News @ M-Media

Tag: SaudiArabia

  • ဥရောပဆီ ရော်နယ်ဒို ပြန်သွားလိ့မ်မည်ဟု အလ်-နဆာရ်နည်းပြပြော

    ဥရောပဆီ ရော်နယ်ဒို ပြန်သွားလိ့မ်မည်ဟု အလ်-နဆာရ်နည်းပြပြော

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 


    -ဆော်ဒီမှာ သက်တမ်းပြည့်ရင် ရော်နယ်ဒိုတစ်ယောက် ဥရောပကို ပြန်လာဖို့ရှိတယ်လို့ အလ်-နဆာရ်အသင်းနည်းပြ ရူဒီ ဂါစီယာက ပြောပါတယ်။ 

    အသက် ၃၇ နှစ်အရွယ်ရော်နယ်ဒိုဟာ အခုလအစောပိုင်းကမှ ၂ နှစ်စာချုပ်နဲ့ ဆော်ဒီကလပ် အလ်-နဆာရ်အသင်းကို ရောက်လာတာဖြစ်ပါတယ်။ 

    ဒီအတွက်ဒေါ်လာ သန်း ၂၀၀ လောက် ရရှိခဲ့ပြီး သမိုင်းမှာ လုပ်ခအများဆုံးရတဲ့ ကစားသမားအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    အလ်-နဆာရ် တာ၀န်ရှိသူတွေက ရော်နယ်ဒိုကို သက်တမ်းတိုးပြီး သူတို့အသင်းမှာပဲ ကစားသမားဘ၀ကို သက်တမ်းကုန်ဆုံးစေချင်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြောခဲ့ပါတယ်။ 

    အလ်-နဆာရ်နည်းပြ ရူဒီ ဂါစီယာကတော့ ရော်နယ်ဒိုဟာ ဥရောပ ပြန်သွားမယ်လို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

    “သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ အလ်-နဆာရ်မှာ ကစားသမားဘ၀ကို အဆုံးသတ်မှာမဟုတ်ပါဘူး။ ဥရောပကို ပြန်သွားမှာပါ” 

    Ref: ESPN

  • ‘မက္ကာ နှင့် မဒီနာတွင် ထုတ်လုပ်သည်’ စီမံကိန်းကို ဆော်ဒီစတင်

    ‘မက္ကာ နှင့် မဒီနာတွင် ထုတ်လုပ်သည်’ စီမံကိန်းကို ဆော်ဒီစတင်

    ဇန်န၀ါရီ ၂၅၊ ၂၀၂၃

    M-Media 


    -မြင့်မြတ်ရာနေရာတွေကို ဘုရားဖူးလာရောက်ကြမယ့် ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င်တွေကို ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ဒေသတွင်းကုန်ထုတ်လုပ်မှု စီမံကိန်းတစ်ခုကို ဆော်ဒီက စတင်လိုက်ပါတယ်။ 

    ‘မက္ကာနှင့် မဒီနာတွင် ထုတ်လုပ်သည်’ ဆိုတဲ့ အမည်နဲ့ အဲဒီစီမံကိန်းမှာ အခြေခံ လူသုံးကုန်နဲ့ စားသောက်ကုန် ပစ္စည်းတွေကို မြို့တွင်းမှာ ပိုမို ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

    အခုလအစောပိုင်းက ပြုလုပ်တဲ့ Hajj Expo 2023 အခမ်းအနားမှာ ဆော်ဒီ စက်မှု၀န်ကြီး ဘန်ဒါ အလ်-ခိုရာယက်ဖ်က မက္ကာနဲ့ မဒီနာထုတ် ပစ္စည်းတွေ အရည်အသွေး ပိုမိုကောင်းမွန်ဖို့ စီမံကိန်းက ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ပြည်တွင်း ကုန်ထုတ်လုပ်မှုကို မြှင့်တင်အားပေးဖို့အတွက် ဆော်ဒီဟာ ၂၀၂၁ ခုနှစ်က Made in Saudi စီမံကိန်းကို စတင်ခဲ့ပါတယ်။

    ဇန်န၀ါရီ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြာမြင့်ခဲ့တဲ့ Hajj Expo 2023 ပြပွဲအတွင်း ကမ္ဘာတစ်၀ှမ်းက စီးပွားပညာရှင်၊ လုပ်ငန်းရှင်ပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ 

    ဟောပြောမှု ၁၀ ခု၊ ဆွေးနွေးပွဲ ၁၃ ခု၊ အလုပ်ရုံဆွေးနွေးပွဲ ၃၆ ခု ပြုလုပ်ခဲ့ပြီး မက္ကာ၊ မဒီနာဒေသ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ သဘောတူညီချက် ၄၀၀ လောက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ 

    မက္ကာ၊ မဒီနာ ဖွံ့ဖြိုးရေးစီမံကိန်းမှာ ၀န်ဆောင်မှုကဏ္ဍ တိုးတက်ရေးလည်း ပါ၀င်ပါတယ်။ 

    ဆော်ဒီအစိုးရဟာ ကိုဗစ်နောက်ပိုင်း ဟဂျ်နဲ့ အွမ္မရာ ဘုရားဖူးခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ရေး အားထုတ်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ 

    Ref: Arab News

  • လူကာမိုဒရစ် ဆော်ဒီကလပ် အလ်-နဆာရ်သို့ ပြောင်းမည်

    လူကာမိုဒရစ် ဆော်ဒီကလပ် အလ်-နဆာရ်သို့ ပြောင်းမည်

    ဇန်န၀ါရီ ၂၅၊ ၂၀၂၃ 

    M-Media


    -ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်ဟာ ရော်နယ်ဒိုရှိရာ အလ်-နဆာရ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ ဆော်ဒီပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    လက်ရှိမှာ သဘောတူညီချက် ရရှိထားပြီး မကြာမီ ကြေငြာချက် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ 

    အသက် ၃၇ နှစ်အရွယ် မိုဒရစ်ဟာ ရီးယဲလ်မက်ဒရစ်ကို ၂၀၁၂ ခုနှစ်က ရောက်ရှိခဲ့ပြီး အခုနှစ် ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ 

    မိုဒရစ် ရီးယဲလ်မက်ဒရစ်က ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေဟာ အခုလအစောပိုင်းကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

    မော်ဒရစ်လိုပဲ နောက်ထပ် ရီယဲလ်မက်ဒရစ် အသင်းသားတစ်ယောက်လည်း အလ်-နဆာရ်ကို ပြောင်းဖို့ရှိတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ 

    Ref: Arab News 

  • ရော်နယ်ဒိုနှင့် ဆော်ဒီ၏ ကမ္ဘာ့ဖလားလျှောက်ထားမှု မသက်ဆိုင်ဟု အလ်-နဆာရ်အသင်း ထုတ်ပြန်

    ရော်နယ်ဒိုနှင့် ဆော်ဒီ၏ ကမ္ဘာ့ဖလားလျှောက်ထားမှု မသက်ဆိုင်ဟု အလ်-နဆာရ်အသင်း ထုတ်ပြန်

    ဇန်န၀ါရီ ၁၂၊ ၂၀၂၃

    M-Media 


    -ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး ဆော်ဒီရဲ့ ကြိုးပမ်းမှုမှာ သံတမန်အဖြစ် ရော်နယ်ဒိုက ဆောင်ရွက်ပေးရမယ့်အချက် စာချုပ်ထဲမှာ ပါတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကို ဆော်ဒီကလပ် အလ်-နဆာရ်အသင်းက ငြင်းဆိုလိုက်ပါတယ်။ 

    ဆော်ဒီဟာ ၂၀၃၀ ကမ္ဘာ့ဖလားကို အီဂျစ်၊ ဂရိတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး လျှောက်ထားဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

    အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုကို အလ်-နဆာရ်အသင်းက ၂ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ရော်နယ်ဒိုဟာ စုစုပေါင်း ယူရို သန်း ၂၀၀ ကျော် ရရှိမှာ ဖြစ်ပါတယ်။ 

    ဆော်ဒီအာရေဗျက ကမ္ဘာ့ဖလားအိမ်ရှင် လျှောက်ထားတဲ့အခါမှာ ရော်နယ်ဒိုက သံတမန်အဖြစ် ဆောင်ရွက်ပေးရင် နောက်ထပ် ယူရို သန်း ၂၀၀ ပေးမယ်ဆိုတဲ့အချက် စာချုပ်ထဲမှာ ပါတယ်လို့ သတင်းတွေ ထွက်နေတာပါ။

    “ဒီသတင်းတွေ မှားယွင်းတယ်လို့ အလ်-နဆာရ် သင်းက ရှင်းလင်းလိုပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အလ်-နဆာရ်တို့ရဲ့ စာချုပ်မှာ ကမ္ဘာ့ဖလားလျှောက်ထားမှုကိစ္စနဲ့ပတ်သက်တဲ့ ဘာကတိက၀တ်မှ မပါ၀င်ပါဘူး” လို့ အလ်-နဆာရ်အသင်းရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    “အလ်-နဆာရ်မှာ အသင်းဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အသင်းအောင်မြင်ဖို့ကိုသာ သူ အာရုံစိုက်ရမှာ ဖြစ်ပါတယ်”

    ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်ကို ဖီဖာက ၂၀၂၄ ခုနှစ်မှာ ရွေးချယ်မှာဖြစ်ပါတယ်။ 

    ဆော်ဒီအာရေဗျဟာ ဘောလုံး၊ ဂေါက်သီး၊ ဘောက်ဆင်၊ တင်းနစ်နဲ့ ဖော်မြူလာ၀မ်းလို ကမ္ဘာ့ထိပ်တန်း အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိရေး ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ကြိုးပမ်းလာပါတယ်။ 

    အာရှအားကစားပြိုင်ပွဲ၊ ဆောင်းရာသီအာရှ အားကစားပြိုင်ပွဲ၊ အာရှဖလားအမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေကို ဆော်ဒီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပါတယ်။ 

    Ref: Reuters

  • ဆော်ဒီတွင် ကျင်းပသည့် ကုလားအုတ်အလှပြိုင်ပွဲတွင် အီရတ်နိုင်ငံက ဗိုလ်စွဲ

    ဆော်ဒီတွင် ကျင်းပသည့် ကုလားအုတ်အလှပြိုင်ပွဲတွင် အီရတ်နိုင်ငံက ဗိုလ်စွဲ

    ဇန်န၀ါရီ ၁၀၊ ၂၀၂၃

    M-Media


    -ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလားအုတ် အလှပြိုင်ပွဲမှာ အီရတ်နိုင်ငံ ကုလားအုတ်က အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

    တနင်္ဂနွေနေ့က ဒီပြိုင်ပွဲကို King Abdulaziz Camel Festival လို့ အမည်ပေးထားပြီး ၇ ကြိမ်မြောက် ဖြစ်ပါတယ်။ အီရတ်၊ အီဂျစ်၊ ယီမင်၊ လစ်ဗျား၊ ဗြိတိန်နိုင်နဲ့ အိန္ဒိယနိုင်ငံတို့က လာရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ 

    ယှဥ်ပြိုင်သူ ၁၅ ဦးမှာ ကုလားအုတ် ၃၂ ကောင် ပါ၀င်ပြီး အီရတ်နိုင်ငံသား ၀သ်ဘန် ဂျာဘို အဘတ်စ် အလ်-ရာဖီရဲ့ ကုလားအုတ်က အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ 

    “ဒီပြိုင်ပွဲမှာ ပါ၀င်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံပေါင်းစုံက လာရောက်ယှဥ်ပြိုင်ခဲ့ကြအတွက် ကမ္ဘာ့အဆင့် ပြိုင်ပွဲတောင် ဖြစ်နေပါပြီ”

    လစ်ဗျားနိုင်ငံသား အဟ်မဒ် မိုဟာမက် အမ်မာ ကျူနီဒီရဲ့ ကုလားအုတ်က ဒုတိယ၊ အီဂျစ်နိုင်ငံသား အမာရ် မိုဟာမက် ရှဘဲလ် အလ် ဂျာရီယာရဲ့ ကုလားအုတ်က တတိယ အသီးသီး ရရှိခဲ့ကြပါတယ်။

    လစ်ဗျား ကုလားအုတ်အသင်းရဲ့ ဥက္ကဌဖြစ်တဲ့ အဟ်မဒ် မိုဟာမက်က အာရပ်လူမျိုးတွေရဲ့ သမိုင်းအမွေအနှစ်နဲ့ အမှတ်သညာကို လူငယ်တွေ ဂုဏ်ယူလာစေချင်တဲ့အတွက် ၀င်ပြိုင်တာလို့ ပြောကြားခဲ့ပါတယ်။

    “ပြိုင်ပွဲကျင်းပပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲဟာ အခြားနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေနဲ့ မတူပါဘူး”

    Ref: Arab News