း ၄၆၃ ဂိုးရှိပြီး နိုင်ငံအသင်းအတွက် ၅၅ ဂိုး သွင်းယူပေးထားသောကြောင့် စုစုပေါင်း ၅၁၈ ဂိုး ရှိသည်။

    ထို့ကြောင့် ၎င်းတို့နှစ်ဦးပေါင်းဂိုးများကို စုပေါင်းတွက်ချက်ပါက ဂိုးပေါင်း ၁၀၀၀ ပြည့်မြောက်သွားပြီဖြစ်သည်။ ကမ္ဘာ့ဘောလုံးလောကတွင် ပြိုင်ဘက်များဖြစ်သည့် ၎င်းတို့နှစ်ဦးကြားတွင် သွင်းဂိုးအရေအတွက်၌ ရော်နယ်ဒိုက သာလွန်သော်လည်း ကလပ်အသင်းနှင့် ဆုဖလားရရှိမှုတွင်မူ မက်ဆီက ပိုမိုသာလွန်နေသည်။

    မက်ဆီမှာ ယခုလအစောပိုင်းကလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၅ ကြိမ်မြောက် ရရှိခဲ့ပြီး ရော်နယ်ဒိုကမူ ၃ ကြိမ်သာ ရရှိထားသည်။

    Ref: ESPNfc

  • ဇီဒိန်းမှာ ရီးယဲလ်နှင့် မည်သည့်အောင်မြင်မှုမှ ရမည်မဟုတ်ဟု ဘာကာနောက်ခံလူ ဆို

    ဇီဒိန်းမှာ ရီးယဲလ်နှင့် မည်သည့်အောင်မြင်မှုမှ ရမည်မဟုတ်ဟု ဘာကာနောက်ခံလူ ဆို

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    zidane

    – မိမိမှာ ဇီဒိန်း၏ ပရိတ်သတ်ဖြစ်သော်လည်း ရီးယဲလ်နည်းပြအဖြစ်နှင့် ဇီဒိန်းမှာ မည်သည့်အောင်မြင်မှုမှ ရရှိမည်မဟုတ်ဟု ဘာစီလိုနာအသင်း၏ နောက်ခံလူ ဗီဒယ်လ်က ပြောကြားလိုက်သည်။

    ကစားသမားဘ၀တွင် ရီးယဲလ်နှင့် အောင်မြင်မှုသရဖူများ အကြိမ်ကြိမ်ဆောင်းနိုင်ခဲ့သည့် ဇီဒိန်းမှာ ဘင်နီတက်ဇ်အားအသင်းက ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်နည်းပြသစ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးလိဂ်ပွဲတွင်လည်း ဒီပို့တီဗိုအား ၅ ဂိုးပြတ်ဖြင့်အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ဗီဒယ်ကမူ ဇီဒိန်းမှာ အောင်မြင်မည်မဟုတ်ဟု ဆိုသည်။

    “အစကောင်းတယ်လို့တော့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် ရာသီကုန်မှာတော့ ဆုဖလားတွေကို လက်လွှတ်ရပါလိမ့်မယ်။ ကျွန်တော်က ထာဝရ ဇီဒိန်းပရိတ်သတ်ပါ။ ဒါပေမယ့် သူဘာဖလားမှ ရမှာမဟုaတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အခု အချိန်မှာသူဟာ ကံကောင်းနိုင်မယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး” ဟု ဗီဒယ်လ်က ပြောကြားခဲ့သည်။

    Ref: Goal

  • နေးမာကို ရီးယဲလ်သို့ခေါ်ယူမည်ဟု ရော်ဘတ်တိုကားလို့စ်ပြော

    နေးမာကို ရီးယဲလ်သို့ခေါ်ယူမည်ဟု ရော်ဘတ်တိုကားလို့စ်ပြော

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    neymar

    – နေးမာမှာ အနာဂတ်တွင် ရီးယဲလ်အသင်း၏ဂျာစီကို ၀တ်ရဖွယ်ရှိနေပြီး မိမိအနေဖြင့် ၎င်းအား ရီးယဲလ်သို့ ခေါ်ယူနိုင်မည်ဟု နောက်ခံလူဟောင်း ရော်ဘတ်တိုကားလို့စ်က ပြောကြားလိုက်သည်။

    အသက် ၄၂ နှစ်အရွယ်ရှိ ဘရာဇီးနောက်ခံလူဟောင်း ကားလို့စ်က မိမိမှာ ရီးယဲလ်၏ အုပ်ချုပ်မှုပိုင်းသို့ ပြန်လာရန် ဆွေးနွေးနေသည်ဟု မကြာသေးမီက ဖွင့်ဟထားသည်။ ၎င်းရောက်ရှိပါက အနာဂတ်တွင် တစ်နိုင်ငံတည်းသားနေးမာအား ခေါ်ယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ကားလို့စ်မှာ ရီးယဲလ်၌ ၁၁ နှစ်ကာလအတွင်း ပွဲပေါင်း ၅၀၀ ကျော် ကစားခဲ့သူဖြစ်သည်။

    “နေးမာကို ရီးယဲလ်ရောက်အောင် ကျွန်တော် ခေါ်ဆောင်နိုင်မှာပါ။ သူက တော်တော်ငယ်သေးပြီး နောက်နှစ်ဆိုရင် Ballon d’Or ဆုမှာ ဒီထက်မြင့်တဲ့အဆင့်နဲ့ အဆုံးသတ်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟု ကားလို့စ် Punto Pelota သို့ ပြောကြားခဲ့သည်။

    ကားလို့စ် ရီးယဲလ်သို့ရောက်ရှိပါက နည်းပြအဖြစ်ဆောင်ရွက်နေသည့် အသင်းဖော်ဟောင်း ဇီဒိန်းနှင့် လက်တွဲရမည် ဖြစ်သည်။ နေးမာမှာ ယမန်နေ့က ပေးအပ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or တွင် မက်ဆီနှင့် ရော်နယ်ဒိုတို့၏နောက် တတိယနေရာတွင် ရှိခဲ့သည်။

    Ref: Goal

  • တစ်ဦးချင်းဆုများကို စိတ်မ၀င်စားဟု ဘေးလ်ပြော

    တစ်ဦးချင်းဆုများကို စိတ်မ၀င်စားဟု ဘေးလ်ပြော

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    bales

    – မိမိမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကဲ့သို့ တစ်ဦးချင်းဆုများအတွက် စဉ်းစားခြင်းမရှိဘဲ အသင်း၏ ကောင်းရာကောင်းကြောင်းကိုသာ လိုလားသည်ဟု ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ရော်နယ်ဒို၊ မက်ဆီနှင့် နေးမားတို့ ၃ ဦး ယှဉ်ပြိုင်နေရသည့် Ballon d’Or ဆုကို ယနေ့တွင် ကြေငြာမည်ဖြစ်ပြီး၊ ဘေးလ်၏ အေးဂျင့်ဖြစ်သူက အနာဂတ်တွင် ထိုဆုအတွက် ဘေးလ်လည်း ပါဝင်လာမည်ဖြစ်ကာ၊ ကာယကံရှင်ကလည်း ထိုဆုအား လိုချင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဝေးလ်တိုက်စစ်မှူးက ထိုမှတ်ချက်အား ငြင်းဆိုခဲ့သည်။

    “တစ်ဦးချင်းဆုတွေလား – ကျွန်တော် ဒါတွေကို လုံးဝ မစဉ်းစားပါဘူး။ အဲဒါတွေက ကျွန်တော်စဉ်းစားရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ အခြားသူတွေအတွက် ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော့်အတွက်ကတော့ အသင်းအတွက် ပြင်းပြင်းထန်ထန် လုပ်ပေးချင်တယ်။ ပြီးတော့ တတ်နိုင်သလောက် အသင်းနဲ့ ဆုဖလားတွေအများကြီး ရချင်ပါတယ်” ဟု ဘေးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    စပါးမှ ရီးယဲလ်သို့ ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ စနေနေ့က ဒီပို့တီဗိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခြင်းနှင့်အတူ ယခုရာသီတွင် လာလီဂါ ၁၄ ပွဲကစား ၁၂ ဂိုး သွင်းယူပေးထားနိုင်သည်။

    Ref: Goal