News @ M-Media

Tag: russia

  • ရုရှ စတုတ္တအကြီးဆုံမြို့ Yekaterinburg ၏ မြို့မ ဗလီသစ်ကြီး ဖွင့်လှစ်တော့မည်

    စက်တင်ဘာ၊ ၂၃
    M-Media
    Ekaterinburg_mosque
    လာမည့် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရုရှနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်သည့် Yekaterinburg ၌ ဗလီဝတ်ကျောင်းသစ်ဖွင့်ပွဲ တစ်ရပ် ကျင်းပမည်ဖြစ်သည်။ ၄င်းမြို့၌ ဗလီငယ်လေး ၂ လုံးသာရှိရာ အစ္စလာမ်ဘာသာဝင်များ အဖို့ လူဦးရေနှင့်နေရာ မမျှမတဖြစ်နေသောကြောင့် နေ့ကြီးရက်ကြီးများတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် Verhnyaya Pishma ဗလီကြီး တည်ဆောက် ရခြင်းဖြစ်သည်။

    ယင်းဗလီသစ်ကြီးတည်ဆောက်ရန် ၁၅ နှစ်တာအချိန်ယူခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ရမ်ဇာန်ဗလီ၏အိမာမ်(ရှေ့ဆောင်ဆရာ) Fatkulkodir Hasanov မှ Deputy of the Legislative Assembly ရှိ Sverdlovsk Yevgeniy Zyablitsev ထံသို့ အကူအညီတောင်းပန်ကြားခဲ့သည်။

    “ ဒီပရောဂျက်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေစီစဉ်ဖို့၊ သင့်လျော်လျောက်ပတ်တဲ့နေရာရရှိဖို့ ကျွန်တော် သူ့ကို ကူညီပေးခဲ့ပါတယ်။ အဲ့ဒီနောက် သစ်သားဆောင်ဗလီငယ်လေးတစ်လုံးကို တည်ဆောက်ခဲ့တယ်။ ၁၅ နှစ်လွန်မြောက်ပြီး အခုအခါမှာတော့ Fatkulkodira Nasretdinovicha ရဲ့အိပ်မက်က ရုပ်လုံးပေါ်လာခဲ့တာပါဘဲ ” ဟု Yevgeniy Zyablitsev မှ ပြောပြသည်။

    “Delovoi Kvartal” သတင်းစာ၏အဆိုအရ Yekaterinburg ၌ အငယ်စားဂျေရုဆလင် စီမံကိန်း တစ်ခုပြုလုပ်ရန် စီစဉ်ခဲ့ကြောင်းသိရသည်။ Synagogue and  Cathedra အနီးတွင် ၀တ်ပြု ဖိတ်ခေါ်မျှော်စင်လေးခု ပါဝင်ပြီး လူ ၂၅၀၀ ၀င်ဆန့်သော ဒေသတွင်း အခမ်းနားဆုံးဗလီ ၀တ်ကျောင်းတစ်ခု တည်ဆောက်ရန် ယင်းစီမံကိန်းထဲ ထည့်သွင်းခဲ့သည်။ ယင်းဒေသကိုလည်း “ဘာသာတရား သုံးမျိုး၏နယ်ပယ်” အဖြစ် သတ်မှတ်မည်ဖြစ်သည်။ ဗလီအုတ်မြစ်ချပွဲကို ၂၀၀၇ ခုနှစ်ကပြုလုပ်ခဲ့သော်လည်း ရံပုံငွေပြဿနာကြောင့် တည်ဆောက်မှုလုပ်ငန်းစဉ် ရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် တည်ဆောက်ရေး ရံပုံငွေကိုမူ ဆက်လက်ကောက်ခံ စုဆောင်းလျက် ရှိနေပေသည်။

    Source : islam.ru

    Yekaterinburg သည် ရုရှနိုင်ငံ၏စတုတ္ထမြောက်အကြီးဆုံးမြို့တော်ဖြစ်ပြီး ဥရောပနှင့် အာရှနယ်စပ်ပေါ် တည်ရှိသည်။ လူဦးရေမှာ ၂၀၁၀ ခုနှစ် စစ်တမ်းအရ ၁,၃၄၉,၇၇၂ ဦး(၁၃ သန်းကျော်) ရှိသည်။ ၄င်းမြို့သည်  Ural Federal ခရိုင်အတွင်း စက်မှုလုပ်ငန်း နှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်မဒေသဖြစ်သည်။ မြို့အမည်ကို ၁၉၂၄ နှင့် ၁၉၉၁ ခုနှစ်အတွင်း Sverdlovsk (Свердло́вск) ဟု ခေါ်ဆိုခဲ့ကြသည်။

    နယ်မြေအကျယ်အ၀န်း ၆,၅၉၂,၇၆၉ စတုရန်းမိုင် နှင့် လူဦးရေ ၁၄၂.၈ သန်းရှိသော ရုရှတွင် ဘာသာတရားကို ကိုးကွယ်လက်ခံသူမှာ အနည်းစု သာဖြစ်နေ၏။

    နိုင်ငံတွင်း လက်ခံ ကျင့်သုံးခွင့်ပြုထားသော ဘာသာတရားများမှာ ရုရှအော်သိုဒေါ့စ်၊ ရှေးရိုးစွဲအော်သိုဒေါ့စ်၊ ကက်သလစ်၊ ဧ၀ံဂေလိ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး ၊ ဗုဒ္ဓဘာသာ နှင့် ၄င်းတို့၏မျိုးကွဲ အယူအဆများဖြစ်ကြသည်။ နိုင်ငံသား သန်း ၁၀၀ ခန့်မှာ မိမိကိုယ်ကို အော်သိုဒေါ့စ် ရုရှခရစ်ယာန်များဟု ခေါင်းစဉ်တပ်သော်လည်း အများစုက အမည်ခံမျှသာဖြစ်သည်။ ဒုတိယအကြီးမားဆုံး ခရစ်ယာန်အုပ်စုမှာ ပရိုတက်စတင့် ဖြစ်သည်။

    လူနည်းစုဝင်များ၌ အင်အားအကြီးမားဆုံးမှာ မွတ်စ်လင်မ်များဖြစ်၍ လူဦးရေ ၁၄ သန်းမှ ၂၃ သန်းအကြားတွင် ရှိသည်။ ဗုဒ္ဓဘာသာဝင်များမှာ ၁.၅ သန်းမှ ၂ သန်းအတွင်းရှိကြသည်။

    (ဤအချက်အလက်ကို http://en.wikipedia.org/wiki/Yekaterinburg နှင့် http://en.wikipedia.org/wiki/Freedom_of_religion_in_Russia မှ ထုတ်နှုတ်ဖော်ပြပါသည်)

  • ရုရှ နှင့် OIC အဖွဲ့ဝင်နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာ စီးပွာရေးညီလာခံ ကျင်းပမည်

    စက်တင်ဘာ၊ ၂၂
    M-Media

    kazan_samit
    ရုရှနိုင်ငံ နှင့် OIC အဖွဲ့ဝင်နိုင်ငံများပူးတွဲ၍ အပြည်ပြည်ဆိုင်ရာစီးပွာရေးညီလာခံ KazanSummit 2013 ကို လာမည့် အောက်တိုဘာ ၂ ရက် မှ ၃ ရက်ထိ ကျင်းပသွားမည်။ ၄င်း KazanSummit မှာ အစ္စလာမ့်ကမ္ဘာမှ အဖွံ့ဖြိုးဆုံး နိုင်ငံများ နှင့် ရုရှတို့အကြားတွင် တစ်ခုတည်းသော စီးပွားရေးပူးဆောင်ရွက်မှုလမ်းကြောင်းဖြစ်သည်။

    ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ နှင့် အစိုးရအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းဖြစ်သည့် ယင်းညီလာခံမှာ ပဉ္စမအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ KazanSummit ကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ အစ္စလာမ့်နည်းကျငွေကြေးလည်ပတ်မှုအပေါ် လက်တွေ့ကျကျ အဖြေရှာဆွေးနွေးရာမှ အပြည်ပြည်ဆိုင်ရာစီးပွားရေးညီလာခံအဆင့်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုဆောင်ရွက်ချက်သည် ရုရှနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေသည့်အပြင် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ဆွဲဆောင်ချက်ကိုလည်း ဖြစ်ထွန်းလာစေခဲ့သည်။

    KazanSummit ကို ၂၀၀၉ ခုနှစ်တွင် ပါဝင်တက်ရောက်သူ ၂၅၀ ဦးသာရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ၄၀၀၊ ၂၀၁၁ ခုနှစ်တွင် ၇၅၀၊ ၂၀၁၂ ခုနှစ်တွင် တစ်ထောင်ကျော်အထိ ရောက်ခဲ့သည်။ ကမ္ဘာတစ်ဝှန်းလုပ်ငန်းရှင်များ၏ ၃၀ % တက်ရောက်ပါဝင်နိုင်သည်အထိ ထူးထူးခြားခြား တိုးတက်ခဲ့သည်။

    KazanSummit မှာ အစ္စလာမ့်နည်းကျ စီးပွားရေးနှင့်ငွေကြေးလည်ပတ်မှုကိုအခြေတည်၍ ကုန်သွယ်စီးပွားဆိုင်ရာညီလာခံ ဖြစ်သော်လည်း အစ္စလာမ်နိုင်ငံများသာ ပါဝင်ရန် ကန့်သတ်မထားပေ။ ၂၀၁၂ ခုနှစ်၌ ညီလာခံတက်ရောက်လာသည့် ၃၄ နိုင်ငံမှ ၇ နိုင်ငံသည် ဥရောပတိုင်းပြည်များဖြစ်၍ တောင်ကိုးရီးယား၊ ဟောင်ကောင် နှင့် အမေရိကန်နိုင်ငံများလည်း တက်ရောက်ပါဝင်ခဲ့ကြသည်။

    ယမန်နှစ်က ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍတွင် အကြောင်းအရာပေါင်း ၁၃ မျိုးအထိ ထည့်သွင်းဆွေးနွေးနိုင်ခဲ့သည်။ ထို့အပြင် OIC နိုင်ငံများ နှင့် ရုရှနိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ခြင်းဆွေးနွေးမှု ခိုင်မာအားကောင်းလာသော အကျိုးကျေးဇူးလည်း ရရှိခဲ့သည်။

    သို့ဖြစ်ရာ KazanSummit သည် အရှေ့တိုင်း နှင့် အနောက်တိုင်းအကြား ပိုမိုကျယ်ပြန့်ပွင့်လင်းသည့်အမြင်ဖြင့် ဆွေးနွေးပွဲတစ်ရပ်သို့ တစ်စစကူးပြောင်းနေပေသည်။ ပါဝင်မှုနှင့်လှုပ်ရှားဆောင်ရွက်မှုအပေါင်းမှာ အပြုသဘောဆောင် စီးပွားရေးဆွေးနွေးချက်များ၊ ပူးပေါင်းအဖြေရှာမှုများဖြင့် နွေးထွေးသောညီလာခံဖြစ်ခဲ့သည်။ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော နှောင်ကြိုးမဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဦးတည်ကြသည်။

    ရုရှအစိုးရကိုယ်စားလှယ်များနှင့်ပြည်ပနိုင်ငံများ၏ ဤသို့သော ပွင့်လင်းနွေးထွေးစွာ ဆွေးနွေးမှုများကြောင့် ကမ္ဘာ့လုပ်ငန်းရှင် အသိုင်းအ၀ိုင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူနှင့်စက်မှု လုပ်ငန်းရှင်များသာမက ရှရှ၊ OIC နိုင်ငံများ၊ ဥရောပ၊ အရှေ့တောင်အာရှ နှင့် အရှေ့အလယ်ပိုင်းဒေသများရှိ ငွေကြေး လည်ပတ်မှုနှင့်ဘဏ်လုပ်ငန်း ကျွမ်းကျင် ပညာရှင်တို့ကပါ အထူးစိတ်ဝင်စားနေသည့် ညီလာခံဖြစ်လျက်ရှိနေပေသည်။

    Source : Ijtemt.org

  • “ ရုရှား နှင့် ကမ္ဘာအ၀ှန်းရှိ ဟလာလ် ဈေးကွက်များ” ဆွေးနွေးဟောပြောပွဲ ရုရှားတွင် ကျင်းပမည်။

    စက်တင်ဘာ၊ ၁၉
    M-Media

    Halal-Logos-600x319

    “ ရုရှား နှင့် ကမ္ဘာအ၀ှန်းရှိ ဟလာလ် ဈေးကွက်များ” ခေါင်းစဉ်ဖြင့် နိုင်ငံတကာ စုပေါင်းဆွေးနွေးပွဲ တစ်ခုကို စက်တင်ဘာလ ၂၆ မှ ၃၀ ရက်နေ့အတွင်း ကာဇန်(Kazan) ရှိ ရုရှား အစ္စလာမ့်တက္ကသိုလ်တွင် ကျင်းပမည်ဖြစ်သည်။ ထို ဆွေးနွေးပွဲအား စီစဉ်သူမှာ RIU ဖြစ်ပြီး Spritual Administration of Tatarstani Muslims ၏ ဟလာလ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မည်။

    ကာဇက်စတာန်လူမျိုး ဟလာလ်အကြောင်းအရာများအား ကျွမ်းကျင်သူ၊ ကာဇက်စတာန် ဟလာလ်ဈေးကွက်အဖွဲ့အစည်း (Kazakhstan Halal Industry Association) ၏ ဥက္ကဌ နှင့် ဘာသာရေးအယူဝါဒရေးရာ ပါမောက္ခ ဖြစ်သော မာရတ် အဂီဘာအိဗိခ်ျ စာဆန်ဗာအိဗ် (Marat Agibaevich Sarsenbaev) က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

    ဟောပြောပွဲ၏အဓိကရည်ရွယ်ချက်မှာ ရုရှားနိုင်ငံ၏ စီးပွားရေး နှင့် သိပ္ပံဆိုင်ရာအသိုင်းအ၀ိုင်းကို ကာဇက်စတာန်၏ ဟလာလ်ဈေးကွက်ဖွံဖြိုးလာမှုအား တွေ့ထိသိရှိအောင် မိတ်ဆက်ပေးရန်ဖြစ်သည်။ စီးပွားရေး အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များ၊ အသိပညာအတတ်ပညာကျွမ်းကျင် ပညာရှင်များ၊ ရုရှပြည်ထောင်စု တာတာစတာန် (Tartarstan) နှင့် အခြားသော ပြည်နယ်များရှိ ပညာသင်ကြားရေးကျောင်းများမှ အစ္စလာမ့် အကြောင်းအရာသင်ကြားပေးသည့် ဆရာများလည်း ဟောပြောပွဲသို့ ပါဝင် တက်ရောက်ကြမည်ဖြစ်သည်။

    အောက်ဖော်ပြပါ ခေါင်းစဉ်များအား ဟောပြောပွဲအတွင်း ထည့်သွင်းပြောကြား ဆွေးနွေးသွားမည်ဖြစ်သည်။
    – ရုရှား နှင့် ကမ္ဘာအ၀ှန်းရှိ ဟလာလ် ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာမှု
    – အစ္စလာမ့်ဥပဒေ ကပြောသော ဟလာလ် နှင့် ဖွံဖြိုးရေးအကြောင်း
    – တားမြစ်ချက်ရှိသည့် သုံးကုန်ပစ္စည်းများ
    – အစ္စလာမ့်စည်းမျဉ်းများနှင့်အညီ တိရစ္ဆာန်များကို လှီးဖြတ်ခြင်းဆိုင်ရာ နည်းပညာ နှင့် လိုက်နာရန်များ
    – ဟလာလ် အမှတ်တံဆိပ် (သီအိုရီ နှင့် လက်တွေ့)
    – စီးပွားရေးတိုးတက်လာမှုတွင် အသိအမှတ်ပြုလက်မှတ်ရရှိရန် အရေးပါပုံ
    – နိုင်ငံတကာ ဟလာလ် အမှတ်တံဆိပ် စံနှုန်းများ
    – CIS နိုင်ငံများတွင် ဟလာလ် အမှတ်တံဆိပ် ပိုမိုလက်ခံလာခြင်းအကြောင်း
    – ရုရှား နှင့် ကမ္ဘာတစ်ခွင်မှ ဟလာလ် အမှတ်တံဆိပ်ဆိုင်ရာ နည်းပညာ
    – နိုင်ငံတကာအဆင့်ဝင်ကုမ္ပဏီများ၏ ဟလာလ် အမှတ်တံဆိပ် လုပ်ထုံးလုပ်နည်း
    – ပင်လယ်ကွေ့ဒေသများ နှင့် ဥရောပနိုင်ငံများရှိ ဟလာလ်ဈေးကွက်
    – ဟလာလ် စံနှုန်းဖြင့် အဆင့်မှီ ဈေးကွက်ဝင်ကုန်ပစ္စည်းများဖြစ်အောင် ၀န်ဆောင်မှုပေးနေသော အဖွဲ့အစည်းများ နှင့်   လုပ်ဆောင်ချက်များ (အသင်းအဖွဲ့၊ ပြခန်း၊ စသည်များ)

    KAZANSUMMIT-2013 ကို အောက်တိုဘာလ ၂ ရက်မှ ၃ ရက်အထိ ကာဇန်တွင် ပြုလုပ်မည်ဖြစ်ပြီး၊ အောက်တိုဘာလ ၃ ရက်မှ ၆ ရက်ထိ ဟလာလ် ထုတ်ကုန်ပြပွဲဖြစ်သော “KAZANHALAL 2013” အား “EURO-ASIA EXPO 2013” ဖိုရမ် ပြုလုပ်နေချိန်တွင် ပြုလုပ်ပြသသွားမည် ဖြစ်သည်။ ၄င်းဖိုရမ်များကို Republic of Kazkhstan က ကိုယ်စားပြု၍ အခြားအိမ်နီးချင်းနိုင်ငံများ နှင့် ရပ်ဝေးမှနိုင်ငံများနှင့်အတူ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    Ref: http://islam.ru

  • ချေချင်းညှာမှ ဗလီ ရုရှားနိုင်ငံ၏ အထင်ကရ ပြယုဂ် အမှတ်သား ၁၀ ခု မှာ ရွေးချယ်ခံရ

    စက်တင်ဘာ၊ ၁၃
    M-Media
    Akhmad Kadyrov Mosque
    ရုရှားနိုင်ငံ၏ အထင်ကရ အမှတ်သား ၁၀ ခုအားရွေးချယ်သည့် Russia 10 ပြိုင်ပွဲတွင် Heart of Chechnya (ချေချင်းညာ၏ အသည်းနှလုံး) ဟု အမည်တွင်သည့် Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်နှင့် Kolomna ရှေးဟောင်းမြို့တော်တို့အား ရုရှား၏ အထင်ကရ အမှတ်အသားအဖြစ် Russia 10 ရွေးချယ်ရေးကော်မတီမှ တာဝန်ရှိသူများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

    တယ်လီဖုန်း SMS မှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်အတွက် ရွေးချယ်ထားသည့်မဲများအား နည်းပညာပြဿနာကြောင့်ဟုဆိုကာ ပယ်ဖျက်ခဲ့သည့်အတွက် ထိုရွေးချယ်ပွဲမှာနာမည်ပျက်ခဲ့သည်။

    မိုဘိုင်းအော်ပရေတာများဖြစ်သည့် Beeline နှင့် Megafon တို့မှလိမ်လည်ခဲ့မှုများလည်းရှိပြီး မဲပေးရွေးချယ်ခဲ့ကြသူများမှ ထိုဗလီဝတ်ကျောင်းတော်အား ပြိုင်ပွဲဝင်စာရင်းမှ ထုတ်ပယ်ရန် တောင်းဆိုမှုများလည်းရှိခဲ့သည်။

    “Heart of Chechnya ဗလီဝတ်ကျောင်းတော် နဲ့ Kolomna ရှေးဟောင်းမြို့တော်တို့ကို အနိုင်ရရှိတဲ့ နေရာတွေအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။

    ဆီမီးဖိုင်နယ်အဆင့်မှာ အဲဒီနေရာနှစ်ခုအတွက်ပေးတဲ့ မဲတွေက အခြားဟာတွေထက် ၁၀ ဆ ပိုများပါတယ်။

    ထိုပြိုင်ပွဲအတွက် Heart of Chechnya ဗလီဝတ်ကျောင်းတော်နဲ့ Kolomna ရှေးဟောင်းမြို့တော်တွေကို ပြိုင်ပွဲရဲ့အနိုင်ရရှိတဲ့နေရာတွေအဖြစ် အဖွဲ့ဝင်တွေက သေသေချာချာရွေးချယ်ခဲ့ပါတာပါ” ဟု Russia-10 ၀က်ဘက်ဆိုဒ်မှရွေးချယ်ခဲ့သည်။

    ရုရှရဲ့ ပြယုဂ် အမှတ်အသားအဖြစ် ရွေးချယ်ခံရခြင်းကို ဂုဏ်ယူကြောင်း ရုရှ ဥပေဒပြု အမတ်ပြောကြား

    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ဥပဒေပြုရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗီတလီ မီလိုနော့ဗ်က ချေချင်းညာရှိ Akhmad Kadyrov Mosque ဗလီဝတ်ကျောင်းတော်မှာ ရုရှားနိုင်ငံ၏ အမှတ်အသားတစ်ခုဖြစ်ပြီး ထိုကိစ္စမှာ ထူးဆန်းသောကိစ္စမဟုတ်ကြောင်းနှင့် ရုရှားနိုင်ငံ၏ သဟဇာတဖြစ်မှု ပြယုဂ် တစ်ခုဟု ယူဆနိုင်ကြောင်းပြောကြားခဲ့သည်ဟု BaltInfo သတင်းအေဂျင်ဆီမှ ရေးသားဖေါ်ပြခဲ့သည်။

    ချေချင်းညာဒေသရှိ Akhmad Kadyrov Mosque ဟု အမည်ရသည့်အဆိုပါဗလီဝတ်ကျောင်းတော်မှာ ‘ချေချင်းညာ၏ နှလုံးသား'(Heart of Chechnya)ဟု လည်း အမည်တွင်သည်။ ထိုပြင် ရုရှားအော်သိုဒေါ့စ် ဘုရားကျောင်းသာမက ထိုဗလီဝတ်ကျောင်းတော်မှာလည်း ရုရှားနိုင်ငံအထင်ကရ အမှတ်အသားများတွင် ပါဝင်နေသည်ကို ကြည်နူးမိကြောင်း မီလိုနော့ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဗလီဝတ်ကျောင်းဆိုတာ နာမ်ပိုင်းဆိုင်ရာအဆောက်အအုံတစ်ခုပါ။ ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေအတွက် ဘုရားသခင်နဲ့ဆက်သွယ်ပေးတဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။ တကယ်တော့ ရုရှားမှာ သမိုင်းဝင်ပြီးတန်ဖိုးရှိတဲ့ ဗလီဝတ်ကျောင်းတော်အဟောင်းတွေ တော်တော်များများရှိပါတယ်။ ဘယ်ဗလီက သမိုင်းဝင်ပြီးတန်ဖိုး အရှိဆုံးဆိုပြီး ကျနော် ပါစင်နယ် မညွှန်းချင်ပါဘူး။ ဒါပေမယ့် ချေချင်းညာမှာတည်ဆောက်ထားတဲ့ဒီဗလီဝတ်ကျောင်းတော်ဟာ အကောင်းဆုံးသော အမှတ်အသားတစ်ခုပါ။ ပြီးတော့ အော်သိုဒေါ့စ်နဲ့ မွတ်စလင်တွေအကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုရဲ့ အမှတ်အသားတစ်ခုပါပဲ” ဟု မီလိုနော့ဗ်က ပြောကြားခဲ့သည်။

    Ref: http://islam.ru

  • ဆီးရီးယားအရေးတွင် ပါဝင်ပတ်သက်ပါက အလွန်ပြင်းထန်သည့် အန္တရာယ် ထွက်ပေါ်မည်ဟု ရုရှမှ အမေရိကန်အား သတိပေး

    သြဂုတ်-၂၆ရက်၊ ၂၀၁၃
    M-Media

    1208865_152710984927842_1444444068_n

    ဆီးရီးယားအပေါ်စစ်ရေးအရပါဝင်စွက်ဖက်ပါက အလွန်ပြင်းထန်သည့်အန္တရာယ်များ ထွက်ပေါ်လာမည်ဟု ရုရှ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ (Sergei Lavrov) မှ အမေရိကန်ပြည်ထောင်စုကို သတိပေးလိုက်သည်။

    ပြီးခဲ့သော တနင်္ဂနွေနေ့က လက်ဗ်ရော့သည် ဂျွန်ကယ်ရီနှင့် ဖုန်းဆက်စကားပြောကြားစဉ် ယင်းသို့ မှတ်ချက်ပြုလိုက်ဖြင်းဖြစ်သည်။

    “ စစ်ရေးအရ ထပ်မံဝင်ရောက်စွက်ဖက်မယ်ဆိုယင် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးနဲ့ မြောက်အာဖရိကဒေသအတွက် အလွန်ပြင်းထန်တဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးပါရစေ ” ။

    ဆီးရီးယားကိစ္စကြားဝင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ၀ါရှင်တန်၏ပြောကြားချက်က မော်စကိုအား တုန်လှုပ်သွားစေသည့်အပြင် ထိုကိစ္စအား လက်ရှောင်နေသင့်ကြောင်း လက်ဗ်ရော့မှ ထည့်သွင်းပြောကြားသည်ဟု ဆို၏။

    ဆီးရီးယားနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏အမြင်ကို ထောက်ခံသောအားဖြင့် ပင်တဂွန်မှ  စစ်တပ်အား ပြင်ဆင်ထားစေကြောင်း အမေရိကန် ကာကွယ်ရေးဦးစီးမှူး ချာ့ခ် ဟေဂဲလ် (Chuck Hagel) မှ သြဂုတ်လ ၂၃ ရက်တွင် ပြောခဲ့သည်။

    ဆီးရီးယားသမ္မတ ဘရှားရ် အလ် အဆဒ်၏ အစိုးရအပေါ် စစ်ရေးဖြင့်အရေးယူခြင်းကို ပြင်သစ်နှင့်အစ္စရေးအာဏာပိုင်များက ထောက်ခံခဲ့ကြသည်။

    ဆီးရီးယားအပေါ် စစ်ရေးအရ၀င်စွက်ရန် ပြင်ဆင်နေသည်ဟူသော ဟေဂဲလ်၏စကားမှာ စိတ်ဓာတ်စစ်ဆင်ရေးစကားရပ်သာ ဖြစ်လိမ့်မည်ဟု သုံးသပ်ထားကြသည်။ တနင်္ဂနွေနေ့က မလေးရှားသို့အလည်အပတ်ရောက်စဉ် အလားတူစကားကိုပင် ဟေဂဲလ်မှ ထပ်မံပြောဆိုခဲ့သည်။

    အမေရိကန်၏ စစ်ရေးစွက်ဖက်မှုမှန်သမျှ အရှုံးနှင့်သာ ရင်ဆိုင်ရလိမ့်မည်ဟု ရုရှသတင်းစာ  Izvestia  နှင့် မကြာသေးမီက ပြုလုပ်သော အင်တာဗျူး၌ ဆီးရီးယားသမ္မတ အဆဒ်မှ ပြောလိုက်သည်။

    ၂၀၁၁ ခုနှစ် မတ်လကတည်းက စတင်နေခဲ့သော ပဋိပက္ခများကြောင့်  ဆီးရီးယားတွင် လူတစ်သိန်းကျော် သတ်ဖြတ်ခံခဲ့ရပြီး ၇.၈ သန်းမှာ အိမ်ခြေမဲ့ဖြစ်နေကြရသည်ဟု ကုလသမဂ္ဂ၏အဆိုအရ သိရသည်။