News @ M-Media

Tag: russia

  • ရုရှားနိုင်ငံရှိ ၁၉ ရာစုက ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်း တစ်လုံးအား ပြန်လည် တည်ဆောက်ခွင့်ရ

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    nijny_novgorod_yarmarochnaya_mechet

    တော်လှန်ရေးပြီးနောက် ဖြိုဖျက်ခြင်းခံခဲ့ရသည့် ရုရှားနိုင်ငံ  Nizhny Novgorod Oblast ပြည်နယ် Nizhny မြို့ရှိ The Fair mosque ဗလီဝတ်ကျောင်းတော်အား ထိုမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ အထောက်အပံ့ဖြင့် ပြန်လည် တည်ဆောက်တော့မည်ဟု သိရသည်။

    ထိုဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ရန် Volga Kanavinsky ခရိုင် အိုကာမြစ်အနီးတွင် ပြည်နယ် အစိုးရက မြေနေရာ သတ်မှတ်ပေးခဲ့ပြီး၊ ထိုဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် အတွက်လည်း ခွင့်ပြု မိန့်ချပေးခဲ့သောကြောင့်၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီ စတင်တော့မည်ဖြစ်သည်။  ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ကျရောက်မည့် ထိုဗလီဝတ်ကျောင်းတော် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း ကျင်းပရန်စီစဉ်ထားသည်။

    Fair Mosque ဗလီဝတ်ကျောင်းတော်အား ပြန်လည် တည်ဆောက်ရေးကိစ္စမှာ လွန်ခဲ့သည့် ၇ နှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထိုစဉ်က ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြခဲ့ခြင်းဖြစ်သည်ဟု Nizhny မြို့ မွတ်စလင်မ်အသင်း ဥက္ကဌ ဂါရက်ဇ် ဟတ်ဇရတ် ဇာကီရော့ဗ့် ပြောကြားခဲ့သည်။

    Source : islam.ru

  • မွတ်စလင်စစ်သားများ ၀တ်ပြုနိုင်ရန် ၀တ်ပြုဆောင်များ ရုရှား တည်ဆောက်မည်

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    Prayer room for muslim soldiers to be built

    ရုရှားနိုင်ငံ Omsk Oblast ပြည်နယ်တွင် အမျိုးသားများ စစ်မှူ မထမ်းမနေရ ဥပဒေ စတင်တော့မည်ဖြစ်သောကြောင့် စစ်တပ်အတွင်းသို့ ၀င်ရောက်လာကြမည့် မွတ်စလင် စစ်သားများ ဆွလာသ်(မွတ်စလင်မ်များ နေ့စဉ် ၅ ကြိမ် မပြုမနေရ ဝတ်ပြုရန် တာဝန်) ၀တ်ပြုရန်အတွက် ၀တ်ပြုခန်းများ တည်ဆောက်သွားမည်ဟု သိရသည်။

    ထိုကဲ့သို့ ၀တ်ပြုခန်းများ တည်ဆောက်ရန် ရုရှား ဖက်ဒရေးရှင်း၏ စစ်ဦးစီးချုပ်က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး Omsk Oblast ပြည်နယ် တစ်ဝှမ်းတွင် မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။

    စစ်သားများအနေဖြင့် ၎င်းတို့၏ ဘာသာတရားက သွန်သင်သည့် ၀တ်ပြုဆုတောင်းရန် လိုအပ်ချက်အတွက် ကျေနပ်မှုရရှိရန် အရေးကြီးကြောင်း၊ စစ်မှူ မထမ်းမနေရ ဥပဒေအရ စစ်မှူထမ်းရမည့် သူများ၏ ၇ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ကြသည်ဟု  ကာကွယ်ရေးဌာနမှ ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံတွင် ခရစ်ယာန်ဘာသာပြီးနောက်  ကိုးကွယ်ယုံကြည်မှုအများဆုံး အယူဝါဒတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ့်နှင့် ပတ်သက်သည့် ရှေးဟောင်းအမွေအနှစ်များစွာရှိနေကာ ရုရှား လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    Ref: Islam.ru

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • အီမာမ်များအတွက် အရည်အသွေးမြင့်သင်တန်း ရုရှားတွင် ဖွင့်လှစ်

    အောက်တိုဘာ-၂၄
    M-Media

    imami_povishenie_kursov_kvalifikatsii
    ဗိုလ်ဂါကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခရိုင်မှ မွတ်စ်လင်မ် ဓမ္မဆရာများသည် Ufa ရှိ Russian Islamic University ၌ အရည်အသွေးမြင့်မွမ်းမံသင်တန်းသို့ တက်ရောက်နေပြီဖြစ်သည်။ စီစဉ်သူများမှ သင်တန်းသားများအတွက် နေရာထိုင်ခင်း၊ အစားအသောက် နှင့် ပညာရေးစရိတ်ကို အခမဲ့ဖြစ်အောင် ပြုလုပ်ပေးထားသည်။

    သင်တန်းသားတို့မှာ Samara ၊ Ulyanovsk ၊ Orenburg ၊ Penza ၊ Udmurtia နှင့် Mari El ဒေသများမှဖြစ်ပြီး ယင်းသင်ရိုးကို Bashkir State Pedagogical University တက္ကသိုလ်၏အကူအညီဖြင့် ဖော်ဆောင်ရေးဆွဲခဲ့သည်။

    ယင်း ၇၂ နာရီသင်တန်း၌ အပိုင်း ၂ ရပ်ကို ထည့်သွင်းသင်ကြားမည်ဖြစ်သည်။ ပထမအပိုင်းမှာ သင်ကြားရေးနည်းစံနစ်၊ စိတ္တဗေဒ၊ ဥပဒေ စသည့် လောကီပညာရပ်များ ပါဝင်သည်။ ဒုတိယအပိုင်းမှာ ကုရ်အာန်လေ့လာရေး စည်းမျဉ်း၊ အစ္စလာမ့်စံမူ စံနစ် နှင့် ဘာသာရေး အခမ်းအနား စသည့် သာသနာရေးဆိုင်ရာ အကြောင်းများပါဝင်၍ အစွန်းရောက်သူများနှင့် ဆက်ဆံရေး နည်းလမ်းများကိုလည်း အိမာမ်များမှ ဟောပြောသွားမည် ဖြစ်သည်။

    Source : islam.ru

  • ဥက္ကာခဲကြီး ရုရှမှာတွေ့ရှိ

    အောက်တိုဘာ၊ ၁၇
    M-Media

    _70513773_70513771
    ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုရှအလယ်ပိုင်းမှာရှိတဲ့ ချီဘာကဲလ်ရေကန်ထဲကို ဥက္ကာခဲကြီးတလုံးပြုတ်ကျခဲ့ပါတယ်။ ဒါကြောင့် ရေတွေခဲနေတဲ့ အဲဒီရေအိုင်ကြီးဟာ ၆ မီတာလောက်ကျယ်တဲ့ အပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီးကို တစ်ကြိမ်မှမတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။ ဥက္ကာခဲကြီးက တခြားဂြိုလ်တစ်ခုကနေ ပဲ့ထွက်လာတာဖြစ်သလို အကျယ်အားဖြင့် ၁၇ မီတာရှိပြီး မတ္ထရစ်တန်ချိန် တစ်သောင်းလေးတယ်လို့ ဆိုပါတယ်။ ဥက္ကာခဲကြီးကျလာတာကြောင့် လူပေါင်း ၁ ထောင်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ပြတင်းပေါက်တွေကျိုးပျက်ခဲ့ပြီး အဆောက်အဦတွေလည်း သိမ့်သိမ့်တုန်အောင် ခါသွားခဲ့တယ်လို့ ဆိုပါတယ်။

    ရေကန်ထဲက ဥက္ကာခဲကြီးကို ပြန်လည်ဆယ်ယူချိန်မှာတော့ အကျယ်က ငါးပေလောက် (၁.၅မီတာ) ပဲရှိပါတော့တယ်။ ရေထဲမှာတင် အဲဒီဥက္ကာခဲကြီးကို သေသေချာချာရစ်ပတ်ပြီး သံမဏီပြားပေါ်မှာ တင်ပြီးမှာ မြေပေါ်ကို ဆွဲတင်ခဲ့တာပါ။ ဒါပေမယ့်လည်း မြေကြီးပေါ်ရောက်တော့ ဥက္ကာခဲကြီးက အပိုင်းကြီး ၃ ခု ကွဲထွက်သွားခဲ့ပါတယ်။ လန်ဒန်သဘာဝသမိုင်းပြတိုက်က ဒေါက်တာ ကဲရိုလင်းစမစ်ကတော့ အဲဒီအုတ်ခဲတုန်းကြီးကို ဥက္ကာခဲအဖြစ်အတည်ပြုခဲ့ပါတယ်။ အမျိုးအစားကတော့ regmaglypt လို့ခေါ်တဲ့ အနားသားအကာ (ပေါင်မုန့်ဘေးသားအခွံပုံစံ) ဥက္ကာခဲ ဖြစ်တယ်လို့ ဆိုပါတယ်။

    စမစ်ကတော့ အဲဒီလို ဥက္ကာခဲတွေက အာကာသထဲမှာ မီးလုံးကြီးတွေလို ပျံသန်းနေတတ်ကြတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။ အပြင်ပိုင်းက ပူလွန်းတာကြောင့် ကြယ်တွေပုံစံလိုမျိုးလင်းလက် နေသလို အဲဒါမျိုးကို fusion crust (ဥက္ကာခဲ အခွံ) လို့ ခေါ်ကြောင်း၊ သူတို့ရဲ့ပုံသဏ္ဌာန်က လက်ဗွေရာနဲ့တူကြောင်း သူမကဆိုပါတယ်။

    Chelyabinsk State University ရဲ့ပရောဖက်ဆာ Sergey Zamozdr ကတော့  ဥက္ကာခဲအကြီးဆုံး ၁၀ ခုတွေ့ရှိခဲ့ရာမှာ ဒီတစ်ခုလည်းအပါအ၀င်ပဲလို့ ဆိုပါတယ်။

    Ref: BBC

  • အီးဒ်ပွဲတော်ပိတ်ရက်မှာ နေရာအချို့ အရက်ရောင်းခွင့် ရုရှပိတ်ပင်

    အောက်တိုဘာ၊ ၇
    M-Media

    4018990483_bf1fef4085_z

    အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော် ပိတ်ရက်အတွင်း နေရာအချို့တွင် အရက်သေစာရောင်းချမှုအား ရုရှားပိတ်ပင်

    မကြာမီကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ ပွဲတော်အတွင်း နေရာအချို့၌ အရက်သေစာရောင်းချမှုအား ရုရှားအစိုးရမှ ပိတ်ပင်ခဲ့သည်ဟုသိရသည်။
    အီဒွလ်အသွဟာ ပိတ်ရက်အတွင်း မြို့တော်မော်စကိုရှိ Soboraya နှင့် Istoricheskaya ဗလီဝတ်ကျောင်းတော် ၀န်းကျင်တွင် အရက်သေစာရောင်းချမှု ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု RIA Novosti သတင်းအေဂျင်ဆီက ဖော်ပြခဲ့သည်။

    အစ္စလာမ်သာသနာမှာ ရုရှားနိုင်ငံရှိ ဒုတိယလူအများဆုံး ယုံကြည်ကိုးကွယ် သောသနာဖြစ်ပြီး ရုရှားလူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြသည်။ ထို့ပြင် ရုရှားနိုင်ငံသားများမှာ အစ္စလာမ်အတွင်းသို့ တဖြည်းဖြည်း ၀င်ရောက်လာသောကြောင့် အစ္စလာမ်မှာ ရုရှားနိုင်ငံတွင် အလျင်အမြန်ပြန့်ပွားနေသော အယူဝါဒအဖြစ် သတ်မှတ်ခြင်းခံရသည်။

    Ref: islam.ru

    ဓါတ်ပုံ အညွှန်း – ရုရှနိုင်ငံ မော်စကိုမြို့လယ် central Mosque တွင် ဝတ်ပြုဆုတောင်းနေကြသော ရုရှ မွတ်စလင်များ
    Image by © Yuri Kochetkov/epa/Corbis