News @ M-Media

Tag: Rohingya

  • သီရိလင်္ကာတွင် ဗုဒ္ဓဘာသာလူအုပ်က ရိုဟင်ဂျာဒုက္ခသည်များကို စီးနင်းတိုက်ခိုက်ရန် ကြိုးစား

    သီရိလင်္ကာတွင် ဗုဒ္ဓဘာသာလူအုပ်က ရိုဟင်ဂျာဒုက္ခသည်များကို စီးနင်းတိုက်ခိုက်ရန် ကြိုးစား

    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    ရခိုင်အရေးနှင့်ပတ်သက်၍ သီရိလင်္ကာဘုန်းကြီးများ ဆန္ဒပြမှု

    – သီရိလင်္ကာမြို့တော် ကိုလံဘိုအနီးရှိ ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံနေသော နေရာတစ်ခုကို ဆင်ဟာလာ ဗုဒ္ဓဘာသာဘုန်းကြီးများ ဦးဆောင်သည့် လူအုပ်က စီးနင်းတိုက်ခိုက်ရန် ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့က ကာကွယ်ပေးထားရသည်ဟု သိရသည်။

    UNHCR က စီစဉ်ပေးထားသည့် အဆောက်အဦးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီးမှာ ၀င်ပေါက်များကို ဖျက်ဆီး၍ အတွင်းသို့ ၀င်ရောက်ခဲ့ကြကာ ဒုက္ခသည် ၃၁ ဦးမှာ အဆောက်အဦး၏ အပေါ်ထပ် အခန်းများတွင် ပုန်းအောင်းနေခဲ့ရသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    “လူအုပ်ကို ကျွန်တော်တို့ ဖြိုခွဲခဲ့ရပြီး ဒုက္ခသည်တွေကို ပိုလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးမှာ ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    သီရိလင်္ကာရေတပ်က ကယ်ဆယ်ထားသည့် အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည်များမှာ တတိယနိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသူများ ဖြစ်သည်။

    လူအုပ်ကြီးကို ဦးဆောင်သည့် ဘုန်းကြီးများထဲမှ တစ်ပါးက ကလေးချီထားသည့် ရိုဟင်ဂျာမိခင်တစ်ဦး၏ ပုံကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ကာ ‘သူတို့တွေဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို သတ်တဲ့ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေပါ’ ဟု ရေးသားခဲ့သည်။ ၎င်းမှာ Sinhalese National Force ဟု အမည်ရသည့် အဖွဲ့မှ ဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များတွင် သီရိလင်္ကာရှိ ဆင်ဟာလာ ဗုဒ္ဓဘာသာဘုန်းကြီးမျာမှာ မြန်မာအစိုးရကို ထောက်ခံသော ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်များမှာ အကြမ်းဖက်သမားများ ဖြစ်သည်ဟု ပြောဆိုရှုတ်ချခဲ့ကြသည်။

    နိုင်ငံ အရှေ့မြောက်ပိုင်းမှ တမီလ်စကားပြောသူများကမူ ရိုဟင်ဂျာမွတ်စလင်များအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုများကို ရှုတ်ချကြောင်း ယခုလအစောပိုင်းတွင် လူသိရှင်ကြား ဆန္ဒပြခဲ့ဖူးသည်။

    Ref: Tamilguardian

  • ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်များအတွက် စင်ကာပူပြည်သူများထံမှ ဒေါ်လာ ၂ သိန်းကျော် ကောက်ခံရရှိထား

    ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်များအတွက် စင်ကာပူပြည်သူများထံမှ ဒေါ်လာ ၂ သိန်းကျော် ကောက်ခံရရှိထား

    စက်တင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်များ

    – ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက် စင်ကာပူ ပြည်သူများနှင့် ဘာသာပေါင်းစုံအဖွဲ့များထံမှ ရန်ပုံငွေ စင်ကာပူဒေါ်လာ ၂ သိန်းကျော် ကောက်ခံရရှိနေပြီဟု သိရသည်။

    Rahmatan Lil Alamin ဖောင်ဒေးရှင်း (RLAF) က ယနေ့ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ၎င်းတို့အဖွဲ့မှာ စက်တင်ဘာ ၉ ရက်နေ့ကတည်းက နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၇၀ ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ဗလီ ၃၂ လုံးက ကောက်ခံမှု မပြီးသေးဟု ပြောကြားခဲ့သည်။

    အခြားသော အဖွဲ့အစည်း ၄ ခုဖြစ်သည့် စင်ကာပူ ဗုဒ္ဓဘာသာအဖွဲ့၊ စင်ကာပူ ဘဟာအီဘာသာအဖွဲ့၊ မဒ်ရာဆာ အလ်ဂျူနိုက် အလ်-အစ္စလာမီယာနှင့် စင်ကာပူ မွတ်စလင်သစ်လွင်များအသင်းတို့ကလည်း စုစုပေါင်း ရန်ပုံငွေ စင်ကာပူဒေါ်လာ ၅၉၀၀၀ ကောက်ခံပေးခဲ့ပြီး RLAF ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

    ကောက်ခံရရှိသည့် ငွေများကို UNHCR သို့ လှူဒါန်းသွားမည်ဖြစ်ပြီး ဒုက္ခသည်များ၏ ‘စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် ကျန်းမာရေး လိုအပ်ချက်များ’ အတွက် သုံးစွဲမည်ဖြစ်သည်။

    ထို့ပြင် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအေဂျင်စီ Mercy Relief မှ အဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ထားသည်ဟု RLAF က ဆိုသည်။

    Mercy Relief အဖွဲ့မှာ စုစုပေါင်း စင်ကာပူဒေါ်လာ ၁ သိန်းကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လှူဒါန်းမည်ဟု ကတိပြုထားပြီး ယာယီတဲများ၊ ဆိုလာမီးအိမ်များ၊ စောင်များ၊ အမျိုးသမီးများအတွက် တစ်ကိုရည်သုံးပစ္စည်းများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

    ထို့ပြင် ပြည်သူများအနေဖြင့် ရန်ပုံငွေများကို ၎င်းတို့၏ ၀ဘ်ဆိုက်နှင့် ရန်ပုံငွေကောက်ခံရေး ပေ့ခ်ျများ၌ ထည့်ဝင်နိုင်သည်ဟုလည်း Mercy Relief က ကြေငြာထားသည်။

    Ref: CNA

  • ရိုဟင်ဂျာများခံစားရမှု ရပ်တန့်ရေး ကမ္ဘာ့ဗုဒ္ဓဘာသာခေါင်းဆောင်များ မြန်မာနိုင်ငံသို့ မေတ္တာစာ ပေးပို့

    ရိုဟင်ဂျာများခံစားရမှု ရပ်တန့်ရေး ကမ္ဘာ့ဗုဒ္ဓဘာသာခေါင်းဆောင်များ မြန်မာနိုင်ငံသို့ မေတ္တာစာ ပေးပို့

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံက ရဟန်းသံဃာတော်တွေ၊ ဗုဒ္ဓဘာသာခေါင်းဆောင်တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုကို ဆန့်ကျင်ကြဖို့ ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေက ပေးပို့တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ကနေဒါအခြေစိုက် ဗုဒ္ဓဓမ္မမဂ္ဂဇင်း Lions Roar ရဲ့ ၀ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ရဟန်းသံဃယာတွေနဲ့ ဗုဒ္ဓဘာသာခေါင်းဆောင် ၇၀ ကျော်လောက် လက်မှတ်ရေးထိုးထားတဲ့ ဒီစာနိဒါန်းမှာ အနောက်တိုင်းနဲ့ ကမ္ဘာတစ်ဝှမ်း ထေရ၀ါဒ၊ မဟာယန၊ တိဘက်ဗုဒ္ဓဘာသာ (Vajrayana) တွေက ရဟန်း၊ သံဃာတွေ၊ လူဝတ်ကြောင်တွေ စတဲ့ သန်းနဲ့ချီတဲ့ ဗုဒ္ဓဘာာသာလူ့အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ ရဟန်းသံဃာတွေ၊ ဓမ္မပညာရှင်တွဖြစ်တဲ့ သူတို့ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ မေတ္တာကို အခြေခံကာ ဒီစာကို ရေးသားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ မွတ်စလင် ညီအစ်ကို၊ မောင်နှမတွေဟာ စနစ်တကျ အကြမ်းဖက်မှု၊ ညှင်းပမ်းမှုတွေ၊ သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယ၊ အဓမ္မပြုကျင့်မှုတွေ၊ ထွက်ပြေးရမှု၊ အိုးအိမ်တွေ မီးရှို့ခံရမှု စတဲ့ ဒဏ်တွေကို ခံနေရတယ်ဆိုတာ ဂုဏ်သိက္ခာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေ၊ သတင်းအဖွဲ့တွေနဲ့ ယုံကြည်ရလောက်တဲ့ ရင်းမြစ်တွေရဲ့ ဖော်ပြမှုအရ သိရတယ်လို့ စာမှာ ဖော်ပြထားပါတယ်။

    လက်ရှိအချိန်မှာ ကမ္ဘာကြီးက စောင့်ကြည့်နေတာကြောင့် ဒီလို အခြေအနေတွေ၊ အမျိုးသားရေး ဘုန်းကြီးတွေက အကြမ်းဖက်ဖို့ ဆွပေးနေတာ၊ အမုန်းစကားပြောနေတာ၊ စစ်တပ်က ကြမ်းကြုတ်တဲ့ ပေါ်လစီနဲ့ လူမျိုးစုလိုက် သုတ်သင်မှု လုပ်နေတာတွေ၊ ဒေါ်အောန်ဆန်းစုကြည်က နှုတ်ဆိတ်တွေဟာ မြန်မာနိုင်ငံအတွက် အရှက်ရစရာဖြစ်ကြောင်း၊ ဒီလိုလုပ်ရပ်တွေကြောင့် ဗုဒ္ဓရဲ့ သွန်သင်မှုတွေ သွားပုပ်လေလွင့် အပြောခံနေရတာ၊ ပုံဖျက်ခံနေရတာတွေကို မိမိတို့အနေနဲ့ စိတ်ပျက်ဝမ်းနည်းမိကြောင်း၊ ဗုဒ္ဓဓမ္မမှာ အမုန်းနဲ့ အကြမ်းဖက်မှုအတွက် မည်သည့် ဆင်ခြေမှမရှိကြောင်း၊ မဘသဘုန်းကြီးတွေရဲ့ ရပ်တည်ချက်ဟာ သံဃာ့ဝိနည်းတွေ၊ ဗုဒ္ဓရဲ့ သင်ကြားမှုတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ မေတ္တာထားရေးတွေနဲ့ လုံးဝ ကွဲလွဲဆန့်ကျင်နေကြောင်းလည်း ကမ္ဘာ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

    စာရဲ့အဆုံးမှာတော့ နိုင်ငံတော် သံဃနာယက အဖွဲ့အနေနဲ့ မဘသအဖွဲ့ကို ပိုမိုအရေးယူပြီး အမုန်းစကားတွေနဲ့ လူမျိုးစုလိုက် သုတ်သင်နေတာတွေကို ခိုင်ခိုင်မာမာ ဆန့်ကျင်ဖို့၊ အစိုးရ၊ စစ်တပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ဘာသာလူမျိုး မခွဲခြားဘဲ အားနည်းတဲ့ လူ့အဖွဲ့အစည်းအားလုံးကို ကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်တွန်းခဲ့သလို၊ ကုလ၊ အမေရိကန်အစိုးရတို့ဟာလည်း မြန်မာနိုင်ငံက လူမျိုးရေး တင်းမာမှုတွေ ဖြေရှင်းရေးအတွက် ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ဖော်ဆောင်ရေး၊ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ရရေး အသက်ရှင်သန်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းရေး ကူညီလုပ်ဆောင်ပေးဖို့ ဆော်သြခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေအနေနဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို ကူညီထောက်ပံ့ပေးနေတဲ့ UNHCR နဲ့ အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ရက်ရက်ရောရော ကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပြီး ဗုဒ္ဓရဲ့ မေတ္တာတရားများ လူသားအားလုံးအပေါ် လွှမ်းခြုံပါစေကြောင်း ဆုတောင်းမေတ္တာပို့ကာ စာကို အဆုံးသတ်ထားပါတယ်။

    ဒီစာကို နိုင်ငံတော် သံဃနာယကအဖွဲ့ဥက္ကဌ ဗန်းမော်ဆရာတော်ဘုရား ဒေါက်တာ အရှင် ကုမာရ ဘိဝံသထံ လိပ်မူထားတာဖြစ်ပြီး အောက်ပါ ပုဂ္ဂိုလ်တွေက လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

    Ven. Bhikkhu Bodhi, Buddhist Global Relief
    Jack Kornfield, Spirit Rock Meditation Center, CA
    Yongey Mingyur Rinpoche, Tergar Meditation Community
    Pema Chödrön, Gampo Abbey, Nova Scotia, Canada
    Joseph Goldstein, Insight Meditation Society, MA
    Dhammachari Lokamitra, Triratna Bauddha Mahasangha, India
    Phra Paisal Visalo, Abbot, Wat Pasukato, Chaiyaphum, Thailand
    Rev. Hozan Alan Senauke, Clear View Project
    Rev. Ronald Kobata, Buddhist Church of San Francisco, Jodo Shinshu Hongwanji-ha
    Rev. angel Kyodo williams, Guiding Teacher, new Dharma Community
    David R. Loy, Rocky Mountain Ecodharma Retreat Center
    Ajahn Sucitto, Cittaviveka Monastery, West Sussex, United Kingdom
    Santikaro Upasaka, Liberation Park, Norwalk, WI
    Jill Jameson, Advisory Committee, International Network of Engaged Buddhists
    Mushim Patricia Ikeda, Core teacher, East Bay Meditation Center, CA
    Katie Loncke, Co-Director, Buddhist Peace Fellowship
    Dawn Haney, Co-Director, Buddhist Peace Fellowship
    Rev. Acharya Fleet Maull, Prison Dharma Network
    Pascal Auclair, True North Insight Meditation Centre, Canada
    Revs. Chozen Bays & Hogen Bays, Abbots, Great Vow Zen Monastery, Clatskanie, OR
    Rev. Enkyo Pat O’Hara, Village Zendo, New York, NY
    Rev. Linda Ruth Cutts, Central Abbess, San Francisco Zen Center
    Rev. Furyu Schroeder, Abbess, Green Dragon Zen Temple, CA
    Rev James Myoun Ford, Blue Cliff Zen Sangha, Long Beach, CA
    Rev. Josh Jiun Bartok, Abbot, Greater Boston Zen Center
    Rev. Edward Keido Sanshin Oberholtzer, Boundless Way Zen, Lewisburg, PA
    Rev. Melissa Myozen Blacker, Abbot, Boundless Way Zen, MA
    Michael Fieleke, Dharma Holder, Boundless Way Zen
    Rev. David Dae An Rynick, Guiding Teacher, Boundless Way Zen, MA
    Kenneth Kraft, emeritus professor, Lehigh University.
    Rev. Joshin Brian Byrnes, Upaya Zen Center, NM
    Rev. Koun Franz, Zen Nova Scotia
    Rev Inryu Bobbi Ponce-Barger, All Beings Zen Sangha, Washington D.C.
    Jack Lawlor/True Direction, Lakeside Buddhist sangha, Evanston, IL
    Kristin Barker, Director and Co-Founder, One Earth Sangha
    Roshi Wendy Egyoku Nakao, Abbot, Zen Center of Los Angeles
    Rev. Dr. Douglas San-un Phillips, Empty Sky Sangha, W. Cornwall, CT
    Rev. Jay Rinsen Weik, Abbot, Great Heartland Sangha, Buddhist Temple of Toledo
    Rev. Dr. T. Kenjitsu Nakagaki, President, Buddhist Council of New York
    Ajahn Punnadhammo, Abbott, Arrow River Forest Hermitage, Thunder Bay, Canada
    Dosho Port, Head Priest, Nebraska Zen Center
    Tara Brach, Insight Meditation Community of Washington D.C.
    Wes Nisker, Spirit Rock Meditation Center, CA
    James Baraz, Spirit Rock Meditation Center, CA
    Mary Grace Orr, Spirit Rock Meditation Center, CA
    Diana Winston, Spirit Rock Meditation Center, CA
    Mark Coleman, Spirit Rock Meditation Center, CA
    Anna Douglas, PhD, Spirit Rock Meditation Center, CA
    Eugene Cash, Spirit Rock Mediation Center, CA
    Donald Rothberg, Spirit Rock Meditation Center, CA
    Oren J. Sofer, Spirit Rock Meditation Center, CA
    Carol Wilson, Insight Meditation Society, MA
    Rodney Smith, Seattle Insight Meditation Society, WA
    Rev. Eido Frances Carney, Abbess, Olympia Zen Center
    Rev. Sumi Loundon Kim, Buddhist chaplain, Duke University
    Rev. Taigen Dan Leighton, Ancient Dragon Zen Gate, Chicago, IL
    Hosho Peter Coyote, Vimala Sangha, CA
    Justin Whitaker, PhD, Sīla Mindfulness, Seattle, WA
    Rev. Domyo Burk, Guiding Teacher, Bright Way Zen, Portland, OR
    Erin Treat, Vallecitos Mountain Retreat Center & Durango Dharma Center.
    Rev. Gyokei Yokoyama, Long Beach Buddhist Church, CA
    John Bell, YouthBuild USA
    Kenshin Catherine Cascade, Bird Haven Zendo, Cheshire, OR
    Dennis Bohn/True Mountain of Peace, Order of Interbeing/Plum Village
    Catherine McGee, Gaia House, Insight Meditation Centre, United Kingdom
    Jill Shepherd, Auckland Insight, New Zealand
    Maciej Janowicz, DSc., Warsaw University of Life Sciences, SGGW
    Nikki Mirghafori, Spirit Rock Meditation Center & Insight Meditation Center
    Kittisaro & Thanissara, Dharmagiri Meditation Centre & Sacred Mountain Sangha
    Chris Zangtsal Starbuck, Dharmaholder, Zen Peacemaker Circles
    Janet Lipner, Midwest Buddhist Temple, IL
    Kenley Neufeld, Dharma Teacher, Order of Interbeing
    Bernie Glassman, Founder, Zen Peacemakers, Montague, MA,
    Eve Myonen Marko, Head Teacher, Green River Zen Center, Montague, MA,
    Rev. Tenku Ruff, NY
    Rob Burbea, Gaia House, UK
    Dr Adrianne Ross, British Columbia Insight Meditation Society, Vancouver, Canada
    Marcia Rose, Guiding Teacher, The Mountain Hermitage, NM
    David Gumpert, Cambridge Insight Meditation Center, MA
    Rev. Myoan Grace Schireson, Central Valley Zen, CA
    Robert A. Thurman, Professor, Columbia University, NY
    Sally Armstrong, Spirit Rock Meditation Center, CA
    Brian Ryojun Victoria, Ph.D.Fellow, Oxford Centre for Buddhist Studies
    Marty Krasney—Executive Director, Dalai Lama Fellows
    Chas DiCapua, Insight Meditation Society, MA
    Rev. Kosen Greg Snyder, Brooklyn Zen Center & Union Theological Seminary
    Greg Scharf, Insight Meditation Society, MA
    Rev. Mary Mocine, Clear Water Zen Center, CA
    Joyce Kornblatt, Cloud Refuge Sangha, Blackheath, NSW, Australia
    Zen Master Bon Hae Judy Roitman, Kansas Zen Center, Lawrence, KS
    Zen Master Hae Kwang Stan Lombardo, Kansas Zen Center, Lawrence, KS
    Andrea Fella, Insight Meditation Center of the Mid-Peninsula; Spirit Rock Meditation Center, CA
    Rev. Ryuun Joriki Baker, Blue Mountain Zendo, PA
    Howard Cohn, Spirit Rock Meditation Center, California
    Anne Seisen Saunders, Sweetwater Zen Center, CA
    Rev. Diane Shoshin Fitzgerald, Boundless Way Zen
    Fran Ludwig, Dharma Teacher, Boundless Way Zen
    Monika Winkelmann, Zen Peacemakers, Germany
    Karen Harrison, Canadian Buddhist Civil Liberties Association
    Jeff Kitzes, Guiding Teacher, Empty Gate Zen Center, Berkeley, CA
    Rev. Hoka Chris Fortin, Dharma Heart Sangha, CA
    Rev. Kanzan Bruce Fortin, Occidental Laguna Sangha, CA
    Anka Rick Spencer, Puerto Compasivo, Puerto Vallarta, México
    Rev. Zoketsu Norman Fischer—Founder and teacher Everyday Zen Foundation, CA
    Ken Kessel (Zen Master Jok Um), Chogye International Zen Center of New York
    Kotatsu John Bailes, One Heart Zen
    Rev. Peg Syverson, Appamada, Austin, TX
    Roshi Roland Wegmüller, Spiegel Sangha, Switzerland. & Zen Peacemakers
    Roshi Barbara Wegmüller, Spiegel Sangha, Switzerland. & Zen Peacemakers
    Rev. Genshun Dai-En Bennage, Mt. Equity Zendo, PA
    Gil Fronsdal, Insight Meditation Center, Redwood City, CA
    Myoko Sara Hunsaker, Monterey Bay Zen Center, CA
    K V Soon, Interim Secretary, International Forum on Buddhist-Muslim Relations
    Rev. Layla Smith, Mountain Source Sangha, Larkspur, CA
    Frank De Waele, Teacher, Zen Sangha, Belgium
    Madeline Klyne, Cambridge Insight Meditation Center, MA
    Yozen Peter Schneider, Abbot, Beginners Mind Zen Center
    Guy Armstrong, Guiding Teacher, Insight Meditation Society, Barre, MA
    Rev. Gesshin Greenwood, Blue Cliff Zen Sangha
    Zen Master Ji Haeng/Thom Pastor, Kwan Um School of Zen, Las Vegas, NV
    Jamie Cresswell, President, Jamie Cresswell, European Buddhist Union
    Rev. Myo Lahey, Hartford Street Zen Center, CA
    Rev. Eric Daishin McCabe, Zen Fields, Ames, IA
    Rev. Densho Quintero, Magnanimous Mind Zen Temple, Bogota, Colombia
    Rev. Shodo Spring, Mountains and Waters Alliance, MN
    Eiko Joshin Carolyn Atkinson, Everyday Dharma Zen Center, CA
    Jaime McLeod, Treetop Zen Center, ME
    Jundo Cohen, Tree Leaf Zendo, Japan
    Jisho Sara Siebert, Zen Fields, Ames, IA
    Rev. Zuiko Redding, Cedar Rapids Zen Center, IA
    Rev Ryushin Andrea Thach, Whatcom Zen, Bellingham, WA
    Brian Lesage, Flagstaff Insight Meditation Community, AZ
    Rev. Ryushin Paul Haller—Senior Dharma teacher, San Francisco Zen Center, CA
    Angie Enji Boissevain, Floating Zendo, San Jose, CA
    Rev. Josho Pat Phelan, Chael Hill Zen Center, NC
    Rev. Jodo Cliff Clusin, Prairie Mountain Zen Center, CO
    Rachael Neumann, Publisher, Parallax Press, CA
    Myozan Kodo, Zen Buddhism Ireland, Dublin, Ireland
    Shodo Spring, Mountains and Waters Zen Community, MN
    Kokyo Henkel, Head Teacher Santa Cruz Zen Center
    Rev. Myo Denis Lahey, Abbot, Hartford Street Zen Center, San Francisco CA
    Tonen O’Connor, Resident Priest Emerita, Milwaukee Zen Center
    Zenshin Greg Fain, Head of Practice, Tassajara Zen Mountain Center, CA
    Jisho Warner, Abiding Teacher, Stone Creek Zen Center, CA
    Nomon Tim Burnett, Guiding Teacher, Red Cedar Zen Community, Bellingham, WA
    Shosan Victoria Austin, Teacher, San Francisco Zen Center
    Aarti Tejuja, Director of the Office of Social Engagement, Shambhala International
    Ven. Guan Zhen, International Center of Chinese Buddhist Culture and Education, USA
    Shinryu Thomson, Teacher, Village Zendo, NY—Centro Zen, La Paz, Bolivia
    Yuka Nakamura, Vipassana teacher, Meditation Center Beatenberg, Switzerland
    Rev. Daijaku Kinst, Guiding Teacher, Ocean Gate Zen Center, Santa Cruz, CA
    Rev. Shinshu Roberts, Guiding Teacher, Ocean Gate Zen Center, Santa Cruz, CA
    Seth Zuiho Segall, Zen Priest, White Plains Zen, NY
    Rev. Todd Hotai Watson, Guiding Teacher, Walking Tree Zen, Keene, NH
    Rev. Seiso Paul Cooper, Two Rivers Zen Community, Narrowsburg, NY
    Setsuan Gaelyn Godwin, Abbot,Houston Zen Center, Houston, TX
    Rev. Kotoku Ray Crivello, Head Teacher, Deep Spring Temple, Sewickley, PA
    Rev. Dr. David Taikyo Morgans, Guiding Teacher, Zen Association Wales
    Tomon Lisa Marr, Milwaukee Zen Center, WI
    Rev. Myogen Kathryn Stark, Guiding Teacher, Sonoma Valley Zen Group, CA
    Peter Seishin Wohl, Spiritual Director, Wild Fox Sangha, Portland, ME
    Rev. Hobu Beata Chapman’Head Teacher, Open Zen Community, CA
    Rev. Val Meiren Szymanski, Bamboo in the Wind Zen Center, Sunnyvale, CA
    Shokan Jordan Thorn, San Francisco Zen Center, CA
    Rev. Ann Myosho Kyle Brown, Mendocino Zen Center, CA
    Rev. Myo-O Habermas-Scher, Guiding Teacher, Dharma Dance Sangha, Minneapolis, MN
    Noirin Sheahan, Senior Teacher, Satipanya Buddhist Retreat, Wales
    Don de Silva, Faith Advisor, Buddhist, University of Westminster and Council Member of the Faiths Forum for London
    Lama Surya Das, Dzogchen Center, Cambridge, MA
    Robert Kolodny, Buddhist Climate Action Network
    Ven. Ocean-of-Wisdom Sakya, Abbott, Middle-Way Meditation Centers
    Rev. Konin Cardenas, Guiding Teacher, Ekan Zen Study Center
    Dairyu Michael Wenger, Founding teacher, Dragons Leap Zen Center, CA
    Daigaku Rummé, Confluence Zen Center, MO
    Rev. Gengo Akiba, Director of Soto Zen Buddhism North America Office
    Richard Reoch, former president of Shambhala
    Martha Beosing, Shambhala, CA
    Sandy Boucher, Dhamma Dena, CA
    Junko Davis, Honolulu, HI
    Asher Wallis, M.A., Chaplain, Brighton Hospice, OR
    Marty Janowitz, Acharya, Shambhala U.S.
    Maia Duerr, Five Directions Consulting, NM
    Rev. Myogo Mary-Allen Macneil, Bodhi Oak Zen Sangha, CA
    Frank Ostaseski, founder Metta Institute, CA
    Rev. C. Collins Dhammaratana of Contemplative Traditions, Chapel Hill, NC
    Michel Dubois, Roshi, Zenvoieducoeur
    Rev. Helen Hobart, True Sacred Clouds, Order of Interbeing.
    Jeana Teiju Moore, Banyan Dharma House, Deer Park, WA
    Andrew Cooper, Features Editor, Tricycle: The Buddhist Review
    Millicent Quam, Arcata Zen Group, CA
    Camille Tischler, Ithaca, NY
    Janis Kobe, Sonoma, CA
    Gina Belton, Arcata, CA
    Gaila Marie Allen, Berkeley Zen Center, CA
    Rev. Ted O’Toole, Minnesota Zen Meditation Center, MN
    Robert & Susan Laskin, N. Hollywood, CA
    Leona Laskin, Philadelphia, PA
    Rev. Elizabeth & Rev. Ken Sawyer, Back Porch Zendo, CA
    Eric Horstman, Ecuador
    Peter Levitt, Founder, Salt Spring Zen Circle, British Columbia, Canada
    Suzann Duquette, Acharya, Karme Choling, Barnet, VT
    Acharya Dale Asrael, Shambhala International
    Myoshin Kate McCandless, Guiding Teacher, Mountain Rain Zen Community, Vancouver, Canada
    Shinmon Michael Newton, Guiding Teacher, Mountain Rain Zen Community, Vancouver, Canada
    Sally Scoville, Sonoma, CA
    Hilton Obenzinger, Stanford University, CA
    Nagamitra Akshobhya, Nagaloka, India
    Gillian Coote Roshi: Sydney Zen Centre, Australia
    Rev. Chi Kwang: The Seon Centre Victoria, Australia.

    Ref: Lions Roar

  • ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့က တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အာဆီယံ ကြေငြာချက်ထုတ်

    ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့က တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အာဆီယံ ကြေငြာချက်ထုတ်

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရမှုကို မိမိတို့အနေနဲ့ ရှုတ်ချပြီး မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးအတွက် ၀မ်းနည်းကြေကွဲရတယ်လို့ အာဆီယံဥက္ကဌက ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    အာဆီယံနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပြီနောက်ပိုင်းမှာ ထုတ်ပြန်တဲ့ ဒီကြေငြာချက်မှာ ရခိုင်ပြည်နယ်ကိစ္စဟာ သမိုင်းကြောင်းဆိုင်ရာ နက်ရှိုင်းမှုနဲ့အတူ လူ့အဖွဲ့အစည်းတွေအကြား ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကို မိမိတို့အနေနဲ့ အသိအမှတ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

    ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်း ပျက်ဆီးစေတဲ့၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်း၊ အခြေအနေ ပိုမိုဆိုးရွားစေမယ့် လုပ်ရပ်တွေကို ဒီအဖြစ်အပျက်မှာ ပါဝင်သူတွေအနေနဲ့ ရှောင်ရှားဖို့ တိုက်တွန်းပါကြောင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား နီးနီးကပ်ကပ် ဆွေးနွေးမှုအပါအ၀င် ရေရှည်ခံမယ့် အဖြေတွေကို ရှာဖွေရမယ်ဆိုတာ မိမိတို့ သဘောတူကြောင်း၊ ဒါမှသာ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းတွေအားလုံး ပြန်လည် ထူထောင်နိုင်မှာဖြစ်ကြောင်း ကြေငြာချက်က ဆိုပါတယ်။

    အရပ်သားတွေ အန္တရာယ်ကင်းဖို့၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့၊ လူမှုစီးပွား အခြေအနေတွေကို ပြန်လည်ဖော်ဆောင်ဖို့၊ နိုင်ငံသားစီစစ်ရေးလုပ်ငန်းကတစ်ဆင့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ မြန်မာအာဏာပိုင်တွေရဲ့ အားထုတ်ကြိုးပမ်းမှုကို ကြိုဆိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားခဲ့ပါတယ်။

    ထိခိုက်ခံစားရသူအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA Centre) ကနေတစ်ဆင့် အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပြီး မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သဟာဇာတဖြစ်ရေး၊ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီပေးသွားမယ်လို့လည်း အာဆီယံ ဥက္ကဌရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မစ္စတာ ကိုဖီအန်နန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်က အကြံပြုချက်တွေကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပြီး၊ ဒါတွေကို အကောင်အထည်ဖော်ဖို့ ၀န်ကြီးအဆင့် ကော်မတီတစ်ခု ဖွဲ့စည်းထားမှုကိုလည်း ကြိုဆိုခဲ့ကြပါတယ်။

    Ref: Asean.org

     

  • လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုထဲက ရုန်းမထွက်နိုင်သေးတဲ့ မြန်မာကာတွန်းများ

    လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုထဲက ရုန်းမထွက်နိုင်သေးတဲ့ မြန်မာကာတွန်းများ

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    ကာတွန်းဆရာ အော်ပီကျယ်၏ တစ်ကွက်ကာတွန်း

    – ရိုဟင်ဂျာမွတ်စလင်တွေကို ရည်ရွယ်တဲ့ ကာတွန်းတွေဟာ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ကို ပြန့်နှံ့နေပါတယ်။ ဒီပြဿနာအတွက် မြန်မာပြည်သူတွေရဲ့ သဘောထားဟာ နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ တိုက်ရိုက်ကို ဆန့်ကျင်နေတာပါ။

    မြန်မာနိုင်ငံက အရပ်ဖက်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေရဲ့ အားပေးအားမြှောက်ပြုမှုနဲ့အတူ သတင်းအချက်အလက်စစ်ပွဲဟာ ပြင်းထန်လာခဲ့ပြီး ပြောင်လှောင်သရော်ချင်သူတွေ၊ တစ်ရာဖိုး ၃ ပုဒ်သမားတွေနဲ့ အင်တာနက်မှာ တစ်လွဲဝါဒဖြန့်တဲ့ အုပ်စုတွေဟာလည်း ဒီစစ်ပွဲမှာ အလုအယက် ပါဝင်လာကြပါတယ်။

    စစ်အာဏာရှင်ဟောင်းတွေကို ဝေဖန်ပြီး ပြည်သူတွေရဲ့ လေးစားမှုကို ရခဲ့တဲ့ ပြည်တွင်းက ကာတွန်းဆရာ တော်တော်များများဟာ လက်ရှိအချိန်မှာတော့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားလာပါတယ်။

    ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန် မျှဝေကြတဲ့ ကာတွန်းတစ်ကွက်မှာ မိကျောင်းတစ်အုပ်ဟာ သွေးသံရဲရဲနဲ့ ကိုက်ဖြတ်ခံထားရတဲ့ သတ္တ၀ါတွေရှိတဲ့ ကမ်းကနေ စိတ်အားထက်သန်နေတဲ့ အနောက်တိုင်းမီဒီယာတွေဆီ ကူးလာနေတာကို ဖော်ပြထားပါတယ်။

    “အီး.. ဟီး.. ဟီး ဇာတိမြေကို စွန့်ခွာပြေးခဲ့ရတာပါ” လို့ မိကျောင်းတစ်ကောင်က မိုက်ခရိုဖုန်းမှာ ငိုယိုပြောကြားနေပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို ပြောင်လှောင်သရော်ထားတာဖြစ်ပါတယ်။

    “(ရိုဟင်ဂျာတွေ) ပြောဆိုတာတွေမှာ မမှန်တာတွေ ရှိပါတယ်” လို့ မြန်မာနိုင်ငံက ထင်ရှားတဲ့ ကာတွန်းဆရာ ဦးဝင်းနိုင်က ပြောပါတယ်။

    အသက် ၅၈ နှစ်အရွယ်ရှိပြီး ကလောင်နာမည် အော်ပီကျယ်လို့မှည့်ထားတဲ့ သူက အကြီးအကျယ် အာရုံစိုက်ခံနေရတဲ့ ကိစ္စကို ပြန်လည် တုန့်ပြန်ချင်နေတယ်လို့ ဆိုပါတယ်။

    “တိုင်းပြည်ချစ်စိတ်နဲ့ ကျွန်တော်တို့ ကာတွန်းတွေ ဆွဲနေတာပါ”

    အရာရာကို သံသယမျက်စိနဲ့ကြည့်တဲ့ အာဏာရှင်ဟောင်းတွေဟာ ပြည်သူတွေကို ဆယ်စုနှစ်ချီ နည်းပညာ၊ ကမ္ဘာ့အတွေးအမြင်၊ သဘောထားတွေနဲ့ ဝေးကွာအောင် လုပ်ခဲ့ပါတယ်။

    ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖွင့်ပေးလိုက်ကတည်းက မြန်မာပြည်သူလူထုဟာ Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကို အရူးအမူး သုံးစွဲလာကြပါတယ်။

    အခုအချိန်မှာတော့ ရိုဟင်ဂျာဆန့်ကျင်ရေး ကဲရဲ့ပြစ်တင်စကားတွေဟာ like တွေ၊ share တွေ ပလူပျံနေပြီး လူနည်းစုတွေအပေါ် အမြင်တွယ်နေတဲ့ ဘာသာရေးမုန်းတီးမှုကို ပိုပြီး အားကောင်းလာစေပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ရိုဟင်ဂျာမွတ်စလင် ၄၃၀၀၀၀ လောက်ဟာ စစ်တပ်ရဲ့နှိမ်နှင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလကတော့ ဒါကို ‘လူမျိုးစုလိုက် သုတ်သင်မှု’ လို့ ခေါ်ဝေါ် သုံးစွဲနေပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ပြစ်တင်ရှုတ်ချမှုတွေဟာ ရိုဟင်ဂျာကို နိုင်ငံသားတွေအဖြစ် မသတ်မှတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ပုတ်ခတ်၊ ကဲ့ရဲ့ကြတဲ့ မြန်မာနိုင်ငံမှာ တုန့်ပြန်ရေးသဘောထားတစ်ခုကို ဖြစ်စေခဲ့ပါတယ်။

    ရိုင်းစိုင်းတဲ့ ပျက်ရယ်ပြုမှု၊ အင်တာနက်မှာ နာမည်ကျော်လိုမှု၊ ပြည်သူတွေရဲ့ သဘောထားအပေါ် လှေကြုံစီးမှုတွေနဲ့အတူ ကာတွန်းဆရာတွေဟာ ပြန်လည်တုန့်ပြန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

    ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မာလာလာ ယူစွဖ်ဇိုင်က ရှုတ်ချတဲ့အခါ ကာတွန်းဆရာတစ်ယောက်က မာလာရဲ့ ဦးခေါင်းထဲမှာ ဦးနှောက်အစား မစင်ရှိနေတဲ့ ကာတွန်းတစ်ကွက်ကို ရေးစွဲခဲ့ပြီး တာလီဘန်တွေက မာလာလာရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြုလုပ်ခဲ့ရတဲ့ ခွဲစိပ်ကုသမှုကို ခနဲ့ခဲ့တာ ဖြစ်ပါတယ်။

    Facebook စာမျက်နှာမှာ like ၁ သောင်းနီးပါး ရရှိခဲ့တဲ့ ဥက္ကာကြည်ဝင်းရဲ့ ကာတွန်းတစ်ကွက်မှာတော့ ကုလရဲ့ လိုဂိုကို အရှေ့အလယ်ပိုင်းက ခေါင်းပေါင်းဆောင်းထားတဲ့ ပုံဖော်ထားပြီး ကုလဟာ အာရပ်ကမ္ဘာနဲ့ ကြံရာပါဖြစ်တယ်ဆိုတဲ့ သဘောမျိုးကို ဖော်ပြချင်တာ ဖြစ်ပါတယ်။

    ရည်ရွယ်ချက်ဟာ ပြက်ရယ်ပြုဖို့ ဖြစ်ပေမယ့် ဒီကာတွန်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နေတဲ့ ရိုဟင်ဂျာထောက်ခံသူအုပ်စုတွေနဲ့ ရန်ဖြစ်နေကြတဲ့ ကီးဘုတ်သူရဲကောင်းတွေရှိရာ မြန်မာနိုင်ငံမှာ သူတို့အပေါ် အားလုံးက ရန်လိုနေတယ်လို့ ထင်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို မီးထိုးပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ဗုဒ္ဓဘာသာလူများစုကြီး ကြားထဲမှာ ပြန့်နှံ့နေတဲ့အမြင်က နိုင်ငံခြားမီဒီယာတွေ၊ NGO တွေဟာ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကိုသာ အာရုံစိုက်ကြပြီး နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ပုတ်ခတ်စော်ကားနေတယ် ဆိုတာပါ။

    ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားမှုကိုတွေကို ငြင်းဆိုခဲ့ပြီး ‘သတင်းအချက်အလက်အမှားရဲ့ ထိပ်ပိုင်းလေးသာဖြစ်တယ်’ လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံ ပြင်ပကသူတွေဟာ စာနာနားလည်းမှု မရှိသူတွေဖြစ်တယ်လို့ အထင်ခံရပြီး တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေက သူတို့ကို ပုတ်ခတ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    ရခိုင်မှာ တပ်တွေ အကြီးအကျယ်ချထားတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း Facebook ပို့စ်တွေမှာ ရိုဟင်ဂျာတွေကို ‘အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား’ လို့ ဆက်လက်သုံးစွဲနေပြီး ဒီအသုံးအနှုန်းဟာ ရိုဟင်ဂျာတွေကို တရားမ၀င် ခိုးဝင်သူတွေအဖြစ် ရှုတ်ချကာ နိုင်ငံတော် ကျောထောက်နောက်ခံပြု နှိမ့်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းလည်း ဖြစ်ပါတယ်။

    သတင်းစာတွေ၊ ရုပ်သံဆွေးနွေးမှုတွေနဲ့ ဆိုရှယ်မီဒီယာတွေကလည်း ဒီအသုံးအနှုန်းကို သံယောင်လိုက် သုံးနှုန်းကြပြီး ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို ပြက်ရယ်ပြုကြတယ်လို့ မြန်မာဂျာနယ်လစ်ဇင်အင်စတီကျုက ဦးစိန်ဝင်းက ပြောပါတယ်။

    အကျယ်ဆုံးအသံတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချုပ်မယ်မှုတွေကို တွန်းလှန်ခဲ့တဲ့ လူတွေဆီကနေ ထွက်လာနေတယ်လို့လည်း သူက ဆိုပါတယ်။

    “မီဒီယာ၊ အရပ်ဖက်အဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ တုန့်ပြန်မှုတွေအတွက် ကျွန်တော် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ကိုယ်နဲ့တူတဲ့သူတွေသာ မဟုတ်ဘဲ ထိခိုက်ခံစားရတဲ့ လူတွေအားလုံးအပေါ် ဂရုတစ်စိုက်ရှိဖို့ လိုပါတယ်”

    သောကြာနေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ် မာဖီကလလည်း မြန်မာပြည်သူတွေအနေနဲ့ ရိုဟင်ဂျာတွေကို ရှုထောင့်ပြောင်းကြည့်ကာ စာနာနားလည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒေါပမယ့် မောင်မောင်ဖောင်တိန်တို့လို ကာတွန်းဆရာတွေကတော့ သူတို့ရဲ့ ကာတွန်းတွေဟာ ‘ဘယ်လူမျိုး ဘယ်ဘာသာကိုမှ မစော်ကားဘူးလို့ ဆိုပါတယ်’

    သူ့ရဲ့ တစ်ကွက်ကာတွန်းတစ်ခုမှာ ရိုဟင်ဂျာမွတ်စလင်လို့ နာမည်တပ်ထားတဲ့ ကုလားအုတ်တစ်ကော်က မြန်မာအလံနဲ့ လုပ်ထားတဲ့ တဲတစ်ခုထဲကို ၀င်လာပြီး ‘လူ့အခွင့်အရေး’ လို့ ဟိန်းဟောက်မှုကြောင့် တဲထဲကလူဟာ ကြောက်လန့်ကာ ဖယ်ပေးလိုက်ရတဲ့ ပုံစံကို ဖော်ကျူးထားပါတယ်

    “တစ်ချို့လူတွေဟာ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ပိုပြီး လိုချင်နေတာကို ကျွန်တော် ရည်ညွှန်းတာပါ” လို့ သူ ပြောကြားခဲ့ပါတယ်။

    Ref: South China Morning Post

    (South China Morning Post တွင် ဖော်ပြထားသည့် Myanmar cartoonists lead the media in jeering Rohingya ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)