News @ M-Media

Tag: Real Madrid

  • အီရန်မက်ဆီပြီးတော့ အီရန်ရော်နယ်ဒို ပေါ်ထွက်လာ

    အီရန်မက်ဆီပြီးတော့ အီရန်ရော်နယ်ဒို ပေါ်ထွက်လာ

    မေ ၃၁၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ချွတ်စွပ်နီးပါးတူတဲ့ လူငယ်တစ်ယောက် အီရန်မှာ ပေါ်ထွက်လာခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ဟိုးလေတကျော်ကျော် ဖြစ်ခဲ့ပါတယ်။

    အခုလည်း ရော်နယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့ လူငယ်တစ်ယောက် အီရန်မှာ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်။

    ရီဇာ အလီရီယာလူ လို့ခေါ်တဲ့ ဒီလူငယ်လေးအကြောင်း ဒီဗီဒီယိုအတိုလေးမှာ ရှုစားရမှာပါ။

  • ၅ နှစ်အတွင်း ရီးယဲလ် ပထမဆုံး လာလီဂါချန်ပီယံဖြစ်လာ

    ၅ နှစ်အတွင်း ရီးယဲလ် ပထမဆုံး လာလီဂါချန်ပီယံဖြစ်လာ

    မေ ၂၂၊ ၂၀၁၇
    M-Media

    – ယမန်နေ့က ကစားခဲ့သည့် လာလီဂါနောက်ဆုံးပွဲစဉ်တွင် မာလာဂါအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ရီးယဲလ်မှာ ဒုတိယနေရာမှ ဘာစီလိုနာကို ၃ မှတ်ဖြတ်ကာ လာလီဂါချန်ပီယံ ဖြစ်လာခဲ့သည်ဟု သိရသည်။

    ချန်ပီယံဖြစ်ရန်အတွက် ၁ မှတ်သာလိုအပ်သည့် ရီးယဲလ်မှာ ရော်နယ်ဒို၊ ဘန်ဇီမာတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လာလီဂါ ချန်ပီယံဖြစ်ရန် ၅ နှစ်တာ စောင့်ဆိုင်းခဲ့ရမှု အဆုံးသတ်ခဲ့ပြီဖြစ်သည်။

    ယမန်နှစ်ချန်ပီယံ ဘာစီလိုနာအသင်းမှာ နောက်ဆုံးပွဲတွင် အိုက်ဘာအသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ရီးယဲလ်က ခြေမချော်ခဲ့သောကြောင့် ချန်ပီယံဖြစ်ခွင့် မျှော်လင့်ချက်ရေးရေးကို စွန့်လွှတ်ခဲ့ရသည်။

    ရီးယဲလ်၏ ယခု ချန်ပီယံဘွဲ့မှာ အသင်းသမိုင်းတစ်လျှောက် ၃၃ ကြိမ်မြောက် လာလီဂါချန်ပီယံဘွဲ့လည်းဖြစ်သည်။

    “(အမှတ်ပေးပြိုင်ပွဲမှာ) ဗိုလ်စွဲတာဟာ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကိုမရတာ တော်တော်ကြာပါပြီ။ ဒီအမှတ်ပေးဖလားဟာ အရေးအကြီးဆုံးဆိုတာလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ရီးယဲလ်အတွက် ဒီအမှတ်ပေးဖလားကို ပြန်ရအောင် လုပ်ရမှာပါ” ဟု ရီးယဲ
    လ်နည်းပြ ဇီဒိန်းက ပြောကြားခဲ့ပြီး မိမိအနေဖြင့် အလွန် ပျော်ရွှင်မိသည်ဟုလည်း ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ဇွန်လ ၄ ရက်နေ့တွင် အီတလီစီးရီးအေချန်ပီယံ ဂျူတင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားရမည်ဖြစ်သည်။

    Ref: Aljazeera, BBC

  • ရော်နယ်ဒို၏ ဥရောပဂိုးသွင်းစံချိန်သစ်နဲ့ ရီးယဲလ် လာလီဂါချန်ပီယံဖြစ်ရန် ၁ မှတ်သာလိုတော့

    ရော်နယ်ဒို၏ ဥရောပဂိုးသွင်းစံချိန်သစ်နဲ့ ရီးယဲလ် လာလီဂါချန်ပီယံဖြစ်ရန် ၁ မှတ်သာလိုတော့

    မေ ၁၈၊ ၂၀၁၇
    M-Media

    – ယနေ့မနက် ကစားခဲ့သည့် လာလီဂါပွဲစဉ် ၃၇ တွင် ဆဲလ်တာဗီဂိုအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းမှာ လာလီဂါချန်ပီယံဖြစ်ရန်အတွက် ၁ မှတ်သာလိုတော့သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ထိုပွဲတွင် ရီးယဲလ်မှာ ရော်နယ်ဒို၊ ဘန်ဇီမာနှင့် တိုနီကရူးစ်တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ၂ ဂိုးသွင်းယူခဲ့သည့် ရော်နယ်ဒိုမှာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုတွင် ဂိုးအများဆုံး သွင်းယူထားသည့် အင်္ဂလိပ်ကစားသမား ဂျင်မီ ဂရီဗက်စ်၏ ၃၆၆ ဂိုး စံချိန်ကို ၃၆၈ ဂိုးဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် ရီးယဲလ်မှာ လက်ကျန် ၁ ပွဲအလိုတွင် ဘာစီလိုနာအား ၃ မှတ်ဖြတ်ကာ ထိပ်ဆုံး၌ ဦးဆောင်နေပြီး စနေနေ့ ဇယားအလယ်မှ မာလာဂါအသင်းနှင့်ပွဲတွင် ၁ မှတ်ရရုံမျှဖြင့် လာလီဂါချန်ပီယံ ဖြစ်လာမည်ဖြစ်သည်။

    ရီးယဲလ်မှာ ထိုပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ဘာစီလိုနာကလည်း အီဘာအသင်းကို အနိုင်ရပါက ၎င်းတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုအရ ဘာစီလိုနာက ၃ နှစ်ဆက် ချန်ပီယံဖြစ်လာမည်ဖြစ်သည်။

    “နေ့စဉ်နေ့တိုင်း ဖလားနဲ့ နီးကပ်လာပေမယ့် ကျွန်တော်တို့ ဖြတ်သန်းရမယ့် အခက်အခဲဆုံးအပိုင်းက ရှိနေတုန်းပါပဲ” ဟု ဇီဒိန်းက ဆဲလ်တာဗီဂိုနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: BBC

  • ရော်နယ်ဒိုကို မနာလိုဖြစ်သည်ဟု ဇီဒိန်းဖွင့်ဟ

    ရော်နယ်ဒိုကို မနာလိုဖြစ်သည်ဟု ဇီဒိန်းဖွင့်ဟ

    မေ ၂၊ ၂၀၁၇
    M-Media

    – အသင်း၏ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ သွင်းဂိုးများအတွက် မိမိအနေဖြင့် မနာလိုဝန်တို ဖြစ်မိသည်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြာကြားလိုက်သည်။

    “နည်းပြတစ်ယောက်အနေနဲ့ကတော့ သူဟာ ကျွန်တော့်ဆီက ကစားသမားတွေထဲမှာ အကောင်းဆုံးပါ။ ကံမကောင်းတာက ကျွန်တော်ဟာ သူနဲ့ တွဲမကစားနိုင်တော့ပါဘူး။ ဒါပေမယ့် သူ့ကို ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။ သူ့ရဲ့ ရလဒ်တွေက အံ့သြစရာပါ။ ဘရာဇီးလ်က ရော်နယ်ဒိုနဲ့ တွဲကစားဖူးပါတယ်။ သူကလည်း အင်မတန် ထူးခြားတဲ့ ကစားသမားဖြစ်ပြီး ဂိုးတွေအများကြီး သွင်းခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော် မနာလိုပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က အဲဒီလောက် ဂိုးမသွင်းနိုင်တာကြောင့်ပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ထိုပြင် မိမိအနေဖြင့် ဖန်တီးပေးပို့မှု များစွာကို ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့ကဲ့သို့ ဂိုးသွင်းစွမ်းရည် မရှိသည့်အတွက်ကြောင့် တူညီသည့်ခံစးမှုမျိုးကို ရရှိနိုင်မည်မဟုတ်ကြောင်း။ ၎င်းတို့နှစ်ဦးစလုံးမှာ အဆုံးအဖြတ် ကစားသမားများဖြစ်ကြောင်းလည်း ဇီဒိန်းက ထည့်သွင်း ဖွင့်ဟခဲ့သည်။

    ခရစ္စတီယာနို ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။

    ရီးယဲလ်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်းနယ် ပထမကျော့အဖြစ် အသလက်တီကိုမက်ဒရစ်အသင်းကို ယနေ့ညတွင် အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်သည်။

    Ref: Alarabiya

  • လက်ယာစွန်းကိုရှောင်ရန် ပြစ်သစ်ပြည်သူများကို ဇီဒိန်း တိုက်တွန်း

    လက်ယာစွန်းကိုရှောင်ရန် ပြစ်သစ်ပြည်သူများကို ဇီဒိန်း တိုက်တွန်း

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – မေလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ပြင်သစ်ပြည်သူများအနေဖြင့် လယ်ယာခေါင်းဆောင် မာရီ လီပန်ကို ဖြုတ်ကာ သူမ၏ လက်ယာပါတီ Ntional Front ကို ရှောင်ရှားနိုင်မည်ဟု မျှော်လင့်ကြောင့် ပြင်သစ် ဂန္တ၀င်ဘောလုံးသမား ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    အဆိုပါ ဒုတိယအကျော့တွင် အလ်အလတ်သမား အီမန်နျူယဲလ် မာခရွန်နှင့် လီပန်တို့မှာ ပြင်သစ်နိုင်ငံ၏ သမ္မတဖြစ်ရေးအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    “ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ၂၀၀၂ ခုနှစ်တုန်းကလိုပါပဲ။ National Front ပါတီရဲ့ အတွေးအခေါ်တွေကနေ ကျွန်တော် ဝေးဝေးနေတယ်။ ဒါကို ကျွန်တော် ရှောင်ရှားချင်ပါတယ်။ အစွန်းထွက်တယ်ဆိုတာ ဘယ်တော့မှ မကောင်းပါဘူး” ဟု ဗလင်စီယာအသင်းနှင့် လာလီဂါပွဲအတွက် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇီဒိန်းက ပြောကြားခဲ့သည်။

    အလ်ဂျီရီးယားနွယ်ဖွားဖြစ်သည့် ဇီဒိန်မှာ ၂၀၀၂ ခုနှစ်က လီပန်၏ ဖခင်ဖြစ်သူ ဂျန် မာရီ သမ္မတအဖြစ် ၀င်ရောက်အရွေးခံစဉ် အချိန်ကလည်း ထိုကဲ့သို့ပင် ဝေဖန်ခဲ့ပြီး National Front ပါတီမှာ ပြင်သစ်၏တန်ဖိုးများကို မထင်ဟပ်ဟု ပြောကြားခဲ့သည်။

    Ref: RT