News @ M-Media

Tag: russia

  • ဒါဂျစ္စတန်၌ မွတ်စ်လင်မ် ပညာရှင်တစ်ဦး သတ်ဖြတ်ခံရ

    သြဂုတ်-၇ ရက်၊ ၂၀၁၃
    M-Media

    -

    ရုရှနိုင်ငံ၏ ဒါဂျစ္စတန်ဒေသတွင် မွတ်စ်လင်မ် ပညာရှင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့သည်။ အလွန်အေးဆေး တည်ငြိမ်သောဒေသအတွင်း အစွန်း မရောက် ဘာသာရေး ပုံဟန်အား ပစ်မှတ် ထားပြီး ဆက်တိုက် သတ်ဖြတ်နေမှုများ အနက် နောက်ဆုံးဖြစ်ရပ်ဖြစ်၏။

    ပြီးခဲ့သည့်စနေနေ့က အသက် ၆၆ နှစ်အရွယ် အိလ်ယပ်စ် အိလ်ယာဆော့ဗ်သည် မိမိနေအိမ်အနီး မိမိကားအတွင်း ၀င်ရောက်နေစဉ် သေနတ်သမားများက ပစ်ခတ်သွား ခဲ့ခြင်းဖြစ်သည်။ အိလ်ယပ်စ်သည် ယင်းဒေသ၏ အကြီးဆုံးမြို့တော် Makhachkala အနောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော်မှ နာမည်ကျော် ရှေ့ဆောင် (အိမာမ်)ဆရာ တစ်ဦးဖြစ်သည်။ အိမာမ်သည် အခင်းဖြစ်ပွားရာ၌ပင် ကွယ်လွန် သွားပြီး ကားမောင်းနှင်သူမှာ ဒဏ်ရာရရှိသွားခဲ့သည်ဟု ရုရှ စုံစမ်းစစ်ဆေးရေးကော်မတီက ဆိုသည်။ အိလ်ယပ်စ်သည် ခြိမ်းခြောက်စာများ ရရှိခဲ့သော်လည်း မည်သူမည်ဝါတို့ထံမှ ဟူသည်ကိုမူ မပြောပြနိုင်ခဲ့ပါ ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောပြသည်။ သူသည် ကျွမ်းကျင်ပညာရှင်၊ စကားပြောကောင်းသူ၊ တရားရှုမှတ် ကျင့်ကြံသူဖြစ်ကာ ဒေသတွင်း ပြဿနာ အကြီးစားတို့ကို ဖြေရှင်းပေးခဲ့သူဖြစ်သည့်အပြင် အစိုးရ၏ မူဝါဒရေးရာများကိုလည်း ရဲရဲဝံ့ဝံ့ဝေဖန်သူ တစ်ဦးဖြစ်သည်။

    ဤတစ်ကြိမ်နှင့်ဆိုလျှင် တစ်နှစ်အတွင်း ရုရှ၌ အသတ်ဖြတ်ခံရသည့် အိမာမ်ပေါင်း ၇ ဦးအထိ ရှိသွားပြီဖြစ်သည်။

    Russian republic of North Ossetia နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လက်ထောက်ဓမ္မသတ်မှူး အိဗ်ရာဟီမ် ဒျူဒါရော့ဗ်သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ဒါဂျစ္စတန်၏ကော့ကေးဆပ်မြောက်ပိုင်း၌ ထင်ရှားကျော်စောသည့် ဆွူဖီပညာရှင် စအီးဒ် အတ်စယက်ဗ်မှာ အသေခံ တိုက်ခိုက်မှုအားဖြင့် သတ်ဖြတ်ခံရသည်။ ၄င်းမတိုင်မီ တစ်လအလို မွတ်စ်လင်မ် အများစုနေထိုင်ရာ တာတာရ်စတန်ဒေသ၌ မွတ်စ်လင်မ်ခေါင်းဆောင်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်မှုတွင် ဓမ္မသတ်မှူးမှာ ဒဏ်ရာရရှိသွားပြီး လက်ထောက်ဖြစ်သူ သေဆုံးခဲ့ရသည်။ ဧပြီလတွင် မော်စကို၌ ရုရှမွတ်စ်လင်မ် လူမှုလှုပ်ရှားသူ တစ်ဦးအား လည်ပင်းတွင် လှီးဖြတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်းတွေ့ခဲ့ကြရသည်။

    ရုရှနိုင်ငံတွင် မွတ်စ်လင်မ်လူဦးရေပမာဏမှာ ၂၃ သန်းရှိပြီး၊ အများစုသည် ကော့ကေးဆပ်မြောက်ပိုင်း၊ ချေချင်းညာတောင်ပိုင်း၊ အင်ဂူရှက်တီးယား နှင့် ဒါဂျစ္စတန်တို့၌ နေထိုင်ကြသည်။ အစ္စလာမ်သည် ရုရှနိုင်ငံတွင် ဒုတိယ အကြီးမားဆုံး သာသနာဖြစ်ကာ အော်သိုဒေါ့ခ်စ်အများစု နိုင်ငံ့လူဦးရေ ၁၄၅ သန်းအနက် ၁၅ % ပါဝင်နေသည်။

  • စနိုဒင်အား ရုရှမှ ခိုလှုံခွင့်ပေးမှုနှင့် ပတ်သက်၍ မော်စကိုနှင့် ၀ါရှင်တန် အကြား ဆက်ဆံရေး သုံးသပ်ချက်

    သြဂုတ်- ၂ ရက်- ၂၀၁၃
    M-Media

    BRITAIN-G8-SUMMIT
    Photo-AFP

    အမေရိကန်အတွင်းရေးဖွင့်ချသူ အက်ဒ်ဝါ့ဒ် စနိုဒင်ကို ရုရှနိုင်ငံက ခိုလှုံခွင့်ပေးလိုက်ခြင်းဟာ မော်စကိုနဲ့ဝါရှင်တန်အကြား  ခါးသည်းတဲ့ဆက်ဆံရေးတစ်ခု အစပျိုးဖို့ ဆွပေးလိုက်သလို ဖြစ်သွားတယ်။ ဒါပေမယ့် သူတို့ရဲ့အကျိုးစီးပွားတွေအရ စစ်အေးတိုက်ပွဲကာလလွန်မှာ ပြဿနာပွင့်ထွက်မလာစေဖို့ ကိုယ်စီကိုယ်ငှ ထိန်းသိမ်းစောင့်စည်းနေရတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

    အမေရိကန်ထောက်လှမ်းရေးပရိုဂရမ်အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချလိုက်တဲ့အတွက် တရားစွဲစီရင်ဖို့ အမေရိကန်ကလိုအပ်နေသူကို ခိုလှုံခွင့်တစ်နှစ်ပေးလိုက်တာကြောင့် ၀ါရှင်တန်က မော်စကိုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

    “ အလွန်အင်မတန်စိတ်ပျက်ဖွယ်ကောင်းပါတယ် ” လို့ အိမ်ဖြူတော်က ဆိုလိုက်တယ်။ လာမယ့် စက်တင်ဘာလမှာ ဗလာဒီမာ ပူတင် နဲ့ ဘားရက်ခ် အိုဘားမားတို့ဟာ အပြန်အလှန် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရေး စီစဉ်ဖို့လိုအပ်ကြောင်း ဆုံးဖြတ်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

    ဒီအငြင်းပွားမှုကြီးမားလာခြင်းရှိမရှိဆိုတာကတော့ ဗလာဒီမာပူတင်အုပ်ချုပ်မှုအောက်က အခွင့်အရေးချိုးဖောက်မှုအပေါ်သာ မူတည်နေပါလိမ့်မယ်။ နှစ်ဖက်စလုံးဟာလည်း ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်ဖက်အမြင် ရှိနေကြတယ်။

    ဆိုဗီယက်ယူနီယံပြိုကွဲပြီး နှစ်ပေါင်းနှစ်ဆယ်ကာလ၀န်းကျင်အတွင်း ရုရှ-အမေရိက ဆက်ဆံရေးဟာ နိမ့်တုံမြင့်တုံ အတက်အကျမညီမှုထဲမှာ တ၀ဲလည်လည် ဖြစ်နေခဲ့တယ်။ စနိုဒင်ကိစ္စကြောင့် ပေါက်ကွဲမှု မဖြစ်နိုင်ဘူးလို့ သုတေသီများက သုံးသပ်ထားကြတယ်။

    “ အိုဘားမား နဲ့ ပူတင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖျက်သိမ်းမယ်ဆိုယင် ဆက်ဆံရေးရှုပ်ထွေးပြင်းထန်သွားစေမယ့် အထောက်အထားတစ်ရပ် ဖြစ်သွားပါလိမ့်မယ် ” လို့ မော်စကိုမြို့၊ ကာနက်ဂျီစင်တာက မာရီယာ လစ်ပ်မန် (Maria Lipman) ပြောကြားလိုက်တယ်။

    “ ဒါပေမယ့် ဒါဟာ ဆက်ဆံရေး ထိခိုက်ပျက်ယွင်းနေပြီလို့တော့ ဆိုလိုရာ မရောက်ပါဘူး။ အိုဘားမားရဲ့ ထိပ်တန်းဦးစားပေးကိစ္စတွေထဲမှာ ရုရှနဲ့အတူ လက်နက်လျှော့ချရေးသဘောတူညီမှုကိစ္စလည်း အပါအ၀င် ဖြစ်နေတာကြောင့်မို့ပါဘဲ။ ရုရှနဲ့ဆက်ဆံရေးမှာ အိုဘားမားအပေါ် စိတ်ဝင်စားမှု အားနည်းသွားနိုင်ပေမယ့်လည်း ဒီကိစ္စမှာကတော့ သေရေးရှင်ရေးအထိ ဆိုးဝါးသွားစရာ မရှိပါဘူး ” ဆိုပြီး သူမက AFP သတင်းဌာနကို ပြောကြားခဲ့တယ်။

    ပူတင်ကတော့ “ လုံခြုံရေးဆိုင်ရာ အသေးအဖွဲအငြင်းပွားချက်ထက် နိုင်ငံအချင်းချင်းဆက်ဆံရေးက ပိုပြီး အရေးကြီးတယ် ” လို့ ဇူလိုင်လ ၁၇ ရက်က ထုတ်ပြန်ပြောဆိုပြီး စနိုဒင်အရေးနဲ့ မရောထွေးအောင် ဆိုထားပါတယ်။

    ကြာသပတေးနေ့က ခိုလှုံခွင့်ပေးလိုက်ကြောင်း ကြေငြာပြီး မိနစ်အနည်းငယ်မှာ ပူတင်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီ အုရှာကော့ဗ်(Yury Ushakov) က စနိုဒင်ရဲ့အရေးဟာ အသေးအဖွဲမျှသာဖြစ်လို့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဆက်တိုက်ပြောဆိုလိုက်ပါတယ်။

    ရုရှဆီလာဖို့ စနိုဒင်ကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ကြောင်း၊ သူဟာ ဇွန်လ ၂၃ ရက်မှာ ဟောင်ကောင်ကနေ မော်စကိုရဲ့ Sheremetyevo လေဆိပ်ကို မမျှော်လင့်ဘဲ ရောက်လာခဲ့တာဖြစ်တဲ့အကြောင်း ကရင်မလင်က အထပ်ထပ်အခါခါ ပြောဆိုခဲ့တယ်။

    မော်စကိုမှာရှိတဲ့ အမေရိကန်-ကနေဒါတက္ကသိုလ်က ဗေလာရီ ဂါဘူဇော့ဗ်(Valery Garbuzov) ပြောကြားတာကတော့
    “ ရုရှဟာ စနိုဒင်ြ ပဿနာကို အလိုမရှိသော်လည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လို့လာခဲ့တာပါ။ သူ့ကို လက်ပြောင်းပေးဖို့က လူသားမဆန်ရာ ရောက်တာအမှန်ပါဘဲ။ ဒါပေမယ့် သူ့ကို ခိုလှုံခွင့်ပေးလိုက်တဲ့ ရုရှခေါင်းဆောင်တွေရဲ့တုံ့ပြန်မှုဟာ ဆက်ဆံရေးကိုလည်း ရှုပ်ထွေးသွားစေပါတယ် ” လို့ ဖြစ်တယ်။

    နှစ်နိုင်ငံဆက်ဆံရေးမှာ အကွဲအပြဲ မရှိတာကတော့ ထင်ရှားနေပါတယ်။ ဘာဖြစ်လို့လဲဆိုယင် ပြီးခဲ့တဲ့ သောကြာနေ့မှာ မော်စကိုက အမေရိကန်သံအမတ် မိုက်ကယ် မက်ဖောင်းလ်(Michael McFaul) က အုရှာကော့ဗ်နဲ့ တွေ့ဆုံခဲ့တယ်။ စနိုဒင်ရဲ့ အနေအထားသစ်အပါအ၀င် ဆီးရီးယားအရေး၊ ဒုံးကျည်ကာကွယ်ရေးကိစ္စ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ပြောကြားလို့ဖြစ်ပါတယ်။

    အိုဘားမားအနေနဲ့ စိန့်ပီတာစဘတ်မှာကျင်းပမယ့် စက်တင်ဘာ G20 ထိပ်သီးဆွေးနွေးပွဲကို ဘယ်လိုအခြေအနေဘဲဖြစ်နေပါစေ တက်ရောက်လာဖို့ ရှိပါတယ်။

    ဒါပေမယ့် ပူတင်နဲ့ တစ်ဦးချင်းဆွေးနွေးဖို့အတွက် မော်စကို ကို သီးခြားလာဖို့ ရှိတယ်လို့ မျှော်လင့်ထားကြတယ်။ ဒီလို လာရောက်ခြင်းဟာ ၂၀၁၂ ခုနှစ်၊ မေလ၊ ကရင်မလင်ထဲ တတိယအကြိမ်ပြန်လည်ဝင်ရောက်လာတဲ့ ပူတင် နဲ့ အိုဘားမားအကြား ပထမဆုံး နှစ်ဦးချင်း တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။

    ယခုချိန်အထိတော့ သူတို့နှစ်ဦးက နိုင်ငံတကာထိပ်သီးညီလာခံရဲ့ အများရှေ့မှောက်မှာ အကျဉ်းရုံးတွေ့ဆုံမှုမျိုးလောက်ပဲ ရှိထားကြတာပါ။

    အိုဘားမားဟာ ပြည်တွင်းဝေဖန်ရေးခံရလင့်ကစား မော်စကို အရောက် လာနိုင်ချေရှိတယ်လို့ ကမ္ဘာ့ရေးရာရုရှဂျာနယ် အယ်ဒီတာ ဖိုင်အိုဒိုးရ် လုက်ယာနော့ဗ်(Fyodor Lukyanov) က ဆိုပါတယ်။

    “ ပူတင်က စနိုဒင်အရေးနဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားနေတယ်။ ပြီးတော့ ရုရှဟာ အခြေအနေများရဲ့ဓားစာခံ ဖြစ်နေရကြောင်း သူက အလေးအနက်ထားပြောဆိုလေ့ရှိပါတယ်။ အမေရိကရဲ့ တုန့်ပြန်အရေးယူမှုဆိုတာကတော့ ရုပ်လုံးပြချက်သက်သက်လောက်သာ ဖြစ်မှာပါ ”။

    စနိုဒင်ကို ခိုလှုံခွင့်ပေးလိုက်ပြီးတဲ့နောက် အမေရိကန် ရီပတ်ဘလီကဲန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း(John MiCain) က “ ကျွန်တော်တို့ရဲ့ ပတ်သက်ဆက်ဆံမှုအပေါ် အခြေခံကျကျ ပြန်လည်စဉ်းစားသုံးသပ်ဖို့ နဲ့ မော်စကိုကို အပျော့ဆွဲမနေဖို့ အချိန်ကျပြီ ” ဆိုပြီး ပြောကြားခဲ့တယ်။

    သို့တစေ စနိုဒင်ကိစ္စနဲ့စပ်လျဉ်းပြီး ပူတင်ရဲ့စကားကိုကြည့်ယင် သူဟာ ကရင်မလင် နဲ့ ၀ါရှင်တန် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားလိုကြောင်း တွေ့ရတယ်လို့ လစ်ပ်မန် ကဆိုပါတယ်။
    “ သူ(စနိုဒင်)ကို တခြားနိုင်ငံပို့ဆောင်ရေးအပါအ၀င် တခြားနည်းလမ်းတွေ ရှာထားပါတယ်။ ရုရှားကို စနိုဒင် ရောက်လာဖို့ ပူတင်က ကြိုးစားပြုလုပ်ခဲ့တာမှ မဟုတ်ဘဲလေ ” ဟုလည်း သူမက ဖြည့်စွက်ပြောခဲ့ပါတယ်။

    – AFP/gn

  • ရုရှား နိုင်ငံ စိတ်ကျန်းမာရေး ဆေးရုံ မီးလောင် လူ ၃၈ ယောက် သေဆုံး

    ဧပြီလ ၂၇ ၂၀၁၃
    M-Media

    fire-russia

    မော်စကိုမြို့အနီးတွင်ရှိသော စိတ်ကျန်းမာရေးဆေးရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား၍ လူ ၃၈ ယောက် သေဆုံးခဲ့သည်။

    မနေ့ည ၂ နာရီလောက်တွင် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး၊ အုတ် နှင့် သစ်သား ဖြင့် ဆောက်လုပ်ထားသော တစ်ထပ် ဆေးရုံအဆောကအဦး လောင်ကျွမ်းခဲ့သည်။

    အာရုံတက်ချိန်တွင်ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု ကြောင့် မီးကျွမ်းနေသော ဆေးရုံ နံရံများသာ ကျန်ရှိနေသည်ဟုဆိုသည်။

    မော်စကို မြို့၏ မြောက်အရပ်မိုင် ၇၀ တွင်ရှိသော Ramensky ရွာတွင်ဖြစ်ပွားခဲ့သော ထိုမီးလောင်ကျွမ်း မှုတွင် သုံးဦးသာ အသက်ရှင်လျက်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကျန်လူများမှာ စိတ်ငြိမ်ဆေးများ တိုက်ကျွေးထားမှုကြောင့် လည်းကောင်း၊  ကြိုးများဖြင့် တုပ်နှောင်ထားမှုကြောင့်လည်းကောင်း  မီးလောင်နေစဉ် ထွက်မပြေးနိုင်ဘဲ အသက်သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    သို့သော် မော်စကိုမှ စုံစမ်းစစ်ဆေးမှု လက်ထောက်တာဝန်ရှိသူ၏ ပြောပြချက်အရ အဓိပ္ပါယ်မရှိသော သုံးသပ်ချက်များ ကို သူတို့လက်မခံကြောင်း သို့ပေမယ့် လူနာများ၏ သွေးထဲတွင် ရှိသော စိတ်ငြိမ်ဆေး ရာနှုန်းအား စစ်ဆေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    လက်ထောက်တာဝန်ရှိသူ က ပြောခဲ့သည်မှာ “လူနာဆောင်တွင် တံခါးများထားလေ့ မရှိကြောင်း၊ လူနာများမှာ ထွက်ပြေးလွတ်မြောက်ရန် လွယ်ကူကြောင်း ” ဆက်လက်၍ သူမ က မီးလောင်ကျွမ်းမှုသည် ဆေးလိပ်မီး သို့မဟုတ် ၀ါယာရှော့မှ မီးလောင်မှု ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

    သမ္မတ ဗလာဒီမာပူတင် က ၀မ်းနည်းစရာ အဖြစ်ပျက်အတွက် ချက်ချင်း စုံစမ်းစစ်ဆေးမှု ချက်ခြင်း ပြုလုပ်ရန်ညွှန်းကြားလိုက်သည်။

    ရုရှားနိုင်ငံ၏  မီးဘေး အန္တရယ် ကြိုတင် ကာကွယ်မှုသည် အားနည်းနေပြီး လမ်းပေါ်၊ ကားပေါ်၊ ရထားပေါ်၊ လေယာဉ်ပေါ် နှင့် အလုပ်ထဲတွင်ပါ၎င်း အသက်အန္တရယ် ထိခိုက်စရာ များကို ကြုံတွေ့နေရသည်။

    ရုရှားနိုင်ငံ စိတ်ကျန်းမာရေး အသင်း ဥက္ကဌ Yuri Savenko မှာ ဆေးရုံအဆောက်ဦးသည် နေထိုင်ရန် သုံးပုံတွင် တစ်ပုံတောင် သင့်မြတ်မှု မရှိသော ယိုယွင်းနေသည့် အဆောက်ဦးဖြစ်ကြောင်းပြောကြားခဲ့သည်။

  • မော်စကိုတွင် မွတ်စလင်များအတွက် ဗလီအသစ်များ ဆောက်ပေးရန်  ရုရှအစိုးရသဘောတူ

    မော်စကိုတွင် မွတ်စလင်များအတွက် ဗလီအသစ်များ ဆောက်ပေးရန် ရုရှအစိုးရသဘောတူ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၂
    M-Media

    ဗလီဝတ်ကျောင်းမလုံလောက်သဖြင့် လမ်းမပေါ်တွင် ဝတ်ပြုနေရသော ရုရှ မွတ်စလင်မ်များ

    ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် အများပြည်သူ၏ မဲပေးမှု အပေါ် မွတ်စလင်များ ၀တ်ပြုရန် ဗလီဝတ်ကျောင်းတော် အသစ်များ တည်ဆောက်ပေးရန် အစိုးရ သဘောတူလိုက်သည်။

    ဒေသဆိုင်ရာ အာဏာပိုင်များက မွတ်စလင် လူ့အဖွဲ့အစည်း၏ ဘာသာရေးဆိုင်ရာ လိုအပ်ချက်ကို ကူညီပေးရန် ဗလီဝတ်ကျောင်းတော်သစ် ခြောက်လုံး တည်ဆောက်ပေးမည်ဟု ပွင့်လင်းစွာ ပြောကြားလိုက်သည်။

    မော်စကိုအစိုးရက နောက်ဆုံးအတည် မပြုရသေးသော်ငြားလည်း ရုရှားနိုင်ငံရဲ့ ဥရောပတိုက်ဘက် အခြမ်းမှာ ရှိတဲ့ တောင်ပိုင်း Butovo , Lyublino နဲ့ Shosse Entuziastov ဘူတာအနီး ထိုသုံးနေရာတွင် ဗလီများဆောက်ပေးရန် သဘောတူညီပြီး ဖြစ်သည်ဟု Interfax သတင်းဌာနသို့ အတည်ပြု ပြောကြားလိုက်ပါသည်။အစ္စလာမ့်အဖွဲ့အစည်များ၏ အခြားနေရာများတွင် ဗလီ တည်ဆောက်ရေး အတွက် တောင်းဆိုမှုများကိုလည်း ဆက်လက်စဉ်းစားသွားမည်ဟု မော်စကိုမြို့တော်ဝန်ရုံး က ပြောကြားခဲ့ပါသည်။

    “မော်စကို တမြို့တည်းမှာတင် မွတ်စလင် လူဦးရေ  အနည်းဆုံး (၁.၅) သန်း ရှိပါတယ် ။ ကျွန်တော်တို့ အဲ့လူဦးရေကို (၁၀) ပိုင်း ပိုင်းတယ်ဆိုရင် တောင် မွတ်စလင်ဦးရေ တစ်သိန်းခွဲမှာ လူဦးရေ (၁၅၀၀)ဆန့်တဲ့ ဗလီတစ်လုံး အနည်းဆုံးလိုပါတယ်” ဟု Russian Council of Muftis ၏ ဥက္ကဌဖြစ်သူ Sheikh Ravil Gainutdin က ထပ်လောင်းပြောကြားခဲ့ပါသည်။

    “မော်စကိုမှာ မွတ်စလင်ဦးရေများပြီးတော့ ဗလီနည်းနည်းပဲ ရှိပါတယ်။ ရုံးပိတ်ရက်များဆိုရင် မွတ်စလင်များအတွက် နေရာမလောက်ပါဘူး ။ အဲဒါကြောင့် ဗလီများများရှိဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ် ။ ဗလီဆောက်မည့် နေရာများတွင်နေထိုင်နေတဲ့ ဒေသခံပြည်သူများရဲ့ သဘောထားကိုလည်း လက်ခံကောက်ယူသွားမှာပါ” ဟု ရုရှားလူ့အခွင့်အရေး အဖွဲ့အစည်းနှင့် မော်စကို Helsinki Group ၏ ဥက္ကဌဖြစ်သူ Lyudmila Alekseyeva က ပြောကြားခဲ့ပါသည်။

    “အခုဆိုရင် မော်စကို မြို့ မှာဆို Butovo  ၊  မော်စကို အစ္စလာမ့်တက္ကသိုလ်ရှိတဲ့ Lyublino နဲ့ အစ္စလာမ့်ယဉ်ကျေးမှု ပြတိုက် တည်ဆောက်မည့် Shosse Entuziatov ဆိုတဲ့ ဒီနေရာသုံးခုမှာ ဗလီတစ်လုံးစီ ရှိလာတော့မှာပါ”ဟု Gainutdin က Izvestiya သတင်းသို့ ပြောကြားခဲ့ပါသည်။

    ရုရှားပြည်ထောင်စု တွင် အထူးသဖြင့် Caucasus ဒေသ မြောက်ပိုင်းတွင် မွတ်စလင်လူဦးရေ (၂၃)သန်းရှိပြီး ယေဘုယျအားဖြင့်ဆိုသော် နိုင်ငံ စုစုပေါင်းလူဦးရေ (၁၄၅) သန်း ၏ (၁၅) ရာခိုင်နှုန်းရှိပါသည်။

    ရုရှားနိုင်ငံတွင် Orthodoxy ခရစ်ယာန်ဘာသာပြီးလျှင် အစ္စလာမ်ဘာသာသည် နိုင်ငံ၏ ဒုတိယမြောက်ကိုးကွယ်မှု အများဆုံး ဘာသာဖြစ်သည်။                ။

    ကိုးကား။ ။ http://www.onislam.net

  • ရုရှားတောင်ပိုင်း ရေကြီးမှု့ကြောင့် အနည်းဆုံး လူ၁၇၁ ယောက် သေဆုံး

    ရုရှားတောင်ပိုင်း ရေကြီးမှု့ကြောင့် အနည်းဆုံး လူ၁၇၁ ယောက် သေဆုံး

    8,July,2012

    Source: Press TV


    ရုရှားနိုင်ငံ တောင်ပိုင်းရှိ  ပင်လယ်နက် ဒေသ အတွင်း ဖြစ်ပွားခဲ့သော ရေကြိးမှုများသည် ပျက်စီးဆုံးရှုံးမှုများပြားပြီ၊း ဆယ်စုနှစ်အတွင်း အဆိုးဆုံး သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်သည်။ ဤရေလျှံမှုကြောင့် အနည်းဆုံး လူ ၁၇၁ ယောက် သေဆုံးခဲ့ပြီးဖြစ်ပါသည်။

    ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် က သဘာဝ ဘေးဒဏ်ခံရသော ဒေသသို့ တနင်္ဂနွေနေ့က သွားရောက်ခဲ့ပြီး ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန် မိမိတို့ ထပ်မံလုပ်ဆောင်နိုင်မည့် နည်းလမ်းများ ရှာဖွေကြရန် စုံစမ်းရေးတပ်ဖွဲ့များ ကို ညွှန်ကြားခဲ့သည် ဟု Associated သတင်းစာက ဖော်ပြလိုက်ပါသည်။

    ရေလျှံမှုကြောင့် လမ်းများသည် တွန့်လိမ်၍  ရွှံ့ရောင်လွှမ်းနေသော မြစ်ပြင်များကဲ့သို့ ဖြစ်နေပြီး ထောင်ချီသော အိမ်များသည် ရေတွင် နစ်မြုပ်လျက်ရှိနေပါသည်။ ဒေသခံပြည်သူ အများစုမှာ မိမိတို့ အိပ်နေစဉ် ရေနစ်သေဆုံးမည်ကို စိုးရိမ် ကြောက်ရွံ့လျက်ရှိနေပါသည်။

    စနေနေ့ နံနက် က ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများသည် ပြင်းထန်စွာနှင့် ၀င်ရောက်လာပြီး အဆုံးဝါးဆုံး ရေဘေးကို ကြုံတွေ့ ခဲ့ရသည့် Krymsk  မြို့နေပြည်သူများကို အထိတ်တလန့် ဖြစ်စေခဲ့ပါသည်။  အချို့ကလည်း ဤရေကြီးမှုသည် တောင်ပေါ်ရှိ ရေလှောင်တာတမံ ဆီမှ ရည်ရွယ်ချက်ရှိစွာ လွှတ်လိုက်သော ရေများဖြစ်မည် ဟု သံသယ ရှိနေကြပါသည်။

    ရေကြီးမှုဒဏ်သည်  လူပေါင်း ၁၃၀၀၀ လောက်အထိ ရိုက်ခတ်ခဲ့သည်ဟု အာဏာပိုင်များက ခန့်မှန်းလျက် ရှိပါသည်။

    Krymsk မြို့တွင် မီးပြတ်လပ်မှုကို တနင်္ဂနွေ နေ့အထိ ဆက်လက်ကြုံတွေ့နေရပြီး ရေကြီးမှု ဒဏ်ခံရသော ဒေသများမှ အစီရင်ခံစာများ အရ ရေကြီးမှုသည် ၇မီတာ အထိ မြင့်တက်ခဲ့သည် ဟုသိရပါသည်။

    အပန်းဖြေစခန်း မြို့တစ်ခု ဖြစ်သည့် Gelendzhik မြို့သည် ငါးလအတွင်း ရွာသွန်းမည့် မိုးရေချိန်ပမာဏကို ၂၄ နာရီအတွင်း ရရှိခဲ့သည်။ ထိုသို့ မိုးကြီးမှုကြောင့် ရုရှား မီးရထားလမ်းများ လမ်းချော်မှုကို ဖြစ်စေခဲ့ပြီး ထိုဒေသအတွင်း “ခက်ခဲဆိုးရွားသော ရာသီဥတု အခြေအနေ” တစ်ရပ် ဖြစ်စေခဲ့ပါသည်။

    နှစ်လတာမိုးရေချိန်ကို ၂၄ နာရီအတွင်း ရရှိခဲ့သည့် Novorossiisk ဆိပ်ကမ်းမြို့ တွင်လည်း ရေလျှံမှုကြောင့် ဆိပ်ကမ်းမှ လုပ်ဆောင်လည်ပတ်မှု များကို ရပ်တန့် နှောင့်နှေးစေခဲ့ပြီး မြေအောက် ရေနံလိုင်း operator Transneft မှ ရေနံစိမ်းတင်ပို့မှု ကို ရပ်တန့်ထားရသည်။