News @ M-Media
Tag: Rohingya
  • ရိုဟင်ဂျာကိစ္စဆွေးနွေးမှု အားတက်စရာကောင်းသည်ဟု ဥရောပအကြီးအကဲပြော
    ရိုဟင်ဂျာကိစ္စဆွေးနွေးမှု အားတက်စရာကောင်းသည်ဟု ဥရောပအကြီးအကဲပြော
    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အီးယူ နိုင်ငံခြားရေးဝန်ကြီး
    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုဟာ ‘အင်မတန် အားတက်ဖွယ်ကောင်းတယ်’ လို့ ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြောကြားလိုက်ပါတယ်။
    တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်ဖက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
    “ဆွေးနွေးမှုဟာ တော်တော်လေး အားတက်စရာကောင်းပါတယ်။ အမှန်တကယ် ထိထိရောက်ရောက် ဖြစ်လာမယ်လို့ ကျွန်မယုံကြည်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်နိုင်ချေတွေအတွက် ကျွန်မ အလွန်ကို အားတက်မိပါတယ်” လို့ မိုဂ်ဟီရီနီက နေပြည်တော်က တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံက ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဆောင်ရွက်မှုတွေကိုလည်း ကြိုဆိုတယ်လို့ သူမက ဆိုပါတယ်။
    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြား ခိုင်မာတဲ့ သဘောတူညီချက်မျိုး မရသေးဘဲ၊ လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ငတ်မွတ်ခါင်းပါးမှုတွေကြောင့် ဆက်လက်ထွက်ပြေးနေရတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်လာရေးဟာ မြန်မြန်ဆန်ဆန် ဖြစ်လာမှာမဟုတ်သေးဘူးလို့ ထောက်ပြကြပါတယ်။
    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာပြုလုပ်မယ့် အာရှနှင့် ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။
    Ref: AFP
  • ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အချက် ၃ ချက်ကို တရုတ်ချပြ
    ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အချက် ၃ ချက်ကို တရုတ်ချပြ
    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media
    နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့ဆုံနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ
    – မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အချက် ၃ ချက်ကို အဆိုပြုလိုက်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိလာတဲ့ ၀မ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုလည်း လုပ်ခဲ့ပါတယ်။
    အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာပြဿနာကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ပူးတွဲဖြေရှင်းဖို့ တိုက်တွန်းခဲ့ပြီး မြေပြင်မှာ အပစ်ရပ်ရေး၊ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးနဲ့ ရေရှည်အဖြေတစ်ခုအတွက် ဆွေးနွေးရေး စတဲ့ အချက် ၃ ချက်ကို ချပြခဲ့တာဖြစ်ပါတယ်။
    “အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့အတူ လက်ရှိမှာ ပထမအဆင့်ဟာ အခြေခံအားဖြင့် အောင်မြင်သွားပါပြီ။ နောက်ထပ်အရေးကြီးတာက တိုက်ခိုက်မှုတွေကို တာဆီးဖို့၊ အထူးသဖြင့် စစ်မီးတွေ ထပ်ပြီး မတောက်လောင်စေဖို့ပါ” လို့ ၀မ်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ပြည်နယ်အတွင်း ဆင်းရဲမွဲတေမှုဟာ ပြဿနာရဲ့ ရင်းမြစ်တစ်ခုဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ ၀မ်က ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းရာမှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ချင်ကြောင်း၊ ဒီကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကသာ ပူးပေါင်းဖြေရှင်းရမှာဖြစ်ပြီး နိုင်ငံတကာက ၀င်စွက်တာမျိုး မရှိသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေရှိရာ နေရာဖြစ်ပြီး ရိုဟင်ဂျာပြဿနာမှာ နိုင်ငံတကာက ပါဝင်လာခြင်းဟာ ဒါတွေကို ထိခိုက်နိုင်တယ်ဆိုတဲ့ အမြင်မျိုး တရုတ်မှာ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
    Ref: Reuters
  • ရိုဟင်ဂျာကိစ္စ နိုင်ငံတကာက ၀င်ပါမှု တရုတ်မလိုလား
    ရိုဟင်ဂျာကိစ္စ နိုင်ငံတကာက ၀င်ပါမှု တရုတ်မလိုလား
    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ
    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာကို နိုင်ငံတကာက ဖြေရှင်းတာထက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့က ဆွေးနွေးညှိနှိုင်းကာ ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက တရုတ်သံရုံးမှာ အကျဉ်းရုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀မ်ယီက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အခြေအနေကို ရှုပ်ထွေးအောင်မလုပ်သင့်ဘဲ ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ဆာင်မှုတွေဟာ ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ပူးပေါင်းေ
    ဆာင်ရွက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုကနေတစ်ဆင့် ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်က ထောက်ခံပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    ဒီပြဿနာဟာ ရှုပ်ထွေးပြီး ပြီးပြည့်စုံတဲ့ အဖြေတစ်ခု လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပြီး ဒီအတွက် တရုတ်က ကူညီဖို့ အစီအစဉ်ရှိကြောင်းလည်း ၀မ်ယီက ဆိုပါတယ်။
    စောစောပိုင်းမှာ ၀မ်ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာပြဿနာဖြေရှင်းရေး တရုတ်က ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူဒ် အလီက မိမိတို့တိုင်းပြည်ဟာ ဒုက္ခသည်တွေရဲ့ ၀န်ထုပ်ဝန်ပိုးကို မထမ်းနိုင်တာကြောင့် ဒီကိစ္စကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နည်းလမ်း ၂ မျိုးစလုံးနဲ့ ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တရုတ်နိုင်ငံက ဒီပြဿနာမှာ ဘက်လိုက်မှာမဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်ပြဿနာကို ခါးစီးခံနေရတယ်ဆိုတာကို နားလည်လက်ခံကြောင်း ၀မ်ယီက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Reuters
  • ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ
    ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ
    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media
    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာအမျိုးသမီးတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေအတွက် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီက ရှုတ်ချပြောဆိုလိုက်ပါတယ်။
    ကနေဒါက ဗန်ကူးဗားမြို့မှာ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံစဉ် UNHCR ရဲ့ အထူးသံတမန်ဖြစ်တဲ့ ဂျိုလီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။
    “ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာအမျိုးသမီးအားလုံးနီးပါး ရင်ဆိုင်ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို သူ့ရဲ့ စကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ရှုတ်ချခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်က ဆိုပါတယ်။
    ဂျိုလီဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေထံကို သွားရောက်လည်ပတ်ဖို့ရှိနေပြီး အသေးစိတ်အချက်အလက်ကို ကြေငြာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
    ရခိုင်ပြည်နယ်အတွင်း လတ်တလောပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်လို့ ကြာသာပတေးနေ့က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က စွပ်စွဲခဲ့ပါတယ်။
    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ရဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့တာ အဓမ္မကျင့်တာတွေ ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ေ
    တွက စွပ်စွဲထားပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
    မတည်မငြိမ်မှုအတွင်း ရိုဟင်ဂျာ ၆ သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ပါတယ်။
    Ref: Reuters
  • ရခိုင်အရေး ယုံကြည်ရသည့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
    ရခိုင်အရေး ယုံကြည်ရသည့် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
    နိုဝင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    – ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လုံခြုံရေးတပ်ဖွဲတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ဆော်သြလိုက်ပါတယ်။
    ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တီလာဆန်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။
    “လတ်တလော ရခိုင်ပြည်နယ်က အကြမ်းဖက်မှုမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တားမယ့်ဆီးမယ့်သူမရှိတဲ့ အရပ်သားလက်နက်ကိုင်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေအတွက် ကျွန်တော်တို့ တော်တော်လေးကို စိုးရိမ်သောက ဖြစ်မိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တီလာဆန်က ပြောပါတယ်။
    ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့အတွက်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်မှာ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ လတ်တလော ဆိုးဆိုးဝါးဝါး စွပ်စွဲချက်တွေက ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေ၊ ကျူးလွန်သူတွေကို အရေးယူဖို့ တောင်းဆိုနေပါတယ်။ ကျွန်တော့်ရဲ့ တွေ့ဆုံမှုတွေမှာ ထိရောက်ပြီး လွတ်လပ်တဲ့၊ အားလုံးကို ခြုံငုံမိတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို မြန်မာအရပ်သားအစိုးရက ဦးဆောင်ပြီး၊ စစ်တပ်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်”
    ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းအားလုံးကို အန္တရာယ်ကင်းပြီး လုံခြုံနေဖို့အတွက် အရပ်သားအစိုးရကို ကူညီဖို့ဟာ စစ်တပ်ရဲ့တာဝန် ဖြစ်တယ်လို့လည်း တီလာဆန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ကာကွယ်ရေးဦးစီးချုပ်ရဲ့ Facebook စာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရက်စ်တီလာဆန်ကို မွတ်စလင်တွေ ဘာ့ကြောင့်ထွက်ပြေးသလဲဆိုတဲ့ကိစ္စ၊ အကူအညီပေးရေးမှာ စစ်တပ်က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူထားတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေ စသဖြင့် ‘ရခိုင်ပြည်နယ်ရဲ့ အခြေအနေအမှန်’ ကို ရှင်းပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    နောက်ဆက်တွဲအခြေအနေများ
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်အတွင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပေမယ့် ဒါကို တုန့်ပြန်ရာမှာ ‘အပြစ်မဲ့အရပ်သားတွေကို ထိခိုက်နိုင်တဲ့ အင်အားအလွန်အကျွံသုံးတာ’ ကို ရှောင်ရှားဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    လတ်တလောရခိုင်အရေးအတွက် စစ်တပ်ကပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာဟာ အခုတစ်ပတ်အစောပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီအစီရင်ခံစာဟာ ‘ဖုံးကွယ်ဖို့ကြိုးစားမှု’ ဖြစ်တယ်လို့ သမုတ်ထားကြပါတယ်။
    ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ စီစဉ်နေပြီး တီလာဆန်က မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုမျိုး လုပ်မှာမဟုတ်ဘဲ စစ်ခေါင်းဆောင် တစ်ဦးချင်းစီကိုပဲ ပစ်မှတ်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့သူတွေအတွက် ကန်ဒေါ်လာ ၄၇ သန်း ထပ်မံအကူအညီပေးသွားမယ်လို့လည်း တီလာဆန်က ကတိပြုခဲ့ပါတယ်။ ဒါ့ကြောင့် ရခိုင်ကိစ္စအတွက် အမေရိကန်ရဲ့ ထောက်ပံ့ငွေဟာ ၈၇ သန်း ရှိလာမှာ ဖြစ်ပါတယ်။
    ဘင်္ဂလာဒေ့ရှ်ဖက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ သဘောတူညီချက်အတွက် အားတက်ရတယ်လို့လည်း ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    Ref: Reuters